#Local_News
Published_ 7 November 2022
နိုဝင်ဘာလ(၇)ရက် တန်ဆောင်မုန်းလပြည့်နေ့မှာ ပုဂံဒေသရှိ ရွှေစည်းခုံ၊ အာနန္ဒာ၊ ဓမ္မာရံကြီးဘုရားစတဲ့ တန်ခိုးကြီးဘုရားတွေမှာ ဘုရားဖူးတွေနဲ့ပြည့်နေတယ်လို့ ပုဂံဒေသခံခရီးသွားလမ်းညွှန်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 7 November 2022
တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကို ပြေးဆွဲပေးနေတဲ့ အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းတွေအနေနဲ့ တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလအတွင်း ယာဉ်စီးခတိုးမြှင့်ကောက်ခံတာမျိုးတွေမရှိစေဖို့ ဆောင်ရွက်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_7 November 2022
ရန်ကုန်မြို့ရဲ့ အများပြည်သူစီးနင်းနေတဲ့ ယာဉ်လိုင်းတွေပေါ်မှာ လုယက်မှုတွေဟာ အရင်ထက်ပိုများလာတယ်လို့ ခရီးသွားပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_7 NOVEMBER 2022
နိုဝင်ဘာလအစမှာတော့ ပြည်ပခရီးသွားဧည့်သည်တွေဟာ စတင်ဝင်ရောက်လာပြီဖြစ်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 7 November 2022
၁။ နိုဝင်ဘာလအစတွင် ပြည်ပခရီးသွားဧည့်သည်များ စတင်ဝင်ရောက်လာဟု UMTA ဥက္ကဋ္ဌပြော
၂။ အများပြည်သူယာဉ်လိုင်းများပေါ်တွင် လုယက်မှုတွေပိုမိုများပြားလာ
၃။ အခါကြီးရက်ကြီးတွေမှာ အဝေးပြေးယာဉ် လက်မှတ်ခတွေ ပိုမရောင်းရန်ညွှန်ကြားထား
၄။ အီမိုဂျီရုပ်ပုံများကို မျက်မှန်တပ်ပေးလို့ရအောင် ဖန်တီးပေးရန် အင်္ဂလန်ဆယ်ကျော်သက်မိန်းကလေးတိုက်တွန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_7 November 2022
ယခုဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ အောက်တိုဘာ ၂၈ ရက်အထိ ခုနှစ်လတာနီးပါးကာလအတွင်း ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၀၇ ဒသမ ၄၆ သန်းရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _7 November 2022
လေယာဉ်တစ်စီး စစ်တွေလေဆိပ်သို့ဆင်းသက်ပြီးချိန် အင်ဂျင်ကို ငှက်ဝင်တိုက်မှုဖြစ်၍ လေယာဉ်အပြောင်းအလဲလုပ်ခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
အဆိုပါအပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း၊ လေယာဉ်အမျိုးအစား E-190၊ လေယာဉ် အမှတ် XY-ALO သည် ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက် ၉ နာရီခန့်တွင် ရန်ကုန်မှ စစ်တွေလေဆိပ်သို့ဆင်းသက်ခဲ့ပြီး ခရီးသည်များဆင်းနေစဉ် လေယာဉ်အင်ဂျင်ကို ငှက်ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။
ခရီးသည်များ အားလုံးဆင်းပြီးနောက် လေယာဉ်ကို ကြည့်ရှုစစ်ဆေးခဲ့ရာ လေယာဉ်၏ယာဘက်အင်ဂျင်အတွင်း ငှက်တိုက်မိထားသည်ကိုတွေ့ရှိရသဖြင့် ရန်ကုန်ရုံးချုပ်မှ ငှက်တိုက်ခံထားရသော လေယာဉ်ပြုပြင်ပေးမည့် အင်ဂျင်နီယာများနှင့် နောက်ထပ်လေယာဉ်(၁)စီး ကို စေလွှတ်ပေးခဲ့ကြောင်း၊ ယင်းလေယာဉ်ဖြင့်ပင် ရန်ကုန်သို့ ပြန်လည်လိုက်ပါမည့်ခရီးသည်များအား ပြန်လည်သယ်ဆောင်လာခဲ့ရကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1503 of 2080