#Local_News
Published_ 2 May 2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် မဟာဝိဟာရကျောင်းတိုက် အနီး၊ ရေသန့်ဆည်မြောင်းအတွင်း ရေဆင်းခပ်ရာမှ ကျောင်းနေစာသင်သားကိုရင်းတစ်ပါး မြောင်းအတွင်းပြုတ်ကျသေဆုံးမှု ဖြစ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မေလ၂ရက် နံနက် ၈နာရီ ၂၀မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကလီထော်အနောက်ကျေးရွာ၊ မဟာဝိဟာရကျောင်းတိုက်အနီး၊ ရေသန့်ဆည်မြောင်းအတွင်း ရေဆင်းခပ်ရာမှ ကျောင်းနေစာသင်သားကိုရင်တစ်ပါးသည် မြောင်းအတွင်းပြုတ်ကျပြီး ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသိရသည်။
အဆိုပါဖြစ်စဥ်ကိုသတင်းရရှိသဖြင့် လှည်းကူးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယင်းနောက် နံနက် ၁၁နာရီ၄၀ မိနစ်တွင် ရေနစ်ပျောက်ဆုံးသူကိုရင်(သေဆုံး)၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
#ymg/pl
#YMG #Yangon_Media_Group


#Local_News
Published_ 2 May 2023
ရခိုင်ပြည်နယ်၊ဂွမြို့နယ် ရဟိုင်းကွင်းကျေးရွာ ရွှေနန်းခိုင်ဘုရားတွင် တစ်ပါး တည်းသီတင်းသုံးနေသည့် ဆရာတော်ကြီး(ဘုန်းကြီး)တစ်ပါးအား လူတစ်ဦးက ဓါးနှင့်ခုတ်၍ ဖုန်းနှင့်ငွေ(ပိုက်ဆံ)များ ယူဆောင်သွားကြောင်း ဒေသခံပရဟိ တအသင်းကသိရသည်။
မေလ၂ရက် နံနက်၆နာရီအချိန်က ဆရာတော်ကြီးထံ နံနက်အာရုံဆွမ်းသွားပို့စဥ် ဒဏ်ရာများဖြင့်လဲကျနေကြောင်း သိရသည်။
"ဘယ်အချိန်က စဖြစ်တာလဲတော့မသိခဲ့ရပါဘူး။ သိသိချင်း ဆေးရုံကိုပို့ခဲ့ပါတယ်။ ဒဏ်ရာကများတဲ့အတွက် စိုးရိမ်ရပါတယ်"ဟု ကင်းရုံးလူငယ်ပရဟိတအသင်းက သိရသည်။
ဆရာတော်ကြီးကို ဂွမြို့ပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးခဲ့သော်လည်း ဒဏ်ရာများသဖြင့် သံတွဲပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသနိုင်ရန် ညွှန်ကြားချက်ကြောင့် နံနက် ၈နာရီ ခွဲခန့်က သံတွဲ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#ymg/pl
#Local_News #သီတင်းသုံးနေသောဆရာတော် #ဓားဖြင့်ခုတ်၍ဖုန်းနှင့်ပိုက်ဆံလု #ဂွမြို့နယ်
#YMG #Yangon_Media_Group




#Local_News
Published_ 2 May 2023
မြန်မာအလုပ်သမားများ ဟောင်ကောင်အထူးအုပ် ချုပ်ခွင့်ရဒေသသို့လာရောက်၍ကာလရှည်အလုပ်လုပ်ကိုင်ရန်အခက်အခဲရှိနိုင်သည်ဟုဟောင်ကောင်မြို့ရှိမြန်မာကောင်စစ်ဝန်ရုံးမှထုတ်ပြန်လိုက်သည်၊၊
မြန်မာနိုင်ငံနှင့်ဟောင်ကောင်အစိုးရအကြား အလုပ်သမားခေါ်ယူခန့်ထားရေးသဘောတူညီချက်လက်မှတ်ရေးထိုးထားခြင်းမရှိသေးသဖြင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသသို့လာရောက်၍ ကာလရှည်အလုပ်လုပ်ကိုင်မည့်မြန်မာအလုပ်သမားများအနေဖြင့်အခက်အခဲရှိနိုင်သည်ဟုဆိုသည်၊၊
ထုတ်ပြန်ချက်တွင် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင်သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက်အလုပ်သမားခေါ်ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရှိအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းအချို့မှ ၄င်းတို့၏လူမှုကွန်ရက်စာမျက်နှာတွင်အလုပ်အကိုင် ကြေညာများထုတ်ပြန်လျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊
ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင်သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက်ပြည်ပနိုင်ငံများမှ အလုပ်သမားခေါ်ယူရန်အစီအစဥ်ရှိသော်လည်း မြန်မာနိုင်ငံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတို့အကြား အလုပ်သမားခေါ်ယူခန့်ထားရေးသဘောတူညီချက် တစ်စုံတစ်ရာလက်မှတ်ရေးထိုးထားခြင်းမရှိသဖြင့် မြန်မာနိုင်ငံမှ အလုပ်သမားများအနေဖြင့် ဟောင်ကောင်ဒေသသို့လာရောက်၍ ကာလရှည်အလုပ်လုပ်ကိုင်ရန် အခက်အခဲရှိနိုင်ပါကြောင်း ဟောင်ကောင်မြို့ရှိမြန်မာကောင်စစ်ဝန်ရုံး၏ထုတ်ပြန်ထားသည်၊၊
ymg/tthl
#YMG #Yangon_Media_Group
#Local_News
Published_ 2 May 2023
ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တာမွေပလာဇာရှေ့က ပလက်ဖောင်းဘေးမှာ အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ထံက သိရသည်။
မေလ ၂ရက်နေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ တာမွေပလာဇာရှေ့က ပလက်ဖောင်းဘေးမှာ အသက် ၃၃နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး သေဆုံးနေခြင်းဖြစ်သည်။
အဆိုပါသေဆုံးသူသည် တာမွေကြီး(က+ဂ)ရပ်ကွက်၊ ၁၅၆လမ်းနေသူ ဦးဝင်းအောင်ကို(အသက် ၃၃နှစ်)ဖြစ်တယ်လို့ သိရပြီး သေဆုံးသူရဲ့ရုပ်အလောင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
သေဆုံးသူရဲ့ရုပ်အလောင်းအား သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံ ရေခဲတိုက်သို့ ပို့ဆောင်ကုသိုလ်ယူခဲ့တယ်လို့ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့က ထုတ်ပြန်ထားသည်။
ymg/ppk
#YMG #Yangon_Media_Group





#Local_News
Published_ 2 May 2023
ဧရာဝတီမြစ်အတွင်း ရေဆော့သူ ၊ ရေချိုးလာသူ ၊ အပန်းဖြေသူများ အသက်အန္တရာယ်မဖြစ်စေရေး အတွက် သတိပေး ဆိုင်းဘုတ်များကို ဧပြီလ ၃၀ ရက်က စိုက်ထူခဲ့ကြောင်း ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်းကသိရသည်။
ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးရာမှ မကြာခဏ ရေနစ်မြုတ်သေဆုံးသူများ ရှိလာနေသည့်အတွက် ယင်းဆိုင်းဘုတ်များကို ပြည်မြို့ ဘောတံတားအောက်တစ်လျှောက် မြစ်ကမ်းဘေးတွင်အသက်အန္တရာယ်မဖြစ်စေရေးအတွက်ရည်ရွယ်၍ "သတိ-ရှေ့ဆက်တိုးလျှင်သေတတ်သည်" ဟု ရေးသားထားကြောင်း သိရသည်။
"အခု ရက်ပိုင်းအတွင်းမှာ အရမ်းပူနေတာကြောင့် မြစ်ထဲမှာ ရေဆင်းချိုးသူတွေ များနေတယ်။ရေချိုးတာကနေ ရေနစ်တာတွေ ဖြစ်တယ်။ဒါကြောင့် ဒီလို အန္တရာယ်တွေ မဖြစ်အောင် ဆိုင်းဘုတ် စိုက်တာ ဖြစ်ပါတယ်"ဟု ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ၂၇ရက်ကလည်း ပြည်မြို့ဧရာဝတီမြစ်အတွင်းမိသားစု ၆ဦး ပြည်မြို့ ဧရာဝတီမြစ်အတွင်းရေဆင်းချိုးရာ ၃ဦးရေနစ်ခဲ့သေးကြောင်း၊ယင်းအပြင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရတနာပုံတံတားအောက် ဧရာဝတီမြစ်အတွင်း အမျိုးသား၁ဦးရေဆင်းချိုးရာမှရေနစ်သေဆုံးခဲ့ကြောင်းသိရသည်။
#ymg/pl
#Local_News ##ဧရာဝတီမြစ် #အသက်အန္တရာယ်မဖြစ်စေရေးသတိပေ #ဆိုင်းဘုတ်
#YMG #Yangon_Media_Group



#Local_News
Published_ 2 May 2023
ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ကာ လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
တပ်မတော် (ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း(အငယ်တန်းအဆင့်)များကိုလည်းကောင်း တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း(အငယ်တန်းအဆင့်) သင်တန်းများကို သက်ဆိုင်ရာမြို့ နယ် အသီးသီးရှိ တပ်မတော်(လေ) လေကြောင်း လူငယ်စခန်း များတွင်လည်းကောင်း သင်ကြားလျက်ရှိကြောင်း သိရသည်။
တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၁၅ ဦး၊ မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၃ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၅၀ ဦးတို့ကို မေလ ၁ ရက်တွင် သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူ နည်းပြများက လေ့ကျင့်သင်ကြားပေးနေကြောင်း သိရသည်။
ယင်းအပြင် သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ တပ်မတော်(ရေ)ရေကြောင်းလူငယ်စခန်း ၁၁ ၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊တပ်မတော်(လေ)က လည်း လေကြောင်း လူငယ်စခန်း ၁၇ ခု၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၈၀ ဦးဖြင့် လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ymg/pl
#Local_News #ရေကြောင်းနှင့်လေကြောင်းလူငယ် #အခြေခံသင်တန်းများ
#YMG #Yangon_Media_Group






Published 1 May 2023
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာကို မေလ(၁)ရက် တနင်္လာနေ့က ဘေဂျင်းမြို့တော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
တရုတ်နိုင်ငံ၏ နီးကပ်သော အိမ်နီးချင်းနိုင်ငံတစ်ခုအနေဖြင့် မြန်မာနိုင်ငံသည် တည်ငြိမ်သောဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဟု အခြားသော နိုင်ငံများထက် တရုတ်နိုင်ငံ ယုံကြည်မျှော်လင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်က ပြောပါတယ်။ ဒါပေမယ့် မြန်မာ့ပြဿနာရဲ့အကြောင်းရင်းဟာ ရှုပ်ထွေးပြီး ပြဿနာတွေကို ခပ်မြန်မြန်ဖြေရှင်းလို့ မရဘူးလို့လည်း သူက ကုလအထူးသံတမန်ကို ဆက်လက်ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာအသိုက်အဝန်းဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားသင့်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့တွေ အားလုံးအကြား ခြားနားမှုတွေကိုပေါင်းကူးပေးကာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်အောက်ကနေ နိုင်ငံရေးဆွေးနွေးမှုကနေတစ်ဆင့် နိုင်ငံရေးအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်ရေး ထောက်ခံအားပေးသင့်တယ်လို့လည်း ချင်က ပြောပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ရဲ့ ဖျန်ဖြေစေ့စပ်ရေးကြိုစားအားထုတ်မှုတွေကို နိုင်ငံတကာ အသိုက်အဝန်းက လေးစားသင့်ပြီး အကြမ်းဖက်မှုတွေချက်ခြင်းရပ်ဆိုင်းရေး၊အဖွဲ့တွေအကြားစေ့စပ်ဆွေးနွေးရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် အဖွဲ့အားလုံးနှင့်တွေ့ဖို့ မြန်မာနိုင်ငံကိုသွားရောက်မယ့် အထူးသံတမန် တစ်ဦးခန့်ထားရေးတွေပါဝင်တဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်မှု တိုးမြှင့် လုပ်ဆောင်သင့်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောကြားပါတယ်။
တင်းမာမှုတွေအရှိန်မြင့်တက်လာမှာနှင့် မြန်မာ့ပဋိပက္ခပြန့်နှံ့သွားမယ့်အရေးကနေ ဟန့်တားနိုင်ဖို့အတွက် သက်ဆိုင်တဲ့ အဖွဲ့တွေဟာ ချင့်ချင့်ချိန်ချိန်နှင့် လက်တွေ့ကျကျဆောင်ရွက်ဖို့လိုအပ်တာကိုလည်း နိုင်ငံခြားရေးဝန်ကြီးချင်က အလေး ပေးပြောဆိုခဲ့ပါတယ်။ အဲဒီအပြင် ဟေဇာရဲ့ စေ့စပ်ညှိနှိုင်းရေးကြိုးပမ်းအားထုတ်မှုတွေကိုလည်း တရုတ်နိုင်ငံအနေနှင့် ထောက်ခံမှုပေးလိုတဲ့ဆန္ဒရှိတယ်လို့လည်း သူကဆက်ပြောပါတယ်။
မြန်မာ့ပြဿနာ ပြေငြိမ်းရေးဟာ မြန်မာကသာဦးဆောင်သင့်ပြီး မြန်မာပြည်သူတွေရဲ့ဆန္ဒကို လေးစာသင့်တယ်လို့ ဟေဇာကပြောဆိုပါတယ်။
ဆွေးနွေးမှုတွေဟာ အတိတ်ကိုမပြောင်းလဲနိုင်ပေမယ့် အနာဂတ်ကိုတော့ ကွဲပြားခြားနားအောင်လုပ်ပေးနိုင်ပါတယ်လို့ သူမကဆက်လက်ပြောဆိုပါတယ်။ စေ့စပ်ဆွေးနွေးမှုတွေကတစ်ဆင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းလုံခြုံမှုရရှိရေးနှင့်လူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ရင်းနှင့် စေ့စပ်ဆွေးနွေးမှု၊ ဒေသတွင်း ဘုံဖွံ့ဖြိုတိုးတက်မှုနှင့်ချမ်းသာကြွယ်ဝမှုတိုးမြှင့်ရေးတို့အတွက် ကုလသမဂ္ဂက ရပ်တည်ထားပါတယ်လို့လည်း သူမက ဆက်ပြောပါတယ်။
မြန်မာပြဿနာမှာ အာဆီယံက တက်ကြွတဲ့ အခန်းကဏ္ဍကပါဝင်နေခြင်းအပေါ်လည်း ကုလမသဂ္ဂက ထောက်ခံအားပေးတယ်လို့ ဟေဇာက ဖြည့်စွက်ပြောကြားပါတယ်။
မြန်မာပြဿနာ ပြေငြိမ်းရေးတိုးမြှင့်လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍအပေါ် ချီးကျူးတဲ့ အကြောင်းလည်း ဟေဇာကပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုတွေ တရုတ်က ဆက်လက်လုပ်ဆောင်လိမ့်မယ်လို့လည်း သူမက မျှော်လင့်ယုံကြည်တဲ့အကြောင်းပြောခဲ့ပါတယ်။
Source CCTV+
#တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်နိုလင်းဟေဇာတွေ့
#မြန်မာ့နိုင်ငံရေး
#YangonMediaGroup
Page 1503 of 2418