#Local_News
Published_ 31 May 2023
မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်ကိုပို့နေတဲ့ မြန်မာသရက်သီးတွေ အရည်အသွေးမမှီတာကြောင့် ဝယ်ယူမှုနည်းလာသလို ဈေးနူန်းလည်း ကျဆင်းလာတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။
#Local_News #မြန်မာ့သရက်သီး #တရုတ်ဘက်ကဈေးနှိမ်ဝယ်ယူ
#YMG #Yangon_Media_Group
#Daily_News
Published_ 31 May 2023
၁။ မြန်မာ့သရက်သီးတွေ အရည်အသွေးအကြောင်းပြကာ တရုတ်ဘက်က ဈေးနှိမ်ဝယ်ယူနေ
၂။ မုန်တိုင်းအလွန်ကာလ၌ ဝမ်းရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားအောင်ဆောင်ရွက်နေ
၃။ ကမ္ဘာ့ရွေစျေး အနည်းငယ်ပြန်တက် ၊ စျေးမငြိမ်သည့်အတွက် အရောင်းအဝယ်အေးနေ
၄။ နာမည်ကျော် လစ်ပစ်ဇန်မြင်းများအား ယူနက်စ်ကို အသိအမှတ်ပြုပေးသည့်အတွက် ဆလိုဗေးနီးယားအောင်ပွဲခံ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 31 May 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၃၀ရက်နေ့ည ၈နာရီထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ၉၁၉၇ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)လူနာသစ် ၉၂ ဦး ထပ်မံတွေ့ရှိခဲ့ တယ်လို့ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News #ကိုဗစ်လူနာသစ် #ထပ်တွေ့ရှိ #၁ရာခိုင်နူန်းရှိ
#YMG #Yangon_Media_Group
#Local_News
Published_ 31 May 2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ အမှတ်(၁၄)၊ ဇောတိကရပ်ကွက်တွင်ရှိနေအိမ်တစ်အိမ်ပေါ်သို့ မေလ ၃၀ရက်နေ့ ညနေပိုင်းက သစ်ပင်တစ်ပင်လဲကျမူဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
အဲ့ဒီသစ်ပင်လဲကျမူကြောင့် နေအိမ်အတွင်းရှိ ကျား(၁)ဦး၊ မ(၆)ဦး၊ စုစုပေါင်း(၇)ဦးအနက် ကလေး မ(၁)ဦး(သေဆုံး)၊ ကျား(၁)ဦး၊ မ(၅)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပေမယ့် မစိုးရိမ်ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားသည်။
အခင်းဖြစ်နေရာသို့ ချောက်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအ သင်းဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။
သေဆုံးသူရုပ်အလောင်းနှင့်ဒဏ်ရာရရှိသူတွေက်ိုမနောဖြူလူမှုကူညီရေးအသင်းယာဉ်ဖြင့် ချောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ymg/ynzw
#YMG #Yangon_Media_Group


#Local_News
Published_ 31 May 2023
နစက ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့တို့ မနက်ဖြန် ဇွန်လ ၁ ရက်တွင် ဆွေးနွေးကြမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့မှာ မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသောအမျိုးသားပါတီ-မြန်မာအမျိုးသားဒီမို ကရက်တစ်မဟာမိတ်တပ်မတော်(MNTJP/MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် ဦး-တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ်-ရက္ခိုင့်တပ်တော်(ULA/AA)တို့ ဖြစ်ပြီး ယင်းတို့မှ ကိုယ်စားလှယ်များ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူး ဒေသ(၄) မိုင်းလားမြို့ သို့ မေလ ၃၀ ရက်က ရောက်ရှိနေကြပြီ ဖြစ်ကြောင်း သိရသည်။
အထက်ပါအတိုင်း တွေ့ဆုံဆွေးနွေးရန် တရုတ်နိုင်ငံ သက်ဆိုင်ရာဌာနများက ကြားဝင်ညှိနှိုင်းပေးခြင်း ဖြစ်ကြောင်း ၊ ယင်းဆွေးနွေးပွဲတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်မည့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာ ကောပေါင် လည်း မိုင်းလားမြို့ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ယင်း ကိုယ်စားလှယ်က ဆွေးနွေးပွဲအောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် ပါဝင်ခြင်း ဖြစ်ကြောင်းနှင့်ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူး ဒေသ(၄)ဘက်မှ နေထိုင်စားသောက်မှုနှင့် လုံခြုံရေးများကို တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ymg/pl
#YMG #Yangon_Media_Group
Published 30 May 2023
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မြန်မာနိုင်ငံသို့ရောက်ရှိနေတဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool က မြန်မာနိုင်ငံ၌ရွေးကောက်ပွဲကျင်းပချိန်တွင် လွှတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ရုရှားနိုင်ငံမှ ကူညီဆောင်ရွက် ပေးသွားမည့်ကိစ္စကို ဆွေးနွေးခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool ဦးဆောင်သည့်အဖွဲ့ဝင်များက ယနေ့မေလ ၃၀ရက် ညနေပိုင်းတွင် တောင်ကြီး မြို့ရှိ ပင်လုံရိပ်သာ ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ရာမှာ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌက ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထိုသို့ဆွေးနွေးရာတွင် ယခုနှစ်သည် မြန်မာ-ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု ၇၅ နှစ် ပြည့်မြောက်သည့်နှစ်ဖြစ်ပြီး ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများကို ဆက်လက်တိုး မြှင့် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံ ကဏ္ဍပေါင်းစုံတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ သိပ္ပံနှင့် နည်းပညာရပ်ပိုင်းဆိုင်ရာ ပညာရပ်များအပါအဝင် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ ပညာတော်သင်များ စေလွှတ်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


အဲဒီအပြင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) "မိုခါ" (MOCHA) ဝင်ရောက်မှုကြောင့် သဘာဝဘေးဒဏ် သင့်ခဲ့ရသည့် ဒေသများအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံမှု များ တိုးမြှင့်နိုင်ရေးအတွက် အပြန်အလှန်ခရီးသွားလာရေးကဏ္ဍကို မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ဘက်ပေါင်းစုံတွင်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက် သွားမည့် အခြေ အနေများ၊ နှင့်စပ်လျဉ်းပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဝင်းရှိန်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV နှင့် ဒူးမားလွှတ်တော်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
Source- ymg/knl
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌH.E. Mr.Sholban Kara-Ool
#မြန်မာ့နိုင်ငံရေး
#YangonMediaGroup



#Local_News
Published_ 30 May 2023
ယခု တစ်ပတ်ဈေးကွက်အတွင်း စက်သုံးဆီဈေးမှာ နှုန်းထားအပြောင်းအလဲမရှိ တည်ငြိမ်နေပြီး ၉၂ တစ်လီတာလျှင် ၁၉၈၅ကျပ်ပေါက်ဈေးရှိနေကြောင်း ယနေ့ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #စက်သုံးဆီနှုန်းဈေး
#YMG #Yangon_Media_Group
Page 1500 of 2475