#Local_News
Published_30 May 2023
တိုင်ဖွန်းမုန်တိုင်း “ မဝါ” (Mawar)ကြောင့် ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ ယနေ့ မိုးကြီးမယ်လို့ မိုး/ဇလက ယနေ့မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်လိုက်ပါတယ်။
#Local_News #တိုင်ဖွန်းမုန်တိုင်း #တိုင်းနဲ့ပြည်နယ်အချို့မှာယနေ့မိုးကြီးမယ်
#YMG #Yangon_Media_Group
#Local_News
Published_ 30 May 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၂၉ရက်နေ့ ည၈နာရီ ထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ ၆၆၉၃ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)လူနာသစ် ၅၈ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News #ကိုဗစ်လူနာသစ် #ရာခိုင်နူန်း
#YMG #Yangon_Media_Group
#Local_News
Published_ 30 May 2023
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ကို ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်တည်ထား ကိုးကွယ်ခဲ့တာဟာ အခုနှစ်မှာဆိုရင်(၇၅)နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်၊၊
#Local_News #ဗိုလ်တထောင်စေတီ #စိန်ရတုအထိမ်းအမှတ် #ဗုဒ္ဓပူဇာပွဲ
#YMG #Yangon_Media_Group
#Daily_News
Published_ 30 May 2023
၁။ ဗိုလ်တထောင်စေတီတွင် စိန်ရတုအထိမ်းအမှတ်အဖြစ် ဗုဒ္ဓ၊ ဓမ္မ၊ သံဃပူဇာပွဲများ ကျင်းပမည်၊နယုန်လပြည့်နေ့၌ ဗုဒ္ဓပူဇာပွဲကျင်းပမည်
၂။ ကိုဗစ်လူနာသစ် (၅၈) ဦး ထပ်တွေ့ရှိပြီး ရာခိုင်နူန်းဖြင့် ၀ ဒသမ ၈၇ ရာခိုင်နူန်းရှိနေ
၃။ တိုင်ဖွန်းမုန်တိုင်း “ မဝါ”(Mawar)ကြောင့် ရန်ကုန် အပါအဝင် တိုင်းနဲ့ ပြည်နယ် အချို့မှာ ယနေ့ မိုးကြီးမယ်
၄။ (၃)နှစ်ကြာ မကျင်းပရသည့် ပေါက်စီပွဲတော် ဟောင်ကောင်ကျွန်းတစ်ခုတွင် ပြန်လည်ကျင်းပ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 30 May 2023
ကမ္ဘာ့ရွှေပေါက်စျေးဟာ မေလ ၃၀ရက်နေ့ နေ့လည်ပိုင်းစျေးနူန်းများအရ တစ်အောင်စကို ၁၉၃၃ ဒေါ်လာပေါက်စျေး ရှိနေပါတယ်။
#Local_News #ကမ္ဘာ့ရွှေစျေး #ရန်ကုန်ရွေအသင်း
#YMG #Yangon_Media_Group
#Local_News
Published_ 30 May 2023
၂၀၂၃ ခုနှစ်၊ဇန်နဝါရီ(၁)ရက်မှမေ(၂၀)ရက်အထိ မြန်မာနိုင်ငံတွင်သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ(၁၇၁၇) ဦးနှင့်သေဆုံးသူ (၇)ဦးရှိခဲ့ပြီးရောဂါကာကွယ်နှိမ်နင်းရေးများကိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်ရှိကြောင်းသိရသည်၊၊
မေလ(၂၉)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် 'သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး'၌ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်ဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၏ထည့်သွင်းပြောကြားချက်အရသိရခြင်းဖြစ်သည်၊၊
အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၂၀ ရက်အထိ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၁,၇၁၇) ဦးနှင့် သေဆုံးသူ (၇)ဦးရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ဖြစ်ပွားမှု များပြားနေသည်ကို တွေ့ရှိရကြောင်း ထည့်သွင်းပြောကြားခဲ့သည်၊၊
သွေးလွန်တုပ်ကွေးရောဂါသည် ထိရောက်သောကာကွယ်ဆေးများ မရှိသေးခြင်း၊ ကုသရန် ဗိုင်းရပ်စ် ပိုးသတ်ဆေးများ မရှိသေးသည့်အတွက်ကြောင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဂရုစိုက်ဆောင်ရွက်ရန်လိုပါကြောင်း၊ ခြင်မပေါက်ပွားစေရန် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းနှင့် ခြင်ကျားပိုးလောက်လမ်းနှိမ်နင်းခြင်း၊ သက်ကြီးကောင် ခြင်နှိမ်နင်းခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ခြင်မကိုက်အောင် နေထိုင်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါသည် မူကြိုအရွယ် ကလေးများနှင့် မူလတန်းကျောင်းသူ/ ကျောင်း သားများဖြစ်သည့် အသက် ၅ နှစ်မှ ၉နှစ် အရွယ်တွင် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်၍ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ “ခြင်ကျား လောက်လမ်းကင်းစင် ကျောင်းများ” ထူထောင်ခြင်းကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းထည့်သွင်းပြောခဲ့သည်၊၊
မြန်မာနိုင်ငံတွင် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားသည့် အသက်အရွယ်ကို လေ့လာသုံးသပ်ချက်အရ ယခင်က အသက် (၁၅) နှစ်အောက်တွင် ဖြစ်ပွားမှုများပြားသော်လည်း လွန်ခဲ့သည့် (၁၀) နှစ် ကျော်မှစ၍ အသက် (၁၅) နှစ်အထက် အသက်အရွယ်အုပ်စုများတွင်ပါ ဖြစ်ပွားမှုများပြားလာသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် (၂၀၂၀)ခုနှစ်တွင် ရောဂါ ဖြစ်ပွားသူ (၁၅,၁၃၁)ဦး၊ သေဆုံးသူ (၆၈)ဦး၊ (၂၀၂၁)ခုနှစ်တွင် ဖြစ်ပွားသူ (၅,၄၄၆) ဦး၊သေဆုံးသူ (၃၆) ဦးနှင့် (၂၀၂၂) ခုနှစ်တွင် ဖြစ်ပွားသူ (၂၄,၉၇၁) ဦး ၊ သေဆုံးသူ (၉၇) ဦးရှိခဲ့ပြီး နှစ်စဉ်ရောဂါကြောင့် ပျမ်းမျှသေဆုံးမှုအနေဖြင့် (၀.၄) ရာခိုင်နှုန်း ခန့်ရှိ၍ သေဆုံးမှုနှုန်းအနေဖြင့် ဒေသတွင်းနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်မားခြင်းမရှိသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်၊၊
ymg/tthl
#Local_News #(၅)လတာအတွင်းသွေးလွန်တုပ်ကွေးဖြစ်သူ #(၇)ဦးသေဆုံးခဲ့
#YMG #Yangon_Media_Group

#Local_News
Published_30 May 2023
ခေတ်သစ်စစ်နည်း ဗျူဟာများ ပြောင်းလဲလာသဖြင့် ခေတ်သစ်စစ်ပွဲများ နှင့် ပတ်သက်၍မျက်ခြည်မပြတ်လေ့လာနေရန်လိုကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဟိုပုံး တပ်နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံမှ နည်းပြအရာရှိများနှင့်သင်တန်းသားများအား မေလ ၂၉ ရက် တွင် ပြောကြားခဲ့သည်။
တပ်မတော်အနေဖြင့် သင်တန်းကျောင်းများ အလိုက် သက်ဆိုင်ရာစစ်သည်တော်များကို မွေးထုတ်ပေးလျက်ရှိရာ ယခုသင်တန်း တွင် တက်ရောက်နေကြသူများအား တပ်မတော်အင်ဂျင်နီယာကဏ္ဍ စွမ်းပကားများ တိုးတက်မြင့်မားလာစေရေး လေ့ကျင့်သင်ကြားပေးနေခြင်းကြောင့် သင်တန်းသားများအနေဖြင့် သင်ကြားပေးသည့် အင်ဂျင်နီယာ ဘာသာရပ်များကို အမှန် တကယ် ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်သင်ယူကြရန်လိုကြောင်း ပြောကြားခဲ့သည်။
သင်တန်းဆင်းပြီးနောက် သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များအလိုက် ရောက်ရှိတာဝန်ထမ်းဆောင်ချိန်တွင် သင်ကြားပေးလိုက်သည့် ပညာ ရပ်များ မှန်မှန်ကန်ကန် အသုံးချပြီး ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင် ထမ်း ဆောင်ကြရန်၊သင်တန်းသားများအားလုံး အရည် အချင်းပြည့်မီသူများဖြစ်လာစေရေးအတွက် နည်းပြများမှ ကြပ်မတ်လေ့ကျင့်သင်ကြား ပေးသွားရန်၊သင်တန်းသားများအားလုံး စစ်အတတ်ပညာနှင့် လုပ်ငန်း အတတ်ပညာများတွင် အရည်အချင်းပြည့်မီသူများဖြစ်ရန်၊
ပညာဟူသည်မှာသင်တန်းကျောင်းမှ သင်ကြားပေးလိုက်သည်နှင့် မပြီးဆုံးဘဲ ကိုယ်တိုင် လည်း အမြဲမပြတ်လေ့လာနေရန် လည်း ပြောကြားခဲ့သည်။
အင်ဂျင်နီယာ ဘာသာရပ်များကို သင်ယူရာတွင် အင်္ဂလိပ်စာသည် မဖြစ်မနေ တတ်မြောက်ထားရန် လိုသည့်အတွက် လေ့လာလေ့ကျင့်သွားရန်၊ ယနေ့ခေတ်တွင် ခေတ်သစ်စစ်နည်း ဗျူဟာများ ပြောင်းလဲလာသည်ကိုတွေ့ရသည့်အတွက် ခေတ်သစ်စစ်ပွဲများ နှင့် ပတ်သက် ၍လည်း မျက်ခြည်မပြတ်လေ့လာနေရန်လိုကြောင်း နစက ဥက္ကဌက ထည့်သွင်း ပြောကြားခဲ့သည်။
တပ်မတော်သားအားလုံးသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှ မပါရှိဘဲ မိမိတို့တစ်ဦးတစ်ယောက်ချင်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန် တပ်မတော်သို့ ဝင်ရောက်အမှုထမ်းခဲ့ကြသူ များဖြစ်ကြောင်း၊ တပ်မတော်အတွင်း၌ မှန်မှန်ကန်ကန်ဖြင့် ထိန်းထိန်းသိမ်းသိမ်းနေထိုင် ဆောင်ရွက်မည်ဆိုပါက ဘဝအတွက် တိုးတက်မှုများကိုရရှိမည်ဖြစ်ကြောင်း၊ မိမိတို့၏ ရည်မှန်းချက်များပျောက်ဆုံးမှုမရှိစေရေး မိမိ ကိုယ်ကို ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပြီး မိမိတို့ဘဝကို ထိခိုက်ပျက်စီးစေနိုင်သည့် မူးယစ်သောက်စားမှုများနှင့် အပျော်အပါးများကို ရှောင်ကြဉ်ရန်လိုကြောင်းတို့ကလည်း ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
ymg/pl
#YMG #Yangon_Media_Group
Page 1501 of 2475