#Local_News
Published_ 4 May2023
ပွဲစားက လိမ်လည်၍ မလေးရှားနိုင်ငံ ကလန်းမြို့နယ်ရှိ တောတွင်းတစ်နေရာတွင် ဒုက္ခရောက်နေသူ မြန်မာနိုင်ငံသား၂ဦးကို ကယ်တင်ခဲ့ရကြောင်း နှလုံးလှပရဟိတအသင်းက သိရသည်။
ပွဲစားက တစ်ဦးစီ ထံမှ ရင်းဂစ် ( ၃၀၀ )ကို လိမ်ယူကာခေတ္တစောင့်ရန် ပြောဆိုထားခဲ့ရာမှာ ပေါ်မလာတော့သောကြောင့် တောတွင်း ၌၂ရက်တိတိ ထမင်းငတ်ကာ အိပ်ဒုက္ခရောက်နေခဲ့ရကြောင်း သိရသည်။
"ကောင်လေး ၂ယောက် မှာ အသိမိတ်ဆွေတွေကလည်းမရှိ၊ ကံဆိုးချင်တော့ ဖမ်းမသွားတာဘဲရှိတာ၊ ပါတာတွေအကုန်ယူသွားတယ်။ရဲဖမ်းမှာကြောက်တာကလည်းတစ်မျိုး၊ သွားစရာနေရာလည်းမရှိ တောထဲမှာ ၂ရက်တိတိ ထမင်းမစားရ၊ အိပ်လည်းမရ ဒုက္ခရောက်နေခဲ့ကြပါတယ်"ဟု နှလုံးလှပရဟိတအသင်းက သိရသည်။
အဆိုပါလူငယ်၂ဦးမှာ နေပြည်တော်မှ ၁ ဦးနှင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ၁ဦးဖြစ်ကြောင်းလည်း သိရသည်။
#ymg/pl
#Local_News #ပွဲစားကလိမ်လည် #မလေးရှားနိုင်ငံ #ဒုက္ခရောက်နေသူမြန်မာနိုင်ငံသား၂ဦး
#YMG #Yangon_Media_Group
#Local_News
Published_ 3 May 2023
ကဆုလပြည့်နေ့၊(ဗုဒ္ဓနေ့)မေလ(၃)ရက်မှာ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ကြီးမှာ (၅၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်၊၊
#Local_News #ဗိုလ်တထောင်စေတီတော် #ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲ
#YMG #Yangon_Media_Group
#Local_News
Published_ 3 May 2023
ကဆုန်လပြည့်ဗုဒ္ဓနေ့မေလ(၃)ရက်မှာ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲကျင်းပခဲ့တယ်လို့ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Local_News #ရွှေတိဂုံစေတီတော် #ကဆုန်လပြည့် #ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲ
#YMG #Yangon_Media_Group
#Local_News
Published_ 3 May 2023
လတ်တလောမှာ ကိုဗစ်ပိုးတွေ့ရသူအများစုမှာ ကိုဗစ်လက္ခဏာတွေဖြစ်တဲ့အနံပျောက်တာ၊ဖျားနာတာတွေလုံးဝမဖြစ်ဘဲ ကိုဗစ်ပိုးတွေ့နေသူတွေပိုများလာတဲ့အတွက် အထူးသတိပြုကာကွယ်ကြဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Local_News #ကိုဗစ်လက္ခဏာ #သတိပြုကာကွယ်ရန်လို
#YMG #Yangon_Media_Group
#Local_News
Published_ 3 May 2023
ပြည်တွင်းရွှေဈေးဟာမေလ ၃ ရက်နေ့မနက်ပိုင်းမှာ ၂၉သိန်း၇သောင်းကျော်ပေါက်ဈေးရှိနေပြီး ရန်ကုန်တိုင်းရွှေအသင်းကတော့ ၂၃ သိန်းကျော် ရည်ညွှန်းသတ်မှတ်ထားပါတယ်။
#Local_News #ရန်ကုန်တိုင်းရွှေအသင်း #ပြင်ပပေါက်ဈေး ၂၉သိန်း၇သောင်း #Gold
#YMG #Yangon_Media_Group
#Daily_News
Published_ 3 May 2023
၁။ ရန်ကုန်တိုင်းရွှေအသင်းရည်ညွှန်းသတ်မှတ်ဈေး ၂၃သိန်းကျော်သတ်မှတ်ထားပြီး ပြင်ပပေါက်ဈေး ၂၉သိန်း၇သောင်းကျော်ရှိနေ
၂။ ကိုဗစ်လက္ခဏာလုံးဝမပြဘဲ ကိုဗစ်ပိုးတွေ့ရသူပိုများနေ၍ သတိပြုကာကွယ်ရန်လိုဟုဆို
၃။ ရွှေတိဂုံစေတီတော်တွင် ကဆုန်လပြည့်ဗုဒ္ဓနေ့၌ ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲကျင်းပ
၄။ကမ္ဘောဒီးယားမှ တရုတ်လှူဒါန်းထားသည့် ဆေးရုံတွင် တရုတ်တိုင်းရင်းဆေးနည်းပညာဖြင့်လူနာများကိုကုသပေးနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 3 May 2023
လျှပ်စစ်မီးမမှန်တာကြောင့် ရန်ကုန်မြို့ကရပ်ကွက်အများအပြားမှာ ရေအခက်ခဲဖြစ်တယ်လို့ ရန်ကုန်မြို့နေပြည်သူတချို့က YMG ကို ပြောပါတယ်။
#Local_News #လျှပ်စစ်မီး #ရေအခက်အခဲဖြစ်
#YMG #Yangon_Media_Group
Page 1499 of 2418