#Local_News
Published_ 6 May 2023
ကုန်းလမ်းသွားလာရေးခက်ခဲသည့်ဒေသများသို့ လေကြောင်းနှင့် ရေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲနိုင်ရေး ဆောင်ရွက်ရန်နစက ဥက္ကဌက မေလ ၅ ရက်က ပြုလုပ်သည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအတွင်း ပြောကြားခဲ့သည်။
ယင်းကနယ်စပ်ဒေသများတွင် ပညာရေးကဏ္ဍအားနည်းသည်ကိုတွေ့ရပြီး နယ်စပ်ဒေသနှင့် ကျေးလက်ဒေသများရှိကျောင်းများ အဆောက်အအုံနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဦးစားပေးဆောင်ရွက်ရန်နှင့် သင်ထောက်ကူပစ္စည်းများနှင့် ဝန်ထမ်းရေးရာပြည့်စုံရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်၊ ဆက်သွယ်မှုရရှိနိုင်ရေးဆောင်ရွက်ပေးရန်၊ တစ်နိုင်ငံလုံး ဆက်သွယ်ရေးလွှမ်းခြုံမှုရရေးလုပ်ဆောင်ရန်၊ ကုန်လမ်းသွားလာရေးခက်ခဲသည့် နေရာဒေသများသို့ လေကြောင်းလိုင်းနှင့် ရေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲနိုင်ရေး ဆောင်ရွက်ပေးသွားရန် တို့ကို ပြောကြားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
၎င်းအပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် သင်တန်းကျောင်းမှ သင်တန်းသားများအား ကျေးလက်အုပ်ချုပ်ရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေးလေ့ကျင့်ပျိုးထောင်ပေးမှသာ တိုင်းရင်းသားလူငယ်များသည် မိမိဒေသအကျိုးအတွက် အုပ်ချုပ်ရေးပိုင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
နစက တာဝန်ယူချိန်မှစ၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီ ကို အဖွဲ့ဝင် ၂၂ ဦး၊ လုပ်ငန်းကော်မတီကို အဖွဲ့ဝင် ၃၇ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီအနေဖြင့် လုပ်ငန်းတာဝန် ၆ ရပ်ကို အကောင်အထည်ဖော်နေခြင်း ဖြစ်ကြောင်း သိရသည်။
အခြေခံပညာအဆင့်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ၄၇ ကျောင်း ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၃၃၀၀၇ ဦး ပညာသင်ကြားပေးနိုင်ခဲ့ကာ အဆင့်မြင့်ပညာကဏ္ဍတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၄၀၅၈ ဦးတို့ကို မဟာပညာရေးဘွဲ့၊ မဟာဒဿနပညာရေးဘွဲ့၊ ပညာရေးဘွဲ့၊ ဆရာအတတ်ပညာဒီပလိုမာ၊ အလယ်တန်းဆရာအတတ်ပညာ၊ အထူးမူလတန်းဆရာ အတတ်ပညာ၊ မူလတန်းဆရာအတတ်ပညာများအား သင်ကြားလေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ရန်ကုန်နဲ့ စစ်ကိုင်းတို့တွင်လည်း ကျောင်းသား၊ ကျောင်းသူ ၄၇၀၁ ဦးတိုကို ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ AGTI ၊ B.Tech ဘွဲ့များရရှိအောင် သင်ကြားလေ့ကျင့်ပေးခဲ့ပြီး ဝန်ကြီးဌာန ၁၉ ခု၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိနေပြီဖြစ်ကာ သက်မွေးပညာကဏ္ဍအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ၉ ကျောင်းဖွင့်လှစ်၍ သင်တန်းသား ၆၀၇၇ ဦးကို ဆောက်လုပ်ရေး၊ စက်ပြင်၊ လျှပ်စစ်၊ ဂဟေ၊ မော်တော်ယာဉ်စက်ပြင်၊ လက်ကိုင်ဖုန်းပြင်၊ အလူမီနီယံ၊ EFI အင်ဂျင်သင်တန်းများ ပိုချပေးနိုင်ခဲ့ပြီး အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင်အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၄၇ ကျောင်းမှာ သင်တန်းသူ ၉၅၀၂၂ ဦး သင်ကြားလေ့ကျင့်ပေးခဲ့ပြီး ပုဂ္ဂလိကအထည်ချုပ်စက်ရုံများနှင့် ကိုယ်ပိုင်လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေကြပြီဖြစ်ကြောင်းလည်း သိရသည်။

#ymg/pl #Local_News #လေကြောင်းနှင့် ရေကြောင်းလိုင်း #တိုးချဲ့ပြေးဆွဲ
#YMG #Yangon_Media_Group

ဗိုဗီနမ် အားကစားနည်းတွင် မြန်မာမှ မခိုင်ဝါဖူးနှင့် မမေဟန်နီအောင်လွင်တို့က ပထမဆု(ရွှေတံဆိပ်ဆု) ရရှိခဲ့သလို အမျိုးသားပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်၊ ရာဇာထွန်းတိုကလည်း ရွှေတံဆိပ် ရယူနိုင်ခဲ့သည်။
#YMG #Yangon_Media_Group
#LocalNews
Published _ 6 May 2023
အမေရိကန်နိုင်ငံတွင် ယနေ့ မေလ ၆ ရက် နံနက်ပိုင်းက ကျင်းပခဲ့သော One Championship(MMA) ပြိုင်ပွဲတွင် မြန်မာ့စပါးအုံးအောင်လအန်ဆန် က တရုတ်နိုင်ငံသား ဖန်ရောင်း အား ဒုတိယအချီ၌ပင် အနိုင်ရခဲ့သည်။
ပွဲစဉ်အတွင်း ဒုတိယအချီ ၄၇ စက္ကန့်ခန့်တွင် အောင်လက ဖန်ရောင်းအား
ချုပ်ကွက်ဖြင့်ချုပ်ကိုင်နိုင်ခဲ့ပြီး အနိုင်ရခဲ့ခြင်းဖြစ်သည်။
ယင်းကြောင့် အနိုင်ရရှိခဲ့သော
အောင်လ အနေဖြင့် ချန်ပီယံခါးပတ် စိန်ခေါ်ထိုးသတ်ခွင့် ပြန်လည်ရရှိသွားပြီဖြစ်ကြောင်းလည်း သိရသည်။
အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့တွင် ပြုလုပ်နေသောကိုယ်ခံ ပညာသိုင်းပေါင်းစုံအားကစားအဖွဲ့က ကျင်းပပြုလုပ်သော One ChampionShip ၏ One Fight Night 10 ပြိုင်ပွဲ မှာ အောင်လအန်ဆိုင်း နှင့် One Championship တို့အကြား စာချုပ်ပြည့်နောက်ဆုံးပွဲစဉ်လည်းဖြစ်သည်။
ymg/pl
Yangon _Media_Group

Published 5 May 2023\






#YMG #Yangon_Media_Group
#Local_News
Published _5 May 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organisation – SCO) ၏ ဆွေးနွေးဖက်နိုင်ငံ အဖြစ် ခွင့်ပြုကြောင်း စာချွန်လွှာကို အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့၌ ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်မှ ၅ ရက်အထိ ကျင်းပလျက်ရှိသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးအတွင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO) ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Zhang Ming တို့ ယနေ့ မေလ ၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကသိရသည်။
အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံနှင့်အတူ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ ဆွေးနွေးဖက်နိုင်ငံများဖြစ်လာသည့် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကူဝိတ်နှင့် မော်လ်ဒိုက်ဗ်နိုင်ငံတို့မှ ကိုယ်စားလှယ်များလည်း တက်ရောက် လက်မှတ် ရေးထိုးခဲ့ကြကြောင်းလည်း သိရ
သည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) သည် အစိုးရအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ၂၀၀၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်က တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယခုအခါ SCO ၏ တင်းပြည့်အဖွဲ့ဝင်များမှာ တရုတ်၊ အိန္ဒိယ၊ ကာဇက် စတန်၊ ကာဂျစ်စတန်၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘတ်ကစ္စတန် နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။
SCO သည် အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံရေး၊ ကုန်သွယ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ စွမ်းအင်၊ ပို့ဆောင်ဆက်သွယ်ရေးစသည့် နယ်ပယ်များတွင် အဓိက ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
ymg/pl
#YMG #Yangon_Media_Group

#Local_News
Published_ 5 May 2023
ပြည်တွင်းရွှေဈေးဟာမေလ ၅ ရက်နေ့မနက်ပိုင်းမှာ သိန်း ၃၀ ကျော် ပေါက်ဈေးရှိနေပြီး ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို ၂၀၄၅ ဒေါ်လာ ကိုစံချိန်တင်မြင့်တက်နေပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ဒေါ်လာပေါက်ဈေးအနည်းငယ်ပြန်ကျ
#YMG #Yangon_Media_Group
#Local_News
Published_ 5 May 2023
မော်လမြိုင် သိပ်ဇရပ်-မရမ်းချောင်းကြားတွင် ဘုရားဖူးကားတိမ်းမှောက်လို့ ၃၀ ဦးခန့် ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Local_News #မော်လမြိုင် #သိပ်ဇရပ် #မရမ်းချောင်း
#YMG #Yangon_Media_Group
Page 1495 of 2418