#Local_News
Published _5 April 2023
အွန်လိုင်းမှ Federal School of AungMyay Thar Zan အမည်ဖြင့် တရားမဝင်ပညာသင်ကြားမှုပြုလုပ်နေသူ ၁၅ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
Federal School of Aung Myay Thar Zan အမည်ဖြင့် တရားမဝင်ပညာ သင်ကြားခြင်းကို Online စနစ်ဖြင့် ဆောင်ရွက်နေကြောင်း သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စိစစ်ဖော်ထုတ်မှုများပြုလုပ်ခဲ့ရာ မတ်လ ၂၂ ရက်တွင် Federal School of Aung Myay Thar Zan ၏ ကျောင်းတာဝန်ခံ ၏ အိရွှေစင်မြင့် အား မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းနောက် စစ်ဆေးဖော်ထုတ်ချက်များအရ တရားမဝင် Federal School of Aung Myay Thar Zan တွင် သင်ကြားရေးဆောင်ရွက် နေသော တင်တင်လတ်၊ စန်းစန်းဝင်း၊ ခိုင်မာသန်း၊ နေကြည်ဝင်း၊ ခင်ကြည်မာဝေ၊ အေးမြတ်မွန်၊ ကျော်စန်းထွေး၊ ဇော်မျိုးထွန်း၊ ခင်နွယ်ဦး၊ ယဉ်ယဉ်မင်း၊ ခင်မြတ်နိုး၊ ခိုင်မာဖြိုး၊ အိအိအောင်နှင့် ချောစုသန်း စုစုပေါင်း ၁၄ ဦးတို့အား ၎င်းတို့နေအိမ်အသီးသီး၌ ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NUG ၏ စေခိုင်းချက်ဖြင့် Federal School of Aung Myay Thar Zan ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများထံမှ ကောက်ခံရသည့် ငွေကြေးများကို PDF များသို့ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း အဖမ်းခံရသူများ၏ ထွက်ဆိုချက်ကို ကိုးကား၍ အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယခုအခါ ဖမ်းဆီးရမိသည့် ၁၅ ဦးအား ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ငွေကြေးထောက်ပံ့မှုများ၊ ပူးပေါင်းပါဝင် ဆောင်ရွက်နေသူများကိုလည်း ဖော်ထုတ်ဖမ်းဆီးကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် တရားမဝင်ပညာသင်ကြားမှု အစီအစဉ်တွင် စာရင်းပေးသွင်း၍ အတန်းများတက်ရောက်စေခဲ့သော မိဘများနှင့် ကျောင်းသား၊ကျောင်းသူများကိုပါ ဆက်လက်ဖော်ထုတ်၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Local_News #အွန်လိုင်း #ပညာသင်ကြားသူ #၁၅ ဦးဖမ်းဆီးမိ
#YMG #Yangon_Media_Group
#Local_News
Published_ 4 April 2023
၂၀၁၉ခုနှစ်က ပြဌာန်းခဲ့တဲ့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေဟာ အခုနှစ်၂၀၂၃ခုနှစ် ဧပြီလ(၁)ရက်နေ့မှာ အာဏာသက်ဝင်လာပြီဖြစ်ပါတယ်၊၊
အဲဒီ့လိုကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအာဏာ သက်ဝင်လာပြီဖြစ်တဲ့အတွက်ကုန်အမှတ်တံဆိပ်တွေကို တရားဝင်မှတ်ပုံတင်ထားဖို့ လိုအပ်လာတယ်လို့ ဆိုပါတယ်။
#Local_News #ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ #မှတ်ပုံတင်
#YMG#Yangon_Media_Group
#Local_News
Published_ 4 April 2023
သင်္ကြန်ကာလမှာ မျက်လုံးနဲ့နားထဲရေတွေဝင်ပြီး ထိခိုက်တာတွေမျိုး ဖြစ်နိုင်တဲ့အတွက် သတိပြုကာကွယ်ကြဖို့လိုအပ်တယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှသိရပါတယ်၊၊
#Local_News #င်္ကြန်ကာလတွင်း #မျက်လုံးနှင့်နား #သတိပြုကာကွယ်ရန်#YMG#Yangon_Media_Group
#Local_News
Published_ 4 April 2023
ယခုလအတွင်း အသားတိုးကြက် ခြံဖမ်းဈေးများ အနေနဲ့ ယခင်လကထက် ငွေ ၁၇၀၀ကျပ်အကျော် ဈေးပြန်တက်လာခဲ့ကြောင်း ကြက်သားလက်ကားအရောင်းဈေးကြီးဖြစ်တဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ် ကြက်ဘဲဈေးကနေသိရပါတယ်။
#Local_News #အသားတိုးကြက် #ကျပ်၁၇၀၀အကျော်ဈေးပြန်တက်လာ #YMG#Yangon_Media_Group
#Local_News
Published_ 4 April 2023
ဧပြီလ ၆ရက်နေ့မှ ၁၁ရက်နေ့အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးအချိုမှာ လက်ရှိအပူချိန်ထက် 5C° လောက် ရုပ်ချည်းမြင့်တက်လာဖို့ရှိနေတယ်လို့ခန့်မှန်းပြောဆိုမှုများရှိနေတာဖြစ်ပါတယ်။
#Local_News #ရန်ကုန်တိုင်းဒေသကြီး #နေ့အပူချိန်များ5C°ခန့်ပိုမိုမြင့်တက်လာနိုင် #YMG#Yangon_Media_Group
#Daily_News
Published_4 April 2023
၁။လာမယ့်ရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင် တိုင်းဒေသကြီးအချို့မှာ နေ့အပူချိန်များ 5C° ခန့်ပိုမိုမြင့်တက်လာနိုင်
၂။အသားတိုးကြက်ဈေး တစ်လကြာအတွင်း ကျပ် ၁၇၀၀ အကျော် ဈေးပြန်တက်လာ
၃။သင်္ကြန်ကာလတွင်း မျက်လုံးနှင့်နားမထိခိုက်အောင် သတိပြုကာကွယ်ရန်လိုဟုဆို
၄။ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် ပါဝင်ရန် နိုင်ငံအများအပြားကြိုးစားလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 4 April 2023
ဧပြီလ ၄ရက်နေ့မှာ ပြင်ပရွှေပေါက်ဈေး ၂၉သိန်း၄သောင်း ဈေးရှိနေပြီး ဈေးအနည်းငယ်ပြန်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေကပြောပါတယ် မတ်လနောက်ဆုံးအပတ်မှာ ဈေးအနည်းငယ် ကျဆင်းခဲ့တဲ့ရွှေဈေးဟာ အခုဧပြီလ လဆန်းပိုင်းမှာ ဈေးပြန်တက်လာတာ ဖြစ်ပါတယ်။
#Local_News #ပြင်ပရွှေပေါက်ဈေး #ဈေးပြန်တက်
#YMG#Yangon_Media_Group
Page 1490 of 2350