#Local_News
Published-6 April 2023
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် မိုင်တိုင်အမှတ်(၂၅၄/၆)နှင့်(၂၅၄/၇)ဂုန်းဆင်းတွင် ဖရဲသီးသယ်ဆောင်လာသည့်၁၂ဘီးယာဉ်တိမ်းမှောက်ပြီး ယာဉ်မောင်းအမျိုးသားမှာ ကားခေါင်းတွင်း ညပ်နေခဲ့ပြီး စိုးရိမ်ရဒဏ်ရာများရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က သိရသည်။
ဧပြီ၆ရက် နံနက်၉နာရီ၂၀အချိန်ခန့်က ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအုပ်စု၊ ပန်ဂျလော့ရွာအနီး၊ မိုင်တိုင်အမှတ် ၂၅၄/၆)နှင့်၂၅၄/၇)ဂုန်းဆင်းတွင် ဖရဲသီးများသယ်ဆောင်လာသော ၁၂ဘီး အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက် မှုဖြစ်ပွားပြီး ယာဉ်မောင်းအမျိုးသား ကားခေါင်းအတွင်းညပ်နေခဲ့၍ ကွတ်ခိုင်မြို့နယ်မီးသတ်စခန်းနှင့်နမ့်ဖက်ကာနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယင်းကဲ့သို့ဆောင်ရွက် မှုကြောင့် ကားခေါင်းခန်းတွင်ညပ်နေသော ယာဉ်မောင်းကျား(၁)ဦးထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)အား ၁၀ နာရီ ၂၅မိနစ် အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး မြန်မာ့နှလုံးသားလူမှုကူညီရေးယာဉ်ဖြင့် မူဆယ်မြို့နယ်ပြည်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း မီးသတ်တပ်ဖွဲ့မှသိရသည်။
#ymg/mt
#Local_News #ရှမ်းပြည်နယ်ကွတ်ခိုင် #၁၂ဘီးယာဉ်တိမ်းမှောက် #စိုးရိမ်ဒဏ်ရာရ #YMG#Yangon_Media_Group


#Local_News
Published_ 6 April 2023
ပြည်တွင်းက အစားအသောက်ထုတ်လုပ်သူတွေ ကျန်းမာရေးဝန်ကြီးဌာန ၊ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ရဲ့ FDAအွန်လိုင်းထောက်ခံချက်အတွက် ကျသင့်ငွေ ပမာဏလျော့ချသတ်မှတ်ပေးလိုက်ကြောင်းသိရသည်။
FDAအမှတ်တံဆိပ်ထောက်ခံချက် လျှောက်ထားရာမှာ online E-Submission နဲ့လျှောက်ပါက နဂိုမူလက ပေးသွင်းရမယ့်ငွေပမာဏကို၇၅၀၀၀၀ကျပ်အထိ သတ်မှတ်ထားရာမှ ယခုအခါ ၂၅၀၀၀၀ကျပ်အထိ သတ်မှတ်ပေးလိုက်တာကြောင့်ငွေကျပ်၅၀၀၀၀၀ ပမာဏသက်သာမှုရှိလာကြောင်းသိရသည်။
အဆိုပါ အွန်လိုင်းFDA လျှောက်ထားမှု လုပ်ငန်းစဉ်အတွက် ယခင်ကျသင့်ငွေ အစား ဧပြီလ ၁ရက်နေ့က စတင်ကာ ပြောင်းလဲလျော့ပေါ့ လိုက်တာဖြစ်ပြီး ထောက်ခံချက်အတွက် ခွင့်ပြုကာလမှာ ဧပြီလ ၁ရက်ကနေ စက်တင်ဘာ၃၀ရက်အထိဖြစ်ပြီး လျှောက်ထားပေးသွင်းရမယ့်ပမာဏ ၂၅၀၀၀၀ကျပ် က ဓာတ်ခွဲစစ်ဆေးခ မပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ဖေါ်ပြထားသည်။
အစားအသောက်ထုတ်လုပ်ခြင်းလုပ်ငန်းတွေအတွက်FDAထောက်ခံချက်ကို၆လအတွင်းလျောက်ထားနိုင်ပြီးတော့ခွင်ပြုကာလသက်တမ်း၁နှစ်ဖြင့်လုပ်ငန်းလည်ပါတ်ဆောင်ရွက်နိုင်ကြောင်းသိရသည်။
ymg/ppk
#Local_News #အစားအသောက်ထုတ်လုပ်ခြင်း #FDA အွန်လိုင်းထောက်ခံချက်
#YMG #Yangon_Media_Group
#Local_News
Published_ 6 April 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေးမြို့ကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု ယနေ့ ဧပြီလ (၆) ရက် နံနက်ပိုင်းက လှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ယနေ့နံနက် ၇ နာရီ ၁၂ မိနစ် ၂၁ စက္ကန့်က လင်းခေးမြို့၏ အနောက်မြောက်(၇)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၂၀ ဒသမ ၃၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇ ဒသမ ၉၀) ဒီဂရီ၊ အနက်(၂) ကီလိုမီတာအား ဗဟိုပြု၍ အင်အားရစ် (ခ်)တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း၌ ဧပြီလ လဆန်းပိုင်းလောက်တွင် ရန်ကုန်မြို့မှာ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလူပ်ခတ်ခဲ့သေးကြောင်းသိရသည်။
ငလျင်ဒဏ်ကြောင့် အဆောက်အဦးခိုင်ခန့်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ သတ်မှတ်ချက်အတိုင်း တည်ဆောက်ဖို့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ပြောဆိုထားသည်။
ymg/ynzw
#Local_News #ရှမ်းပြည်နယ်တောင်ပိုင်း #လင်းခေးမြို့
#YMG #Yangon_Media_Group
#Local_News
Published_ 6 April 2023
သင်္ကြန်ကာလအတွင်း CNG အရောင်းဆိုင်များ အလှည့်ကျဖွင့်လှစ်သွားမည်ဖြစ်ပြီး ဖွင့်မည့်ဆိုင် ၊နေ့ရက်နှင့် အချိန်များကို မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ ထုတ်ပြန်လိုက်ကြောင်းသိရသည်၊၊
ဧပြီလ(၈)ရက်မှ(၁၇)ရက်အထိ ပလိပ် ၊ရေနံချောင်း ၊ချောက် ၊မောင်းမကန်မှအရောင်းဆိုင်နှင့် ရန်ကုန်မြို့တွင်းရှိ မြို့နယ်အသီးသီးမှ အရောင်းဆိုင်စုစုပေါင်း(၃၀)ဆိုင် ဖွင့်လှစ်ထားမည်ဖြစ်ပြီး မနက်(၆)နာရီမှ ညနေ(၇)နာရီအထိဖွင့်လှစ်ထားမည်ဟုဆိုသည်၊၊
ယင်းအပြင် ဧပြီလ(၈)ရက်မှ(၁၂)ရက်အထိ ရေနံချောင်း၊မန္တလေးအရောင်းဆိုင်နှင့်ရန်ကုန်မြို့တွင်းရှိမြို့နယ်အသီးသီးမှအရောင်းဆိုင်စုစုပေါင်း(၁၆)ဆိုင် ဖွင့်လှစ်ထားမည်ဖြစ်ပြီးအဆိုပါ(၁၆)ဆိုင်သည် ဧပြီလ(၁၃)ရက်မှ(၁၇)ရက်နေ့များတွင် အရောင်းပိတ်ထားမည်ဖြစ်ကြောင်း သိရသည်၊၊
ymg/tthl
#Local_News #သင်္ကြန်ကာလ #CNGအရောင်းဆိုင် #အလှည့်ကျဖွင့်မည်
#YMG #Yangon_Media_Group
#Local_News
Published_6 April 2023
တောင်ကိုရီးယားနိုင်ငံသို့ ပြန်လည်သွားရောက်လုပ်ကိုင်ကြမည့် (Re-entry)လုပ်သားများအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးအချိနိမီဆောင်ရွက်နိုင်ရေး စောလျင်စွာသတင်းပို့ရမည်ဟုPOEM က အသိပေးကြေညာလိုက်သည်။
HRD Korea ၏ မူလသတ်မှတ်ချက်အရ ပထမအကြိမ် ၄ နှစ် ၁၀ လပြည့်လို့ စာချုပ်ထပ်မံ ချုပ်ဆိုပြီး ကိုရီးယားနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် Re-entry အလုပ်သမားများအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းအနည်းဆုံး (၁) နှစ် ကျန်ရှိရမည် ဖြစ်သော်လည်း HRD Korea နှင့် ဆွေးနွေးညှိနှိုင်းချက်အရ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိကြောင်း အလုပ်သမားကPOEA ရုံးထံ သတင်းပေးပို့ ချိန်တွင်နိုင်ငံကူးလက်မှတ်သက်တမ်းအနည်းဆုံး (၈) လ ကျန်ရှိရမည် ဖြစ်ကြောင်း၊ HRD Korea ဘက် မှ CCVI လျှောက်ထားပေးပြီး CCVI ရရှိချိန်မှာဗီဇာ လျှောက်ထားရန်နိုင်ငံကူးလက်မှတ်သက်တမ်း အနည်းဆုံး (၇) လ ကျန်ရှိရ မည်ဖြစ်ကြောင်း သိရသည်။
ဗီဇာရရှိပြီးနောက် လေယာဉ်တက်ချိန်တွင် နိုင်ငံကူးလက်မှတ်သက်တမ်း အနည်းဆုံး (၆) လ ကျန်ရှိရန် ဆွေးနွေးညှိနှိုင်းထားကြောင်းသိရသည်။
ယင်းကြောင့် ထပ်မံစာချုပ်ချုပ်ဆို၍ ကိုးရီးယားနိုင်ငံမှပြန်လည်ထွက်ခွာမည့်အချိန်တွင် နိုင်ငံကူးလက်မှတ်သက်တမ်း ၁နှစ်မကျန်ရှိသော Re-entry အလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံပြန်ရောက်ချိန်အတွင်း နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဆောင်ရွက်နိုင်ရေးကို POEA ရုံးသို့ စောလျင်စွာ သတင်းပို့ကြရမည်ဖြစ်ကြောင်းအသိပေးထားခြင်းလည်း ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံက ထွက်ခွာခဲ့ကြသော Re-entry လုပ်သားများအနေဖြင့် တားမြစ်ပစ္စည်းများဖြစ်သည့် CP ကြက်အူချောင်း၊ ဝက်အူချောင်း၊ ငါးသေတ္တာ၊ ပေါက်စီ၊ ငါးခြောက်နှင့် သက်ရက်အကင်းအပြင်ကွမ်းရွက်စသည့် ပစ္စည်းများ သယ်ဆောင်လာသဖြင့် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်အဝင်တွင် မတ်လ ၂၉ က ပစ္စည်းသိမ်ဆည်းခံရခြင်း၊ ဒဏ်ငွေပေးဆောင်ခြင်း၊ နိုင်ငံကူးလက်မှတ် မှတ်တမ်းထားရှိခြင်းတို့ကို ဆောင်ရွက်ခြင်းခံခဲ့ရကြောင်း၊ယင်းကြောင့် တားမြစ်ပစ္စည်းများယူ ဆောင်ခြင်းမပြုလုပ်ကြရန်အထူးသတိပြု လိုက်နာရေးကိုလည်း အသိပေးထားကြောင်း သိရသည်။
#ymg/mt
#Local_News #နိုင်ငံကူးလက်မှတ် #ကိုရီးယား
#YMG#Yangon_Media_Group
#Local_News
Published_6 April 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့ သစ်တောင်ပိုင်းမြို့ နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား မျက်စိကု ဆရာဝန်ပါရဂူကြီးများက ဧပြီလ ၅ ရက် နံနက်ပိုင်းက စ၍ သီတဂူစက္ခုဒါနဆေးရုံတော်ကြီး၌ အခမဲ့ စမ်းသပ်ကုသပေးနေကြောင်း သိရသည်။
ယင်းကို နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်သာသနာ ပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ဆရာတော် ကြီး ဦးဆောင်ကြီးကြပ်မှုဖြင့် ဆောင်ရွက် ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
မျက်စိအခမဲ့စမ်းသပ်ကုသပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပထမ အကြိမ်စတင်ကုသပေးခြင်းဖြစ်ပြီး ဒဂုံမြို့ သစ် ၄ မြို့နယ်မှ မျက်စိဝေဒနာရှင်များအား မျက်စိ ကုကျွမ်းကျင်ဆရာဝန်ပါရဂူကြီးများက ပထမနေ့အဖြစ် အခမဲ့စမ်းသပ် ကုသပေးသူ ၃၄၄ ဦး၊ ခွဲစိတ်ကုသပေးရန် ၉၆ ဦးရှိကြောင်း၊ လာရောက်ဆေးကုသမှုခံယူသူများ အား အာဟာရဒါနကျွေးမွေးခဲ့ကြောင်းနှင့် ကုသမှုများကို ဧပြီ ၁၀ ရက်အထိ အခမဲ့စမ်းသပ် ကုသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သီတဂူဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ သီတဂူစက္ခုဒါနဆေးရုံ ၄၄ ရုံ ဖွင့်လှစ်ပြီး မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ ၁၉၉၉ ခုနှစ်၊ ဧပြီလမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ မျက်စိစမ်းသပ်ကုသခံယူသူ ၅၄၈၅၀၄ ဦးနှင့် မျက်စိခွဲစိတ်ကုသမှု ခံယူသူ ၁ဝ၅၂၃၄ ဦး ရှိကြောင်း သတင်းရရှိသည်။
ymg/mt
#Local_News #ဒဂုံမြို့သစ် #မျက်စိဝေဒနာရှင် #အခမဲ့စမ်းသပ်ကုသ
#YMG #Yangon_Media_Group
#Local_News
Published_6 April 2023
ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ မွန်ပြည်နယ်၊ ဇင်းကျိုက် ဘူတာမှ ဌာန၏ လမ်းခင်းကျောက်များ သယ်ယူ၍ ဇင်းကျိုက်မှ ထွက်ခွာလာသည့် ရထာအမှတ်(၆၈၄)အစုန် ကျောက်ရထား မိုင်းခွဲခံခဲ့ရကြောင်း မြန်မာ့ မီးရထားက သိရသည်။
ဧပြီလ ၄ ရက် နံနက်ပိုင်း က သထုံမြို့ နယ်၊ ရင်းငြိမ်ဘူတာ နှင့်သထုံဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၃၉/၂-၁ အနီး မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် စက်ခေါင်းရှေ့ မိုင်းကာတွဲ WBXHV 14375 ၏ အောက်တည့်တည့်မှ မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ အရှေ့ဘက်သံလမ်း ၁ ပေခွဲခန့် ပြတ်ထွက်ခဲ့ပြီး အနောက်ဘက်သံလမ်း ၁ ပေခွဲခန့် ဗိုက်သားကွဲ၊ ကွန်ကရစ်ဇလီဖား ၁ တုံး ပျက်စီးခဲ့ကြောင်း သိရသည်။
အရှေ့ဘက်သံလမ်းတစ်ဖက် ၁ ပေခွဲခန့် ပြတ်ထွက်ပြီး အခြားတစ်ဖက်မှာ သံလမ်း ဗိုက်သား ကွဲမှုဖြစ်ပေါ်ခဲ့သဖြင့် ရထားထိခိုက် ပျက်စီးမှုမရှိဘဲ ဆက်လက်ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထား၏ ရန်ကုန်-ပဲခူး-မော်လမြိုင် လမ်းပိုင်းအတွင်း တံတားမိုင်းခွဲခံရမှု(၆)ကြိမ်၊ သံလမ်းမိုင်းခွဲခံရမှု (၄)ကြိမ်၊ လက်လုပ်မိုင်းပေါက်ကွဲမှုနှင့်တွေ့ရှိမှု (၆)ကြိမ် စုစုပေါင်း (၁၆)ကြိမ်နှင့် ဘူတာနှင့် ဘူတာဝန်ထမ်းနေအိမ်များ မီးရှို့ဖျက်ဆီးခံရမှု(၁)ကြိမ် ရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်မှစ၍ ယခုအချိန်ထိ မြန်မာ့မီးရထားလမ်း ကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခံရမှု (၁၁၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခံရမှု (၃၇)ကြိမ်၊ ဘူတာများကို မီးရှို့ဖျက်ဆီးခံရမှု (၁၁)ကြိမ် ရှိပြီ ဖြစ်ကြောင်း သိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် နိုင်ငံတစ်ဝန်း ပြည်သူ အများ၏ ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေစေရေး၊ ပြည်တွင်း ထုတ်ကုန်များနှင့် နယ်စပ်ဒေသမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများ အဆင်ပြေချောမွေ့ စွာ စီးဆင်းနိုင်ရေး စသည့် ရည်မှန်းချက်တာဝန်များချမှတ်၍ ရထားကွန်ယက်ကြီးတစ်ခုလုံးတွင် အမြန်လူစီးရထားခရီးစဉ် (၁၈)စင်း၊ စာပို့ရထားခရီးစဉ် (၁၂)စင်း၊ လူစီးကုန်တင် ရထားခရီးစဉ်(၈)စင်းတို့နှင့် ရန်ကုန်မြို့ပတ် နှင့်ဆင်ခြေဖုံးရထားခရီးစဉ် (၃၀)စင်း၊ စုစုပေါင်း ရထားခရီးစဉ် (၆၈)စင်းတို့နှင့် ကုန်ရထား ခရီးစဉ်များကို နေ့စဉ်စီစဉ်ပြေးဆွဲလျက်ရှိသကဲ့သို့ ရထားလမ်းပိုင်းများကြံ့ခိုင်ရေးနှင့်အဆင့်မြှင့်တင် နိုင်ရေးတို့အတွက် ကျောက်ရထားများ၊ အင်ဂျင်နီယာရထားခရီးစဉ်များဖြင့်လည်း သယ်ယူပို့ဆောင် ပေးလျက်ရှိကြောင်း သိရသည်။
ymg/mt
#Local_News ##ဇင်းကျိုက်ဘူတာ #ပုဇွန်တောင်ဘူတာ #ရထားမိုင်းခွဲခံရ
#YMG #Yangon_Media_Group

Page 1487 of 2350