#Local_News
Published_ 8 May 2023
လတ်တလော မေလ(၈)ရက်ခန့်မှန်းချက်တွေအရ ရန်ကုန်တိုင်းနဲ့မြစ်ဝကျွန်းပေါ်ဒေသကို မုန်တိုင်းဝင်နိုင်ခြေ ရာခိုင်နှုန်းနည်းသွားပြီဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းဒေသကတော့ သတိထားရမယ့်အနေအထားရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #ဧရာဝတီနှင့်ရန်ကုန်တိုင်း #ရခိုင်ကမ်းရိုးတန်းဒေသဘက်ဦးတည်နေ
#YMG #Yangon_Media_Group
#Local_News
Published_ 8 May 2023
ကမ္ဘာ့ရွှေပေါက်ဈေးဟာ မေလ ၈ရက်နေ့ မနက်ပိုင်းဈေးနူန်းများအရ တစ်အောင်စကို ၂၀၂၁ ဒေါ်လာ ပေါက်ဈေးနဲ့ဈေးဖွင့်လာပါတယ်။ ရန်ကုန်တိုင်းရွှေအသင်း ကတော့ ၂၃သိန်း ၈သောင်းကျော်ရည်ညွှန်းသတ်မှတ်ထားပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ရန်ကုန်တိုင်းရွှေအသင်း #ဒေါ်လာပေါက်ဈေး #Gold
#YMG #Yangon_Media_Group
#Local_News
Published-8 May 2023
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သံလျင် သဘာဝတရားရိပ်သာတွင် နေထိုင်သူ သီလရှင်ဆရာလေးတစ်ပါး အခန်းတွင်း အပုပ်နံ့များထွက်၍ သေဆုံးနေကြောင်း ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းက သိရသည်။
သန်လျင် သဘာဝတရားရိပ်သာတွင် နေထိုင်သော သီလရှင်ဆရာလေးတစ်ပါးသည် အခန်းE-7 5လွှာတွင် တစ်ပါးတည်းနေထိုင်ပြီး ဘေးအခန်းများမှ အပုပ်နံ့များရ၍ သွားရောက်ကြည့်ရှူခဲ့ရာမှ မေလ၈ရက် နံနက်ပိုင်းကသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါလူမှုကူညီရေးအသင်းက သိရသည်။
"သေဆုံးနေကြောင်းသိရလို့ အသင်းက သွားရောက်အကူအညီပေးခဲ့ပါတယ်။
ဘာကြောင့်သေဆုံးလဲဆိုတာ တာဝန်ရှိသူတွေက စစ်ဆေးနေပါတယ်"ဟု ယင်းအသင်းကသိရသည်။
သေဆုံးမှုဖြစ်စဉ်ကြောင့် ဒေသခံ သွေး ၂ လူမှုကူညီရေးအသင်းက ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းကိုအကူအညီတောင်းခံလာ၍သွားရောက် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#ymg/pl #Local_News #သန်လျင်သဘာဝတရားရိပ်သာ
#Yangon-Media-Group
#Local_News
Published_ 8 May 2023
သဘာဝဘေးအန္တရာယ်ကျရောက်မှု ဖြစ်ပေါ်ပါက သက်ဆိုင်ရာ ညီနောင်အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လုပ်ငန်းကဏ္ဍအသီးသီးတွင် လုပ်ကိုင်ဆောင်ရွက်နေကြသူများ၊ တောင်သူ လယ်သမားများ အချိန်မီကြိုတင်ပြင်ဆင်ထားနိုင်ရန်နှင့် မုန်တိုင်းအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ ဈေးနှုန်း မြင့်တက်ခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်းများ မဖြစ်ပေါ်စေရေးကို သက်ဆိုင်ရာ ညီနောင်အသင်းများနှင့် လုပ်ငန်းရှင်များမှ ကြိုတင်စီမံဆောင်ရွက်ထားဖို့ ကုန်သည်စက်မှုအသင်းချုပ်က သတိပေးချက်ထုတ်ပြန်လိုက်သည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၃ခုနှစ် ၊ မေလ (၈) ရက်နေ့ ၊ မြန်မာစံတော်ချိန် (၁၀:၃၀) နာရီ အချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် နောက် (၁၂) နာရီအတွင်း လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခု ဖြစ်ပေါ်၍ ထိုမှတဆင့် ပိုမိုအားကောင်းလာနိုင်ပြီး (၉.၅.၂၀၂၃) ရက်နေ့တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ကာ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး (၁၀.၅.၂၀၂၃) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့ အားကောင်းလာနိုင်သည်ဟု ခန့်မှန်းထားကြောင်းနှင့် မြန်မာနိုင်ငံရှိ မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက် လေပြင်းများ ကျရောက်၍ လှိုင်းကြီးနိုင်ပြီး ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၈၀) မိုင် (၉၀) ခန့် အထိ တိုက်ခတ်နိုင်ကြောင်း မိုးဇလ မှထုတ်ပြန်ထားခြင်းဖြစ်သည်။
အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက လိုအပ်သော ကြိုတင်ပြင်ဆင်မှုများထားရှိနိုင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေးတို့အတွက် ကုန်သည်စက်မှုအသင်းချုပ်သို့ အချိန်နှင့် တပြေးညီ ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း အဆိုပါအသင်းချုပ်မှထုတ်ပြန်ထားပါသည်။
#ymg/ynzw
#Yangon-Media-Group
#Local_News
Published_ 8 May 2023
ဧရာဝတီတိုင်း၊ လပွတ္တာကျေးရွာနေပြည်သူအချို့ ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နိုင်သည့်မုန်တိုင်းအရှိန်သက်ရောက်မှုမှ ကြိုတင်ရှောင်နိုင်ရန်အတွက် လပွတ္တာမြို့ပေါ်နှင့် မြောင်းမြမြို့ပေါ်သို့သွားရောက်နေထိုင်လျက်ရှိကြောင်း လပွတ္တာမြို့နယ်ရှိလူမှုကူညီရေးအဖွဲ့မှ သိရသည်၊၊
မြစ်ဝကျွန်းပေါ်ဒေသ၊ လပွတ္တာမြို့ အောက်ဘက်ကျေးရွာများမှ မုန်တိုင်းသက်ရောက်မှုရှောင် ပြည်သူများသည် မေလ(၆)ရက်ကတည်းက လပွတ္တာမြို့ပေါ်သို့ တက်ရောက်လာနေသလိုမြောင်းမြမြို့သို့လည်း အချို့သွားရောက်ကြသည်ဟုဆိုသည်၊၊
လက်ရှိတွင် လပွတ္တာမြို့ပေါ်ရှိ စာသင်တိုက်များ ၊ ဘုန်းကြီးကျောင်းများနှင့်နီးစပ်ရာ မြို့ပေါ်ရပ်ကွက်များသို့မုန်တိုင်းသက်ရောက်မှုမှရှောင်သည့် ပြည်သူ ထောင်နှင့်ချီရောက်ရှိနေပါပြီဖြစ်ကြောင်း လပွတ္တာမြို့နယ်ရှိ Heart laputta နှလုံးသားကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ထံမှသိရသည်၊၊


#ymg/tthl #Local_News #ဧရာဝတီတိုင်း #ကျေးရွာနေပြည်သူအချို့
#Yangon_Media_Group
#Local_News
Published_ 8 May 2023
သူနာပြုဆရာမကြီးတစ်ဦး မီးပြတ်လို့ အခန်းအတွင်းမီးစက်နှိုးထားရာမှ မီးစက်မှထွက်သည့် မီးခိုးငွေ့ရှူရှိုက်မိပြီး သေဆုံးမှု မန္တလေး အမရပူရမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံများမှသိရသည်။
မန္တလေးတိုင်း အမရပူရမြို့နယ်၊ တောတွင်ကျေးရွာရှိ စိတ်ကျန်းမာရေးဆေးရုံဝန်းအတွင်း နေထိုင်သည့် အသက် ၅၀ ကျော်အရွယ်ရှိ သူနာပြုဆရာမကြီးသည် မီးပြတ်လို့ အခန်းအတွင်း အဲကွန်းဖို့ရန် မီးစက်နှိုးထားရာမှ တစ်ဆင့် မီးစက်မှထွက်သည့် မီးခိုးငွေ့များ ရှူရှိုက်မိရာမှ သတိမေ့မျောပြီး နေအိမ်ဧည့်ခန်းအတွင်း ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ သေဆုံးမှု မေလ ၇ ရက်နေ့က ဖြစ်ပွားခဲ့တာလို့ လောကပါလလူမှုကူညီရေးအသင်းမှ သိရသည်။
သူနာပြုဆရာမကြီးသည် စိတ်ကျန်းမာရေးဆေးရုံဝန်းအတွင်း (၆)ခန်းတွဲ လိုင်းခန်းရှိ အခန်းအမှတ်(၁)တွင် တစ်ဦးတည်းနေထိုင်သူလည်းဖြစ်ပြီး မီးပြန်လာချိန် မီးစက်မပိတ်လို့ အနီး ပတ်ဝန်းကျင်နေထိုင်သူတွေက သွားပြောချိန် ခေါ်မရလို့ဆိုပြီး သက်ဆိုင်ရာကိုအကြောင်းကြားလိုက်ရာမှ ရဲတွေရောက်လာ စစ်ဆေးချိန်မှာတော့ ပြင်ပဒဏ်ရာမှမရှိဘဲသေဆုံးနေခြင်း ဖြစ်သည်။
သေဆုံးသွားတဲ့ သူနာပြုဆရာမကြီးရဲ့ ရုပ်အလောင်းကို ဒေသခံ “လောကပါလ လူမှုကူညီရေးအသင်း” က မော် တော်ယာဉ်နဲ့ မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီးမြစ်ငယ် ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၄/ ၂၀၂၃ ဖြင့်ရေးဖွင့်ကာ ဓမ္မတာအတိုင်း သေ ဆုံးခြင်းဟုတ်မဟုတ် စုံစမ်းစစ်ဆေးဆောင် ရွက်နေတယ်လို့လည်း ဒေသခံတွေက တဆင့်သိရသည်။
#ymg/ppk #Local_News #သူနာပြုဆရာမကြီး #မီးခိုးငွေ့ရှူရှိုက်မိပြီးသေဆုံး
#YMG #Yangon-Media-Group
#Daily_News
Published_ 8 May 2023
၁။ မုန်တိုင်းဖြစ်နိုင်ခြေ လမ်းကြောင်းအနည်းငယ်ပြောင်းလဲမှုရှိ၊ ဧရာဝတီနှင့်ရန်ကုန်တိုင်းတို့ထက်ရခိုင်ကမ်းရိုးတန်းဒေသဘက်ဦးတည်နေ
၂။ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက ပျက်စီးမှုများ မဖြစ်စေရန် တောင်သူများအား ကူညီရေး ဆန်စပါးအသင်းချုပ်က ကြိုတင်စီစဉ်
၃။ ဓာတ်တော်ချိုင့်ရေတံခွန်တွင် ရေဆင်းကူရာမှလူငယ်ဦး ရေနစ်သေဆုံး
၄။ အာဖဂန်နစ္စတန်တွင် ခေတ်အဆက်ဆက် တိုယိုတာကိုရိုလာကားများအားလူကြိုက်များနေဆဲ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
နောက်ဆုံးရသတင်း
____________
ယခုသတင်းတင်ဆက်နေချိန်တွင် လေဖိအားနည်းရပ်ဝန်းမဖြစ်သေးသောလည်း ယနေ့ မွန်းလွဲ၁နာရီအချိန်ထုတ်ပြန်ချက်အရ လေဖိအားနည်းရပ်ဝန်းစတင်ဖြစ်ပေါ်နေကြောင်း ဖြည့်စွက်သတင်းပေးပို့အပ်ပါသည်
#Yangon_Media_Group #Daily_News #YMG
Page 1489 of 2418