#Local_News
Published_ 7 May 2023
ရန်ကုန်တိုင်းမှာ ရေဘေး၊ မုန်တိုင်းအရှိန်သက်ရောက်မှုဘေးစတဲ့ သဘာဝဘေးတွေကြုံတွေ့ပါက ကူညီကယ်ဆယ်ရေးတွေဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားဖို့ရှိတယ်လို့ရန်ကုန်မြို့ရှိလူမှုကူညီရေးအဖွဲ့တွေထံမှ သိရပါတယ်၊၊
#Local_News #ရန်ကုန်တိုင်း #သဘာဝဘေးအတွက်ကြိုတင်ပြင်ဆင်
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 7 May 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကိုဆန်း (ဂီတမြို့)နှင့်အတူ
ညီအစ်ကိုတွေစုပြီး"ဂီတမြို့"ထူထောင်ဖြစ်တဲ့အကြောင်း
ဂီတမြို့မှာ ပန်းချီသင်တန်း၊ တူရိယာသင်တန်း၊ အဆိုသင်တန်း စသဖြင့် သင်ကြားပေးနေတဲ့အကြောင်း
ကိုဓီရာမိုရ်က မြန်မာသီချင်းတွေကိုစီးရီးလိုက်ရေးထားမယ်လို့ တစ်ခါမှမတွေးထားမိဖူးဘူး။ အခုဆို "ကျွန်မရုပ်ရည်ကိုယ်ပိုင်သံစဉ်သီချင်းများ" အခွေကိုသူဇာအောင်က သီဆိုပြီး မြန်မာနိုင်ငံတွင်မကဘဲ ဂျပန်နိုင်ငံတွင်ပါ ဖြန့်ချီပေးသွားမှာဖြစ်ကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ကိုဆန်း(ဂီတမြို့)
#YMG #Yangon_Media_Group
#Local_News
Published_ 7 May 2023
ရန်ကုန်မှာ လျှပ်စစ်မီးခဏခဏပျက်တဲ့အတွက် မီးစက်အသုံးပြုသူတွေများလာပြီး မီးစက်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ အလုပ်တွင်ကျယ်လာတယ်လို့ သိရပါတယ်။
#Local_News #ရန်ကုန် # မီးစက်ပြုပြင်ရေး
#YMG #Yangon_Media_Group
#Local_News
Published _7 April 2023
မြန်မာ- ထိုင်း- တရုတ်(၃)နိုင်ငံပူးပေါင်း၍တရားဥပဒေစိုးမိုးရေးလုစစ်ဆင်ရေးကာလအတွင်း ရန်ကုန်မှလားရှိုးသို့ လေကြောင်းလိုင်းဖြင့်သွားရောက်မည့် နိုင်ငံခြားသားများအား ခွင့်မပြုထားကြောင်းသိရသည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်လာပြီး Online Scam နှင့် Online Gambling တို့တွင် ပါဝင်ကျူးလွန်နေကြသဖြင့် ပုံရိပ်မထိခိုက်စေရေးကာကွယ်နိုင်ရန် မြန်မာ- ထိုင်း- တရုတ်(၃)နိုင်ငံပေါင်းစပ်ညှိနှိုင်း၍ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို စစ်ဆင်ရေးကာလ သတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း လေကြောင်း ရဲတပ်ဖွဲ့ခွဲမှူးရုံးက ထုတ်ပြန်ထားသည်။
ယင်းလုပ်ငန်းစဉ်များ စစ်ဆင်ရေးဆောင်ရွက်နေစဉ်ကာလအတွင်း မေလ ၆ ရက်ကစ၍ ရန်ကုန်မှ လားရှိုးသို့ လေကြောင်းလိုင်းဖြင့်သွားရောက်မည့် နိုင်ငံခြားသားများ (UN ဝန်ထမ်းများ၊ သံရုံးဝန်ထမ်းများ၊ INGQ ဝန်ထမ်းများမပါ )အား သွားခွင့်မပြုဘဲ စိစစ်ဟန့်တားသွားရန်နှင့် ရန်ကုန်-လားရှိုး လေကြောင်းလိုင်းဖြင့်လိုက်ပါမည့် နိုင်ငံခြားသား UN ဝန်ထမ်းများ၊ သံရုံးဝန်ထမ်းများ၊ INGO ၀န်ထမ်းများရှိပါက ၎င်းတို့၏အမည်စာရင်းအား တင်ပြသွားရန် ညွှန်ကြားထားကြောင်း သိရသည်။
လားရှိုး လေဆိပ်သို့ မေလ ၆ ရက်မှ စတင်၍ လေကြောင်းလိုင်းဖြင့်လိုက်ပါမည့် နိုင်ငံခြားသား (UN ဝန်ထမ်းများ၊ သံရုံးဝန်ထမ်းများ၊ INGO ဝန်ထမ်းများမပါ )တို့အား သွားခွင့်မပြုဘဲ စိစစ်ဟန့်တားသွားရန်နှင့် နိုင်ငံခြားသား UN ဝန်ထမ်းများ၊ သံရုံးဝန်ထမ်းများ၊ INGO ဝန်ထမ်းများ ရှိပါက၎င်းတို့၏ အမည်စာရင်းအား အချိန်နှင့်တစ်ပြေးညီတင်ပြသွားရန်တင်ပြသွားရန် အကြောင်းကြားထားကြောင်း သိရသည်။
#ymg/pl #Local_News #မြန်မာ- ထိုင်း- တရုတ် #လေကြောင်းလိုင်း #ရန်ကုန်မှလားရှိုး
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 7 May 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကိုဆန်း (ဂီတမြို့)နှင့်အတူ
ညီအစ်ကိုတွေစုပြီး"ဂီတမြို့"ထူထောင်ဖြစ်တဲ့အကြောင်း
ဂီတမြို့မှာ ပန်းချီသင်တန်း၊ တူရိယာသင်တန်း၊ အဆိုသင်တန်း စသဖြင့် သင်ကြားပေးနေတဲ့အကြောင်း
ကိုဓီရာမိုရ်က မြန်မာသီချင်းတွေကိုစီးရီးလိုက်ရေးထားမယ်လို့ တစ်ခါမှမတွေးထားမိဖူးဘူး။ အခုဆို "ကျွန်မရုပ်ရည်ကိုယ်ပိုင်သံစဉ်သီချင်းများ" အခွေကိုသူဇာအောင်က သီဆိုပြီး မြန်မာနိုင်ငံတွင်မကဘဲ ဂျပန်နိုင်ငံတွင်ပါ ဖြန့်ချီပေးသွားမှာဖြစ်ကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ကိုဆန်း(ဂီတမြို့)
#YMG #Yangon_Media_Group
#Local_News
Published_ 7 May 2023
ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(တောင်ပိုင်း) မြို့နယ် အောင်မြင့်မိုရ်အိမ်ရာနှင့် ကျောက်တန်းမြို့နယ် သီလဝါအိမ်ရာရှိ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ခန်း ၂၀၄ ခန်းကို မေလ ၉ ရက်တွင် မဲနှိုက်ရွေးချယ်ပေးမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ခန်းများကို ဝယ်ယူလိုသူများ အနေဖြင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID Bank) တွင် အိမ်ရာစုဆောင်းငွေ ငွေကျပ် သိန်း ၃၀ နှင့် အထက်ရှိရန်လိုကြောင်းနှင့် ယခု မဲနှိုက်ဝယ်ယူနိုင်မည့် သူများမှာ CHID Bankတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ အိမ်ရာစုဆောင်းငွေ ငွေကျပ် သိန်း ၃၀ အထက် စုဆောင်းထားသူ ၂၇၈၈ ဦးထဲမှ စာရင်းပါဝင်သူများဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဝယ်ယူရန် စာရင်းပေးထားသူ ၆၉၉ ဦးရှိပြီး ၎င်းတို့ကို မေ ၉ ရက်တွင် ရန်ကုန်မြို့ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီးရုံး) စုဝေးခန်းမ၌ မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း၊ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အဆိုပါမဲနှိုက်ရွေးချယ်မှုတွင် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ခန်းကို ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
#ymg/pl #Local_News #အိမ်ခန်းပေါင်း ၂၀၀ ကျော် #မဲနှိုက်ရွေးချယ်
#YMG #Yangon_Media_Group
#Local_News
Published_ 7 May 2023
အကယ်ဒမီပေးပွဲမှအပြန်ဇာတ်ပို့သရုပ်ဆောင်တစ်ဦးရာသီဥတုကြောင့်ကားပေါ်၌ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှသိရသည်၊၊
ကွယ်လွန်သူသည် ဇာတ်ပို့သရုပ်ဆောင် ဦးအောင်သာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် (၆၈)နှစ်ရှိပြီဖြစ်သည်ဟုဆိုသည်၊၊
"ရာသီဥတုကြောင့်ပါ၊၊ နေကတအားပြင်းတယ်၊၊ သူက အသက်ကြီးပြီးကျန်းမာရေးမကောင်းဘူး၊၊ကျွန်တော်တို့က ကားတန်းနဲ့ထွက်ရတာ၊၊ ကားတန်းမှာလူတွေ စစ်နေတုန်း မူးပြီးလဲကျသွားတာ၊၊ ကွယ်လွန်သွားတာ၊၊ မနက်(၈)နာရီခွဲမှာဆုံးသွားပါတယ်"ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှတာဝန်ရှိသူတစ်ဦးက YMG ကို အတည်ပြုပြောသည်၊၊
ကွယ်လွန်သွားသည့် ဇာတ်ပို့သရုပ်ဆောင် ဦးအောင်သာကို နေပြည်တော်ကုတင်၁၀၀၀ဆံ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်းနှင့်မိသားစုဝင်များကို ဆက်သွယ်ပေးထားပြီဖြစ်ပြီး မိသားစုဝင်များနေပြည်တော်ကိုလိုက်လာပြီး နေပြည်တော်တွင်သဂြိုဟ်သွားမည်ဖြစ်ကြောင်းသိရသည်၊၊
လတ်တလောတွင်နေ့အပူချိန်များပြင်းနေပြီး သက်ကြီးရွယ်အိုနှင့်နာမကျန်းဖြစ်သူများ အပူကြောင့် အသက်ဆုံးရှုံးခြင်း၊ သတိလစ်ခြင်းများအဖြစ်များနေကြောင်းသိရသည်၊၊
#ymg/tthl #Local_News #အကယ်ဒမီပေးပွဲမှအပြန် #ဇာတ်ပို့သရုပ်ဆောင်တစ်ဦး
#YMG #Yangon_Media_Group
Page 1491 of 2418