#Local_News
Published_ 7 April 2023
၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၇ ဘီလီယံကျော် ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယင်းပမာဏမှာ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်ဖြင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၄၆၂ ဒသမ ၁၃ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်ပြီး မြဝတီနှင့် ထီးခီးနယ်စပ်ဂိတ်တို့မှ ကုန်သွယ်မှု အများဆုံးပြုလုပ်ထားခြင်းဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။
မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် တာချီလိတ် နယ်စပ်ဂိတ်မှ ကန်ဒေါ်လာ ၁၄၈ သန်းကျော်၊ မြဝတီနယ်စပ်ဂိတ်မှ ကန်ဒေါ်လာ ၂ ဒသမ ၀၃ ဘီလီယံကျော်၊ ကော့သောင်းနယ်စပ်ဂိတ်မှ ၂၂၄ သန်းကျော်၊ မြိတ်နယ်စပ်ဂိတ်မှ ၁၃၂ သန်းကျော်၊ ထီးခီးနယ်စပ်ဂိတ်မှ ကန်ဒေါ်လာ ၂ ဒသမ ၇၂ ဘီလီယံကျော်နှင့် မောတောင်နယ်စပ်ဂိတ်မှ ကန်ဒေါ်လာ ၁၅ သန်းကျော်ရရှိထားကြောင်းဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။
အများဆုံး ပို့ကုန်ပစ္စည်းများအနေဖြင့် CMP၊ SEZ (အထည်အလိပ်)၊ ဆန်မှုန့်၊ ပြောင်း၊ ဖြတ်စ(အလူမီနီ ယံဗူးခွံ)၊ မြေပဲ၊ ငါးပိ၊ ငရုတ်၊ မန်ကျည်းသီး(အစေ့ပါ)၊ ကြက်သွန်နီ၊ ရေထွက်၊ ဆန်ကွဲ၊ ပီလောပီနံ၊ ဂေါ်ဖီထုပ်၊ Transformer Main၊ စတီး(ငြမ်းစင်)၊ ပဲတီစိမ်း တို့ဖြစ်ကြောင်း သိရသည်။
ymg/ppk
#Local_News #မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး
#YMG #Yangon_Media_Group


#Local_News
Published_ 7 April 2023
မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းများ တည်ဆောက်မှုမြှင့်တင်ရေးကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် မြန်မာနိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့ ဧပြီလ ၆ ရက်က နေပြည်တော်ရှိ မြန်မာနိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲတွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအခြေအနေ အသစ်နှင့်ပေါင်းစပ်၍ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်ဖော်ဆောင်မြှင့်တင်ရေး နှင့် မြန်မာနိုင်ငံရှိတရုတ်ကုမ္ပဏီများရင်ဆိုင်နေရသည့် နိုင်ငံခြားငွေအခက်အခဲ စသည့်ပြဿနာများဖြေရှင်းပေးခြင်းတို့နှင့်စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံနှင့် ပြည်သူများကို ဦးတည်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူလူထုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးရန် ၊ တရုတ်နိုင်ငံ၏ ဂရုပြုမှုကို မြန်မာနိုင်ငံမှ အလေးထားပြီး နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် အခြေအနေနှင့် ပတ်ဝန်းကျင် ပိုမိုဖန်တီးပေးရန် တို့ကိုလည်း မျှော်လင့်ကြောင်း သံအမတ်ကြီးက အလေးပေးပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံအတွင်း လာရောက် ရင်းနှီးမြှုပ်နှံထားသည့် တရုတ် ကုမ္ပဏီပေါင်း ၅၈၀ ကျော်ရှိရာ ယင်းတွင် စက်မှုလုပ်ငန်း ၅၂၄ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၇ ဘီလျံကျော်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ymg/mt
#Local_News #မြန်မာ-တရုတ်နယ်စပ်စီးပွားရေး # စီမံကိန်းများ
#YMG #Yangon_Media_Group
Published_ 6 April 2023
အချုပ်အခြာအာဏာပိုင်နိုင်ငံအား ဝင်ရောက်စွက်ဖက်နေသည့် ဆောင်ရွက်ချက် များ အားလုံးကို မြန်မာနိုင်ငံက ပယ်ချကြောင်း နစကနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၆ ရက်တွင် ထုတ်ပြန်လိုက်ပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အပြန်အလှန် ဆွေးနွေးပွဲကို မတ် ၆ ရက်နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ နှင့် အပြန်အလှန် ဆွေးနွေးပွဲကို မတ် ၂ဝ ရက်တို့တွင် အသီးသီးပြုလုပ်ခဲ့ပါတယ်။
ထို့အပြင် ဥရောပသမဂ္ဂကတင်သွင်းခဲ့သည့် “မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေ” ဆုံးဖြတ်ချက်အဆိုကို လူ့အခွင့်အရေး ကောင်စီက ဧပြီ ၄ ရက်တွင် အတည်ပြုချမှတ်ခဲ့ပါတယ်။ မတ် ၁၆ ရက်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကလည်း နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ရှင်းလင်းဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
မတ် ၃၁ ရက်အထိ ကလေး ၁၆၂ ဦး၊ ဆရာ၊ဆရာမ ၇၃ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၆ ဦးနှင့် အုပ်ချုပ်ရေးမှူး ၇၇၃ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၅,၄၇၅ ဦးတို့ အသက် ဆုံးရှုံး ခဲ့ရသည့် အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုများနှင့် အကြမ်းဖက်မှုများကို သိသာစွာ လျှော့ပေါ့ ဖော်ပြထားသဖြင့် စိတ်ပျက်ရတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်း သတ်ဖြတ်မှုများနှင့် အကြမ်းဖက်မှုများ ကျူးလွန်ခြင်းနှင့် လှုံ့ဆော်ခြင်းတို့အတွက် တာဝန်ရှိသူများကို နိုင်ငံအချို့က ခိုလှုံခွင့်ပြုထားခြင်းမှာ လက်ခံနိုင်ဖွယ် မရှိပါ။ အထူးအစီရင်ခံစာ တင်သွင်းသူအနေဖြင့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများပြုလုပ်ရေးနှင့် အထီးကျန်စေရေးတောင်းဆိုနေမှုများသည် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ပြည်သူများ၏ အကျိုးစီးပွား ထိခိုက်နစ်နာ စေရန်ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သည် လည်း ကုလသမဂ္ဂအထွေထွေညီလာခံသို့ ရှင်းလင်းတင်ပြရာတွင် အကြမ်းဖက်အဖွဲ့ အစည်းများနှင့် အစိုးရဆန့်ကျင်သူများထံမှရရှိသည့် မမှန်ကန်သော အချက်အလက် များကို အခြေခံကာ တစ်ဖက်သတ်ဆန်စွာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
“ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်းကို မြန်မာပြည်သူများနှင့် အစိုးရအဆက်ဆက်က လက်ခံခြင်းမရှိဘဲ ယင်းအသုံးအနှုန်းသည် အင်္ဂလိပ်ကိုလိုနီခေတ် တရားဝင်မှတ်တမ်း များတွင်ပင် ပါဝင်ခြင်းမရှိကြောင်း နှင့် ဥပဒေကြောင်းအရလည်း တရားဝင်ခြင်းမရှိ ကြောင်း ဖော်ပြထားပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အခြေခံမူများဖြစ်သည့် ဘက်မလိုက်ခြင်း၊ သမာသမတ်ကျခြင်း၊ ရွေးချယ်ပစ်မှတ်မထားခြင်းတို့နှင့် ဆန့်ကျင်နေတဲ့ “မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ပါဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံက ပြတ်သား စွာပယ်ချပြီး ယင်းအဆိုမူကြမ်းကိုချမှတ်ခဲ့ရာတွင် မြန်မာနိုင်ငံက ပါဝင်ပတ်သက်ခြင်း မပြုကြောင်း နစက နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_ 6 April 2023
မွန်ပြည်နယ်မှာ သင်္ကြန်ကာလအတွင်းအရေးပေါ်လူနာတွေ၊အစုလိုက်ထိခိုက်ဒဏ်ရာရသူတွေကိုတစ်ပြိုင်နက်ထဲအမြန်ဆုံးကုသပေးနိုင်ဖိုစီမံချက်ရေးဆွဲပြီးအသင့်ပြင်ဆင်ထားတယ်လိုမွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရပါတယ်၊၊
#Local_News #သင်္ကြန်ကာလ #ထိခိုက်ဒဏ်ရာရသူများ #ကုသပေးနိုင်ရန်အသင့်ပြင်ဆင်ထား #YMG #Yangon_Media_Group
#Local_News
Published_ 6 April 2023
မြဝတီမြို့မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့် စစ်ဘေးသင့်ပြည်သူတွေအနေနဲ့ ကိုယ်ထူကိုယ်ထ ဘုန်းတော်ကြီး ကျောင်းတွေမှာ ခိုလုံနေကြရတာဖြစ်ပါတယ်။
#Local_News #စစ်ဘေးရှောင်စခန်း #မြဝတီမြို့ #အခက်အခဲဖြစ် # YMG #Yangon_Media_Group
#Local_News
Published_ 6 April 2023
ကမ္ဘာ့ရွှေဈေး နူန်းဟာ ဧပြီလ ၅ရက်နေ့နဲ့၆ရက်နေ့တွေမှဈေးပြန်တက်လာပြီး ဒီနေ့မနက်ပိုင်းမှာ တစ်အောင်စကို ၂၀၁၁ ဒေါ်လာပေါက်ဈေးရှိနေတယ်လို ရန်ကုန်တိုင်းရွှေအသင်းကသိရပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ရန်ကုန်ရွှေအသင်း
#YMG #Yangon_Media_Group
#Local_News
Published_ 6 April 2023
ဂျပန်နိုင်ငံကို သွားရောက်ကြမယ့် သူတွေအနေနဲ့ မသမာတဲ့ ဘာသာစကားသင်တန်းကျောင်းတွေ နဲ့ ပွဲစားတွေကို သတိထားဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ အခုရက်ပိုင်းအတွင်း သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်၊၊
#Local_News #မသမာသောဘာသာစကားသင်တန်း #ကာလရှည်နေထိုင်ခွင့်ဗီဇာ #YMG #Yangon_Media_Group
Page 1485 of 2350