#Local_News
Puvlished-9 June2023

မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ထိုင်းထီ အမြင့်ဆုံးဆု ဘတ်ငွေသိန်း ၁၂၀ ဆု ဆွတ်ခူးခဲ့ကြောင်း မြန်မာလုပ်သားများကို အကူအညီပေးနေသည့်  ရွေ့ပြောင်းလုပ်သားများ အကူအညီပေးရေး မဟာမိတ်အဖွဲ့ (AAC) မှ ကိုခိုင်ကြီးက ပြောကြားထားသည်။

 

ထိုင်းနိုင်ငံ တောင်ပိုင် သကွန်ပါနယ်မြေမှ မြန်မာလုပ်သားလူငယ်တစ်ဦးဇွန်လ၁ရက်က ထိုင်းထီပေါက်စဥ် (125 272) ခြောက်လုံးတူနှစ်ဆောင်တွဲဖြင့်ထိုင်းဘတ်သိန်းတစ်ရာ့နှစ်ဆယ် (၁၂၀)ကံထူးခဲ့ခြင်းဖြစ်ပြီး လိုင်းပေါ်မှ ထီထုတ်ပေးသည့်အဖွဲ့အစည်းများကို ဆက်သွယ်အကူအညီတောင်းရာ ၅ရက်ခန့်အကြာတွင် AAC မှ ဒါရိုက်တာ ဦးခိုင်ကြီးနှင့် တိုက်ရိုက်အဆက်အသွယ်ရခဲ့ကြောင်း သိရသည်။

 

"မြန်မာလုပ်သားလူငယ်လေးက ကျွန်တော်တစ်ယောက်တည်း ခြံထဲမှာအလုပ်လုပ်တာပါ။ အသိမရှိဘူးဗျာ။ သူဌေးကိုလဲ အကူအညီမတောင်းရဲဘူး။ သူဌေးက လစာလေးတောင်ပုံမှန်မပေးနိုင်ဘူးဗျာ။ သူဌေးက ခြံသူဌေးတောသူတွေဆိုတော့ အရမ်းမလည်ဘူးဗျ။ ဆုငွေထုတ်တဲ့အခါ အခက်အခဲမရှိအောင် ကူညီပေးဖို့တောင်းဆိုလာတဲ့အတွက်ဆုငွေတွေကို နေ့ချင်းပြီး အခက်အခဲမရှိ ထုတ်ပေးလိုက်ပါပြီ"ဟုကိုခိုင်ကြီးက ပြောကြားထားသည်။

 

ထီဆုကြီးကံထူးသည့် မြန်မာရွေ့ပြောင်းလုပ်သားဖြစ်သူက  ကိုခိုင်ကြီးထံ ဗီဒီယိုဖုန်းကော ဖြင့်ဆက်သွယ်အကူအညီတောင်းခံလာ၍ ရွေ့ပြောင်းလုပ်သားများ အကူအညီပေးရေး မဟာမိတ်အဖွဲ့ (AAC) မှ ကံထူးရှင်ရှိရာသို့သွားရောက်ကာ နေ့ချင်းပြီး ထီဆုငွေကို ထုတ်ယူကာ လက်ဝယ်ပေးအပ်ခဲ့ကြောင်းဆိုသည်။

 

#ymg/BM #Local_News #ထိုင်းထီဆုဘတ်ငွေသိန်း၁၂၀ဆုကံထူး
#YMG #Yangon_Media_Group