#Local_News
Published_9 June 2023

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအတုများ ထွက်ပေါ်နေ၍ စာစစ်ဦးစီးဌာန၏ wesite ၌ သာဝင်ကြည့်ရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သတိပေးအကြံပြုချက်ထုတ်ပြန်လိုက်သည်။

 

ထုတ်ပြန်ချက်တွင် ယခင်နှစ်က အောင်စာရင်းအဟောင်းများကို ပြုပြင်ထားသော အောင်စာရင်း အတုများ ထွက်ပေါ်နေသည်ကို တွေ့ရှိရကြောင်း၊ အောင်စာရင်းအတုများတွင် ယခုနှစ် ဖြေဆိုထားသူများ၏ အမည်များ ပါဝင်မည် မဟုတ်ကြောင်း၊ တရားဝင် ထုတ်ပြန်ကြညာသည့် နေရာများမှ အောင်စာရင်းထွက်မှသာ အောင်စာရင်း အစစ်ကို မိမိကိုယ်တိုင်ကြည့်ရှု၍ မိမိဖြေဆိုထားသော စာမေးပွဲရလဒ်ဆုံးဖြတ်ချက်ကို ယုံကြည်ကြရန် အကြံပြုသည် ဟုဖော်ပြပါရှိသည်။

 

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို www.myanmarexam.org တစ်ခုတည်းတွင်သာ တရားဝင် လွှင့်တင်ထုတ်ပြန်ထားပြီး အခြား မည်သည့် App, Platform မှ ထုတ်ထားခြင်းမရှိကြောင်း အဆိုပါ Website တွင် ၉-၆-၂၀၂၃ ရက်နေ့ နံနက် ၄း၀၀ နာရီမှ စတင်၍ အောင်စာရင်းများ ကြည့်ရှုနိုင်ကြောင်းနှင့််စာစစ်ဌာနကျောင်းများတွင် နံနက် (၆) နာရီကစ၍ အောင်စာရင်းကပ်ကာကြေညာထားကြောင်း သိရသည်။

 

ymg/tthl #Local_News #တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအတုထွက်ပေါ်နေ
#YMG #Yangon_Media_Group