Published 17 Nov 2022
ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ ဗြိတိန်သံအမတ်ဟောင်းဗစ်ကီဘိုမန်း၊ဩစတြေလျစီးပွားရေးပညာရှင် ရှောင်တာနယ်၊ဂျပန်နိုင်ငံသားတိုရူကူဘိုတာနှင့် အမေရိကန်နိုင်ငံသား ဦးကျော်ဋ္ဌေးဦးအပါအဝင် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသူ ၉၈၅ ဦးကို အဆိုပါအကျဉ်းထောင်တွင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက တွေ့ဆုံစကားပြောကြားခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီအပြင် နိုင်ငံခြားသား(၄)ဦးရဲ့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ သံရုံးတွေက တာဝန်ရှိသူတွေကလည်း လာရောက်ခဲ့ပြီး လိုအပ်တာတွေ ဆောင်ရွက်ပေးခဲ့ကြတယ်လို့သိရှိရပါတယ်။
Source: MRTV Video Footages
#Myanmar_Amnesty
#LocalNews
Published_17 November 2022
မြန်မာနိုင်ငံကို တရုတ်ခရီးသွားတွေ လာရောက်ဖိုအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ ကြိုတင်ပြင်ဆင်တာတွေ လုပ်နေပါပြီ။
#Yangon_Media_Group
Published 17 Nov 2022
ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုမန်းဂျပန်သတင်းထောက် တိုရူကူဘိုတာနှင့် အမေရိကန်နိုင်ငံသား မြန်မာလူမျိုး ကိုကျော်ဋ္ဌေးဦးတို့ဟာ မြန်မာနိုင်ငံမှာ အကျဉ်းချခံနေရတာကနေ လွတ်မြောက်ပြီး ပြည်နှင်ဒဏ်ပေးလိုက်တဲ့အတွက် ဘန်ကောက်လေဆိပ်ကို နိုဝင်ဘာ ၁၇ ရက်ညက ရောက်ရှိလာခဲ့ကြပါတယ်။ လေဆိပ်မှာ သူတို့ကို သက်ဆိုင်ရာ သံတမန်တွေနှင့် အဖွဲ့အစည်းတွေက လာရောက်ကြိုဆိုခဲ့ကြတာတွေ့ရပါတယ်။
Source AFP
ရုပ်သံကြည့်ရန်...https://fb.watch/gS2zLA_6Mi/
#Vicky_Bowman
#Toru_Kubota
#Kyaw_Htay_Oo
#LocalNews
Pubished_17 November 2022
လွန်ခဲ့တဲ့ ရက်ပေါင်း ၂၀ ကျော်အတွင်းမှာ ကားဈေးကွက်က အရောင်းအဝယ်ဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ အရောင်းအဝယ်အေးစက်နေတယ်လို ကားရောင်းဝယ်ရေးအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 17 november 2022
လက်ရှိမြန်မာ့ကော်ဖီတွေဟာ ပြည်ပဝယ်လိုအားကောင်းမွန်လျှက်ရှိနေတာကြောင့် ပြည်တွင်းမှာ ယခင်နှစ်ကစိုက်ပျိုးခဲ့တဲ့ ကုန်ကြမ်းတွေပါ မရှိသလောက်ဖြစ်နေပြီး ကော်ဖီဈေးတွေကလဲ ဈေးကောင်းပိုရရှိနိုင်တယ်လို့ မြန်မာနိုင်ငံ ကော်ဖီအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_16 November 2022
တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် အခြေခံအဆောက်အအုံစီမံကိန်း ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေး ကန်ပိုက်တီးမြို့ နယ်စပ်ကုန်သွယ်ရေးစခန်းကနေ တစ်သျှူးငှက်ပျောကို စတင်ပို့ဆောင်ကုန်သွယ်နေကြပြီလို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 17 November 2022
၁။ ကန်ပိုက်တီး နယ်စပ်ဂိတ်က တရုတ်သို့ တစ်သျှူးငှက်ပျောတင်ပို့မှု စတင်
၂။ မြန်မာ့ကော်ဖီ ပြည်ပဝယ်လိုအားကောင်းနေသဖြင့် ဈေးကောင်းပိုမိုရရှိနိုင်ဟုဆို
၃။ ကားဈေးကွက်အတွင်း အရောင်းအဝယ်အေးစက်နေဟုဆို
၄။ ငယ်စဉ်ကဖြစ်ချင်ခဲ့သည့်ခေါင်းဆောင်ပုဂ္ဂိုလ်များလိုဖြစ်လာဖို့ ထူးချွန်ဆုရှင် ဂျပန်ဆယ်ကျော်သက်မလေးက လူငယ်များကို တိုက်တွန်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1480 of 2078