#Local_News
Published_15 June 2023
ရာသီအကူးအပြောင်းကာလဖြစ်လို လတ်တလောမှာဝမ်းပျက်ဝမ်းလျှောနဲ့ ဖျားနာရောဂါဖြစ်သူတွေများနေပြီး လူနာတွေနေ့စဥ်တိုးနေတယ်လို့ ရှမ်းပြည်နယ်၊ ဝာာချီလိတ်ရှိ မယ်ယန်းအခမဲ့ဆေးခန်းမှ သိရပါတယ်။
#Local_News #ဝမ်းပျက်ဝမ်းလျှောနှင့်ဖျားနာရောဂါလူနာများတိုးနေ
#YMG #Yangon_Media_Group
#Local_News
Published_15 June 2023
အခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ မိုးကြီးတာ၊ လေပြင်းတိုက်ခတ်တာတွေဖြစ်ပွားနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။
#Local_News #စစ်ကိုင်း၊ ကချင်၊ ရန်ကုန်၊ ရခိုင်နှင့်ဒေသအချို့၌ မိုးကြီးနိုင်
#YMG #Yangon_Media_Group
#Local_News
Published_15 June 2023
ပြည်ပနိုင်ငံများသို့ ဆန်/ဆန်ကွဲတင်ပို့ရာတွင် တင်ပို့မယ့်နိုင်ငံများရဲ့ သတ်မှတ်ချက်များနှင့်ကိုက်ညီဖို့ စိုက်ပျိုးရေးဦးစီးဌာနမှ SPS Protocol အရ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေတယ်လို့ ကုန်သည်စက်မှုအသင်းချုပ်မှ သိရပါတယ်။
#Local_News #ကျန်းမာရေးနဲ့ညီညွတ်စေဖို့ဆန်သိုလှောင်ရုံများကိုစစ်ဆေး
#YMG #Yangon_Media_Group
#Local_News
Published_15 June 2023
မိုးရာသီမှာ ပုဂံဘုရားတွေကို ထိခိုက်မှုတွေများစေတဲ့အပင်တွေ တွယ်ကပ်ပေါက်ရောက်မှုတွေကို ဓာတုဆေးနဲ့သတ်ပြီး ဖယ်ရှားရှင်းလင်းတာတွေဆောင်ရွက်နေတယ်လို့ HeritageTrust Team Bagan မှ သိရပါတယ်။
#Local_News #အပင်များရှင်းလင်းခြင်း/မိုးရေယိုပေါက်ပိတ်ခြင်း
#YMG #Yangon_Media_Group
#Daily_News
Published_ 15 June 2023
၁။ မိုးရာသီတွင် ပုဂံဘုရားများအား ထိခိုက်စေမည့်အပင်များရှင်းလင်းခြင်းနှင့် မိုးရေယိုပေါက်ပိတ်ခြင်းများ ဆောင်ရွက်နေ
၂။ ပြည်ပနိုင်ငံများ ဆန်တင်ပို့ရာတွင် ကျန်းမာရေးနဲ့ညီညွတ်စေဖို့ဆန်သိုလှောင်ရုံများကို ကွင်းဆင်းစစ်ဆေး
၃။ အခုရက်ပိုင်းတွင် စစ်ကိုင်း၊ ကချင်၊ ရန်ကုန်၊ ရခိုင်နှင့်ဒေသအချို့၌ မိုးကြီးပြီးလေပြင်းတိုက်နိုင်
၄။ ဟွန်ဒူးရပ်စ်သမ္မတတရုတ်နိုင်ငံသို့လာရောက်လည်ပတ်ကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များသဘောတူခဲ့ကြ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_15 June 2023
(၇၆)နှစ်မြောက် အာဇာနည်နေ့တွင် အများပြည်သူအား ဖွင့်လှစ်ပြသဖို့စီစဥ်နေပြီး ဗဟန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ ဗိုလ်တထောင်မြို့နယ် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) ပြင်ဆင်နေမှုများပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။
#Local_News #ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့်အတွင်းဝန်ရုံးပြင်ဆင်နေ
#YMG #Yangon_Media_Group
#Local_News
Published_15 June 2023
တပ်မတော်(လေ)မှ လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေးဆောင်ရွက်စဉ် စက်ချို့ယွင်းပျက်ကျ၍ တပ်မတော်သားနှစ်ဦး ကျဆုံးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ယနေ့ ဇွန်လ ၁၅ ရက် နံနက်ပိုင်းက ရဟတ်ယာဉ်မှူးတစ်ဦးနှင့် သင်တန်းသားတစ်ဦးလိုက်ပါ၍ နေပြည်တော်မှ မိတ္ထီလာသို့ လေ့ကျင့်ပျံသန်းလေ့ကျင့်နေသောတပ်မတော်(လေ)မှ လေ့ကျင့်ရေးရဟတ်ယာဉ်မှာ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ လယ်ဒါကြီး ကျေးရွာ၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာသို့ အရောက်၌ ရုတ်တရတ် စက်ချို့ယွင်းမှု ဖြစ်ပေါ်ကာ မြေပြင်သို့ ပြုတ်ကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသည့် ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားတို့ ကွယ်လွန်ကာ ရဟတ်ယာဉ်ပျက်စီးခဲ့ရကြောင်း၊ ရုပ်အလောင်းများကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ကာ လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
#ymg/BM #Local_News #စက်ချို့ယွင်းပျက်ကျ၍ နှစ်ဦးကျဆုံး
#YMG #Yangon_Media_Group
Page 1476 of 2475