#Local_News
Published_18 August 2022
ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို ပြတိုက်အဆောက်အဦးနဲ့ခင်းကျင်းပြသမှုပုံစံတွေကို အဆင့်မြှင့်တင်မှာဖြစ်သလို ဒစ်ဂျစ်တယ်ပြတိုက်အနေနဲ့လည်း AIနည်းပညာနဲ့ပြသနိုင်ဖို့အထိ အဆင့်မြှင့်တင်ဆောင်ရွက်သွားဖို့ရှိတယ်လို့ ပုဂံရှေးဟောင်း သုတေသနဌာနက ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက YMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 18 August 2022
၁။ ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို ပုံစံနှစ်မျိုးဖြင့်
အဆင့်မြှင့်တင်မည်
၂။ ပြည်တွင်းရွှေဈေး YGEA ရည်ညွှန်းဈေးများအရ ၅ ရက်အတွင်း ကျပ် ၄ သောင်းကျော် ကျဆင်းလာ
၃။ ကိုဗစ်ဖြင့်သေဆုံးသူ ၃ ဦးသည် ရောဂါခံကြောင့် သေဆုံးခြင်းဖြစ်ဟုဆို
၄။ အီဂျစ်မြို့တော်ကိုင်ရိုတွင် ပက်ဒယ်အားကစားလူကြိုက်များလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_18 August 2022
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ လက်ရှိအချိန်ထိ ၁၈ လ တာ ကာလအတွင်းမှာ သီလဝါအထူးစီးပွားရေးဇုန်ရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ လောက် ရှိတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published -18 August 2022
တောင်ကိုရီးယားအလုပ်အကိုင် (EPS)စာမေးပွဲကို ယခင်သတ်မှတ်ထားသည့်ရက်ထက် ကျော်လွန်နေပြီး ပြုလုပ်နိုင်ခြင်းမရှိသေးကြောင်းစာမေးပွဲဖြေဆိုမည့်သူများထံမှ သိရသည်။
EPSစာမေးပွဲကို သြဂုတ် ၁၆ရက်ကစပြီး ကျင်းပသွားမည်ဟု ကြေညာ ယထားပြီး သြဂုတ် ၁၈ရက်အထိ ပြုလုပ်ပေးခြင်းမရှိသေးကြောင်း ၎င်းတို့က ဆိုသည်။
အဆိုပါ စာမေးပွဲကို ရွှေ့ဆိုင်းသည်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တရားဝင်ကြေညာထားခြင်းမရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကို ဖြေဆိုရန်လျှောက်လွှာတင်ထားသူ ၃၇,၀၀၀ ကျော်ရှိပြီး အောင်မြင်ခွင့်ရမည့်သူ ၁၀,၀၀၀ ဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ပြည်တွင်း၌ အလုပ်အကိုင် ရှားပါးလာမှုကြောင့် ပြည်ပသို့ ထွက်ခွာအလုပ်လုပ်သူများပြားလာကာ ယင်းတွင် တရားမဝင် သွားရောက်နေသူ ပိုများနေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published -18 August 2022
ငွေလွှဲ၊ ငွေထုတ်သူများကို လျှို့ဝှက်ဓာတ်ပုံရိုက်ထားရန်နှင့် မိုဘိုင်းငွေကြေး လုပ်ငန်းများကို CCTV ကင်မရာ တပ်ဆင်ထားရန် ဗဟိုဘဏ် ညွှန်ကြားချက်ထုတ်ထားကြောင်း သိရသည်။
KBZ Pay ၊ Wave Money စသည့် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်း လုပ်သည့်သူများအနေဖြင့် ငွေလွှဲငွေထုတ်သူတွေကို မှတ်တမ်းတင်ထားနိုင်ရန်နှင့် ဆိုင်များတွင် CCTV ကင်မရာတပ်ဆင်ခြင်း (သို့မဟုတ်) ငွေလွှဲ၊ ငွေထုတ်သူတွေကို လျှို့ဝှက်ဓာတ်ပုံရိုက်ယူထားရန် ဗဟိုဘဏ်က အသိပေးချက်ထုတ်ထားသည်။
ယင်းအပြင် ဩဂုတ်လ ၁၅ ရက်နေ့မှ စပြီး မိုဘိုင်းငွေစာရင်းအသစ်ဖွင့်လှစ်ခြင်းကို အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အရှေ့/အနောက်ပုံ၊ ဖုန်းနံပါတ်၊ Face ID (Live Photo) စတဲ့ Know Your Customer (KYC) အချက်အလက် အပြည့်အစုံ ရယူပြီးမှ ဖွင့်လှစ်ပေးရန်လည်း ညွှန်ကြားထားသည်။
ငွေလွှဲသူနှင့် ငွေလက်ခံသူများ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်နံပါတ်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာတွေ ငွေလွှဲပေးတဲ့ အကြောင်းအရင်းကိုလည်း အပြည့်အစုံရယူထားရန်လည်း အသိပေးထားသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 18 August 2022
စက်သုံးဆီစျေးနှုန်းများ ယနေ့ သြဂုတ်လ ၁၈ ရက်တွင်၂၂၀၀ ကျပ်ကျော်သို ပြန်လည်ရောက်ရှိခဲ့သဖြင့် ရန်ကုန်တိုင်းအတွင်း 92 Ron တစ် လီတာလျင် ၂၂၉၀ ကျပ်ဖြစ်လာခဲ့သည်ကို စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။
မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ်၊ ဘားအံ၊ မော်လမြိုင်၊ လားရှိုး၊ တောင်ကြီး၊ လွိုင်ကော်တို့တွင်လည်း 92 Ron တစ်လီတာလျင် ၂၃၀၀ ကျပ်ကျော်ရှိကြောင်း သိရသည်။
ယင်းပြင် မြစ်ကြီးနားနှင့်စစ်တွေမြို့များတွင် 92 Ron တစ်လီတာလျင် ၂၄၀၀ ကျပ်ကျော်၊ ဟားခါးတွင် ၂၅၀၀ ကျပ်ကျော်နှင့် ကျိုင်းတုံတွင် ၂၉၀၀ ကျပ် ကျော်ရှိကြောင်း သိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန်ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၂၂၉၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၃၇၀ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၆၈၅ ကျပ် သတ်မှတ်ခဲ့သည်။
HSD (50 ppm)နှင့် HSD (10 ppm)တိုမှာ တစ်လီတာလျင် ၂၇၆၀ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ်မှတ်ခဲ့သည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း၌ 92 Ron တစ်လီတာလျင် ၂၁၈၃ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၂၆၀ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၅၆၆ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တိုမှာ တစ်လီတာလျင် ၂၆၃၉ ကျပ်တိုဖြစ်သည်။
ယင်းစျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီထံ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းလည်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published _ 18 August 2022
လာမည့်သုံးနှစ်အတွင်း ပြည်ပသို့ဆန်တန်ချိန် လေးသန်းခန့်အထိ တိုးမြှင့်တင်ပို့နိုင်ရန် မျှော်မှန်းလုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ သိရသည်၊၊
မြန်မာ့ဆန်တွေကို ပြည်ပက ဝယ်ယူမှု မြှင့်တက်လာတာကြောင့် ပုံမှန်ထက်ပိုမိုတင်ပို့လာနိုင်ပြီး လာမည့် ၂၀၂၅-၂၀၂၆ ခုနှစ်ဘဏ္ဍာနှစ်မှာ ဆန်တန်ချိန် လေးသန်းအထိ တိုးမြှင့်တင်ပို့ရန် စီစဉ်ထားကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံမှ ပြည်ပသို့ တစ်လလျှင် ပျမ်းမျှ ဆန်တန်ချိန် နှစ်သိန်းခန့်တင်ပို့နေရပြီး ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ဆန်တန်ချိန် နှစ်သန်းခန့် တင်ပို့နိုင်ရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ymg/NN
#Yangon_Media_Group
Page 1474 of 1878