#Local_News
Published_ 17 June 2023

မလေးရှားနေ မြန်မာတစ်ဦး ကြွက်သေးစွန့်ထားသည့်ဟင်းကို စားမိ၍ သေဆုံးခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)က သိရသည်။

သေဆုံးသူ ဦးစိုးသန်းမှာ အသက်၅၄ အရွယ်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်မြောက်ပိုင်း၊(၄၇) ရပ်ကွက်၊ရသာရုံလမ်း က မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်သူ ဖြစ်ကြောင်းသိရသည်။

"အစားအစာတွေကိုစားသုံးပြီးရင် သေသေချာချာအုပ်ထားကြပါ။ အကယ်၍ ကြွက်ဖြတ်သွားတဲ့အခါ ကြွက်သွေးစွန်းခဲ့တဲ့ဟင်းကိုစားမိရင် သေနိုင်ပါတယ်။ ဆေးကုလို့မရပါ"ဟု နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)က သတိပေး ရေးသားထားသည်။

သေဆုံးသူ၏နောက်ဆုံးခရီးကို ဇွန်လ ၁၆ရက် မွန်းလွဲ ပိုင်းက Hindu Crematorium Seremban သုဿန်သို့ ကွယ်လွန်သူ၏မိတ်ဆွေသူငယ်ချင်းများနှင့်အတူ နှလုံးလှပရဟိတအဖွဲ့မှကုသိုလ်ယူသင်္ဂြိုလ်ပေးခဲ့ကြကြောင်းသိရသည်။
#ymg/BM
#YMG #Yangon_Media_Group