#Local_News
Published_ 8 June 2023


ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မြို့ပတ်လမ်းရှိ KTV ဆိုင်တစ်ဆိုင်တွင် ဇွန်လ ၇ရက်နေ့ နံနက်ပိုင်း၌ သတင်းအရ သက်သေများနှင့်အတူ၀င်ရောက်ရှာဖွေရာ အိုက်၀မ်း နှင့် စိုင်းလှိုင်းဦး(ခ)ထွန်းဦး တို့ထံမှ စိတ်ပြောင်းဆေးဝါး(Happy Water) များဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

 

ဖမ်းဆီးမိသည့် မူးယစ်ဆေးဝါးပမာဏမှာအလေးချိန် ၄၂၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၆၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ စိုင်းဆိုင်တစ်(ခ)စိုင်းဆိုင်ခေး အား အဆိုပါ ရပ်ကွက်၊ မြို့ပတ်လမ်းရှိ KTV ဆိုင်ရှေ့တွင် မော်တော်ဆိုင်ကယ် ၁ စီး၊ စိတ်ပြောင်းဆေးဝါး(Happy Water) အလေးချိန် ၉၈၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၇၈ သိန်း)၊ လက်ကိုင်ဖုန်း လုံးတို့နှင့်အတူ ထပ်မံ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖမ်းဆီးရမိသူများဖြစ်သည့်အိုက်၀မ်း(၂၀)နှစ်၊ စိုင်းလှိုင်းဦး(ခ)ထွန်းဦး(၃၇)နှစ် နှင့် စိုင်းဆိုင်တစ်(ခ)စိုင်းဆိုင်ခေး (၂၆)နှစ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

 

#ymg/ynzw #Local_News #(Happy Water)များဖမ်းဆီးရမိ
#YMG #Yangon_Media_Group