#Daily_News
Published 10 July 2025
၁။ ငလျင်ဒဏ်သင့် အဆောက်အအုံထက်ဝက်ခန့်ခိုင်ခံ့မှုရှိမရှိ မစစ်ဆေးဖြစ်ကြသေးဟု စစ်တမ်းတစ်ရပ်ကဖော်ပြ
၂။ ပြည်ပထွက်မည့် လုပ်သားများ OWIC ကတ်လျှောက်ထားခြင်းကို ပွဲစားမှ တစ်ဆင့် မပြုလုပ်ရန် အသိပေး
၃။ ဆန်နှင့်ဆန်ကွဲ တန်ချိန်နှစ်သိန်းကျော်တင်ပို့ထားပြီး တရုတ်သို့ဆန်အများဆုံးတင်ပို့
၄။ ဒုတိယကမ္ဘာစစ်ကဂျပန်တို့ ကျူးကျော်ခဲ့ပုံသမိုင်းကြောင်းများကို မျိုးဆက်သစ်များထံ အမှန်အတိုင်းအသိပေးသင့်ကြောင်း သတိပေးလာကြပြီ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 10July 2025
▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်း AMI Meter များရှိ System Data များထံမှ လက်ခံရရှိသော ဓာတ်အားသုံးစွဲနေမှုများကို SCADA System ဖြင့် စနစ်တကျထိန်းချုပ်ကြပ်မတ်နေကြောင်း သိရသည်။
▪️ အဆိုပါ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ရုံးချုပ်တွင် SCADA System ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း AMI Meter များရှိ System Data များထံမှ လက်ခံရရှိသော ဓာတ်အားသုံးစွဲနေမှုများကို စနစ်တကျထိန်းချုပ်ကြပ်မတ်နေမှု၊ AMI Control Center တွင် တရားမဝင်ဓာတ်အားသုံးစွဲနေမှုများ စစ်ဆေးဖော်ထုတ်နေမှုများကိုလျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဇူလိုင် ၈ရက်နေ့တွင်
ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပို ရေးရှင်းရုံးချုပ် အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရန်ကုန်မြို့သည် စီးပွားရေးမြို့နှင့် စက်မှုဇုန်လုပ်ငန်းများများစွာရှိနေပြီး လူနေထူထပ်သည့် မြို့ဖြစ်သည့်အတွက် ဓာတ်အားဖြန့်ဖြူးပေးနေမှုများ ဆောင်ရွက်ရာတွင် ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများကို အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးမှုများကို လျှပ်စစ်ပုံစံများ အထောက်အထားပြု ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
တရားမဝင်နည်းလမ်းနဲ့ တင်သွင်းလာတဲ့ စံချိန်မမှီ ဟောင်ကောင်ရွှေတွေကို အွန်လိုင်းကနေရောင်းချနေကြတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 10 July 2025
#ဟောင်ကောင်ရွှေ #YGEA
#YMG/NN #Yangon_Times
အခုဘဏ္ဍာနှစ် ဇွန်လအတွင်း ပြည်ပနိုင်ငံတွေကို ဆန်နဲ့ဆန်ကွဲ တန်ချိန်နှစ်သိန်းကျော်တင်ပို့ထားပြီး တရုတ်နိုင်ငံကိုအများဆုံးတင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ် ။
#Local_News
Published 10 July 2025
#ဆန်နှင့်ဆန်ကွဲတင်ပို့ #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
#Local_News
Published 10July 2025
▪️ မြန်မာနိုင်ငံသား မိဘများမှ နိုင်ငံတော်ပြင်ပတွင် မွေးဖွားသော ကလေးအား မွေးဖွားပြီး တစ်နှစ်အတွင်းမှတ်ပုံတင်ရန် လိုအပ်ကြောင်း တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင် မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။
▪️ ထိုသို့ မြန်မာနိုင်ငံသား မိဘများမှ နိုင်ငံတော်ပြင်ပတွင် မွေးဖွားသော ကလေးများအတွက် မွေးဖွားကြောင်းမှတ်ပုံတင်ခြင်းကို မြန်မာနိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ မွေးဖွားပြီး တစ်နှစ်အတွင်း မြန်မာသံရုံးမှတစ်ဆင့် မှတ်ပုံတင်ခြင်းကို ဦးစွာလျှောက်ထားဆောင်ရွက်ရမည်ဖြစ်သည်။
▪️ အဆိုပါကဲ့သို့ မှတ်ပုံတင်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသား မိဘနှစ်ပါးသည် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများဖြစ်ရန်လိုအပ်ပြီး အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြား ကိုင်ဆောင်သူများဖြစ်ပါက နိုင်ငံသားစိစစ်ရေးကတ်ပြားသို့ ဥပဒေနှင့်အညီ လဲလှယ်ကိုင်ဆောင်ပြီးမှသာ ကလေးမွေးဖွားမှု မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။
▪️ ထို့အတူ နိုင်ငံတော်ပြင်ပတွင် ကလေးမွေးဖွားကြောင်းကို မြန်မာသံရုံးမှတစ်ဆင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၌ မှတ်ပုံတင်ပြီးမှသာ ကလေးများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် ကလေးမွေးဖွား ကြောင်းမှတ်ပုံတင်ခြင်းအတွက် လိုအပ်သည့်အထောက်အထားများနှင့် စာရွက်စာတမ်းများကို သိရှိနိုင်ရန်လည်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန် အသိပေးဖော်ပြထားသည်။
#YMG/NN #Yangon_Times
မိမိအစီအစဉ်နဲ့ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မယ့် လုပ်သားများအနေနဲ့ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံလက်မှတ်(OWIC) လျှောက်ထားခြင်းကို ပွဲစားမှတစ်ဆင့်မပြုလုပ်ဖို့ အလုပ်သမားဝန်ကြီးဌာနရဲ့ Safe Migration တယ်လီဂရမ်ချန်နယ်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 10 July 2025
#OWIC #ပွဲစားမှတစ်ဆင့်မပြုလုပ်ရန်အသိပေး
#YMG/SW #Yangon_Times
ပြီးခဲ့တဲ့လမှာ မြို့ပြပုံဖော်သူလူငယ်များ (Young City Shapers) နဲ့ U-Report Myanmar က ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တဲ့ ငလျင်အပြီး စစ်တမ်းကောက်ယူမှုတစ်ခုလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
#Local_News
Published 10 July 2025
#ငလျင်ဒဏ်သင့် အဆောက်အအုံ #Young_City_Shapers
#YMG/SW #Yangon_Times
Page 4 of 2090