နိုင်ငံဖြတ်ကျော် ဘောလုံးပြိုင်ပွဲကြီး၌ တရုတ်-မြန်မာဘောလုံးသများ ယှဉ်ပြိုင်ခဲ့
‘တရုတ်ပြည်မှာ တစ်အားကောင်းလာပြီ။ အရင်တုန်းကဒီနားမှာ ဘောလုံးကွင်းတစ်ကွင်းပဲရှိတာ အခုက ကန်လို့ရတဲ့ကွင်းတွေ အများကြီးရှိလာတယ်ဆိုတော့ ကန်လို့ရတဲ့ကွင်းတွေတအားများလာပြီ’ မြန်မာနိုင်ငံမှ ဘောလုံးအားကစားဝါသနာရှင် ဦးနိုင်မောင်အေး
Yangon_Time/tthl
#Local_News
#Published_ 14 July 2023
#YMG #Yangon_Times
ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်းကို ဗီယက်နမ်အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိ
ပွဲချိန် (၄၃)မိနစ်မှာတော့ ဗီယက်နမ်အသင်းက ချေပဂိုး တစ်ဂိုးသွင်းယူနိုင်ခဲ့တာပါ။
Yangon_Time/my
#Local_News
#Published_ 14 July 2023
#YMG #Yangon_Times
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အနောက်တောင်ပိုင်းမှာ မြွေဖမ်းမုဆိုးတွေက မြန်မာစပါးအုံးမြွေကြီး တစ်ကောင်ကိုဖမ်းမိလိုက်ကြပါတယ်။
အဲဒီစပါးအုံးမြွေကြီးဟာ အလျား ၁၉ ပေရှိပြီး အလေးချိန်အားဖြင့် ၁၂၅ ပေါင်ရှိပါတယ်။
ဖလော်ရီဒါအနောက်တောင်ထိန်းသိမ်းရေးအဖွဲ့က အဆိုပါမြွေကြီးရဲ့ အရွယ်အစားကို တိုင်းတာခဲ့တာဖြစ်ပြီး ဒါဟာ ဖလော်ရီဒါပြည်နယ်မှာ ဖမ်းတိတဲ့ အကြီးဆုံးမြွေကြီးလို့ သူတို့က အတည်ပြုပြောဆိုပါတယ်။
Source AFP
ဖိုင်နယ်ပွဲစဉ်တွင် တတိယဆုတံဆိပ်ရယူရန် မည်သည့်ပြိုင်ဘက်နှင့် မဆိုအကောင်းဆုံးပြင်ဆင်ထားဟု မြန်မာနည်းပြချုပ်ပြော
တတိယလုပွဲနှင့် ဗိုလ်လုပွဲစဉ်တွေကို ဇူလိုင် ၁၅ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီနဲ့ ည ၇ နာရီ တိုမှာ အသီးသီးယှဉ်ပြိုင်ကစားကြမှာလည်း ဖြစ်ပါတယ်။
Yangon_Time/my
#Local_News
#Published_ 14 July 2023
#YMG #Yangon_Times
နေ့စဉ်ကျပ်၂၀၀၀၀ တောင်းပေးရသည့် မိန်းကလေးကို ကယ်တင်နိုင်
‘ကလေးက တစ်ရက်ကိုကျပ်၂၀၀၀၀မတောင်းနိုင်ရင်အရိုက်ခံနေရတဲ့အတွက် အိမ်ကနေ ထွက်ပြေးလာတာ။ညနက်သွားရင်မုဒိန်းကျင့်ခံရတာ၊ အသတ်ခံရတာတွေဖြစ်သွားနိုင်တယ်။ ကလေးကိုခိုင်းစားတဲ့သူ့အဒေါ်တော့ကလေးသူငယ်ဆိုင်ရာ ဥပဒေအရ အရေးယူခံနေရပြီဖြစ်ပါတယ်’ ပုလဲအရန်မီးသတ်တပ်ဖွဲမှ တာဝန်ရှိသူတစ်ဦး
Yangon_Time/tthl
#Local_News
#Published_ 14 July 2023
#YMG #Yangon_Times
မြန်မာ့ရွှေထည်များ ပြည်ပကို အခွန်သုညရာခိုင်နှုန်းဖြင့် တင်ပို့နိုင်ပြီ
‘ဟိုအရင်တုန်းက ပြည်ပကို ရွှေထည်တွေပိုမယ်ဆိုရင် အခွန်(၁၇)ရာခိုင်နှုန်းဆောင်နေရတာမှ အခုဆိုရင် အခွန်သုညရာခိုင်နှုန်းနဲ့ ပြည်ပကိုရွှေထည်တွေပိုနိုင်ပြီ’ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌဦးမျိုးမြင့်
Yangon_Time/tthl
#Local_News
#Published_ 14 July 2023
#YMG #Yangon_Times
Published_ 14 July 2023
တီထွင်သူများနှင့်တီထွင်မှုကိုအသုံးပြုသူများအတွက် တီထွင်မှုမူပိုင်ခွင့်ဥပဒေသက်ဝင်လာစေရန် အတွက်တီထွင်မှုမူပိုင်ခွင့်နည်းပဒေပြဌာန်းနိုင်အောင်ကြိုးပမ်းနေကြောင်းသိရသည်။
၂၀၁၉ခုနှစ်မတ်လတွင် တီထွင်မှုမူပိုင်ခွင့်ဥပဒေပြဌာန်းခဲ့ပြီးဖြစ်ပေမည့်လည်းနည်းဥပဒေပြဌာန်းနိုင်ရန် ကျန်ရှိနေသေးသည့်အတွက်ဆက်လက်ပြဌာန်းနိုင်ရန်ဆောင်ရွက်သွားမည်ဟုဆိုသည်။
တီထွင်မှုမူပိုင်ခွင့်နည်းပဒေပြဌာန်းနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် တီထွင်မှုမူပိုင်ခွင့်နည်းဥပဒေများ(မူကြမ်း)နှင့်စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က ‘၂၀၁၉ခုနှစ်တွင်မူပိုင်ခွင့်ဥပဒေလေးခုဖြစ်သည့်(၁)ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊(၂)စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊(၃)တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊(၄)စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကိုပြဌာန်းခဲ့ကြောင်း၊တီထွင်မှုမူပိုင်ခွင့်ဥပဒေကိုအကောင်အထည်ဖော်နိုင်ရန်လိုအပ်သည့် တီထွင်မှုမူပိုင်ခွင့်နည်းဥပဒေများ(မူကြမ်း)ကိုရေးဆွဲခဲ့ပြီး နည်းဥပဒေ မူကြမ်းအပေါ်သက်ဆိုင်ရာဝန်ကြီးဌာနများ၊အဖွဲ့အစည်းများမှသဘောထားမှတ်ချက်များ၊အကြံပြုချက်များ တောင်းခံရရှိထားပြီဖြစ်၍လိုအပ်ချက်များပြင်ဆင်ဖြည့်စွက်ပြီး နည်းဥပဒေအတည်ပြုပြဌာန်းနိုင်ရေးဆောင်ရွက် သွားမည်”ဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Published_ 14 July 2023
မွန်ပြည်နယ်၊အသောကရာမပရိယတ္တိစာသင်တိုက်ဆရာတော်မှ ကျောက်မျက်ရတနာ(၃၅)မျိုးကိုနိုင်ငံတော်သို့ လှူဒါန်းကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှသိရသည်။
ကျပ်သိန်း၁၂၀ကျော်တန်ဖိုးရှိသည့် ကျောက်မျက်ရတနာ(၃၅)မျိုးကို မွန်ပြည်နယ်၊အသောကရာမပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တမင်္ဂလာဘိဝံသ(နိုင်ငံတော်သံဃာ့ဝန်ဆောင်)ကိုယ်စားမွန်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်က လှူဒါန်းရသည့်အကြောင်းရင်းများကိုရှင်းလင်းပြောကြားပြီး သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါ်နုမြဇံကိုပေးအပ်လှူဒါန်းခဲ့သည်ဟုဆိုသည်။
အဆိုပါကျောက်မျက်ရတနာများကို မော်လမြိုင်မြို့ရှိကျောက်မျက်ကျွမ်းကျင်ပညာရှင်များထံအရည်အသွေး စစ်ဆေးကြည့်ရာ ခန့်မှန်းတန်ဖိုးငွေကျပ်၁၂၆၂၂၀၀၀ရှိကြောင်းသိရသည်။
နိုင်ငံတော်သို့ပေးအပ်မည့် ကျောက်မျက်ရတနာ(၃၅)မျိုးလွှဲပြောင်းပေးအပ်ပွဲကို နေပြည်တော်ရှိသာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၌ကျင်းပခဲ့ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Published_ 14 July 2023
(၁၁)ကြိမ်မြောက် U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲအတွက် လက်ရွေးစင် ယူ- ၁၂ လူရွေးပွဲကို ယနေ့ ဇူလိုင် (၁၄) ရက်မှစတင်ကာ ရွေးချယ်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။
အဆိုပါ လက်ရွေးစင်လူရွေးပွဲကို ဇူလိုင် (၁၄)ရက်နှင့် (၁၅)ရက် နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ရွေးချယ်ပွဲ (ရန်ကုန်ဇုန်)အား သုဝဏ္ဏကွင်းအတွင်းရှိ လေ့ကျင့်ရေးကွင်း(၁) တွင် မနက် (၇)နာရီမှစတင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လာရောက်ရွေးချယ်ခံမည့် ကစားသမားများအနေဖြင့် အားကစားဝတ်စုံ၊ ဘောကန်ဖိနပ် အသုံးအဆောင်များ၊ ကျောင်းထောက်ခံစာ၊ မွေးစာရင်း၊ အိမ်ထောင်စုစာရင်းတို့ကို ယူဆောင်လာရမည်ဖြစ် ကြောင်း သိရသည်။
ကစားသမားများ အသက်မှန်ကန်မှု အတွက် စနစ်တကျစစ်ဆေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးအဖွဲ့၏ စစ်ဆေးအတည်ပြုချက်ဖြင့်သာ ဆုံးဖြတ်မည်ဟု သိရသည်။
မြန်မာ့လက်ရွေးစင် ယူ-၁၂ ကစားသမားကို အပြီးသတ်(၁၈)ဦး ရွေးချယ်သွားမည်ဖြစ်ပြီး၊ ရွေးချယ်ခံရသော ကစားသမားများအနေဖြင့် ဂျပန်နိုင်ငံ ချီဘားမြို့တွင် ကလာမည့် ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပမည့် U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် ဉရောပကလပ်များဖြစ်သည့် ဘာစီလိုနာလူငယ်၊ ဂျူဗင်တပ်လူငယ်၊ ဘိုင်ယန်မြူးနစ်လူငယ်၊ ဂျေလိဂ်လူငယ်ကလပ်များဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာ ယူ၁၂ အသင်း၏ ဂျပန်ခရီးစဉ်အား AYA Bank မှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
#Yangon-Times/MY
#Local_News
#YMG #Yangon_Times
Published-14 July2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၈၆ လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြားရှိ ရွှေတချောင်း မြောင်းအတွင်းသို့ ဇူလိုင်လ၁၃ရက်က ပြုတ်ကျပျောက်ဆုံးနေကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှသိရသည်။
အဆိုပါအမျိုးသားမှာ အသက်၄၅နှစ်ဝန်းကျင်အရွယ်ရှိပြီးယမန်နေ့က ရွှေတချောင်းမြောင်းအတွင်းသို့ ပြုတ်ကျသွားခြင်းဖြစ်ကြောင်းသိရသည်။
"မိုးရွာနေချိန်မှာဖြတ်သွားတော့ မြောင်းကူးတံတားပေါ်ကနေ ချော်ပြီးပြုတ်ကျသွားတာပါ။ ည၁၀ နာရီအထိ ရေငုပ်ရှာဖွေတာတွေလုပ်ခဲ့ပေမဲ့ မတွေ့ရှိခဲ့တဲ့အတွက် ည၁၀ နာရီအချိန်မှာ ရှာဖွေတာတွေရပ်နားခဲ့ပါတယ်"ဟုလူမှုကူညီရေးအသင်းကသိရသည်။
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
(မန္တလေးတိုင်းရုံး)မှ ရေငုတ်ရှာဖွေမှုများ
ပြုလုပ်ခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း သိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times
Published_14 July 2023
အချိုဓာတ်ပစ္စည်း'အက်စ်ပါတိမ်း'ဟာ ကင်ဆာဖြစ်နိုင်ချေရှိတယ်ဆိုပေမယ့် သဘောတူလက်ခံထားတဲ့ ပမာဏအတိုင်းတော့ စားသုံးဖို့ဘေးကင်းကြောင်း WHO နဲ့ဆက်စပ်နေတဲ့ အဖွဲ့အစည်းနှစ်ခုက သောကြာနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီသတ်မှတ်ချက်တွေကို WHO သီးခြားကျွမ်းကျင်အဖွဲ့နှစ်ဖွဲ့က အကဲဖြတ်ထားတဲ့ရလဒ်ဖြစ်ပါတယ်။
အဖွဲ့တစ်ဖွဲ့ကတော့ ဒီပစ္စည်းကို အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတဲ့ သက်သေအထောက်အထား ရှိမရှိ လေ့လာနေပြီး နောက်တစ်ဖွဲ့ကတော့ ထိုပစ္စည်းဟာ လက်တွေ့ဘဝမှာ အန္တရာယ်ဘယ်လောက်ရှိလဲဆိုတာကို အကဲဖြတ်နေတာ ဖြစ်ပါတယ်။
အက်စ်ပါတိမ်းဟာ ကမ္ဘာ့အကျော်ကြားဆုံး အချိုဓာတ်ပစ္စည်းဖြစ်ပြီး ကိုကာကိုလာဒိုင်းယက်ဆိုဒါမှစလို့ မားစ်ပီကေအထိ ပါဝင်ပါတယ်။
အချိုရည်ယမကာ သောက်သုံးချင်သူတွေအနေနဲ့ အက်ပါတိမ်း ဒါမှမဟုတ် အချိုဓာတ်ပစ္စည်းပါဝင်တဲ့ အရာတွေကို ထည့်သွင်းမစဉ်းစားသင့်ကြောင်း WHO အာဟာရဆိုင်ရာ အကြီးအကဲ 'ဖရန်ဆက်စ်ကိုဘရန်ကာ'က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
သောက်သုံးသူများအနေနဲ့ အချိုဓာတ်ပစ္စည်းပါတဲ့ ကိုလာကိုသောက်မလား သကြားပါတဲ့ ကိုလာကိုသောက်မလား ဆုံးဖြတ်ရမယ်ဆိုရင်တော့ ရေပဲသောက်ဖို့ အကြံပြုလိုကြောင်း ဘရန်ကာက ဆိုပါတယ်။
ပြင်သစ်နိုင်ငံ လိုင်ယွန်အခြေစိုက် နိုင်ငံတကာကင်ဆာသုတေသနအေဂျင်စီ (IARC)က အက်စ်ပါတိမ်းဟာ ကင်ဆာဖြစ်နိုင်ချေရှိတယ်လို့ သောကြာနေ့အစောပိုင်းက ကြေညာခဲ့ပါတယ်။
ဒါဟာ ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ အထောက်အထားက အသေအချာမဟုတ်သေးတဲ့ သဘောသက်ရောက်နေပါတယ်။
အက်စ်ပါတိမ်းက ကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့ အထောက်အထားက မခိုင်လုံကြောင်း အခြားသိပ္ပံပညာရှင် အများအပြားက ဆိုနေကြပါတယ်။
အက်စ်ပါတိမ်းဟာ ဘေးကင်းစိတ်ချရပြီး သကြားလျှော့စားချင်သူတွေအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်တယ်လို့ ဆုံးဖြတ်ချက်များ တွေ့မြင်ရကြောင်း အစားအစာနဲ့ ယမကာစက်မှုလုပ်ငန်းများက ဆိုပါတယ်။
ကိုယ်အလေးချိန် ၆၀ - ၇၀ ကီလိုဂရမ်ကြားရှိသူဟာ အက်စ်ပါတိမ်းကန့်သတ်ပမာဏထက် ကျော်လွန်ဖို့ဆိုရင် တစ်နေ့ကို အချိုရည် ၉ ဗူးမှ ၁၄ ဗူးလောက်အထိ သောက်မှရမှာဖြစ်ကြောင်း WHO က ပြောကြားလိုက်ပါတယ်။
ဒါကြောင့် ရံဖန်ရံခါမှ သောက်သုံးသူတွေအတွက်တော့ အန္တရာယ်မဖြစ်စေနိုင်ဘူးလို့ တွေ့ရှိထားကြောင်း ဘရန်ကာကဆိုပါတယ်။
Source: Reuters
#World_Health
#YMG #Yangon_Times
မဲခေါင်ဒေသနိုင်ငံများဖြစ်တဲ့ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ် (၆)နိုင်ငံက မီဒီယာများ တက်ရောက်ခဲ့သော တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ လန်ချန်း-မဲခေါင် (၁၀)ရက်ကြာ ခရီးစဥ်အတွင်း ဇူလိုင်(၄)ရက်မှာ ခရီးစဉ်နောက်ဆုံးနေ့အဖြစ် ယူနန်ပြည်နယ် ဖူယွမ်ခရိုင်ရှိ မဂ္ဂါဝပ် ၈၀၀ ထွက်ရှိသော တောင်ပေါ် လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။
အဆိုပါစီမံကိန်းမှာ တရုတ်နိုင်ငံအတွင်း တောင်ပေါ်ဒေသမှာ တည်ဆောက်ထားသော လေအားတာဘိုင် စီမံကိန်းများတွင် အကြီးဆုံးဖြစ်တယ်လို့သိရပြီး တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးဆဲတောင်ပေါ်ဒေသတွေ အမြန်ဆုံးဖွံ့ဖြိုးစေဖို့ လေတိုက်နှုန်းကောင်းတဲ့ တောင်ပေါ်ဒေသတွေမှာ အဆင့်မြင့်လေအားတာဘိုင်များကို အသုံးပြုကာ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နေခြင်းပဲဖြစ်ပါတယ်။
ယူနန်ပြည်နယ် ဖူယွမ်ခရိုင်ရှိ မဂ္ဂါဝပ် ၈၀၀ ထွက်ရှိမယ့် တောင်ပေါ် လေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းဟာဆိုရင် ၂၀၂၃ ခုနှစ် မေလ ၈ ရက်မှာ စီမံကိန်းကို အပြည့်အဝလည်ပတ်ခဲ့တာဖြစ်ပြီး ဒီစီမံကိန်းမှာဆိုရင် ၆ ဒသမ ၇ မဂ္ဂါဝပ်ထုတ်လုပ်နိုင်တဲ့ လေအားတာဘိုင်ပေါင်း ၁၃၅ ခု တည်ဆောက်ပြီးတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေတာဖြစ်ပါတယ်။
လေအားတာဘိုင်တစ်ခုကနေ လျှပ်စစ်ဓာတ်အား ၆ ဒသမ ၇ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ဖို့ တာဘိုင်တစ်ခုရဲ့ ဗဟိုချက်အမြင့် (ပင်မတိုင်)ကို ၁၁၀ မီတာ၊ မော်တာအချင်း ၁၉၁ မီတာနဲ့ အမြင့်ဆုံးအလေးချိန် တန် ၁၅၀ အထိ တည်ဆောက်ခဲ့ရတာဖြစ်ပြီး တရုတ်နိုင်ငံမှာ လေရဟတ်တာဘိုင်များ ဆောက်လုပ်မှုစံချိန်သစ် ရေးထိုးနိုင်ခဲ့တာဖြစ်တယ်လို့လည်း လေ့လာခွင့်ရရှိခဲ့ပါတယ်။
အဆိုပါစီမံကိန်းကနေ တရုတ်နိုင်ငံရဲ့ မဟာဓာတ်အားလိုင်းသို့ နှစ်စဥ် လျှပ်စစ်ဓာတ်အား ၂,၀၆၀ ဂစ်ဂါဝပ်နာရီ(GWh) ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး အခွန်ငွေ ယွမ်သန်း ၁၀၀ ကျော်ရရှိမယ်လို့ မျှော်မှန်းထားတာပါ။ ဒါ့အပြင် စံကျောက်မီးသွေးတန်ချိန် ၆၄၁,၀၀၀ ကို ကယ်တင်နိုင်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် ၁ ဒသမ ၇ သန်းကျော်နှင့် ဆာဖာဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် ၁,၁၀၀ ကျော် လျော့ကျစေမှာဖြစ်တယ်လို့ ဖော်ပြထားတဲ့ အချက်အလက်များအရ သိရပါတယ်။
ဒီလိုစံချိန်အသစ်တွေ ရေးထိုးနိုင်ခဲ့တဲ့ လေအားလျှပ်စစ်စီမံကိန်းကိုတော့ တရုတ်နိုင်ငံရဲ့ ကုမ္ပဏီတစ်ခုဖြစ်သော နိုင်ငံတော်လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းလီမိတက်(SPIC)ရဲ့ SPIC Yunnan International Power Investment Co., Ltd (SPICYN)က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
SPIC က PV စွမ်းအင်၊ လေအားလျှပ်စစ်၊ နျူကလီးယားစွမ်းအင်၊ ရေအားလျှပ်စစ်၊ ကျောက်မီးသွေးစွမ်းအင်၊ သဘာဝဓါတ်ငွေ့စွမ်းအင်နဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စတဲ့စွမ်းအင်မျိုးဆက်နဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
လန်ချန်း-မဲခေါင် စီမံကိန်းတွေထဲက တစ်ခုအဖြစ် SPICYN ကနေ မြန်မာပြည်မြောက်ပိုင်း ချီဖွေမြို့နယ်အတွင်း ဧရာဝတီမြစ်အဖျားပိုင်းတွင် အဓိကစတင်မြစ်ဖျားခံရာမေခမြစ်ရဲ့ မြစ်လက်တက်ဖြစ်သော ချီဖွေမြစ်ပေါ်မှာ ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းကတော့ ၉၉ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သော စက်တပ်ဆင်ထားပြီး စက်ရုံကနေထွက်ရှိသော လျှပ်စစ်ဓာတ်အားရဲ့ ၆၉ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမြောက်ပိုင်းသို့ ထောက်ပံ့ပေးထားတာဖြစ်ပြီး ၂၀၂၂ ခုနှစ် နှစ်အကုန်အထိ မြန်မာနိုင်ငံမြောက်ပိုင်း ဓာတ်အားကွန်ယက်စနစ်အတွင်းသို့ ၁၉,၀၀၀ ဂစ်ဂါဝပ်နာရီ (GWh) ပို့လွှတ်ပေးနိုင်ခဲ့တယ်လို့ လေ့လာသိရှိခဲ့ရပါတယ်။
ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းက ပန်းဝါစစ်ဆေးရေးဂိတ်မှ ကီလိုမီတာ ၈၀ နဲ့ မြစ်ကြီးနားမြို့မှ ကီလိုမီတာ ၁၂၀ ကွာဝေးပြီး ကချင်ပြည်နယ်အတွင်း အဓိကရေထောက်ပံ့ရာစီမံကိန်းဖြစ်တာကြောင့် မြစ်ကြီးနားမြို့ရဲ့ မြို့ပြဧရိယာ၊ မိုးကောင်း၊ မိုးညှင်းနဲ့ ဖားကန့်နယ်မြေများကိုပါ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်ခဲ့တာပါ။
ထို့အတူ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းမှာလည်း တရုတ်-မြန်မာ ပူးပေါင်းပြီးတော့ လေအားလျှပ်စစ်စီမံကိန်းတွေ တည်ဆောက်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ ဒီလိုပူးပေါင်းမှု ခြေလှမ်းအဖြစ် ရခိုင်ပြည်နယ်အတွင်း အမ်းမြို့၊ ဂွမြို့နဲ့ သံတွဲမြို့တို့မှာ စုစုပေါင်းမဂ္ဂါဝပ် ၃၆၀ ထွက်ရှိမယ့် လေအားလျှပ်စစ် စီမံကိန်းသုံးခုအတွက် သဘောတူညီမှုစာချွန်လွှာ (MOA)ကို ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
အဆိုပါ သဘောတူညီမှုစာချွန်လွှာ (MOA)အရ အမ်းလေအားလျှပ်စစ်စီမံကိန်း ၁၅၀ မဂ္ဂါဝပ်၊ ဂွလေအားလျှပ်စစ်စီမံကိန်း ၁၀၀ မဂ္ဂါဝပ်၊ သံတွဲလေအားလျှပ်စစ်စီမံကိန်း ၁၁၀ မဂ္ဂါဝပ်တို့ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ဂွစီမံကိန်းရဲ့ ပထမအဆင့် ၅၀ မဂ္ဂါဝပ်ကို စတင်ဆောင်ရွက်မှာဖြစ်ပြီးတော့ စီမံကိန်းသုံးခုလုံးကို လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းအထိ ရရှိတဲ့အချက်အလက်များအရ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာတော့ သဘာဝဓာတ်ငွေ့မှ ၅၆ ရာခိုင်နှုန်း၊ ရေအားမှ ရာခိုင်နှုန်း ၄၀ ၊ ကျောက်မီးသွေးမှ သုံးရာခိုင်နှုန်း၊ ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များမှ တစ်ရာခိုင်နှုန်း ထုတ်လုပ်လျက်ရှိပါတယ်။
မြန်မာနိုင်ငံအနေဖြင့် လာမယ့် ၂၀၃၀ ပြည့်နှစ်မှာတော့ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက် ဆောင်ရွက်နေပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုရဲ့ ကိုးရာခိုင်နှုန်းကို နေစွမ်းအင် (Solar Energy)၊ လေအားလျှပ်စစ် (Wind Energy) စတဲ့ ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်တွေကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ရည်မှန်းထားတာဖြစ်ပါတယ်။
ဒီလို တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မယ့် လေအားလျှပ်စစ်စီမံကိန်းတွေကနေ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ထုတ်လုပ်မှုအပေါ် ဘယ်လောက်အထိ ထဲထဲဝင်ဝင် ပါဝင်နိုင်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဇယျေ ရေးသားသည်
Page 795 of 1637