#Local_News
Published_ 23 November 2023
အင်းစိန်မြို့နယ်၊ ကြိုကုန်းအရှေ့ရပ်ကွက် မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်ထားသော လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး၏ ဝတ္တမြေပေါ်ရှိ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများအတွက် နိုင်ငံသာဗုဒ္ဓဘာသာဝင်များကို အငှားချထားပေးရန် တင်ဒါခေါ်ယူကြောင်းဂေါပက အဖွဲ့၏ ကြေညာချက်အရသိရသည်။
အငှားချထားရာတွင် အိတ်ဖွင့်တင်ဒါစနစ်ချဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး၊ ၂၀၂၄ ခုနှစ် (၁၂)လတာ ကာလအတွက်အငှားချထားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
တင်ဒါ အဆိုပြုလွှာနှင့် တင်ဒါစည်းကမ်းများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့တွင် ဂေါပကအဖွဲ့ရုံးတွင် လာရောက်ဝယ်ယူဖြည့်စွက်လျှောက်ထားနိုင်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တင်ဒါတင်သွင်းသူများရှိ၌ ဖွင့်ဖောက်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တင်ဒါခေါ်ယူသည့်ကြေညာချက်တွင် ကြမ်းခင်းဈေးမပြည့်မှီသောလျှောက်လွှာများကို စပေါ်ငွေပြန်လည်ပေးအပ်မည်မဟုတ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
အများပြည်သူဝန်ဆောင်မှုလုပ်ငန်းပေါင်း (၁၁)မျိုးကို အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းဖြစ်ရာ၊ သန့်စင်ခန်းဝန်ဆောင်မှု ၊ အရောင်းဆိုင်ဝန်ဆောင်မှု ၊ ငါးနှင့်လိပ်စာအရောင်းဆိုင်၊ မြန်မာလက်မှုအနုပညာပစ္စည်းဆိုင်နှင့် ကန်တော့ပွဲရောင်းချခြင်းလုပ်ငန်း စသည်တို့ပါဝင်ကြောင်း သိရသည်။
#Local_News #မင်းဓမ္မကုန်းတော်ကျောက်တော်ကြီး #နိုင်ငံသားဗုဒ္ဓဘာသာဝင်
#YMG/LW #Yangon_Times
‘လက်ဖက်အထွက်နည်းခဲ့ပေမယ့် ရန်ကုန်နဲ့ မန္တလေးမြို့တွေက အဝယ်လိုက်လာတဲ့အတွက် ဒီနှစ်မှာတောက်လျောက်ကို ဈေးတွေတက်လာတယ်’ ပင်းတယလက်ဖက်ခြောက်လက်ကားဆိုင်မှ တာဝန်ရှိသူတစ်ဦး
#Local_News
Published_ 23 November 2023
#ပင်းတယလက်ဖက်ခြောက် #လက်ဖက်အထွက်နည်း
#tthl #Yangon_Times
#Local_News
Published 23 November 2023
ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ကနဦးအဆင့်အဖြစ် အကောင်အထည်ဖော်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ပါဝင်လိုသော မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ရောင်းချမှုကို ဒီဇင်ဘာ ၃၀ ရက်နေ့အထိ တိုးမြှင့်လိုက်ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အထူးစီးပွားရေးဇုန်ဌာနခွဲမှ သိရသည်။
အဆိုပါ စီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံဘက်မှ အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများပါဝင်သည့် Myanmar Government Designated Entity Consortium ဖွဲ့စည်းရေးအတွက် EOI ရောင်းချမှုကိုမူလက နိုဝင်ဘာလ ၁၈ ရက်နေ့အထိသာ သတ်မှတ်ထားခဲ့ရာမှ လက်ရှိတွင် ဒီဇင်ဘာ၃၀ရက်အထိ တင်သွင်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ထို့အပြင် Myanmar GDE Consortium ၌ ပါဝင်လိုသည့် ကုမ္ပဏီသည် သက်တမ်း (၁၀)နှစ်နှင့် အထက် (သို့မဟုတ်) အခြေခံအဆောက်အဦ တည်ဆောက်ရေး အတွေ့အကြုံ (၅)နှစ် ရှိရမည် ဖြစ်ပြီး ရခိုင်တိုင်းရင်းသားကုမ္ပဏီဖြစ်ပါက သတ်မှတ်ကာလကို လျှော့ပေါ့စဉ်းစားပေးမည်ဖြစ်ကြောင်း၊ ၄င်းအပြင် သုံးနှစ်အတွင်း လုပ်ငန်းမှ ပျမ်းမျှဝင်ငွေ ဒေါ်လာသန်း (၂၀) သို့မဟုတ် ၄င်းနှင့်ညီမျှသည့် မြန်မာကျပ်ငွေရရှိရမည်ဖြစ်သကဲ့သို့ နာမည်ပျက်စာရင်း၊ တားမြစ်ပိတ်ပင်ထားခြင်း၊ အရည်အချင်းမပြည့်မီ၍ သတ်မှတ်ထားသည့် ကုမ္ပဏီမဖြစ်ရန်လိုအပ်ကြောင်း၊အဖွဲ့အစည်း၌ ပါဝင်လိုကြောင်း စတင်အဆိုပြုသည့် အချိန်တွင် အနည်းဆုံး ဒေါ်လာ (၅) သန်း ထည့်ဝင်နိုင်ကြောင်း အထောက်အထားတစ်ခုခုတင်ပြနိုင်သည့် ကုမ္ပဏီဖြစ်ရမည်ဖြစ်ကြောင်း သိရသည် ။
ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် တရုတ်ခေတ်သစ်ပိုးလမ်းမကြီး - BRI ၏ မြန်မာ့ဘက်ခြမ်း ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ပါဝင်သည့် စက်မှုဇုန်၊ လူနေအိမ်ရာနှင့် ရေနက်ဆိပ်ကိမ်းစီမံကိန်းသုံးခုတွင် ကနဦးအကောင်အထည်ဖော်မည့် စီမံကိန်းလည်းဖြစ်ကြောင်း၊ ယခင် သဘောတူညီချက်များအရ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ဒေါ်လာ (၁.၃) ဘီလီယံ အသုံးပြုသွားရန် စီစဉ်ခဲ့ကြောင်း သိရသည်။
#Local_News #ကျောက်ဖြူရေနက်ဆိပ်ကမ်း #EOI ရောင်းချမှု #YMG/NN #Yangon_Times
၂၃ နိုဝင်ဘာ ၂၀၂၃
လန်ဒန်- ဘုရင်ချားလ်စ်က တောင်ကိုရီးယားကေပေါ့တ် အဖွဲ့ ဘလက်ပင့် BLACKPINK ကို ဗြိတိန်အင်ပါယာ ဂုဏ်ထူးဆောင် ဆုတံဆိပ်တွေကို တောင်ကိုရီးယားသမ္မတ ယွန်ဆပ်ယိုလ်ရှေ့မှာပဲ ချီးမြှင့်ခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတက ယူနိုက်တက်ကင်းဒမ်းရှိ ဘတ်ကင်ဟမ်နန်းတော်သို့သွားရောက်လည်ပတ်စဉ် ဘုရင်ချားလ်စ်က ထိုဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဘလက်ပင့် BLACKPINKအဖွဲ့မှ လေးဦးဖြစ်တဲ့ ဂျင်နီး၊ဂျီဆို၊လီဆာနှင့် ရို့စ်တို့ဟာ ဘွဲ့တံဆိပ်ချီးမြှင့်စဉ် ဗြိတိန်တော်ဝင်ဘုရင်နှင့်အတူ စကားပြောရွှင် ရယ်မောပြီး ဓာတ်ပုံအရိုက်ခံခဲ့ကြပါတယ်။
“ ဒီနစ်တွေအပြီးမှာ မင်းတို့ တစ်ဦးနှင့်တစ်ဦးစကားပြောနေကြတုန်းမို့ အံ့အားသင့်စရာပဲ” လို့ ဘုရင်းချားစ်လ်က အခမ်းအနာမှာ အဖွဲ့ ဝင် မိန်းကလေးတွေကို နောက်ပြောင်ပြောဆိုပါတယ်။
ဗြိတိန်ဘုရင်ချားစ်ဟာ ဘလက်ပင့်ရဲ့ အဖွဲ့သူတွေဖြစ်တဲ့ ရိုစ်( ရိုဆန်နီပတ်ခ်)၊ ဂျီဆိုကင်မ်၊ ဂျင်နီးကင်မ်နှင့် လီဆာ( လာလီဆာမိုနိုဘန်) တို့ကို ဂုဏ်ထူးဆောင် MBE ဆုတံဆိပ်တွေကို အခမ်းအနားနှင့်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
“ တစ်ချိန်ချိန်မှာတော့ မင်းတို့ရဲ့ လိုက်ဗ်ရှိုးကို ကျွန်တော်ကြည့်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်” လို့ဘုရင်ချားလ်စ်ကပြောပါတယ်။
၂၀၂၁ခုနှစ်တုန်းက ဂလပ်စ်ဂိုးမှာကျင်းပခဲ့တဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတုထိပ်သီးညီလာခံမှာ BLACKPINK အဖွဲ့ဟာ ယင်းကို ထောက်ခံအားပေးခဲ့တာကို အသိအမှတ်ပြုတဲ့အနေနှင့် ယခုဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်ရခြင်းဖြစ်တယ်လို့ ဘတ်ကင်ဟမ်နန်းတော်က ပြောပါတယ်။
ဘလက်ပင့်ဟာ ဇူလိုင်လမှာ သမိုင်းဝင်တဲ့ ပွဲတစ်ခုလုပ်ခဲ့ပါတယ်။ လန်ဒန်မြို့လယ်မှာကျင်းပခဲ့တဲ့ ယူကေရဲ့ အထင်ကရ ဂီတပွဲတော် BST Hyde Park နွေရာသီပွဲတော်မှာ သူတို့အဖွဲ့ဟာ ပရိဿတ်ခြောက်သောင်းခွဲခန့်ရှေ့မှ လက်မှတ်တွေအကုန်ရောင်းရတဲ့အထိ ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။
သူတို့ဟာ ၂၀၁၆နှစ်မှာ ပွဲဦးထွက်စတင်ခဲ့ပြီး ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး အမျိုးသမီးအဖွဲ့တွေထဲမှာ တစ်ဖွဲ့ဖြစ်လာခဲ့ပါတယ်။ ယူကျုမှာ စာရင်းသွင်းကြည့်ရှုသူအများဆုံး အဆိုတော်တွေလည်းဖြစ်ခဲ့ကြပါတယ်။
Source Reuters
'ဒီအချိန်ကတော့သုံးစွဲမှုက နည်းနည်းလျော့သွားတယ်၊ နောက်တစ်ခုက သွားရေးလာရေး ပို့ဆောင်ရေးကနည်းနည်းဈေးကွက်ကျဉ်းသွားတာပေါ့ဗျာ၊ မန္တလေးဘက်တို့ ဘာတို့ကဈေးကွက်မဖြန့်နိုင်ဘူးဖြစ်နေတယ်။ ဒါကြောင့်မလို့ဈေးကလျော့ကျသွားတယ်'
#Local_News
Published_ 23 November 2023
#ငပိလုပ်ငန်း #ဆားကြမ်းဈေးနှုန်းကျဆင်း
#YMG/ NN #Yangon_Times
ဘင်္ဂလားဒေ့ရှ်မှ အုန်းသီးဝယ်လိုအား ရှိနေပေမယ့်အကြောင်း အမျိုးမျိုးကြောင့် ရခိုင်ပြည်နယ်အတွင်း လမ်းပိတ်ထားရတဲ့အတွက် ပြည်ပကို အုန်းသီးတင်ပို့မှု ရပ်နားထား ရတယ်လို့ ရခိုင်ပြည်နယ်မှာရှိတဲ့ အုန်းသီးအရောင်းဝယ်ပြုလုပ်သူတွေထံက သိရပါတယ်။
#Local_News
Published_ 23 November 2023
#အုန်းသီးတင်ပို့မှုရပ် #အုန်းသီးအရောင်းဝယ်ပြုလုပ်
#YMG/LW #Yangon_Times
#Local_News
Published_ 23 November 2023
မကြာသေးမီကမှ (၁၀၁၄)ဇာတ်ကားဖြင့် အကယ်ဒမီရထားသည့် တည်းဖြတ်ထူးချွန်ဆုရှင် ဂျီသရီး(G3) (နာရေးကူညီမှုအသင်းမှ ပရဟိတသမား)သည်နိုဝင်ဘာလ ၂၃ ရက်တွင် ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။
ဂျီသရီးသည် မနှစ်က၂၀၂၂ ခုနှစ် မြန်မာ့အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် ၂၀၁၉ခုနှစ်အတွက်အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးဖြင့် တည်းဖြတ်ကျော်ခိုင်စိုးနှင့် တွဲဖက်ရရှိခဲ့သူဖြစ်သလို နာရေးကူညီမှုအသင်း၏ ပြန်ကြားရေးဌာန၊ ကြီးကြပ်ရေးမှူးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ပရဟိတသမားတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
အသည်းရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ပြီး ဆေးရုံမှပြန်ဆင်းလာပြီးနောက် ကွယ်လွန်သွား ခြင်းဖြစ်သည်။
တည်းဖြတ်ဆုရှင် ဂျီသရီးကွယ်လွန်သွားသည့်အတွက် ရုပ်ရှင်၊ ဗီဒီယိုလောကသားတွေအပြင် ပရဟိတ လူမှုကူညီရေးအသင်းများမှ ပရဟိတဆောင်ရွက်နေသူအားလုံးလည်း အထူးကြေကွဲဝမ်းနည်းရကြောင်း ဝမ်းနည်းမှတ်တမ်းများရေးသားဖော်ပြထားကြောင်း သိရသည်။
#Local_News #တည်းဖြတ်ဂျီသရီးကွယ်လွန် #tthl #Yangon_Times
‘နိုဝင်ဘာလ(၂၆)ရက်မှာ ကပ္ပလီပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်မှာဖြစ်ပြီး နိုဝင်ဘာလ(၂၇)ရက်မှာ မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်တဲ့အတွက် အဲဒီ့လေဖိအားနည်းရပ်ဝန်းနဲ့မုန်တိုင်းငယ် အရှိန်သက်ရောက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ ဆောင်းကာလမိုးရွာတာ၊မိုးသည်းထန်တာတွေဖြစ်ပေါ်နိုင်တယ်’
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးလှထွန်း
#Local_News
Published_ 23 November 2023
#မုန်တိုင်းငယ် #လေဖိအားနည်းရပ်ဝန်း #မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု
#tthl #Yangon_Times
#Local_News
Published 23 November 2023
ယခုနှစ် ဧပြီလ ၁ရက်မှ နိုဝင်ဘာလ ၁၀ ရက်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာသန်း ၃ ဒသမ ၁ ဘီလီယံခန့် ရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏စာရင်းများအရ သိရသည်။
ထိုသို့ကုန်သွယ်ရာတွင် မြန်မာနိုင်ငံဘက်ခြမ်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် အမေရိကန်ဒေါ်လာ သန်း ၂၂၃၁ ဒသမ ၉၆၅ သန်း ပမာဏရှိသည့် ပို့ကုန်များ တင်ပို့ထားရှိပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှ ကန်ဒေါ်လာ ၁၀၂၁ ဒသမ ၇၈၈ သန်း ပမာဏရှိ ကုန်ပစ္စည်းများ ပြန်လည်တင်သွင်းထားကြောင်း သိရသည်။
'ထိုင်းဘက်ကို ဒီဘက်ကလယ်ယာထွက်ကုန်တို့ CMPအထည်တို့ တင်ပို့တာများတယ်၊ ဒီလတွေထဲတော့ ပြောင်းတင်ပို့တဲ့ကာလမဟုတ်တော့ ကုန်သွယ်မှုလျော့ပါတယ်'ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြည်တွင်းမှ CMP၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများသည် အဓိက ပို့ကုန်အမယ်များဖြစ်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်နှင့် စက်အပိုပစ္စည်းများ၊ ဆေးဝါး၊ စက်ရုံသုံးကုန်ကြမ်းပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စားသောက်ကုန်ပစ္စည်း၊ အလှကုန်များနှင့် လျှပ်စစ်ပစ္စည်းများစသည့် ကုန်များအား ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုအနေဖြင့် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပြုလုပ်နေပြီး ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အများဆုံး ကုန်သွယ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူတွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၂၅၃ ဒသမ ၇၅၃ သန်းနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၄၄ ဒသမ ၉၉၃ သန်း ပမာဏခန့် လျော့ကျသွားကြောင်း သိရသည်။
#Local_News #ထိုင်းနယ်စပ်ကုန်သွယ်မှု #ဒေါ်လာ၃ဘီလီယံကျော်ရရှိ #YMG/ NN #Yangon_Times
#Local_News
Published_ 23 November 2023
မူဆယ်ကျင်စန်းကျော့ဂိတ်အနီး ပုဂ္ဂလိကကားဝင်းအတွင်း မီးလောင်နေကြောင်း မူဆယ်ဒေသတွင်းသတင်းများအရ သိရသည်။
ယနေ့နိုဝင်ဘာလ ၂၃ ရက်နံနက် ၉ နာရီမိနစ် ၂၀ ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးလက်ရှိတွင် မီးငြှိမ်းသတ်နေရကြောင်း သိရသည်။
"ကျင်စန်းကျော့ဂိတ်နားမှာ ကားဝင်းကြီးနှစ်ခုရှိတယ်။ အဲဒီထဲက ပုဂ္ဂလိကပိုင် ကားဝင်းဆဲဗင်းဟွာဂျင်ကားဝင်းပေါ့။ ပုဂ္ဂလိကပိုင်တဲ့ ကားဝင်းထဲကိုလက်နက်ကြီးကျတာ။ အဲဒီမှာကတပ်မတော်စစ်ကြောင်းရှိတယ်လေ။ တပ်မတော်စစ်ကြောင်းကိုလာပစ်လို့ ကားတွေကိုထိတယ်လို့သိရတယ်"ဟု မူဆယ်ဒေသခံက ပြောသည်။
မီးလောင်မှုကြောင့် ကား ၁၀စီးကျော် မီးလောင်ခံနေရကြောင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ပရဟိတအဖွဲ့များက ပူးပေါင်းငြှိမ်းသတ်နေရကြောင်း သိရသည်။
အဆိုပါ ကုန်တင်ကားများတွင် ပစ္စည်းများတင်ဆောင်ကာတရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ထားဖြစ်ကြောင်း သိရသည်။
#Local_News #မူဆယ် ကျင်စန်းကျော့ဂိတ် #ကားဝင်းအတွင်းမီးလောင် #Yangon _Times /PP
#Local_News
Published_ 23 November 2023
လိုင်စင်မရှိဘဲ တရားမဝင်ဂြိုဟ်တုဖုန်းအပါအဝင် ဂြိုဟ်တုဆက်သွယ်ရေးသုံးပစ္စည်းများသုံးခြင်းနှင့် ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုပေးနေသူများ၊ သုံးစွဲသူများ၊ လက်ဝယ်ထားရှိသူများကို ဆက်သွယ်ရေးဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင် ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုများကို တရားမဝင်ဆောင်ရွက်လျက်ရှိပြီး သုံးစွဲသူများအနေဖြင့်လည်း တရားမဝင်ရယူသုံးစွဲလျက်ရှိကြောင်း သတင်းအချက်အလက်များအရ သိရသည်ဟု ဆိုသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ(၅)နှင့်လှိုင်းနှုန်းစဉ်ရာဆိုင်နည်းဥပဒေ(၅၂/ဂ)တွင် ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်ဌာနအဖွဲ့အစည်းများသည် ဆက်သွယ်ရေးလုပ်ငန်းတစ်ရပ်ရပ်ကို တည်ထောင်လိုသည့်အခါနှင့် နိုင်ငံတကာဂြိုဟ်တု အော်ပရေတာများသည် အမှန်တကယ်သုံးစွဲသူ (End User) များသို့ဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးလိုသည့်အခါ လုပ်ငန်းလိုင်စင်ရရှိရန် ဦးစီးဌာနသို့လျှောက်ထားရမည်ဖြစ်ကြောင်း၊ ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများ(ဥပမာ-ဂြိုဟ်တုဖုန်း)၊ရေဒါဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းကိရိယာများ၊ရေဒီယိုဆက်သွယ်ရေးပစ္စည်းများ(ဥပမာ-MF/HF/VHF/UHFလှိုင်းနှုန်း သုံးဆက်သွယ်ရေး ပစ္စည်းများ)ကို လက်ဝယ်ထားရှိရန်နှင့် အသုံးပြုရန်အတွက် ဆက်သွယ်ရေးဥပဒေအရ ဆက်သွယ်ရေးပစ္စည်းဆိုင်ရာလိုင်စင်ရှိရန်လိုအပ်သည်ဟုဖော်ပြထားသည်။
သို့ဖြစ်၍ ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများနှင့်တရားမဝင်ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရ ယူခြင်းမရှိဘဲ ဝန်ဆောင်မှုပေးခြင်း၊တပ်ဆင်အသုံးပြုခြင်း၊လက်ဝယ်ထားရှိခြင်းနှင့်အသုံးပြုခြင်းများမပြုလုပ်ရန် တားမြစ်ထားကြောင်းနှင့် တားမြစ်ချက်ကိုဖောက်ဖျက်ပါက ဆက်သွယ်ရေးဥပဒေပုဒ်မ(၆၇)အရ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
#Local_News #လိုင်စင်မရှိဘဲဂြိုဟ်တုဖုန်းသုံးသူ #ဥပဒေအရအရေးမည် #tthl #Yangon_Times
#Local_News
Published_ 23 November 2023
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၏ သွေးစည်းညီညွတ်ရေး အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် စက်ဘီးနည်းပြသင်တန်း (အဆင့်-၂) ကို အင်္ဂလန်နိုင်ငံမှ နည်းပြဆရာဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရပါတယ်။
အဆိုပါသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နည်းပြဆရာ Dr. Chester Alexander Hill နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပါတယ်။
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ဝန်ကြီးက ပြောကြားရာတွင် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး ရေတိုရေရှည် စီမံချက်များ ချမှတ်ပြီး အရှိန်အဟုန်ပြင်းစွာဖြင့် တွန်းအားပေးဆောင်ရွက်လျက် ရှိကြောင်း၊ နည်းပြများ၊ ဒိုင်လူကြီးများနှင့် အားကစားမှ တာဝန်ရှိသူများကို ပြည်တွင်း အားကစားပြိုင်ပွဲများအပြင် နိုင်ငံတကာအားကစား အတွေ့အကြုံများရရှိစေရန်အတွက် ပြည်ပနိုင်ငံများသို သင်တန်းများ စေလွှတ်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်အနေဖြင့် စက်ဘီးအားကစားနည်း ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ပြည်တွင်းစက်ဘီး ပြိုင်ပွဲများ၊ ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတကာ အားကစားပြိုင်ပွဲများနှင့် ပြည်ပဖိတ်ခေါ်ပြိုင်ပွဲများသို့ မြန်မာနိုင်ငံမှ အားကစားသမားများကို စေလွှတ်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားပါတယ်။
ဆက်လက်၍ ကမ္ဘာ့စက်ဘီးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်ခံရသည့် နည်းစနစ် ကျွမ်းကျင်သူ အင်္ဂလန်နိုင်ငံမှ Dr. Chester Alexander Hill က နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါတယ်။
အဆိုပါသင်တန်းကို နိုဝင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရပါတယ်။
#Local_News #စက်ဘီးနည်းပြသင်တန်း #အင်္ဂလန်နိုင်ငံမှနည်းပြဆရာ #ymg_mnn #Yangon_Media_Group
Page 611 of 1642