#World_Politics
Published 05 November 2024
▪️ နိုဝင်ဘာ ၅ ရက်နေ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆန္ဒပေးခြင်းမတိုင်မီ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ခန့်မှန်းချက်များအရ ဦးဆောင်နေကာ အထူးသဖြင့် အဆုံးအဖြတ်ပြည်နယ် ၇ ခုစလုံးမှာ အသာရနေတယ်လို့ AtlasIntel နောက်ဆုံးရစစ်တမ်းမှာ တွေ့ရှိထားပါတယ်။
▪️ ထိုစစ်တမ်းမှာ ဖြေဆိုသူ ၄၉ ရာခိုင်နှုန်းလောက်က လာမယ့် ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ကို မဲပေးမယ်လို့ သိရပါတယ်။
▪️ စစ်တမ်းထဲမှာ ထရမ့်က ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ကာမယ်လာဟားရစ်ကို ၁.၈ ရာခိုင်နှုန်းအသာဖြင့် ဦးဆောင်ထားပါတယ်။
▪️ ဒီစစ်တမ်းကို နိုဝင်ဘာ ပထမဆုံး ၂ ရက်မှာ အမေရိကန်မှ မဲပေးသူ ၂၅၀၀ နီးပါးကို မေးမြန်းခဲ့တာဖြစ်ပြီး အများစုက အမျိုးသမီးတွေ ဖြစ်ပါတယ်။
▪️ အဆုံးအဖြတ်ပြည်နယ်တွေနဲ့ ပတ်သက်လို့ နောက်ထပ်စစ်တမ်းတစ်ခုမှာလည်း ထရမ့်ဟာ အရီဇိုးနား၊ ဂျော်ဂျီယာ၊ မီချီဂန်၊ နေဗာဒါ၊ မြောက်ကယ်ရိုလိုင်းနား၊ ပန်ဆယ်လ်ဗေးနီးယား၊ ဝစ္စကွန်ဆန်တို့ အားလုံးမှာ အနိုင်ရဖို့ အလေးသာနေပါတယ်။
▪️ အရီဇိုးနားမှာ ထရမ့်က ကွာခြားချက်အများဆုံးဖြင့် ၅၁.၉ - ၄၅.၁ ရာခိုင်နှုန်း အသာရနေပြီး နေဗာဒါမှာ ၅၁.၄ - ၄၅.၉ ရာခိုင်နှုန်း၊ မြောက်ကယ်ရိုလိုင်းနားမှာ ၅၀.၄ - ၄၆.၈ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေပါတယ်။
▪️ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေမှာ ပြည်နယ်တွေကို ၃ ပိုင်းခွဲခြားနိုင်ပါတယ်။
▪️ အနီရောင်ပြည်နယ်တွေက ရီပတ်ဘလစ်ကန်တွေ ၁၉၈၀ တည်းက ဆက်တိုက်အနိုင်ရခဲ့ပြီး အပြာရောင်ပြည်နယ်တွေကတော့ ၁၉၉၂ ခုနှစ်တည်းက ဒီမိုကရက်တွေ လွှမ်းမိုးထားပါတယ်။
▪️ ထိုပြည်နယ်အပိုင်း ၂ ပိုင်းက ယေဘုယျအားဖြင့် ရလဒ်တွေကို မှန်းဆလို့ရပါတယ်။
▪️ အဆုံးအဖြတ်ပြည်နယ်တွေကတော့ နှစ်ဖွဲ့ကြား ပြိုင်ဆိုင်မှု အလွန်ပြင်းထန်ကာ အနိုင်ရသွားသူတွေက အလွန်ကျဉ်းမြောင်းတဲ့ ရလဒ်ဖြင့်သာ အနိုင်ရလေ့ရှိပါတယ်။
▪️ အောက်တိုဘာ ၂၉ ရက်နေ့က Reuters/Ipsos စစ်တမ်းကောက်ယူရာမှာတော့ ကာမယ်လာဟားရစ်က ထရမ့်ကို အသာရနေပေမယ့် စက်တင်ဘာနောက်ပိုင်းတည်းက ဦးဆောင်မှု လျော့နည်းလာပါတယ်။
#Source: NDTV
ဗိုလ်တထောင်စေတီမှာကျင်းပမယ့် မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင်ရက်ခတ်ပူဇော်ပွဲမှာရက်ကန်းစင်တော်(၂၄)စင်နဲ့စည်ကားသိုက်မြိုက်စွာ ယှဉ်ပြိုင်ရက်ခတ်ပြီး ရရှိလာတဲ့ မသိုးရွှေကြာသင်္ကန်းတော်ကို မြတ်စွာဘုရားရှင် အဆူဆူအား ရည်မှန်းလျက် လာမယ့်တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာလ(၁၅)ရက်၊ နံနက်ပိုင်းမှာ ဆက်ကပ်လှူဒါန်းပူဇော်ဖို့ရှိပါတယ်။
#Local_News
Published 5 November 2024
#ဗိုလ်တထောင်စေတီ #မသိုးရွှေကြာသင်္ကန်း
#YMG/tthl #Yangon_Times
#Local_News
Published 5 November 2024
▪️ ဘင်္ဂလားပင်လယ်အော်မှ ထူးခြားမိုးလေဝသအခြေအနေများကြောင့်တိုင်းနှင့်ပြည်နယ်၇ခု၌ လေပြင်းတိုက်ပြီး နေရာကွက်၍ မိုးများနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏လူမှုကွန်ယက်၌ ပြောကြားထားသည်။
▪️ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းပင်လယ်ပြင်မှာ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းကစပြီး အထက်အမြင့်လေပွေလှိုင်းမှ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မယ်လို့ အိန္ဒိယမိုးလေဝသဋ္ဌာနမှ ယမန်နေ့ကထုတ်ပြန်ခဲ့ပြီးဖြစ်ရာ နိုဝင်ဘာ ၅ ရက် မနက်ပိုင်း models များ၏ update အချက်အလက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ဆက်စပ်လျှက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းပင်လယ်ပြင် 11.223ºN, 87.122ºE မှာ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ကြောင်း တွေ့ရှိရသည်။
▪️ အဆိုပါကဲ့သို့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းအနောက်ပိုင်းနှင့် ပဲခူးတိုင်းအရှေ့မြောက်ပိုင်း(တောင်ငူမြို့အထက်ပိုင်း စစ်တောင်းမြစ်ဖျားဒေသ)၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း(မန္တလေးမြို့အောက်ဘက်ဒေသများ) တွေမှာ နေရာကွက်ကျား မိုးအသင့်အတင့်မှ မိုးများနိုင်မည်ဖြစ်ကြောင်းတွေ့ရှိရကြောင်း ၎င်းက ဆိုသည်။
▪️ ထို့အပြင် ရခိုင်ကမ်းရိုးတန်းကမ်းနီးကမ်းဝေးပင်လယ်ပြင်မှာ နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ ၂၈ မိုင်မှ ၃၇ မိုင် အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့် ၆ ပေ မှ ၇ ပေအထိရှိကာ လှိုင်းကြီးနိုင်ကြောင်း ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ကမ်းနီးကမ်းဝေးပင်လယ်ပြင်မှာတော့ နိုဝင်ဘာ ၆ ရက်မှ ၈ ရက်အတွင်း လေတိုက်နှုန်း တနာရီ မိုင် ၂၀ မှ မိုင် ၃၀ ကျော်အထိ တိုက်နိုင်ပြီး၊ လှိုင်းအမြင့် ၄ ပေ မှ ၅ ပေခန့်အထိ ရှိနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 5 November 2024
▪️ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နစက ဥက္ကဌက တရုတ်စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံစဉ်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။
▪️ ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံခရီးစဉ်စတင်ခဲ့ပြီး ရောက်ရှိချိန်တွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Hualuxe Hotel ၌တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ တရုတ်နိုင်ငံသားလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးစဉ် အထက်ပါအတိုင်း ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယင်းကမြန်မာနိုင်ငံတွင် အခြေခံအဆောက်အဦများ တည်ဆောက်ရန်၊ ဘိလပ်မြေ လိုအပ်ချက်များစွာရှိနေသည့်အတွက် ဘိလပ်မြေစက်ရုံတည်ထောင်ရန် ဖိတ်ခေါ်ခဲ့ကြောင်းလည်း သိရသည်။
▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီး အစည်းအဝေး gth Greater Mekong Subregion(GMS)၊ Summit (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက် ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေး 10th Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS)Summit နှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး 11th Cambodia-Lao PDR-Myanmar-Vietnam (CLMV) Summit သို့တက်ရောက်ရန် ယနေ့နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)မှ အထူး လေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ထွက်ခွာသွားပြီး တရုတ်နိုင်ငံတွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
▪️ ခရီးစဉ်အတွင်း ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခြင်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ ဆုံဆွေးနွေးခြင်း၊ တရုတ်ပြည် သူ့သမ္မတနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ လေ့လာသွားကြမည်ဖြစ်ကြောင်းနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စု ဝန် ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည်လည်း သက်ဆိုင်ရာကဏ္ဍများ အလိုက် အလုပ်သဘော ဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ် ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။




#Yangon_Times/PP
#World_Science
Published 05 November 2024
▪️ သိပ္ပံပညာရှင်တွေဟာ အခုဆိုရင် မားစ်ဂြိုဟ် (အင်္ဂါဂြိုဟ်)မှာ သစ်ပင်တစ်ပင် စိုက်ပျိုးဖို့ စီစဉ်နေကြပါတယ်။
▪️ အပင်ကြီးထွားဖို့အတွက် အင်္ဂါဂြိုဟ်သို့ ကာဗွန်ဒိုင်အောက်ဆိုဒ်များ သယ်ယူပြီး သစ်ပင်များ ကြီးထွားဖို့ အပူချိန် မြှင့်တင်ပေးဖို့ လိုအပ်တယ်လို့ သုတေသနထဲမှာ တွေ့ရှိထားပါတယ်။
▪️ မားစ်ဂြိုဟ်ပေါ်မှာ သစ်ပင်စိုက်ပျိုးမယ့် အစီအစဉ်ကို ပိုလန်နိုင်ငံ ဝါဆောနည်းပညာတက္ကသိုလ်မှ ပရော်ဖက်ဆာ ရောဘတ်အိုလ်ဇူစကီက ဦးဆောင်ထားပါတယ်။
▪️ ဂြိုဟ်ပေါ်က မျက်နှာပြင် စွမ်းအင်မျှခြေကို လေ့လာခဲ့ကာ အငွေ့ပျံခြင်းနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် စုဖွဲ့မှုတို့ကြား အပူဖလှယ်ခြင်း၊ မျက်နှာပြင်အောက် လေထုလှည့်ပတ်ခြင်းဖြင့် အပူသယ်ယူခြင်း၊ အပူဖလှယ်ခြင်းတို့ကို လေ့လာခဲ့ပါတယ်။
▪️ ဖန်လုံအိမ်သက်ရောက်မှု ထပ်မံတိုးမြှင့်ခြင်းဖြင့် တောင်ပိုင်းဝင်ရိုးစွန်းမှာ အပင်ကြီးထွားရန် သင့်လျော်တဲ့နေရာ ဖြစ်လာမယ်လို့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။
▪️ အိုလ်ဇူစကီနဲ့အဖွဲ့က ၁၉၇၀ ဝန်းကျင်လောက်က အပူချိန်နဲ့ ဖိအားအချက်အလက်များကို အသုံးပြုပြီး အင်္ဂါဂြိုဟ်ပေါ်က ဖြစ်စဉ်အမျိုးမျိုးကို ပုံတူပြုလုပ်ခဲ့ကြပါတယ်။
▪️ ကာဗွန်ဒိုင်အောက်ဆိုဒ် မြင့်မားလာခြင်းနဲ့ ဖန်လုံအိမ်အတုယောင် ပူနွေးခြင်းဖြင့် ဖန်လုံအိမ်သက်ရောက်မှု ဖြစ်ပေါ်လာခြင်းကို လေ့လာခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
▪️ မားစ်ဂြိုဟ်ပေါ်မှာ လေထုအခြေအနေက ယခုထက်ထိ သက်ရှိရှင်သန်ဖို့ မဖြစ်နိုင်သေးဘဲ ဖိအားနည်း ဖန်လုံအိမ်ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
▪️ ပတ်ဝန်းကျင် အခြေအနေ အခြေခံပြောင်းလဲခြင်းက ကာဗွန်ဒိုင်အောက်ဆိုဒ် စက်ဝန်းနဲ့ အရည်ဖြစ်ပေါ်မှုကို ထိန်းချုပ်နေပါတယ်။
▪️ အပူချိန်အနေဖြင့် ဒီဂရီဆယ်ဂဏန်းလောက်ကို မြင့်မားဖို့လိုအပ်နေပြီး သစ်ပင်ကြီးထွားဖို့အတွက် မားစ်ဂြိုဟ်နေ့ရက်ပေါင်း အနည်းဆုံး ၁၁၀ ရက်လောက် စိုက်ပျိုးထားဖို့ လိုအပ်ပါတယ်။
#Source: WION
#Local_News
Published_5 Nov 2024
▪️ တရုတ် ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီး အစည်းအဝေး gth Greater Mekong Subregion(GMS)၊ Summit (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက် ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေး 10th Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS)Summit နှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီး ယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်း အဝေး 11th Cambodia-Lao PDR-Myanmar-Vietnam (CLMV) Summit တို့သို့ တက်ရောက်ရန်ယနေ့နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် အပြည်ပြည် ဆိုင်ရာမြန်မာလေကြောင်း (MAI)မှ အထူး လေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ထွက်ခွာသွားကြောင်း သိရသည်။
▪️ ယင်းခရီးစဉ်တွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ် ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း သိရသည်။
▪️ ခရီးစဉ်အတွင်း ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခြင်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲ့တာ ဝန်ရှိသူများနှင့် တွေ့ ဆုံဆွေးနွေးခြင်း၊ တရုတ်ပြည် သူ့သမ္မတနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ လေ့လာသွားကြမည်ဖြစ်ကြောင်းနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စု ဝန် ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည်လည်း သက်ဆိုင်ရာကဏ္ဍများ အလိုက် အလုပ်သဘော ဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ် ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍ ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့အား ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး နှင့် ကောင်စီဝင်များ၊ ပြည် ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ကာကွယ်ရေးဦး စီးချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရသည်။


#Yangon_Times/PP
#World_Health
Published 05 November 2024
▪️ အသည်းအင်္ဂါဆိုတာက အကြီးဆုံး အတွင်းအင်္ဂါတစ်ခု ဖြစ်သလို အရေးကြီးတာဝန်တွေလည်း လုပ်ဆောင်နေရပါတယ်။
▪️ အမေရိကန်မှာ လူပေါင်းသန်း ၁၀၀ ကျော်လောက် အသည်းရောဂါ တစ်မျိုးမျိုး ဖြစ်နေတယ်လို့ ယူဆရပါတယ်။
▪️ ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက ကိုယ်အလေးချိန်တက်ခြင်းအပြင် ဆီးချို၊ သွေးတိုး၊ အိပ်ရေးပျက်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
▪️ အသည်းရောဂါ လက္ခဏာတွေက အသည်းပြင်းပြင်းထန်ထန် မထိခိုက်ခင်အထိ မပေါ်တတ်တာကြောင့် ဖြစ်တတ်တဲ့ လက္ခဏာများကို ယေးလ်ဆေးတက္ကသိုလ်မှ အသည်းအထူးကု ဒေါက်တာ ဘူဘူဘာနီနီက ပြောသွားပါတယ်။
▪️ (၁) ထိခိုက်သွေးထွက်လွယ်ခြင်း - အသည်းထိခိုက်တဲ့အခါ သွေးခဲပေးတဲ့ ပရိုတိန်းတွေ မထုတ်လုပ်တာကြောင့် သွေးထွက်ထိခိုက်လွယ်ပါတယ်။
▪️ (၂) စိတ်ရှုပ်ထွေးခြင်းနဲ့ ဦးနှောက်ပုံမှန်အလုပ်မလုပ်ခြင်း - အသည်းပျက်စီးတာ ကြာလာရင် ဦးနှောက်ထိုင်းမှိုင်းပြီး မှတ်ဉာဏ်ပိုင်း ချို့ယွင်းလာပါတယ်။
ဒါ့အပြင် စိတ်အပြောင်းအလဲ ဖြစ်လွယ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ငိုက်မျဉ်းခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။
▪️ (၃) အသားဝါ - သွေးနီဥဆဲလ်တွေ ပြိုကွဲတဲ့အခါ အရောင်ရှိတဲ့ ဘီလီရူဘင်တွေကို မဖယ်ရှားနိုင်သဖြင့် မျက်လုံးနဲ့ အရေပြားဝါခြင်း ဖြစ်ပေါ်စေပါတယ်။
▪️ (၄) ဆီးအရောင်မည်းခြင်း - ဘီလီရူဘင်ကြောင့် အသားနဲ့ မျက်လုံးဝါခြင်းအပြင် ဆီးသွားတဲ့အခါ လိမ္မော်ရောင်ရင့်ရင့် ဖြစ်ပေါ်တတ်ပါတယ်။
▪️ (၅) အသည်းခြောက်ဖောရောင်ခြင်း - အသည်းခြောက်ခြင်းကြောင့် ခြေကျင်းဝတ်၊ ခြေထောက်၊ ဝမ်းဗိုက်တို့မှာ ဖောရောင်လာတတ်ပါတယ်။
သွေးစီးဆင်းမှု နည်းစေပြီး အသည်းအတွင်းရှိ သွေးပြန်ကြောမှာ ဖိအားများကာ အရည်များစုပြုံလာပြီး ဖောရောင်စေပါတယ်။
#Source: New York Post
တရုတ်အနောက်တောင်ဘက် ရှီဇန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ဒါထန်ဘာဆူ လေအားလျှပ်စစ် စီမံကိန်းဟာ ကမ္ဘာပေါ်မှာ အမြင့်ပေအများဆုံးမှာရှိတဲ့ လေအားလျှပ်စစ် စီမံကိန်းဖြစ်ပြီး ကြာသပတေးနေ့က ဓာတ်အားအပြည့်အဝဖြင့် တရားဝင်စတင် လည်ပတ်ပြီဖြစ်ပါတယ်။
#Asia_Development
Published 4 November 2024
#ကမ္ဘာ့ပေအမြင့်ဆုံး #လေအားလျှပ်စစ်စက်ရုံ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 4 November 2024
၁။ မြန်မာလှေလှော်အသင်း လက်ရည်စစ်ပွဲများအောင်ပွဲရပြီး "ကမ္ဘာ့အားကစားပြိုင်ပွဲချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲ"သို့ဝင်ခွင့်ရ
၂။ သီရိမင်္ဂလာဈေးသို့ တစ်ရက်လျှင် ကုန်ချိန်သုံးသိန်းကျော် ဝင်ရောက်ပြီး ပြန်လည်ဖြန့်ဖြူးနေ
၃။ အခုအပတ်စားအုန်းဆီဈေးရာဂဏန်းတက်၊ ရန်ကုန်(၄၄)မြို့နယ်သို့ ရည်ညွှန်းဈေးဖြင့်အိမ်တိုင်ရာ ရောက်ပို့ပေးနေ
၄။ ကမ္ဘာ့ပေအမြင့်ဆုံး လေအားလျှပ်စစ်စက်ရုံ တရုတ်နိုင်ငံ ရှီဇန်ဒေသ၌စတင်လည်ပတ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
'စိတ်ဒဏ်ရာရဲ့အခြားတစ်ဖက်' စာအုပ်ရောင်းရငွေအားလုံးကို စိတ်ကျန်းမာရေးပြန့်ပွားစေဖို့အတွက် သင်တန်း Workshop တွေပေးတာနဲ့စိတ်ဒဏ်ရာကုသမှုခံယူနေသူတွေအတွက်အသုံးပြုသွားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 4 November 2024
#စိတ်ဒဏ်ရာရနေသူများ #ထောက်ပံ့မှုကူညီမှု
#YMG/tthl #Yangon_Times
ရည်ညွှန်းဈေးနှုန်းစားအုန်းဆီတစ်ပိဿာကို ၆၅၉၅ကျပ်နဲ့ ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်(၄၄)မြို့နယ်သို့ဖုန်းဆက်မှာယူပါက အိမ်အရောက်ပို့စနစ်နဲ့ ပို့ဆောင်ပေးနေတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ သိရပါတယ်။
#Local_News
Published 4 November 2024
#စားအုန်းဆီဈေး #ဆီလုပ်ငန်းရှင်
#YMG/tthl #Yangon_Times
ကမ္ဘာ့ရွှေဈေးနှင့်ငွေလဲနှုန်းများကျဆင်းနေ၍ ရွှေဈေးပါ ကျရိပ်ရှိနေတယ်လို့ ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 4 November 2024
#ကမ္ဘာ့ရွှေဈေး #ရွှေဈေးကျ
#YMG/NN #Yangon_Times
Page 613 of 2058