#Local_News
Published 8 January 2024

▪️ မြန်မာကျောင်းသူ/သားများ တောင်ကိုရီးယားနိုင်ငံ၌  ပညာသင်ဆုလျှောက်ထားနိုင်ပြီဖြစ်ကြောင်းဆိုးလ်မြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

▪️ ကိုရီးယားသမ္မတနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုတွင် ဘွဲ့ကြို၊ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့ တက်ရောက်ခွင့်ရရှိထားပြီး ကျောင်းလခနှင့် နေထိုင်စရိတ်အခက်အခဲရှိနေသည့်  မြန်မာနိုင်ငံသားကျောင်းသား/ကျောင်းသူများ အနေနဲ့ Global Elim Foundation မှပေးအပ်မည့်  ပညာသင်ဆုကို လျှောက်ထားနိုင်ကြောင်း သိရသည်။

▪️ အဆိုပါပညာသင်ဆုကိုပေးအပ်ရာတွင် ကိုရီးယားဘာသာစကားသင်တန်း တက်ရောက်နေသူများ ပါဝင်မည် မဟုတ်ဘဲသတ်မှတ်ထားသည့်  အရည်အချင်းနှင့် ကိုက်ညီသော မြန်မာနိုင်ငံသား ကျောင်းသား/ကျောင်းသူ ၂ ဦးကိုသာ Global Elim Foundation Scholarship (GEFS) ပညာသင်ဆုကို စိစစ်ရွေးချယ် ပေးအပ်သွားမှာ ဖြစ်‌ကြောင်း သိရသည်။

▪️ လျှောက်ထားလိုသူများအနေဖြင့် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများကို ပြည့်စုံစွာဖြည့်စွက်ပြီး ဇန်နဝါရီလ ၂၃ ရက်၊ ညနေ ၄ နာရီ နောက်ဆုံးထား၍ Myanmar Embassy, Hannam-daero 28-gil 12, Yongsan-gu, Seoul, 044183 သို့ လူကိုယ်တိုင်လာရောက်၍ သော်လည်းကောင်း၊ စာတိုက်မှတစ်ဆင့် သတ်မှတ်ချိန်အမီ အရောက်ပေးပို့၍ သော်လည်းကောင်း၊This email address is being protected from spambots. You need JavaScript enabled to view it. သို့ ပေးပို့၍လည်း လျှောက်ထားနိုင် ကြောင်း သိရသည်။

▪️ ထို့အပြင် သတ်မှတ်ရက်ထက်ကျော်လွန်ပြီးမှ ရောက်ရှိလာသည့် လျှောက်လွှာများကို လက်ခံစဉ်းစားပေးမည်မဟုတ်ကြောင်းလည်း  အသိပေးထားသည်။

#YMG/NN #Yangon_Times