#World_News
Published 10 December 2025
■ ဩစတြေးလျက အသက် ၁၆ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာ အသုံးပြုခွင့်ပိတ်ပင်လိုက်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာကာ TikTok ၊ Alphabet ရဲ့ YouTube ၊ Meta ရဲ့ Instagram နဲ့ Facebook တို့အပါအဝင် ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို သုံးစွဲခွင့် ပိတ်ပင်လိုက်ပါတယ်။
■ အကြီးဆုံးဆိုရှယ်မီဒီယာ ၁၀ ခုအနေနဲ့ အင်္ဂါနေ့ သန်းခေါင်ယံကစပြီး ကလေးတွေကို ပိတ်ပင်ရမှာဖြစ်ကာ မလိုက်နာပါက ဥပဒေသစ်အရ ဩစတြေးလျဒေါ်လာ ၄၉.၅ သန်းအထိ ဒဏ်ကြေးဆောင်ရနိုင်ပါတယ်။
■ ဒီဥပဒေကို နည်းပညာကုမ္ပဏီကြီးတွေနဲ့ လွတ်လပ်စွာပြောဆိုခွင့် ထောက်ခံသူများက ဝေဖန်နေကြပေမယ့် မိဘတွေနဲ့ ကလေးအကျိုးထောက်ခံသူတွေကတော့ သဘောကျနေပါတယ်။
■ ဝန်ကြီးချုပ် အန်သိုနီအယ်ဘေနီက ဒါဟာ မိသားစုတွေအတွက် ဂုဏ်ယူရမယ့်နေ့ဖြစ်ပြီး လွှတ်တော်အမတ်တွေက အွန်လိုင်းဘေးအန္တရာယ်တွေကို ထိန်းချုပ်ပြတဲ့ သက်သေဖြစ်တယ်လို့ ပြောသွားပါတယ်။
■ ဒါဟာ ကြီးမားတဲ့ ခြားနားမှုကြီးဖြစ်ပြီး ကမ္ဘာတဝှမ်းမှာ ဆက်လက်ပျံ့ပွားဖို့ လိုအပ်ကြောင်း ပြောထားပါတယ်။
■ ဗီဒီယိုအမှာစကား ပြောကြားရာမှာ ကလေးတွေအနေနဲ့ အားကစား၊ ဂီတ၊ စာအုပ်ဖတ်ခြင်းတို့ ပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
■ ဒီလိုပိတ်ပင်ခြင်းက လူငယ်တွေကို ကမ္ဘာနဲ့ အဆက်အသွယ် ပြတ်စေမယ်လို့ သတိပေးသူတွေ ရှိပါတယ်။
■ ဒိန်းမတ်၊ နယူးဇီလန်၊ မလေးရှားတို့လို နိုင်ငံအများအပြားက ဩစတြေးလျရဲ့ အနေအထားကို စောင့်ကြည့်ပြီး အတုယူသွားနိုင်ပါတယ်။
Source: Reuters
၁၀ ဒီဇင်ဘာ၊၂၀၂၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမြောက်ပိုင်း အဓိကမိသားစုကြီးလေးစု မှ ထွက်ပြေးတိမ်းရှောင်နေကြသူ လေးဦးအပါအဝင် အွန်လိုင်းလိမ်လည်မှုဂိုဏ်းများမှ ထွက်ပြေးလွတ်မြောက် နေသော ငွေကြေးထောက်ပံ့သူသူဋ္ဌေးကြီးများနှင့် အဓိက ခေါင်းဆောင် (၁၀၀) ဦးတို့ကို အလိုရှိကြောင်း ဒီဇင် ဘာ ၉ရက်က ကြေညာခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မိသားစုကြီး လေးစု ရာဇဝတ်ဂိုဏ်းမှ အဓိက ထွက်ပြေးနေသူများဖြစ်ကြသော ဝူချီဖျင် (Wu Qiping)၊ ဝူချင်း ကျိန့် (Wu Qingzheng)၊ ဖူရှောင်ဘင်း (Fu Xiaobin) နှင့် အုချန်ဟွာ (Ou Changhua) တို့ ဖြစ်ကြ ကြောင်းကြေညာချက်မှာဖော်ပြထားပါတယ်။
စစ်ဆေးတွေ့ရှိချက်များအရ ဝူချီဖျင်၊ ဝူချင်းကျိန့်၊ ဖူရှောင်ဘင်း၊ အုချန်ဟွာ စသည့် ရာဇဝတ်မှု သံသယ ရှိသူ များသည် ပြည်ပအင်အားစုများ၏ အကာအကွယ်ကို ရယူကာ လူအင်အားစုဆောင်း၍ အဖွဲ့များဖွဲ့စည်းခြင်း၊ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသော အွန်လိုင်းလိမ်လည်မှုများကို ရေရှည်ကျူးလွန်ခြင်းတို့ လုပ်ဆောင်ခဲ့ ရာ လိမ်လည်မှုပမာဏမှာ ကြီးမားပြီး ၎င်းတို့၏ လုပ်ရပ်သည်အလွန်ဆိုးရွားကြောင်း အဆိုပါဝန်ကြီးဌာနက ပြောပါတယ်။
အထူးသဖြင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မြန်မာမြောက်ပိုင်းရှိ တရုတ်နိုင်ငံနှင့်ပတ်သက်သော ရာဇဝတ်မှု များကို နှိမ်နင်းရန် အထူးစီမံချက်များ ချမှတ်ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း၊ ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ဖိအား ပေး အရေးယူနေသည့် အခြေအနေအောက်တွင်ပင် အထက်ပါ သံသယရှိသူများသည် လုပ်ရပ်များကို လျှော့ချ ခြင်း၊ ရပ်တန့်ခြင်း မရှိဘဲ ဥပဒေချိုးဖောက်သော ရာဇဝတ်မှုများကို ဆက်လက်၍ အကြီးအကျယ် ကျူးလွန် နေကြဆဲဖြစ်တယ်လို့ တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် ဆက်လက် ရေးသားထားပါတယ်။
အဆိုပါ ထွက်ပြေးနေသူများ၏ ကျူးလွန်မှုအချက်အလက်များမှာ ထင်ရှားပြီး သက်သေအထောက် အထား များလည်း ခိုင်လုံပြည့်စုံသည့်အတွက် ဂျဲ့ကျန်းပြည်နယ် (ဟန်ကျိုး၊ ဝမ်ကျိုး)၊ ဖူကျန့်ပြည်နယ် (ချွမ်ကျိုး၊ လုံယန်)၊ ဟဲနန်ပြည်နယ် (ဖိန်တိရှန်)၊ ကွမ်တုံးပြည်နယ် (ရှန်ကျန့်)၊ ယူနန်ပြည်နယ် (ကူမင်း) နှင့် ချုံချင့် စသည့် ဒေသအသီးသီးမှ ရဲတပ်ဖွဲ့များသည် ထိုသူတို့အား ဆုကြေးငွေထုတ်၍ လူသိရှင်ကြား ဝရမ်းထုတ် အလိုရှိကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ထွက်ပြေးနေသူများအနေဖြင့် လက်ရှိအခြေအနေမှန်ကို အမှန်အတိုင်း ရှုမြင် သုံးသပ်ကြရန်၊ အချိန်မနှောင်းမီ လမ်းမှားမှ ပြန်လှည့်ကြရန်နှင့် မိမိတို့သဘောဆန္ဒအလျောက် လာရောက်အဖမ်းခံ အလင်းဝင်၍ သက်ညှာစွာ စဉ်းစားပေးမှုကို ရယူကြရန်လည်း တရုတ်ရဲတပ်ဖွဲံက တိုက်တွန်းထားပါတယ်။
အလိုရှိတရားခံနှင့်ပတ်သက်တဲ့ ခိုင်လုံသော သတင်းအချက်အလက် ပေးပို့ပြီး အာဏာပိုင်များ ဖမ်းဆီး ရမိ အောင် ကူညီပေးသူ မည်သူ့ကိုမဆို ဒေသဆိုင်ရာ ပြည်သူ့လုံခြုံရေးအဖွဲ့များက ဆုကြေးငွေ ယွမ် ၂ သိန်း (အမေရိကန်ဒေါ်လာ၂၈,၂၅၉ခန့်) ချီးမြှင့်သွားမှာဖြစ်တယ်လို့လည်း ဆင်ဟွာသတင်းတစ်ပုဒ်တွင် ဖော်ပြထားပါတယ်။
Ymg/knl







#World_Health
Published 10 December 2025
■ လူသားတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ဒုက္ခပေးနေတဲ့ အဆင့်ဆင့်ထုတ်လုပ်စားစရာတွေအကြောင်း ကမ္ဘာလုံးဆိုင်ရာ တင်ပြချက်ကြီးတစ်ခုမှာ ယခုသီတင်းပတ်အတွင်း ဖော်ပြထားပါတယ်။
■ အမေရိကန်၊ ယူကေ၊ ဩစတြေးလျမှ လူတွေအတွက်တော့ ဒီစားစရာတွေဆီကနေ နေ့စဉ်ရရှိတဲ့ ကယ်လိုရီတဝက်ကျော်လောက် ရှိနေပါတယ်။
■ ဒါပေမဲ့ ဘယ်လိုအစားအစာတွေက အဆင့်ဆင့်ထုတ်လုပ်စားစရာထဲ ပါဝင်လဲဆိုတာ ပြောဖို့သိပ်မလွယ်ပါဘူး။
■ ဆာပေါ်လိုတက္ကသိုလ်မှ သုတေသီတွေက ၂၀၀၉ ခုနှစ်မှာ Nova food အစားအစာခွဲခြမ်းခြင်းစနစ်ဖြင့် ၄ အုပ်စုပိုင်းခြားခဲ့ပါတယ်။
■ အုပ်စု(၁) - သစ်သီးများ၊ ဟင်းရွက်များ၊ နို့၊ အုတ်ဂျုံ၊ ထမင်း
■ အုပ်စု(၂) - ဆား၊ သကြား၊ ဟင်းရွက်ဆီတို့လို အခြေခံအဆင့်ဆင့်ထုတ်လုပ်ပစ္စည်းများ
■ အုပ်စု(၃) - အုပ်စု(၁)နဲ့ အုပ်စု(၂)မှ ပစ္စည်းများထည့်သွင်းကာ အဆင့်ဆင့်ထုတ်လုပ်တဲ့ စည်သွပ်ဗူးများ၊ ပေါင်မုန့်၊ ချိစ်
■ အုပ်စု(၄) - စားစရာများမှ ထုတ်ယူထားပြီး ဓာတုပစ္စည်း၊ အနံ့အရသာများ ထည့်သွင်းထားတဲ့ အဆင့်ဆင့်ထုတ်လုပ် ရောင်းကုန်ပစ္စည်းများ။
■ ဘယ်အုပ်စုပဲဖြစ်ဖြစ် အာဟာရမမျှတစွာ စားသုံးတဲ့အခါ ကျန်းမာရေးအန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ်။
■ အုပ်စု(၄)ထဲက စားစရာတွေဟာ တကယ့်စားစရာတွေမဟုတ်ဘဲ စက်မှုထုတ်ကုန်ပစ္စည်းများဖြင့် ပြုလုပ်ထားတာကြောင့် ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေများစေပါတယ်။
■ ဒီလိုစားစရာမျိုးကို ရှာဖွေဖို့ခက်ခဲနေသူများအတွက် အာလူးကြော်ထုပ်၊ အသားတု၊ ပါစတာ၊ ဆား သကြားပါဝင်သောအရာများဟာ အဆင့်ဆင့်ထုပ်ပိုးထုတ်လုပ် စားစရာများဖြစ်ပါတယ်။
Source: The Guardian
#World_Health
Published 10 December 2025
■ လက်ကိုင်ဖုန်း၊ တီဗီ၊ ဗီဒီယိုဂိမ်းတွေကို အချိန်ကြာမြင့်စွာ အသုံးပြုတဲ့ ကလေးတွေမှာ အရွယ်ရောက်လာတဲ့အခါ အာရုံစူးစိုက်မှုပြဿနာများ ဖြစ်နိုင်ခြေများစေနိုင်တယ်လို့ လေ့လာချက်ကြီးတစ်ခုမှာ တွေ့ရှိထားပါတယ်။
■ အဆိုပါစက်ပစ္စည်းများ ကြည့်ရှုချိန်ကြာရှည်ခြင်းနဲ့ ဂနာမငြိမ် အာရုံစူးစိုက်မှုအားနည်းခြင်း(ADHD) လက္ခဏာများ ပိုမိုဆိုးရွားတာနဲ့ ဆက်စပ်နေကြောင်း ဖော်ပြလာပါတယ်။
■ ဂျပန်သုတေသီများကလည်း စက်ပစ္စည်းကြည့်ရှုချိန်များခြင်းနဲ့ ဦးနှောက်မူမမှန်ခြင်းအကြောင်း တွေ့ရှိထားပါတယ်။
■ လေ့လာချက်တွေထဲမှာ အသက် ၉-၁၀ နှစ်အရွယ်တွေမှာ ကြည့်ရှုချိန်များခြင်းက နောက် ၂ နှစ်အကြာမှာ ADHD လက္ခဏာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။
■ ဦးနှောက်အပြင်ဘက်အလွှာဖြစ်တဲ့ စဉ်းစားတွေးခေါ်မှုနဲ့ အာရုံစူးစိုက်မှုတို့ သက်ဆိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းငယ်က ADHD လက္ခဏာဆိုးရွားခြင်းနဲ့ ဆက်စပ်နေပါတယ်။
■ ဒါ့အပြင် ဘာသာစကားသင်ယူခြင်း၊ စွဲလမ်းခြင်း၊ ချင့်ချိန်ဆုံးဖြတ်ခြင်းတို့နဲ့ ဆက်စပ်တဲ့ အစိတ်အပိုင်းမှာလည်း သေးငယ်သွားပါတယ်။
■ အရေးကြီးဦးနှောက်အသိဉာဏ် လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးတဲ့ အခြားအစိတ်အပိုင်း ၃ ခုမှာလည်း သေးငယ်သွားတာ တွေ့ရပါတယ်။
■ ဒီဂျစ်တယ်ပစ္စည်းတွေ အကြည့်များခြင်းကြောင့် အိပ်ရေးပျက်ခြင်း၊ လှုပ်ရှားမှုနည်းပါးခြင်း၊ ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ စိတ်ကျန်းမာရေးအပေါ် ဆိုးရွားမှုများသက်ရောက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
■ ဒီလေ့လာချက်က ABCD စီမံကိန်းအချက်အလက်တွေကို အသုံးပြုကာ ကလေးပေါင်း ၁၂,၀၀၀ ရဲ့ ကြည့်ရှုချိန်နဲ့ ADHD လက္ခဏာများကို ဦးစားပေးလေ့လာခဲ့တာ ဖြစ်ပါတယ်။
■ ဒီဂျစ်တယ်ပစ္စည်းကြည့်ရှုချိန်၊ ဦးနှောက်ဖွဲ့စည်းပုံနဲ့ အာရုံစူးစိုက်မှုပြဿနာတို့ကြား ဆက်စပ်မှုတွေအကြောင်း နောက်ထပ်လေ့လာမှုများ ပြုလုပ်ရန် လိုအပ်နေပါပြီ။
Source: USRTK
လာမယ့် ၃ လအတွင်း အားနည်းလာနီညာရာသီဥတုက ကမ္ဘာ့မိုးလေဝသနဲ့ ရာသီဥတုပုံစံများကို သက်ရောက်နိုင်ခြေ ၅၅ ရာခိုင်နှုန်းရှိတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း (WMO)က ကြာသပတေးနေ့မှာ နောက်ဆုံးဖော်ပြထားပါတယ်။
#World_Science
Published 09 December 2025
#လာနီညာရာသီဥတု #ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း
#YMG #Yangon_Times #Yangon_Media_Group
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနဲ့ပြည်တွင်းရင်းနှီးမြှုပ်နှံမှု(၁၄)ခုကို ဒီဇင်ဘာ (၈)ရက်ကကျင်းပတဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးမှာ ခွင့်ပြုပေးခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 09 December 2025
#မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် #နိုင်ငံခြား
#YMG/NN #Yangon_Times
ဒေသခံတောင်သူများ စိုက်ပျိုးရေဖူလုံစွာရရှိစေရေးအတွက် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ပဌနဂိုရ်ကျေးရွာအနီးမှာ ပဌနဂိုရ်ဆိုလာရေတင်စီမံကိန်းအသစ်တည်ဆောက်သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 09 December 2025
#မကွေးတိုင်းဒေသကြီး #ပဌနဂိုရ်ဆိုလာရေတင်
#YMG/SW #Yangon_Times
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်ကနေ ထွက်ရှိတဲ့ပင်လယ်ငါးခြောက်မျိုးစုံကို ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းမှာ ပိဿာချိန် ၁၅,၀၀၀ ကျော်အထိ ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ ငါးခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံတွေက သိရပါတယ်။
#Local_News
Published 09 December 2025
#ရန်ကုန် #ပင်လယ်ငါးခြောက်
#YMG/NN #Yangon_Times
#Daily_News
Published 09 December 2025
၁။ ရန်ကုန်သို့ ငါးခြောက်မျိုးစုံပိုမိုတင်ပို့
၂။ မကွေးတိုင်းဒေသကြီးအတွင်း ဆိုလာရေတင်စီမံကိန်း ဆောင်ရွက်မည်
၃။ နိုင်ငံခြားနှင့်ပြည်တွင်းရင်းနှီးမြှုပ်နှံမှု(၁၄)ခုခွင့်ပြု
၄။ ကမ္ဘာ့ရာသီဥတုကိုသက်ရောက်နိုင်မည့် အားနည်းလာနီညာရာသီဥတုဖြစ်စဉ်ဖြစ်ပေါ်ရန်(၅၅)ရာခိုင်နှုန်းသေချာ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီးအတွင်း စားအုန်းဆီကို အိမ်အရောက်စနစ်ဖြင့်သာမက အပလီကေးရှင်းမှတဆင့် ဝယ်ယူနိုင်ဖို့ကိုလည်း ဆောင်ရွက်လျှက်ရှိတယ်လို မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 09 December 2025
#စားအုန်းဆီ #မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်
#YMG/SW #Yangon_Times
ဒေသခံတောင်သူများ စိုက်ပျိုးရေဖူလုံစွာရရှိစေရေးအတွက် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ပဌနဂိုရ်ကျေးရွာအနီးမှာ ပဌနဂိုရ်ဆိုလာရေတင်စီမံကိန်းအသစ်တည်ဆောက်သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 09 December 2025
#မကွေးတိုင်းဒေသကြီး #ပဌနဂိုရ်ဆိုလာရေတင်
#YMG/SW #Yangon_Times
#Local_News
Published 9 December 2025
▪️ နိုဝင်ဘာလအတွက် မိသားစုလွှဲပို့ငွေ လချုပ်စာရင်းပေးပို့ရန် ကျန်ရှိသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီပေါင်း ၆၄ ခုရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ Safe Migration က အသိပေးထုတ်ပြန်ထားသည်။
▪️ Safe Migration က ပြည်ပရောက် မြန်မာလုပ်သားများ၏ မိသားစုလွှဲပို့ငွေ လချုပ်စာရင်းပေးပို့ရန် ကျန်ရှိသည့် အေဂျင်စီ ၆၄ ခု၏ အမည်စာရင်းများကို ထုတ်ပြန်ကြေညာထားပြီး အဆိုပါ အေဂျင်စီများအနေဖြင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွက် မိသားစုလွှဲပို့ငွေ လချုပ်စာရင်းများကို ဒီဇင်ဘာ ၁၀ ရက်နေ့အရောက်
▪️ ထို့အပြင်လချုပ်စာရင်းအား အချိန်မီပေးပို့ခြင်းမရှိသော အေဂျင်စီများကို ဒဏ်ကြေးကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
Page 212 of 2055