Published 6 May 2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ညောင်ပင်စောက်ကျေးရွာတွင် အမှိုက်ပုံ မီးလောင်မှုဖြစ်ပွားကြောင်း
မီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းများထံက သိရသည်။
မေလ၆ရက်မနက်၃နာရီ၃၅မိနစ်က စ တင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့များအနေဖြင့် ၇နာရီကျော်ကြာ မီးငြှိမ်းသတ်ပေးခဲ့ရကြောင်း သိရသည်။
""မနက် ၃နာရီခွဲ ကတည်းက လောင်တာ ၁၁နာရီ အထိ မီးထိန်း ပဲ ထိန်းနိုင်သေးတယ် မငြှိမ်းသေးလို့ မီးကျွင်း မီးကျန်တွေ ဆက်ငြှိမ်းနေရတယ်""ဟု လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးကပြောသည်။
အဆိုပါ မီးလောင် မှု ကြောင့် အမှိုက် ပုံ နားရှိ နေအိမ် အချို့လဲ မီးလောင်သွားခဲ့ကြောင်း သိရသည်။
အမှိုက်ပုံ မီးလောင်မှု ကို အမရပူရမြို့နယ် မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ဖျောက်ဆိတ်ကုန်းအရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ မြစ်ငယ်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ပြည်ကြီးတံခွန်မြို့နယ် လောကပါလ အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ယာတော်အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သင်ပန်းကုန်းအရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများ က ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
Photo-Than Htay- FB
#Local_News/LW
#Published 06 May 2024
#Yangon_Media_Group #YMG #Yangon_Times
Published_ 06 May 2024
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာတံတားအဆင်းတွင် ယာဉ်(၁)စီးမီးလောင်မှု ယနေ့တွင်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
မှ သိရသည်။
ဖြစ်စဉ် မေလ ၆ ရက်နေ့၊ မနက်၁၀ နာရီ ၄၈ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်၊ ရွှေပြည်သာတံတားအဆင်းတွင် ယာဉ်(၁)စီးမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ဒညင်းကုန်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၁၀နာရီ ၅၈ မိနစ်အချိန် ၌မီးငြိမ်းခဲ့ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published 06 May 2024
#Yangon_Media_Group #YMG #Yangon_Times
6 May 2024
ဆော်ဒီအာရေဗျနိုင်ငံ၊ရီရတ်ဒ်မြို့တွင် အခက်အခဲများစွာနှင့်ရင်ဆိုင်နေရသည့် မြန်မာအမျိုးသမီး မခင်မျိုးမျိုးဦးကိုမြန်မာသံရုံးမှကူညီပြီး မြန်မာပြည်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံးအနေဖြင့် ရီရတ်ဒ်မြို့ရှိ အာဏာပိုင်များနှင့် ညှိနှိုင်း၍ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ ဆော်ဒီအာရေဗျနိုင်ငံမှ ဒေသစံတော်ချိန် နံနက် ၃ နာရီ ၅၅ မိနစ်တွင် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒူဘိုင်းမှတစ်ဆင့် ဆက်လက်ထွက်ခွာလာရာ ရန်ကုန်မြို့သို့ ည ၁၀ နာရီတွင် ရောက်ရှိခဲ့ပြီး ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မိဘဆွေမျိုးများက လှိုက်လှဲဝမ်းသာစွာဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့ကြသည်ဟုဆိုသည်။
ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရမှု နှင့်စပ်လျဉ်း၍ မခင်မျိုးမျိုးဦးက “ကျွန်မက ဒလမြို့နယ်ကပါ။ မြန်မာအေးဂျင့်နဲ့ ဆက်သွယ်ပြီး ဒူဘိုင်းကို ရောက်သွားတယ်။ ဒူဘိုင်းမှာ ရက် ၂၀ လောက်နေပြီး ဆော်ဒီအာရေဗျမှာ အလုပ်ရှိတယ်ဆိုပြီး ရောက်သွားတာပါ။ အလုပ်ရှင်ရဲ့ အိမ်မှာ တစ်နေ့ ကို ၅ နာရီနီးပါးပဲ အိပ်ပြီး အလုပ်လုပ်ရတယ်။ အခက်အခဲဆုံးအခြေအနေတွေကို ကျော်ဖြတ်ခဲ့ရတယ်။ ဓာတ်လိုက်ပြီးလဲကျသွားတယ်။ လက်ကိုကွေးလို့မရတော့ဘူး၊ မြန်မာသံရုံးက ကုသပေးလို့ ကောင်းသွားတာပါ။ လုပ်ခလစာတော့ပေးတယ်။ အခက်အခဲကြုံရချိန်မှာ မြန်မာသံရုံးမှာ မြန်မာတစ်ဦးတော့ ရှိမှာပဲဆိုပြီး အားကိုးတဲ့စိတ်နဲ့ အရောက်သွားခဲ့ပါတယ်။ ဟိုရောက်တော့ သံမှူးကြီးက ထွက်ခေါ်တော့ အတိုင်းမသိဝမ်းသာ ဝမ်းနည်းဖြစ်ခဲ့တယ်။ အစစအရာရာ အားလုံးကို သံရုံးက မိဘသဖွယ်ကူညီတဲ့အတွက် ဘယ်လိုကျေးဇူးဆပ်ရမှန်း မသိပါဘူး” ဟု ကြုံခဲ့ရမှုတို့ကို ပြောကြားကြောင်း နိုင်ငံပိုင်သတင်းစာ၌ဖော်ပြထားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် နိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက မည်သို့သောအခြေအနေ ကြုံတွေ့ရသည့်တိုင် နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထား၍ မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများချိတ်ဆက်၍ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံး၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။
Yangon_Times/tthl
#Local_News
#Published 06 May 2024
#Yangon_Media_Group #YMG #Yangon_Times
Published 06 May 2024
အစ္စရေးလ်အစိုးရက မြို့တော်ဂျေရုဆလမ်မှာရှိတဲ့ ကာတာနိုင်ငံပိုင် အယ်လ်ဂျာဇီရာ တီဗီရုပ်သံဌာန လုပ်ငန်းလည်ပတ်မှုများကို ရုပ်သိမ်းရန် တနင်္ဂနွေနေ့က ဆုံးဖြတ်ခဲ့ပြီးနောက် အစ္စရေးလ်အာဏာပိုင်များဟာ အယ်လ်ဂျာဇီရာရုံးဌာနအဖြစ် အသုံးပြုနေတဲ့ ဂျေရုဆလမ်ဟိုတယ်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ကြောင်း အစ္စရေးလ်အရာရှိတစ်ဦးနဲ့ အယ်လ်ဂျာဇီရာ သတင်းရင်းမြစ်တစ်ဦးတို့က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အွန်လိုင်းမှာပျံ့နှံ့နေတဲ့ ဗီဒီယိုထဲမှာ အရာရှိတွေက ဟိုတယ်အခန်းထဲက ကင်မရာပစ္စည်းတွေကို ဖြုတ်ပစ်နေကြပါတယ်။
အယ်လ်ဂျာဇီရာ ရုပ်သံဌာနဟာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတယ်ဆိုပြီး ဂါဇာစစ်ပွဲ ဆက်လက်ဆင်နွှဲနေသ၍ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူရဲ့ ဝန်ကြီးများအဖွဲ့က အဆိုပါရုပ်သံဌာနကို ပိတ်သိမ်းထားမှာ ဖြစ်ပါတယ်။
ထိုကဲ့သို့ ဝင်ရောက်စီးနင်းတာဟာ ရာဇဝတ်လုပ်ရပ်တစ်ခုဖြစ်ပြီး အစ္စရေးလ်လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ စွပ်စွဲတာဟာ လိမ်ညာမှုတစ်ခုသာဖြစ်ကာ သတင်းထောက်တွေ ဘေးအန္တရာယ် ရှိစေတယ်လို့ အယ်လ်ဂျာဇီရာက ပြောကြားလိုက်ကာ တရားရေးဆုံးဖြတ်ချက် အဆင့်ဆင့် ခံယူခွင့်ရှိတယ်လို့ ဆိုလိုက်ပါတယ်။
အစ္စရေးလ် ဆက်သွယ်ရေးဝန်ကြီးများက ချက်ချင်းရုပ်သိမ်းရန် ဆုံးဖြတ်ချက်ကို လက်မှတ်ထိုးခဲ့ပေမယ့် အယ်လ်ဂျာဇီရာအနေနဲ့ တရားရုံးမှာ ခုခံပိုင်ခွင့်ရှိနေသေးတယ်လို့ လွှတ်တော်အမတ်တစ်ဦးက ပြောပြပါတယ်။
ရုပ်သံဌာနကို ရုပ်သိမ်းရာမှာ အစ္စရေးလ်ရှိ အယ်လ်ဂျာဇီရာရုံးများကို ပိတ်သိမ်းခြင်း၊ ရုပ်သံလွှင့် ပစ္စည်းကိရိယာများ သိမ်းယူခြင်း၊ ကေဘယ်နဲ့ ဂြိုဟ်တုကုမ္ပဏီများထံမှ သတင်းချန်နယ်အား ဖြတ်တောက်ခြင်း၊ ဝက်ဘ်ဆိုက်များ ပိတ်ပင်ခြင်းများ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
အစ္စရေးလ်တို့က အယ်လ်ဂျာဇီရာကို ဖျက်သိမ်းဖို့ စနစ်ကျကျ တိုက်ခိုက်မှုများ ပြုလုပ်နေတယ်လို့ အဆိုပါရုပ်သံဌာနက ပြီးခဲ့တဲ့လက ဖော်ပြခဲ့ပါတယ်။
အစ္စရေးလ်တို့က အယ်လ်ဂျာဇီရာမှ သတင်းထောက်များကို ပစ်မှတ်ထားကာ ဂါဇာပဋိပက္ခအတွင်း ရည်ရွယ်ချက်ရှိရှိ သတ်ပစ်ခဲ့တယ်လို့ ဆိုလိုက်ကာ ဒါကိုအစ္စရေးလ်ဘက်မှ ငြင်းဆိုထားပါတယ်။
ကာတာက ၁၉၉၆ ခုနှစ်မှာ အယ်လ်ဂျာဇီရာကို စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာပုံရိပ်ကို မြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဌာနကလည်း ရုပ်သံဌာန ရုပ်သိမ်းရခြင်းကို ဝေဖန်လိုက်ပါတယ်။
ဟားမတ်စ်နိုင်ငံရေး ခေါင်းဆောင်အများအပြား ရှိနေတဲ့ ကာတာနိုင်ငံဟာ ဂါဇာစစ်ပွဲ အပစ်အခတ် ရပ်စဲရေးနဲ့ ဓားစာခံလွှတ်ပေးရေးတို့မှာ ကြားဝင်စေ့စပ်ရန် ကြိုးပမ်းနေပါတယ်။
Source: Reuters.
#World_News
#Published 06 May 2024
#Yangon_Media_Group #YMG #Yangon_Times
၆ မေ ၂၀၂၄
ထိုင်းနိုင်ငံ ဖူးကက်ရှိ ကလင်းကမ်းခြေမှာ ရေမကူးရလို့ အန္တရာယ်သတိပေးထားတဲ့ နေရာမှာ ရေဆင်းကူးမိတဲ့ မြန်မာ လူငယ်တစ်ဦး မေလ ၅ ရက် တနင်္ဂနွေနေ့က ရေနစ်သေဆုံးသွားခဲ့ရပါတယ်။
အသက် ၂၀ အရွယ်ရှိ မြန်မာလူငယ် နေမျိုးဇော်ဟာ ရေမကူးရ အနီရောင်အလံစိုက်ထားတဲ့ ကမ်းခြေနေရာမှာ သူ့သူငယ်ချင်းတွေနှင့်အတူ ရေကူးခဲ့ရင်း ရေနစ်သေဆုံးသွားတာဖြစ်တယ်လို့ ထိုင်းမီဒီယာများက သတင်းဖော်ပြကြပါတယ်။
မေလ ၅ ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်း ၁၂နာရီ ၂၃ မိနစ်မှာ ဒေသအာဏာပိုင်တွေထံ အဆိုပါကိစ္စ အကြောင်းကြားချက် လက်ခံရရှိခဲ့ပါတယ်။
နေမျိုးဇော်ဟာ သူငယ်ချင်း (၃)ဦးနှင့်အတူ ကမ်းခြေကို အပန်းဖြေဖို့ရည်ရွယ်ရောက်ရှိလာခဲ့ကြပါတယ်။ သူတို့ဟာ ဂစ်တာတွေတီးပြီး အရက်သေစာသောက်စားခဲ့ကြပါတယ်။ ဒါပေမယ့် နေမျိုးဇော်နှင့် နောက်သူငယ်ချင်းတစ်ယောက်တို့ဟာ အန္တရာယ်အနီရောင်သတိပေးချက်ကို လျစ်လျူရှုပြီး ရေဆင်းကူးဖို့ ဆုံးဖြတ်ပြီးနောက် သူတို့ရဲ့ပျော်ရွှင်ဖွယ်ရာနေ့ကလေးဟာ ကြေကွဲစရာအဖြစ်ပြောင်းလဲသွားရပါတော့တယ်။
သူတို့နှစ်ဦးဟာ ရေထဲဆင်းလိုက်တာနှင့် ရေစီးက သူတို့ကိုဆွဲဆုတ်လိုက်ပြီး ပင်လယ်ထဲ ဆွဲချသွားတာကို သိလိုက်ကြရပါတယ်။ ပါတောင်သက်စောင့်အဖွဲ့တွေဟာ သိသိချင်းကယ်တင်ဖို့ကြိုးစားကြပါတယ်။ စပိဘုတ်ခ်ကိုမောင်းပြီး ရေနစ်နေသူတွေထံကယ်ဖို့ကြိုးစားကြပါတယ်။ တစ်ပြိုင်နက်တည်းလိုပဲ ကူဆိုဟမ်ဖောင်ဒေးရှင်းက ကယ်ဆယ်ရေးလုပ်သားတွေကလည်း အတူဝိုင်းပြီးကယ်ဆယ်ရေးမှာ ကူညီကြပါတယ်။
သူတို့ကြိုးစားပြီးကယ်ခဲ့ပေမယ့် ရေနစ်နေသူနှစ်ဦးထဲက တစ်ဦးကိုပဲ ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ဟာ ပျောက်ဆုံးနေတဲ့ နေမျိုးဇော်ကိုဆက်လက်ရှာဖွေခဲ့ကြပါတယ်။ မိနစ် ၂၀ လောက်အကြာမှာတော့ နေမျိုးဇော်ရဲ့ အသက်မဲ့ ခန္ဓာကိုယ်ကို သူတို့ပြန်ရှာတွေ့ခဲ့ကြတယ်လို့ သတင်းများကရေးပါတယ်။
@ymg/knl
Published 06 May 2024
အဆီပါသောငါးတွေဟာ လိုအပ်တဲ့ ဖက်တီးအအက်ဆစ်များ ကြွယ်ဝစွာပါဝင်ပြီး အထူးသဖြင့် အိုမီဂါ-၃ ဖက်တီးအက်ဆစ်များ ပါဝင်ပါတယ်။
ထိုငါးတွေရဲ့အဆီက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေဖြစ်ပြီး ဆော်လ်မွန်၊ ငါးကွမ်းရှပ်၊ ငါးသေတ္တာ၊ ထရောက်ငါးတို့မှာ ပါဝင်ပါတယ်။
ထိုကဲ့သို့ငါးတွေ စားသုံးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့..
(၁) နှလုံးကျန်းမာရေး
မကောင်းတဲ့ ထရိုင်ဂလစ်ဆရိုက်တွေကို လျှော့ချပေးတာကြောင့် နှလုံးရောဂါများ ဖြစ်နိုင်ခြေကို လျော့နည်းစေပြီး နှလုံးသွေးကြော လုပ်ဆောင်ချက်များကို တိုးတက်စေပါတယ်။
(၂) ဦးနှောက်လုပ်ဆောင်ချက်
အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေက ဦးနှောက်ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ကာ မှတ်ဉာဏ်ပိုင်း၊ အာရုံစူးစိုက်မှုအပိုင်းတို့ကို မြှင့်တင်ပေးပါတယ်။
(၃) မျက်လုံးကျန်းမာရေး
အသက်အရွယ်ကြောင့် မျက်စိအားနည်းလာခြင်း၊ မျက်လုံးခြောက်သွေ့ခြင်းတို့ကို ကာကွယ်ပေးကာ အမြင်အာရုံကို အကောင်းမွန်ဆုံး ထောက်ပံ့ပေးပါတယ်။
(၄) အဆစ်အမြစ်ကျန်းမာရေး
အဆစ်အမြစ်များ နာကျင်ခြင်း၊ တောင့်တင်းခြင်းတို့ကို သက်သာစေပြီး ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။
(၅) အရေပြားကျန်းမာရေး
အရေပြားအကာအကွယ် လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးကာ ရေဓာတ်ထိန်းသိမ်းပေးပြီး အရေပြားပြဿနာများ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
(၆) စိတ်အခြေအနေတိုးတက်စေခြင်း
စိတ်ကျန်းမာရေးကို ထိန်းသိမ်းပေးကာ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ကို လျော့ကျစေပါတယ်။
(၇) ကင်ဆာဖြစ်နိုင်ခြေနည်းပါးခြင်း
အချို့သောကင်ဆာတွေ ဖြစ်နိုင်ခြေနည်းစေပြီး ရောင်ရမ်းခြင်းကို ဆန့်ကျင်တဲ့ဂုဏ်သတ္တိကြောင့် ကင်ဆာဆဲလ်များ ကြီးထွားပျံ့နှံ့ခြင်းကို တားဆီးပေးပါတယ်။
(၈) သွေးပေါင်ချိန်ကျစေခြင်း
သွေးပေါင်ချိန် လျော့နည်းစေတာကြောင့် သွေးတိုးခြင်းနဲ့ နှလုံးသွေးကြောရောဂါ ဖြစ်ခြင်းတို့ကို ကာကွယ်ပေးပြီး သွေးစီးဆင်းမှု ကောင်းမွန်စေပါတယ်။
(၉) ကိုယ်ခံအားစနစ်မြှင့်တင်ပေးခြင်း
ရောဂါခုခံအားဆဲလ်များရဲ့ လုပ်ဆောင်ချက်ကို မြှင့်တင်ပေးကာ ရောဂါကူးစက်မှုများကို ကာကွယ်ပေးပါတယ်။
(၁၀) သက်ရှည်ကျန်းမာစေခြင်း
နှလုံးကျန်းမာရေး၊ ဦးနှောက်လုပ်ဆောင်ချက်တို့ ကောင်းမွန်စေတာကြောင့် အနာရောဂါများမှ ကင်းဝေးကာ အရွယ်မတိုင်ခင် အသက်ဆုံးပါးနိုင်ခြေ လျော့နည်းစေပါတယ်။
Source: DoctorNDTV.
#World_Health
#Yangon_Media_Group #YMG #Yangon_Times
၅ မေ ၂၀၂၄
ထိုင်းနိုင်ငံ ဆူရတ်သနီပြည်နယ်မှ အိမ်ဖော်အမျိုးသမီးကြီးတစ်ဦးဟာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားသည့် အိမ်ရှင် ပြင်သစ်အမျိုးသမီးတစ်ဦးက ပေးခဲ့တဲ့ ဒေါ်လာသန်းချီရှိအမွေတွေရရှိခဲ့တယ်လို့ ထိုင်းမီဒီယာ တွေက သတင်းဖော်ပြကြပါတယ်။
မဒမ်ကက်သရင်းလို့ သိထားကြတဲ့ အသက် ၅၉နှစ်အရွယ် ပြင်သစ်လုပ်ငန်းရှင်အမျိုးသမီးသည် ဆူရတ်သနီပြည်နယ်၊ခို ဆာမွီမြို့ရှိ တန်ဖိုးကြီးလှတဲ့ စံအိမ်တော်ကြီးတစ်ခုမှာ နေထိုင်ရင်း ကိုယ့်ကို ကိုယ် သေနတ်နှင့်ပစ်ပြီးအဆုံးစီရင်သွားခဲ့တာဖြစ်ပါတယ်။သူမဟာ ကွယ်လွန်သွားပြီးနောက် ဘတ်ငွေ သန်း၁၀၀ (အမေရိကန်ဒေါ်လာ ၂.၇သန်းခန့်)နှင့် ကြောင်သုံးကောင်ကျန်ရစ်ပြီး သူမရဲ့ အိမ်ဖော် အမျိုးသမီးကြီး ပါတင်ကို သူမရဲ့သေတမ်းစာထဲမှာ ကြိုရေးထားပြီး အဲဒါတွေ အမွေပေးခဲ့တာလို့ သိရပါ တယ်။
အန်တီတင်(ပါတင်)ဟာ ဆာခွန်နက်ခွန်ပြည်နယ် ဝါနွန်နီဝပ်စ် ခရိုင်က ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးက မဒမ်ကက်သရင်းရဲ့ ကြေကွဲဖွယ်အဖြစ်ဆိုးကို သူမသိရပြီးနောက် အတော်ပင်ဝမ်းနည်း တုပ်လှုပ်သွားတယ်လို့ မျက်ရည်တွေဖြိုင်ဖြိုင်ကျရင်း မီဒီယာကိုပြောပါတယ်။
မဒမ်ကက်သရင်းကို သိတာ ၁၇နှစ်ကျော်ပြီလို့ အိမ်ဖော်အမျိုးသမီးကြီး အန်တီတင်က ပြောပါတယ်။ သူမရဲ့သူငယ်ချင်းတစ်ဦးက မဒမ်ကက်သရင်းဆီမှာ အိမ်ဖော်လုပ်ပေးဖို့ မိတ်ဆက်ပေးခဲ့တာ လို့ဆိုပါ တယ်။
အဲဒီနောက်ပိုင်းမှာကက်သရင်းဟာ သူမရဲ့လုပ်ငန်းတွေကို တိုးချဲ့ခဲ့ပါတယ်။ သူမဟာ အခန်းတွေ အိမ်ငှားလုပ်ရာကနေ အပန်းဖြေစံအိမ်တွေငှားရမ်းတဲ့လုပ်ငန်းအထိပိုင်ဆိုင်လာခဲ့ပါတယ်။ အန်တီတင်ဟာ ကက်သရင်းဆီမှာပဲ တောက်လျောက်အလုပ်လုပ် ပေးခဲ့ပါတယ်။ သူမဟာ တစ်လကို ထိုင်းဘတ်ငွေ ၂၂၀၀၀ လစာရရှိပါတယ်။
ဧပြီ ၂၈ ရက် ဖြစ်ရပ်ဆိုးမဖြစ်ခင်မှာ အန်တီတင်ဟာ အိမ်ကို အရင်အတိုင်းပဲ သန့်ရှင်းရေးလုပ်ပေးဖို့ သွားခဲ့ပါတယ်။ နေ့လယ်ခင်းရောက်တော့ သူမအနေနှင့် ဒီနေ့မွေးနေ့မို့လို့ ဘုရားတက်ချင်ကြောင်း ကက် သရင်းထံမှာ အန်တီတင်ကခွင့်တိုင်ခဲ့ပါတယ်။ ကက်သရင်းကခွင့်ပေးပြီး” ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ” လို့တောင် ဆုတောင်းပေးလိုက်ပါသေးတယ်တဲ့။
နောက်တစ်ရက်မှာ ရေကူးကန်သန့်ရှင်းရေးအလုပ်သမားက အန်တီတင်ကိုလှမ်းခေါ်ပါတယ်။ ကက် သရင်းဟာ မြေပေါ်မှာ သွေးအလူးလူးနှင့် လဲကျနေတယ်လို့ပြောပါတယ်။အဲဒါနှင့် အန်တီတင်ဟာ ထိတ်လန့်သွားပြီး အိမ်ကို အမြန်သွားပါတယ်။ အိမ်ရောက်တော့ သူမရဲ့ အလုပ်ရှင် ကက်သရင်းဟာ နားထင်မှာ သေနတ်ဒဏ်ရာနှင့် သေဆုံးနေတာတွေ့လိုက်ရပါတော့တယ်။
ကက်သရင်းက အန်တီတင်ထံသို့ LINE ကနေမက်ဆေ့ချ်ပို့ထားတာ တွေ့လိုက်ရပါတယ်တဲ့။ အဲဒီမက်ဆေ့ချ်အရ ကက်သရင်းက မီးခံသေတ္တာထဲမှာ နှုတ်ဆက်စာထားခဲ့တယ်လို့ ရေးထားပါတယ်။ အဲဒါကြောင့် အန်တီတင်နှင့် ကက်သရင်းသူငယ်ချင်းတို့ မီးခံသေတ္တာဖွင့်ကြည့်တဲ့အခါ စာတစ်စောင်ကို တွေ့လိုက်ရပါတယ်။
“ စာကို ပြင်သစ်လိုက “ အော်ရဗွား”” ဂွတ်ဘိုင်” လို့ နှုတ်ဆက်စတင်ထားပါတယ်။ “ ကျွန်မရဲ့ ခရီးဒီမှာ အဆုံးသတ်ပြီ။ ရှင်ဟာ စိတ်ချယုံကြည်ရသူတစ်ဦးလို့ ကျွန်မရိုးသားစွာယုံကြည်တယ်။ အဲဒါကြောင့် ကျွန်မမီးခံသေတ္တာထားခဲ့တယ်။ ဒုတိယကော်ပီက တင်မ်(အန်တီတင်)အတွက်ပါ။ ကျွန်မကို မီးသင်္ဂြုဟ် ပြီး ပြာတွေကို ကြဲပက်ပေးစေချင်တယ်။ ဖြစ်နိုင်ရင် ဆာပရော့တ်မှာပေါ့” လို့ ကက်သရင်းက သေတမ်းစာမှာ ရေးထားပါတယ်။
စာထဲမှာ ကက်သရင်းအနေနှင့် သူမရဲ့ မြေခြံဝင်းအပါအဝင်စံအိမ်၊ ကပ်လျက်ရှိနေတဲ့မြေတွေ၊ ဇိမ်ခံကား တွေ၊မီးခံသေတ္တာထဲက လက်ဝတ်ရတနာတွေ၊လက်စွပ်တွေ၊ စိန်တွေနှင့် ဘဏ်မှာအပ်ထားတဲ့သူ့ငွေတွေ အားလုံးကို ပါတင် (အန်တီတင်)သို့ အမွေပေးခဲ့ပါတယ်လို့ရေးထားပါတယ်။
အဲဒီအပြင် သူမရဲ့ နောက်ထပ် စံအိမ်နှစ်အိမ်ကိုလည်း သူမရဲ့ ခင်ပွန်းဟောင်း မစ္စတာ ဗင်းဆင့်ထံ အမွေပေးခဲ့တယ်လို့ရေးထားပါတယ်။ အဲဒီအပြင် သူမရဲ့ အချစ်တော်ကြောင်သုံးကောင်ကိုလည်း အန်တီ တင်ဆက်မွေးပေးဖို့ သေတမ်းစာထဲရေးသားထားပါတယ်။
“ သူမကို ကျွန်မနှင့်အတူပဲနေစေချင်တယ်။ ဒါမျိုးမဖြစ်ချင်ဘူး။ သူမဆီက ကျွန်မ အများကြီးရပြီးပြီ။ ဒါပေမယ့် သူမကိုတော့ဆုံးရှုံးသွားပြီ။ ကျွန်မအသည်းတွေကြေကွဲရပါပြီ။ သူမကို သိပ်သတိရနေတယ်။ ကျွန်မကို သူမ မထားရစ်ခဲ့စေချင်ဘူး။သူမဟာ ကျွန်မရဲ့မိခင်လိုပဲ။ သူမနှင့်အတူနေခဲ့တဲ့ တလျောက် ကျွန်မကို စောင့်ရှောက်ပေးခဲ့တာ။ကျွန်မအကောင်းဆုံးလုပ်ပါမယ်လို့ကတိပေးပါတယ်” လို့ ပါတင်က ပြောပါတယ်။
ပါတင်မှာ သားသမီး လေးယောက်ရှိပါတယ်။ သူမမသေခင်မှာ ကက်သရင်းဟာ ပါတင်အတွက်လစာ၊ အင်တာနက်ဖိုး၊ရေဖိုးနှင့်မီးဖိုးတွေ အပြည့်ဆောင်သွားခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီအပြင် ကက်သရင်းက သူမရဲ့ အသုဘအခမ်းအနားအတွက် ကုန်ကျစရိတ် ဘတ်ငါးသိန်းကိုလည်း ကြိုတင် ငွေလွှဲသွားခဲ့ပါသေးတယ်။ သူမရဲ့ အသုဘအခမ်းအနားကို သေသေချာချာလုပ်ပေးမယ်လို့ ပါတင်က ကတိပြုလိုက်ပြီး မဒမ်ကက်သရင်းရဲ့ကြင်နာမှုတွေကို သူမဘယ်တော့မှမေ့ရတော့မှာ မဟုတ်ဘူးလို့ အန်တီတင်(ပါတင်)ကပြောပါတယ်။
အနာဂတ်မှာ ဒီစံအိမ်ကြီးကို သူမဘာလုပ်ရမယ် မသိသေးဘူးလို့ ပါတင်ကပြောပါတယ်။ သေချာတာက တော့ အဲဒီအိမ်ကြီးကို သူမမရောင်းဘူးလို့ လည်းဆိုပါတယ်။ သူမအနေနှင့်ကားမမောင်းတတ်ပေမယ့် ကက်သရင်းအမွေပေးသွားတဲ့ ဇိမ်ခံကားတွေကိုလည်း သူမအနေနှင့် ရောင်းပစ်မှာ မဟုတ်ဘူးလို့ ပြောပါ တယ်။
ကက်သရင်းကိုယ့်ကိုကိုယ်သတ်သေတာဟာ သူမကျန်းမာရေးကောင်းတဲ့အတွက် စိတ်ဖိအားကြောင့်လို့ ထင်တယ်လို့ ပါတင်က ပြောပါတယ်။ ကက်သရင်းဟာ သွေးလိပ်ခေါင်းရောဂါရှိရာကနေ ကင်ဆာရောဂါဖြစ်သွားတဲ့အထိရောဂါခံစားနေရသူဖြစ်ပါတယ်။ သူမဟာ ငြိမ်းငြိမ်းချမ်းချမ်းသေဆုံးသွား လိုတာဖြစ်နိုင်တယ်လို့ ပါတင်ကပြောတဲ့အကြောင်း ထိုင်းမီဒီယာတွေကရေးပါတယ်။
@ymg/knl
စားအုန်းဆီ ဖြန့်ဖြူးရောင်းချသူတွေအနေနဲ့ မသမာသော ရည်ရွယ်ချက်ဖြင့် စားအုန်းဆီကို အခြားဆီတွေ ရောနှော ရောင်းချတာတွေ မပြုလုပ်ဖို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက အသိပေးထုတ်ပြန်လိုက်ပါတယ်။
Yangon_Times/LW
#Local_News
#Published_ 04 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 05 May 2024
သုတေသီတွေက ရေနဲ့ဆားကို ရောနှောပြီး အာရုံကြောကလာပ်စည်း ဆုံချက်အတုတွေကို ဖန်တီးလိုက်ကာ လူသားဦးနှောက်လိုမျိုး စွမ်းဆောင်နိုင်မယ့် အဆင့်မြင့်ကွန်ပျူတာများ ထုတ်လုပ်နိုင်မယ့် လမ်းစဖြစ်လာပါတယ်။
ထိုဦးနှောက်ဆဲလ်အတုတွေကို နယ်သာလန်မှ အူထရက်ချ်တက္ကသိုလ်နဲ့ တောင်ကိုရီးယားမှ ဆိုကန်တက္ကသိုလ်တို့အဖွဲ့တွေက ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ဦးနှောက်တွေ အသုံးပြုတဲ့ ဆားနဲ့ရေတို့ကိုပဲ အသုံးပြုထားပါတယ်။
သိပ္ပံပညာရှင်တွေက လူသားဦးနှောက်တွေလိုမျိုး စွမ်းဆောင်ရည်မြင့်ပြီး စွမ်းအင်ထိရောက်မှုရှိတဲ့ ကွန်ပျူတာတွေကို ထုတ်လုပ်ဖို့ ဆန္ဒရှိနေကြပါတယ်။
လူသားဦးနှောက်တွေက ရေနဲ့ ပျော်ဝင်ဆားမှုန်တွေကို ကြားခံအဖြစ် အသုံးပြုတာ ဖြစ်ပါတယ်။
လက်ရှိကွန်ပျူတာတွေကတော့ သမားရိုးကျ အစိုင်အခဲတွေကိုသာ မှီခိုနေပါတယ်။
ကွန်ပျူတာပိုင်း တိုးတက်လာမှုက လူသားဦးနှောက်ရဲ့ ချိတ်ဆက်မှုပုံစံသာမက ကြားခံပစ္စည်းကိုပါ တုပလာနိုင်စွမ်းရှိတယ်လို့ အူထရက်ချ်တက္ကသိုလ်မှ တင်မ်ကမ်စ်မာက ဆိုပါတယ်။
သိပ္ပံပညာရှင်တွေ ဖန်တီးလိုက်တဲ့ ကိရိယာက Iontronic Memristor လို့ခေါ်ပြီး အထဲမှာ ဆားနဲ့ရေပါဝင်ပါတယ်။
ကတော့ပုံသဏ္ဍာန်ဖြစ်ပြီး ၁၅၀ x ၂၀၀ မိုက်ခရိုမီတာသာ ကျယ်ပြီး လူသားဆံပင် ၃-၄ ပင်မျှသာ ရှိပါတယ်။
အာရုံကြောကလာပ်စည်းအတုတွေက အစိုင်အခဲကြားခံတွေမှာ ရှိပြီးသား အချက်အလက်တွေကို လုပ်ဆောင်နိုင်ပြီး အခုတော့ ရေနဲ့ဆားကို အသုံးပြုပြီး ပထမဆုံးအနေဖြင့် လုပ်ဆောင်နိုင်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Source: WION.
#World_Science
#Published_ 05 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 211 of 1467