#WorldNews_Health
Published 15 April 2022
ကိုဗစ်-၁၉ ကူးစက်ခံခဲ့ဖူးသူတွေဟာ ရုတ်တရက်နှင့် ကြောက်မက်ဖွယ်ကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေရဲ့ အန္တရာယ်ပိုကြီးမားနေပါတယ်။ သူတို့ဟာ ကိုဗစ်ကူးစက်ခံရတုန်းက ဆေးရုံတက်ရလောက်အောင် ရောဂါမဖြစ်ခဲ့သူတွေအတွက်လည်း အန္တရာယ်ကရှိနေပါတယ်လို့ ဆရာဝန်တွေကပြောပါတယ်။
သဘာဝဆေးပညာစာစောင်မှာပါတဲ့ သုတေသနစာတမ်းတစ်ခုမှာ အဲဒီရေရှည်အကျိုးဆက်ကို နှလုံးနှင့် သွေးကြောဆိုင်ရာစနစ်တွေထဲမှာ တွေ့ကြုံခံစားရနိုင်တယ်လို့ သတိပေးထားပါတယ်။
အဲဒီအကျိုးဆက်တွေထဲမှာ နှလုံးရပ်သွားတာမျိုးလည်းပါဝင်ပါတယ်။အဲဒီလိုဖြစ်ရင် CPR ဖြင့် ကုသမှုအပါအဝင် ချက်ခြင်းဆေးကုသပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။အဲသလိုမလုပ်ရင် သေဆုံး သွားနိုင်ပါတယ်။
ကိုဗစ်နှင့် တိုက်ပွဲဝင်ခဲ့ရသူတွေဟာ ကူးစက်ခံရပြီးနောက်ပိုင်းနှစ်တွေမှာ နှလုံးရပ်နိုင်တဲ့ အန္တရာယ်ဟာ ကူးစက်မခံခဲ့ရသူတွေနှင့် နှိင်းယှဉ်ရင် ၂.၅ဆ ပိုမိုများပြားနေတယ်လို့ သုတေသနက ရှာဖွေတွေ့ရှိထားပါတယ်။
ဒါဟာ ကိုဗစ်ကနေပြန်သက်သာလာသူတွေ ခံစားနိုင်ဖွယ်ရှိတဲ့ စိုးရိမ်စရာရှိတဲ့ ဘေးထွက်ဆိုးကျိုး ၂၀ ခန့်ထဲက တစ်ခုဖြစ်ပါတယ်။ကျန်ဘေးထွက်ဆိုးကျိုးတွေကတော့ အသက်ကိုအန္တရာယ်ပြုနိုင်လောက်တဲ့ လေဖြတ်တာ၊သွေးကြောပိတ်တာတို့ပဲ ဖြစ်ပါတယ်။
ကျွမ်းကျင်သူတွေဟာ ကိုဗစ်ကူးစက်ခံထားရတဲ့ လူပေါင်း ၁၅၄,၀၀၀ အပါအဝင် အမေရိကန်က စစ်မှုထမ်း ၁၁ သန်းဆီကရရှိတဲ့ အချက်အလက်တွေအပေါ် အခြေပြုထားတာပါ။
ကိုဗစ်ရောဂါပြင်းထန်မှု အနည်းအများအပေါ်မူတည်ပြီး ရောဂါရှုပ်ထွေးမှုတွေ ပိုဖြစ်နိုင်ပါတယ်။ဒါပေမယ့် ကိုဗစ် ပျော့ပျော့ပဲ ကူးစက်ခံခဲ့ရသူတွေအတွက်လည်း အန္တရာယ်ကရှိနေပါတယ်။
Òကူးစက်ခံရတုန်းက ဆေးရုံတက်ဖို့မလိုခဲ့တဲ့သူတွေပါ အန္တရာယ်ရှိနေတာတွေ့ရှိခဲ့ပါတယ်Ó လို့ စာတမ်းမှာဖော်ပြထားပါတယ်။
ကူးစက်မခံခဲ့ရသူတွေနှင့်ယှဉ်ရင် လူတစ်ထောင်မှာ ၄၅ ဦးဟာ အဲဒီဘေးထွက်ဆိုးကျိုး အခု ၂၀ ထဲက တစ်ခုမဟုတ်တစ်ခုနှင့် ကြုံခဲ့ကြရတာတွေ့ရပါတယ်။
“ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေဟာ အသက်ကြီးကြီး ငယ်ငယ်၊ ဆီးချိုရှိရှိ မရှိရှိ၊ အဝလွန်လွန် မလွန်လွန်၊ ဆေးလိပ်သောက်သောက် မသောက်သောက် အားလုံးအတွက် အန္တရာယ်ရှိနေတာဖြစ်ပါတယ်။ကျွန်တော်စိတ်ပူတာက အချို့သော ဒီလိုအခြေအနေတွေဟာ နာတာရှည်အခြေအနေတွေဖြစ်ပြီး ဘဝတစ်လျောက်လုံး ခံစားသွားကြရမှာပဲဖြစ်တယ်Ó လို့ လေ့လာရေးအကြီးတန်းစာတမ်းရှင်နှင့် သုတေသနမှူးချုပ် ဇီယတ်အယ်လ်အလီက ပြောပါတယ်။
Òမနက်ဖန်မှာ ခင်ဗျားနိုးလာပြီး ရုတ်တရက်ကြီးပဲ ကျွန်တော့်မှာ နှလုံးပြဿနာမရှိတော့ဘူးဆိုတာမျိုးမဟုတ်ဘူးÓ လို့ သူက ပြောပါတယ်။
ကိုဗစ်နှင့် ကြုံတွေ့ခဲ့ရသူတွေဟာ နောက် ၁၂ လကြာရင် နှလုံးချို့ယွင်းနိုင်ခြေ ၇၂ရာခိုင်နှုန်းမြင့်မားနေပါတယ်။
Source The Sun.
#Yangon_Media_Group
Published 14 April 2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်တပ်နယ်မှာရှိတဲ့ မိသားစုရေသဘင်မဏ္ဍပ်တွေကို နစကဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့က ဧပြီ၁၄ရက် မြန်မာမဟာသင်္ကြန်အကျနေ့မှာ သွားရောက်အားပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အဲဒီလိုသွားရောက်အားပေးရာမှာ စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်တို့မှာရှိတဲ့ ရေသဘင်မဏ္ဍပ်တွေကို သွားရောက်ခဲ့ကြတာဖြစ်ပြီး ရေသဘင်ပွဲဆင်နွှဲနေကြတဲ့ အရာရှိ၊စစ်သည်တွေ၊နည်းပြတွေ၊ဗိုလ်လောင်းတွေနှင့် မိသားစုဝင်တွေနှင့်အတူရေပက်ကစားခဲ့ပြီး ယိမ်းအဖွဲ့တွေကို ဂုဏ်ပြုဆုတွေချီးမြှင့်ခဲ့ကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ယခုနှစ်အတာသင်္ကြန်ပွဲတော်ကို တိုင်းဒေသကြီးနှင့်ပြည်နယ်မြို့တော်များမှာ မဟာသင်္ကြန်အဆိုအကနှင့်ရေကစားမဏ္ဍပ် တွေနှင့် ရေသဘင်ပွဲဆင်နွှဲကြရန် နစက,က စီစဉ်ခဲ့တာဖြစ်ပါတယ်။




Published 14 April 2022
ဘီလျံနာသူဋ္ဌေး အီလွန်မတ်စ်က တွစ်တာကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၄၃ ဘီလျံပေးဝယ်မယ်လို့ ဧပြီ၁၄ရက် ကြာသပတေးနေ့က ကမ်းလှမ်းလိုက်ပါတယ်။ တွစ်တာကို တိုးတက်ကြီးထွားလာပြီး လွတ်လပ်စွာပြောဆိုခွင့်ရဲ့ ပလက်ဖောင်းတစ်ခုဖြစ်လာဖို့အတွက် ပုဂ္ဂလိကရယူဖို့လိုတယ်လို့ တက်စ်လာရဲ့ စီအီးအိုဖြစ်တဲ့သူက ပြောပါတယ်။
“ တွစ်တာဟာ အလားအလာ အလွန့်အလွန်ကိုကောင်းတယ်။ အဲဒီအလားအလာသော့ကို ကျွန်တော်ဖွင့်ရလိမ့်မယ်” လို့ သူက ဆန်ဖရန်စစ္စကို အခြေစိုက် တွစ်တာကုမ္ပဏီကို ဗုဒ္ဓဟူးနေ့က ရေးသားပေးပို့တဲ့စာထဲမှာ ပြောထားပါတယ်။ သူဟာ လောလောဆယ် တွစ်တာမှာ ရှယ်ယာတွေဝယ်ထားတာဟာ ဒုတိယအများဆုံးဝယ်ထားတဲ့ ရှယ်ယာရှင် တစ်ဦးဖြစ်နေပါပြီ။ သူဟာ သူ့ရဲ့ကမ်းလှမ်းချက်ကို ကြာသပတေးနေ့က အများပြည်သူသိအောင်လုပ်ခဲ့တာဖြစ်ပါတယ်။
ဒါဟာ သူ့ရဲ့အကောင်းဆုံးနှင့် နောက်ဆုံးကမ်းလှမ်းချက်ဖြစ်တယ်။ တကယ်လို့ ဘုတ်အဖွဲ့က သူ့ရဲ့ကမ်းလှမ်းချက်ကိုပယ်ချ ခဲ့မယ်ဆိုရင် သူ့ရင်းနှီးမြှပ်နှံထားတာကို ပြန်စဉ်းစားရလိမ့်မယ်လို့ သူက ပြောပါတယ်။
Source Reuters
Published 14 April 2022
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်းတုန်း ပြည်နယ် ဆောင်ကွမ်းမြို့ရှိ မွေးမြူရေးစခန်းတစ်ခုတွင် ရှားပါးစွာမွေးဖွားလာခဲ့တဲ့ ကျား အမြွှာကလေးနှစ်ကောင်ရဲ့ ရက်၁၀၀ပြည့်မွေးနေ့ကို ပြီးခဲ့တဲ့ စနေနေ့က ဆင်နွှဲခဲ့ကြပါတယ်၊
လျင်ဟွားနှင့် ဖူးရုန်းလို့ အဲဒီကျားပေါက်အမြွှာညီအစ်မကို အမည်ပေးထားပါတယ်။ အဲဒီအမည်တွေဟာ ပန်းနာမည်တွေဖြစ်သလို ပြည်တွင်းနာမည်ကြီး တောင်တွေရဲ့အမည်လည်းဖြစ်ပါတယ်။ သူတို့ဟာ အခုတစ်ကောင်ကို ၁၂ ကီလိုဂရမ် ကိုယ်အလေးချိန်ရှိလာပြီး အသားတွေစစားနေပါပြီ။သူတို့ကို အခုသစ်ပင်တက်နည်းစသင်နေကြရပြီး သားရဲတိရစ္ဆာန်တွေဖြစ်လာဖို့ လေ့ကျင့်နေကြပါပြီ
တောင်တရုတ်ကျားမျိုးဟာ ရှားပါးကျားမျိုးဖြစ်ပြီး ပထမတန်းကာကွယ်ရဖို့ မျိုးစိတ်တွေအဖြစ် သတ်မှတ်ထားပါတယ်။ သူတို့ကို ကာကွယ်ဖို့အတွက် မွေးမြူရေးစခန်းက ဖန်တီးပြုလုပ်တဲ့ သားဖောက်နည်းနှင့် သားဖောက်ပေးနေတဲ့အတွက် ယခင်က (၂)ကောင်သာရှိခဲ့ရာမှ အခုဆို(၁၃)ကောင်အထိ တိုးပွားလာပြီဖြစ်ပါတယ်။
Source CMG
#Local_News
Published_ 14 April 2022
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်း၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲ့တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဧပြီလ ၁၃ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့ဟာ သတင်းအရ သက်သေများနှင့်အတူ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေး၀င်းအတွင်း မကွေးလမ်းဘက်မှ မန္တလေးလမ်းဘက်သို့ လမ်းလျှောက်လာသူ ဇော်ရဲနိုင်အား စစ်ဆေးရှာဖွေခဲ့ကြပါတယ်။
ထိုသို့ရှာဖွေရာတွင် ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၄၀ ပြား၊ ဒေသကာလ ပေါက်စျေး တန်ဖိုးငွေကျပ် ၁၉.၄ သိန်း၊ ကတ်တမင်း အလေးချိန် ၈ ဂရမ် ၊ ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၆.၄ သိန်းနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။
ထို့ကြောင့် ဇော်ရဲနိုင် (၃၀) နှစ်အား မင်္ဂလာဒုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 14 April 2022

မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော် ရေကစားမဏ္ဍပ်သို့ ယနေ့ နံနက်ကစ၍ အများပြည်သူရေပက်ခံကားများကို ဝင်ခွင့်ပြုလိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သိရသည်။


ymg/mt
#Yangon_Media_Group
#LocalNews
Published_14 April 2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ကျိုင်းတောင်းမြို့၏ အနောက်တောင်ဘက် ၁၄ မိုင်ခန့်အကွာ နမ့်တိန်ချောင်းပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန အမှတ်(၅) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းမှ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်းပေါင်း ၂၆၇ သန်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သိရသည်။

လက်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ဓာတ်အားထုတ်လုပ်မှုလျော့နည်း၍ ပြည်သူလူထုမှ အချိန်ပိုင်းအလိုက် ဝန်အားထိန်းညှိဆောင်ရွက်ပေးနေရသည့် အခက်အခဲများ လက်တွေ့ခံစားနေရသဖြင့် စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန် လုပ်ဆောင်နေကြောင်းလည်း သိရသည်။
အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်း၏ ပင်မရေလှောင်တမံမှာ အလျား ပေ ၁,၈၀၀ အမြင့်ပေ ၂၃၀ ရှိ ဇုန်အမျိုးအစား ကျောက်ဖြည့်တမံဖြစ်ပြီး ကန်ရေပြည့် ရေသို လှောင်ပမာဏမှာ ဧကပေ ၁၀၄,၀၀၀ ရှိကာ စက်တပ်ဆင်အင်အား ၁၇ မဂ္ဂါဝပ်ရှိစက်သုံးလုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၅၁ မဂ္ဂါဝပ်မှ နှစ်စဉ်ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၂၆၇ သန်း ထုတ်လုပ်ပေးနိုင်မည့် ဒေသအကျိုးပြုစီမံကိန်း တစ်ခုဖြစ်ပြီး ယခုအခါ စီမံကိန်း တစ်ခုလုံး၏ ၇၁ ဒသမ ၆၃ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းမှထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများနှင့် လက်ရှိကျိုင်းတောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းဖြင့် နမ့်စန်ပင်မ ဓာတ်အားခွဲရုံသို့ ချိတ်ဆက်ပို့လွှတ်၍ နိုင်ငံတော်ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_14 April 2022
မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ်တစ်စီးပေါ်တွင် သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားသည့် ပစ္စည်းများနှင့်အတူ ရောနှောတင်ဆောင်လာသော အကောက်ခွန်မဲ့ ကားတာယာများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၀၀၀,၀၀၀)ကို မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့ကသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်နေစဉ် ဧပြီလ ၁၂ ရက်က သိမ်းဆည်းရမိခဲ့ခြင်းဖြစ်၍ ယခုအခါ အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူထားကြောင်း သိရသည်။
ယင်းအပြင် ဧပြီလ ၁၂ ရက် နှင့် ၁၃ ရက်တို့တွင် သထုံမြို့နယ် ဒူးရင်းဆိပ်ဘိနယ် ထောင်မှူးကျေးရွာ (တောင်ဘက်) တောစပ်အနီး၌ တရားမဝင် တောင်သရက်ခွဲသားနှင့်ကောင်းမှုခွဲသား ၁ ဒသမ ၀၉၆၆ တန် (ခန့်မှန်းတန်ဖိုးငွေ ၇၆၇၆၂ ကျပ်) ကို လည်းကောင်း၊ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်း တရားမဝင်သစ်မျိုးစုံ ၁ ဒသမ ၁,၂၃၄ တန် (ခန့်မှန်းတန်ဖိုးငွေ ၇၈,၆၃၈ ကျပ်) ကိုလည်းကောင်း၊စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်အတွင်း တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ ၁ ဒသမ ၂၀၆ တန်(ခန့်မှန်းတန်ဖိုးငွေ ၃၆၁,၈၀၀ ကျပ်) ကို လည်းကောင်း၊ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ်မျိုးစုံ ၃၆ ဒသမ ၁,၁၅၁ တန်(ခန့်မှန်းတန်ဖိုးငွေ ၅၉၂၅၈၁၄ ကျပ်) ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သောကြောင့် သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဧပြီလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၆ မှု (ခန့်မှန်းတန်ဖိုးငွေ ၁၂,၄၄၃,၀၁၄ ကျပ်)ကို သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
ymg/mt
#Yanagon_Media_Group
#LocalNews
Published 14 Apr 2022
အိန္ဒိယနိုင်ငံအစိုးရက လှူဒါန်းတဲ့ ဆန်နှင့်ဂျုံများကိုဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း စားနပ်ရိက္ခာ အခက်အခဲရှိသောပြည်သူများကို ထောက်ပံ့ပေးသွားမယ်လို့သိရပါတယ်။
အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ ဆန်နှင့် ဂျုံများ ထောက်ပံ့လှူဒါန်းလိုကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဆက်သွယ်လာမှုအရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းကာ စုစုပေါင်း ဆန်တန်ချိန် ၁၀,၀၀၀ နှင့် ဂျုံတန်ချိန် ၂၀၀ တို့ကို လက်ခံနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံအစိုးရက လှူဒါန်းသည့် ဆန်နှင့်ဂျုံများအနက် ဆန်တန်ချိန် ၇,၅၆၀ ပါရှိသည့် ကုန်သေတ္တာ ၂၈၀ သည် Asia World ဆိပ်ကမ်းနှင့် ဆန်တန် ၂,၄၄၀ ပါရှိသည့် ကုန်သေတ္တာ ၉၀ သည် Myanmar Industry Port(MIP) ဆိပ်ကမ်းသို့ မတ် ၁၇ ရက်တွင် လည်းကောင်း၊ ဂျုံတန်ချိန် ၂၀၀ ပါရှိ သည့် ကုန်သေတ္တာ ၉ လုံးမှာ မတ် ၃၀ ရက်တွင် MIP ဆိပ်ကမ်းသို့ လည်းကောင်း အသီးသီးဆိုက်ကပ် ရောက်ရှိထားပြီဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါဆန်နှင့် ဂျုံများ ထုတ်ယူနိုင်ရေး အတွက် သွင်းကုန်ပါမစ်၊ အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ရရှိရေး၊ အထူးအမိန့် (Special Order) ဖြင့် ထုတ်ယူခွင့်နှင့် Dilivery Order ရရှိရေးကိစ္စများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာဌာနများက ဆောင်ရွက်ခဲ့ပြီး ဧပြီ ၅ ရက်မှ ၁၁ ရက်အထိ ဆန်ကုန်သေတ္တာ ၄၇ လုံး (ဆန်အိတ်ပေါင်း ၂၅,၃၅၄ အိတ်)၊ ဂျုံကုန်သေတ္တာကိုးလုံး (ဂျုံအိတ်ပေါင်း ၄,၀၀၀) တို့ကို ထုတ်ယူခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အိန္ဒိယနိုင်ငံအစိုးရက လှူဒါန်းသည့် ဆန်နှင့်ဂျုံများကို ရန်ကုန်တိုင်းဒေသကြီး ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့) မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စားနပ်ရိက္ခာ အခက်အခဲရှိသော ပြည်သူများကို ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ထုတ်ယူရန်ကျန်ရှိသည့် ဆန်နှင့် ဂျုံများ ကို အမြန်ဆုံး ဆက်လက်ထုတ်ယူ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ထုတ်ယူဖြန့်ခွဲမှု သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ရန်ပုံငွေ(GRF)မှ ခွင့်ပြုချက်ဖြင့် ကျခံသုံးစွဲထောက်ပံ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#WorldHealth
Published 14 April 2022
အလှကုန်ပစ္စည်းများနဲ့ အိုးမကပ်ဒယ်ပြားဒယ်အိုးတွေမှာပါဝင်တဲ့ တာရှည်ခံဓာတုပစ္စည်းတွေဟာ သက်လတ်ပိုင်းအမျိုးသမီးတွေမှာ ဆီးချိုရောဂါဖြစ်ပွားနိုင်ချေပိုများစေနိုင်ကြောင်း တွေ့ရှိထားပါတယ်။
သွေးထဲမှာ အဆိုပါဓာတုပစ္စည်းများပြားနေတဲ့အမျိုးသမီးတွေမှာ ဆီးချိုရောဂါဖြစ်နိုင်ချေနှစ်ဆလောက် ပိုများလာနိုင်တယ်လို့ သုတေသီတွေရှာတွေ့ခဲ့တာဖြစ်ပါတယ်။
တာရှည်ခံဓာတုပစ္စည်းဖြစ်တဲ့ ပေါ်လီဖလိုရိုအယ်လ်ကိုင်းလ်စ်(PFAS)ဟာ သဘာဝပတ်ဝန်းကျင်မှာ ပြိုကွဲမသွားနိုင်ပါဘူး။
ဓာတုပစ္စည်းအမျိုးအစားပေါင်း ၅ ထောင်ခန့်ရှိပြီး ဒီပစ္စည်းတွေဟာ ကင်ဆာ၊ သွေးတိုး၊ မွေးရာပါချို့ယွင်းခြင်းစတဲ့ ကျန်းမာရေးပြဿနာအမျိုးမျိုးဖြစ်နိုင်ပါတယ်။
ကိမ်းဘရစ်ချ်ရှိင်းယားရှိရွာ ၂ ရွာကရေတွေထဲမှာ အဆိုပါဓာတုပစ္စည်းတွေ့ရှိခဲ့တာကြောင့် ထိုဒေသမှလူများ ရေသန့်ဗူးကိုသာ သောက်သုံးနေရပါတယ်။
PFAS ဓာတုပစ္စည်း ၇ မျိုးအပါအဝင် သဘာဝပတ်ဝန်းကျင်မှာတွေ့ရတဲ့ဓာတုပစ္စည်းတွေကို မီချီဂန်တက္ကသိုလ်မှ ဒေါက်တာ'ဆောင်ကျန်ပတ်'ဦးဆောင်တဲ့သုတေသီအဖွဲ့က စမ်းသပ်လေ့လာခဲ့ကြပါတယ်။
သွေးထဲမှာ PFAS ပါဝင်မှုများပြားခြင်းက သက်လတ်ပိုင်းအမျိုးသမီးတွေမှာ ဆီးချိုရောဂါဖြစ်ပွားနိုင်ချေများကြောင်း ဖော်ပြခဲ့ကြပါတယ်။
သက်လတ်ပိုင်းအရွယ်မဝင်ခင်မှာ တာရှည်ခံဓာတုပစ္စည်း ထိတွေ့မှုနည်းပါးအောင် ဆင်ခြင်ခြင်းဖြင့် ဆီးချိုရောဂါဖြစ်နိုင်ချေနည်းပါးအောင် ကာကွယ်ပေးနိုင်ဖွယ်ရှိနေပါတယ်။
PFAS ဓာတုပစ္စည်းတွေကို ၁၉၄၀ ခုနှစ်များက စတင်အသုံးပြုခဲ့ကြပြီး စက်မှုလုပ်ငန်းများအပြင် လူအများသုံးစွဲလေ့ရှိတဲ့ အိုးမကပ်ဟင်းချက်ပစ္စည်းများ၊ သောက်ရေ၊ အစွန်းချွတ်ဆေး၊ စားစရာထုတ်ပိုးသည့်ပါကင်၊ မီးသတ်ဗူး၊ အလှကုန်ပစ္စည်းများမှာလည်း ပါဝင်ပါတယ်။
PFAS ဓာတုပစ္စည်းတွေဟာ အလွန်ခံနိုင်ရည်ရှိပြီး ပတ်ဝန်းကျင်မှာစုပြုံလာနိုင်ရုံမက လူ့ခန္ဓာကိုယ်နဲ့ တိရိစ္ဆာန်ခန္ဓာကိုယ်တွေထဲမှာ နှစ်ပေါင်းများစွာကျန်ရှိနေနိုင်ပါတယ်။
Source: DailyMail.
#Yangon_Media_Group
#WorldCrime
Published 14 April 2022
နယူးယော့ခ်မြို့ရှိ မီးရထားတွဲမှာ မီးခိုးဗုံးတွေဖောက်ပြီး သေနတ်ပစ်ဖောက်ခဲ့တဲ့ သံသယရှိသူတရားခံကို ဗုဒ္ဓဟူးနေ့ကဖမ်းဆီးရမိခဲ့ပြီး အများပြည်သူပို့ဆောင်သွားလာရေးနေရာအားအကြမ်းဖက်တိုက်ခိုက်မှုဖြင့် တရားစွဲဆိုထားပါတယ်။
အသက် ၆၂ နှစ်အရွယ်တရားခံဖြစ်သူ 'ဖရန့်ခ်ရောဘတ်ဂျိမ်းစ်'ဟာ အင်္ဂါနေ့က အကြမ်းဖက်ခဲ့တာဖြစ်ပြီး ထိုနေရာမှ ၈ မိုင်အကွာ မန်ဟတ်တန်အောက်ဘက်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
အာဏာပိုင်တွေက သူရှိနေနိုင်တဲ့နေရာကို အနီးအနားနေထိုင်သူတွေရဲ့အကူအညီနဲ့ သိရှိခဲ့ပြီး မျက်မြင်တွေ့ခဲ့သူအချို့ကလည်း တွေ့ခဲ့ရတဲ့ပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာတင်ခဲ့ကြပါတယ်။
တရားဥပဒေသတင်းအရင်းအမြစ်တွေကနေ New York Times နဲ့ New York Post တို့ကဖော်ပြထားရာမှာ ဗုဒ္ဓဟူးနေ့က 'ဂျိမ်းစ်'ဟာ မက်ဒေါ်နယ်ဆိုင်ခွဲတစ်ခုကနေ သူရှိနေတဲ့နေရာကို ရဲတွေထံ အရိပ်အမြွက်ခေါ်ဆိုပြောကြားခဲ့ကြောင်း သိရပါတယ်။
နံနက်ပိုင်း ခရီးသည်အများအပြားရှိနေတဲ့နေရာကို တိုက်ခိုက်ခဲ့ပြီး နာရီ ၃၀ အကြာမှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။
မြို့တော်ဝန်'အဲရစ်အဒမ်စ်'က "ကျွန်တော်တို့သူ့ကို ဖမ်းမိခဲ့ပါပြီ။ ကျွန်တော်တို့က ဒီမြို့ကလူတွေကို ကာကွယ်ပေးသွားမှာဖြစ်ပြီး နယူးယော့ခ်မြို့သားတွေကို အကြမ်းဖက်တိုက်ခိုက်တဲ့သူမှန်သမျှကို ဖမ်းဆီးသွားမှာဖြစ်ပါတယ်" လို့ သတင်းစာရှင်းလင်းပွဲမှာကြေညာသွားပါတယ်။
'ဂျိမ်းစ်'ဟာ အရင်က နယူးယော့ခ်မြို့မှာ ၉ ကြိမ်၊ နယူးဂျာစီမှာ ၃ ကြိမ်အဖမ်းခံခဲ့ရဖူးကြောင်း နယူးယော့ခ်ရဲတပ်ဖွဲ့ဌာန(NYPD)က ပြောပြပါတယ်။
ဗဟိုအစိုးရရှေ့နေများက စာမျက်နှာ ၁၀ မျက်နှာပါတဲ့အမှုတွဲဖိုင်ကို ဘရွတ်ကလင်းရှိ ခရိုင်တရားရုံးမှာ ဗုဒ္ဓဟူးနေ့ကလျှောက်တင်ခဲ့ပြီး အများပြည်သူပို့ဆောင်သွားလာရေးနေရာမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြင့် 'ဂျိမ်းစ်'ကို တရားစွဲဆိုထားကြောင်း ပါဝင်ပါတယ်။
ပြစ်ဒဏ်ချမှတ်တဲ့အခါ တသက်တစ်ကျွန်းထောင်ဒဏ်ကျခံသွားရဖွယ်ရှိကြောင်း အရာရှိများကပြောပြပါတယ်။
ကြာသပတေးနေ့မှာ 'ဂျိမ်းစ်'ကို ဘရွတ်ကလင်းရှိရှေ့နေတရားရုံးမှာ ပထမအကြိမ်ရုံးတင်စစ်ဆေးသွားမှာဖြစ်ပါတယ်။
'ဂျိမ်းစ်'ဟာ ရထားတွဲတစ်ခုအတွင်း မီးခိုးဗုံးနှစ်လုံးဖောက်ခွဲခဲ့ပြီးနောက် ပစ္စတိုသေနတ်ဖြင့်ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
ထိုသေနတ်နဲ့အတူ အခင်းဖြစ်ပွားရာနေရာမှ ကျည်ကဒ် ၃ ကဒ်၊ ဓာတ်မီး ၁ လုံး၊ ပုဆိန် ၁ ချောင်း၊ မီးရှူး ၁ ထုပ်၊ ဓာတ်ဆီ ၁ ပုံးရရှိခဲ့ကြောင်း အမှုတွဲထဲမှာဖော်ပြထားပါတယ်။
သေနတ်ပစ်ခတ်မှုကြောင့် လူ ၁၀ ဦးထိမှန်ခဲ့ပြီး ၅ ဦးကအခြေအနေစိုးရိမ်ရပေမယ့် ဗုဒ္ဓဟူးနေ့မှာတော့ တည်ငြိမ်သွားပြီဖြစ်ပါတယ်။
မီးခိုးအူထွက်နေတဲ့ရထားတွဲထဲကနေ လူအများအပြားပြေးထွက်လာတဲ့အချိန်မှာ ၁၃ ဦးဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ခဲ့သူအားလုံးအသက်ရှင်လျက်ရှိနေပါတယ်။
Source: Reuters
#Yangon_Media_Group
#WorldHealth
Published 14 April 2022
အစိမ်းရောင်ဟင်းသီးဟင်းရွက်များက အဟာရဓာတ်ကြွယ်ဝတဲ့အပြင် ကပ်ရောဂါကိုပါ ကာကွယ်ပေးနိုင်ဖွယ်ရှိနေပါတယ်။
ပန်းဂေါ်ဖီနဲ့ ဂေါ်ဖီမျိုးနွယ်တွေမှာတွေ့ရတဲ့ ဓာတုပစ္စည်းတစ်မျိုးဟာ ကိုဗစ်ရောဂါနဲ့အအေးမိဖျားနာရောဂါတွေကို တိုက်ထုတ်ဖို့ ထိရောက်တဲ့နည်းလမ်းဖြစ်လာဖွယ်ရှိကြောင်း ဂျွန်ဟော့ပ်ကင်းစ်ကလေးဆေးရုံမှ သုတေသီများက အထောက်အထားများတွေ့ရှိခဲ့ကြပါတယ်။
အပင်တွေကရရှိတဲ့ ဆာလ်ဖိုရာဖိန်းဟာ ကင်ဆာကာကွယ်နိုင်တဲ့ဓာတုပစ္စည်းဖြစ်ကြောင်း အရင်ကတည်းက လေ့လာတွေ့ရှိထားပါတယ်။
အခုအခါ အဆိုပါဒြပ်ပေါင်းဟာ SARS-CoV-2 ဗိုင်းရပ်စ်ပျံ့ပွားခြင်းကိုပါ တားဆီးပေးနိုင်ဖွယ်ရှိတယ်လို တင်ပြထားကြပါတယ်။
ဒီလေ့လာတွေ့ရှိချက်တွေက တိကျသေချာတယ်ဆိုပေမယ့် အခုချက်ခြင်းဟင်းသီးဟင်းရွက်တွေ ပြေးဝယ်စရာတော့မလိုပါဘူး။
စမ်းသပ်ချက်တွေကို ကြွက်တွေနဲ့ ပြုလုပ်ထားတာဖြစ်တာကြောင့် လူသားတွေမှာ ဘေးကင်းထိရောက်မှုရှိသလားဆိုတာကိုသိရဖို့ နောက်ထပ်စမ်းသပ်မှုတွေပြုလုပ်ရဦးမှာဖြစ်ပါတယ်။
ဆာလ်ဖိုရာဖိန်းအဖြစ်ပြောင်းလဲသွားတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်များမှ သဘာဝဒြပ်ပေါင်းဟာ ပန်းဂေါ်ဖီ၊ ကိုက်လံ၊ ဂေါ်ဖီတို့မှာ အများအပြားတွေ့ရပါတယ်။
အဆိုပါဒြပ်ပေါင်းနဲ့ အသုံးဝင်ပုံတွေကို ဂျွန်ဟော့ပ်ကင်းစ်မှသိပ္ပံပညာရှင်များက လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက အရင်ဆုံးတွေ့ရှိထားတာဖြစ်ပါတယ်။
စမ်းသပ်တစ်ခုမှာ SARS-CoV-2 မကူးစက်ခင် ဆာလ်ဖိုရာဖိန်းနဲ့ထိတွေ့စေတဲ့အခါ အဆုတ်ရောင်ခြင်း လေပြွန်ရောင်ခြင်းဖြစ်နိုင်ချေအလွန်နည်းပါးသွားခဲ့ပါတယ်။
ဆာလ်ဖိုရာဖိန်းကို ကိုဗစ်ရောဂါကုသရာမှာအသုံးပြုတဲ့ Remdesivir ဆေးဖြင့်ရောစပ်သုံးစွဲခြင်းအကျိုးကိုလည်း လေ့လာခဲ့ပါတယ်။
ဒီနည်းလမ်းက ဗိုင်းရပ်စ်ပျံ့ပွားခြင်း ၅၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ကြောင်းတွေ့ရှိခဲ့ကြပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Page 1883 of 1996