#LocalNews
Published - 16 June 2022

 

ပြည်တွင်းသို့သွင်းကုန်တင်သွင်းခြင်းနှင့် ပတ်သက်၍ တစ်ဦးချင်းကားတင်သွင်းမှု အပါအဝင်ဇိမ်ခံပစ္စည်းများ တင်သွင်းခြင်းကို ကန့်သတ်ထားဆဲဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၁၆ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းပွဲအတွင်း ပြောကြားခဲ့သည်။

 

"ဇိမ်ခံပစ္စည်းတွေပေါ့ တစ်ဦးချင်းကားပါမစ်တွေ အဲဒါမျိုးတွေစသဖြင့် တင်သွင်းခွင့်မပြုတဲ့ အမယ်တွေရှိပါတယ်။ ဒါပေမဲ့ ခုချိန်မှာ မြန်မာနိုင်ငံအတွက်လည်း ကားတော်တော်များများရှိပြီ။ လုံလောက်မှုရှိပြီ။ အဲဒီအတွက်ကို လောလောဆယ်ယာယီအဖြစ် တစ်ဦးချင်းကားတင်သွင်းတာ ကန့်သတ်ထားတာရှိပါတယ်။ ဇိမ်ခံပစ္စည်းတွေ လိုအပ်တဲ့ပစ္စည်းအမယ်တွေကို စီစစ်ကန့်သတ်ပြီး တေ့ာ ပြည်တွင်းအတွက်လိုအပ်တဲ့ စက်မှုကုန်ကြမ်းပစ္စည်းတွေ၊ စားသောက်ကုန်ကြမ်း၊ စက်ရုံ အလုပ်ရုံအတွက် လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းတွေတင်သွင်းတယ်။ လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက် လယ်ယာထွက်ကုန်ပစ္စည်း၊ မွေးမြူရေးပစ္စည်းနဲ့ဆိုင်တဲ့ သွင်းကုန်တွေကို ဦးစားပေးတင်သွင်းတယ်။ ဇိမ်ခံပစ္စည်းတွေကတော့ ဦးစားပေးအနေနဲ့နောက်ဆုံးအဆင့်မှာရှိပါတယ်" ဟု ယင်းကဆိုသည်။

 

ပြီးခဲ့သည့် ဧပြီလမှစ၍ ဗဟိုဘဏ်မှအမိန့်ညွှန်ကြားချက်နှင့်ပတ်သက်၍ နိုင်ငံခြားငွေကြီးကြပ်မှုကော်မတီဖွဲ့စည်းကာ ပြည်ပသွင်းကုန်ပစ္စည်းများအတွက် ကော်မတီသို့တင်ပြ၍ စီစစ်ခွင့်ပြုပေးနေကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group