#Local_News
Published - 4 July 2022
မွန်ပြည်နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် လူဦးရေအားလုံး(၁၀၀)%စလုံးကို ကိုဗစ်ကာကွယ် ဆေးများထိုးနှံပေးထားပြီးဖြစ်သည်ဟု မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာနန္ဒဝင်းက YMG ကို ပြောသည်၊၊
အသက်(၁၈)နှစ်နှင့်အထက်ရှိသူအားလုံးကို ထိုးနှံပေးပြီးဖြစ်၍ ကိုဗစ်ကာကွယ်ဆေးလွှမ်းခြုံနိုင်မှု(၁၀၀) %ရှိပြီဖြစ်ကြောင်း မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်၊၊
"လတ်တလောမှာ မွန်ပြည်နယ်အတွင်းရှိ အသက် (၁၈)နှစ်နှင့် အထက်လူဦးရေအားလုံး(၁၀၀)ရာခိုင် နှုန်းစလုံး ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီးဖြစ်ပါတယ်၊၊
မွန်ပြည်နယ်ရှိကျောင်းနေအရွယ်ကလေးငယ် (၉၈.၈)ရာခိုင်နှုန်းတို့ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးထားပြီးဖြစ်ပါတယ်၊၊ ကျန်ရှိနေသူတွေနဲ့ ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေးထိုးခြင်း booster ထိုးလိုသူတွေကို ဆက်လက်ထိုးနှံပေးနေပါတယ်"လိုဒေါက်တာနန္ဒဝင်းက ပြောသည်၊၊
ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ပြည့်ထိုးပြီးနောက် ထပ်ဆောင်းကာကွယ်ဆေးထိုး booster ထိုးထားသူသည် မွန်ပြည်နယ်ရဲ့လူဦးရေ( ၂၀)%ရှိကြောင်းနှင့် ကျန်ရှိနေသူများ ဆက်လက်ထိုးနှံကြဖို့ နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published - 4 July 2022
ယနေ့ နံနက်ပိုင်းအချိန်တွင် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အတွင်း ဆောက်လက်စတိုက် ပြိုကျမှုဖြစ်ပွားခဲ့ကာ ပိတ်မိသူအများအပြားရှိခဲ့ကြောင်း ကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ယနေ့ ဇူလိုင်လ ၄ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့် ရွှေပြည်သာမြိုနယ်၊ ၅ရပ်ကွက်၊ ပတ္တမြားလမ်းရှိ ဆောက်လက်စတိုက် ပြိုကျမှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ကယ်ဆယ်ရေးအသင်းများမှ ကူညီမှုများဆောင်ရွက်ပေးနေကြောင်းသိရသည်။
ရွှေပြည်သာမြို့နယ်အတွင်း ဆောက်လက်စတိုက် ပြိုကျမှုကြောင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ထိခိုက်ဒဏ်ရာရမှုကို မသိရှိရသေးကြောင်း မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_ 4 July 2022
ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးသွားပါကဒေသ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသက်သာစေမှာဖြစ်ကြောင်း သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးရွှေလေးသည် ဒီကနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်-သန်လျင်-သီလဝါ အထူးစီးပွားရေးဇုန်တို့ကို အလွယ်တကူ ဆက်သွယ်သွားလာနိုင်မယ့် ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ်(၃)တည်ဆောက်လုပ်ငန်းကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ဝန်ကြီးသည် သာကေတဘက်ခြမ်း တံတားတည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်၍ P C Box Girder ထုတ်လုပ်နေမှု၊ လုပ်ငန်းခွင်အတွင်း သယ်ယူပို့ဆောင်ပေးနေမှုနှင့် Span by Span Method ဂျပန်နည်းပညာဖြင့် တပ်ဆင်မယ့် အခြေအနေနှင့် Fly Over Bridge တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ထို့နောက် သံလျင်ဘက်ခြမ်းသို့ သွားရောက်၍ ချဉ်းကပ်တံတား ဆောင်ရွက်နေမှုကို လည်းကောင်း၊ ရေလယ်တိုင်အမှတ်(၆) လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လွန်းထိုးခြင်း (Launching) နည်းပညာကို အသုံးပြု၍ P C Box Girder များ တပ်ဆင်ရန် ပြင်ဆင်မှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အမြဲဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။
ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ်(၃)သည် လက်ရှိ အသုံးပြုနေသည့် ရန်ကုန်-သန်လျင် အမှတ်(၁)တံတား၏အနီးတွင် တည်ရှိပြီး ပင်မတံတားအရှည် (၁၉၂၈)မီတာ၊ ယာဉ်သွားလမ်းအကျယ် (၂၄)မီတာ ယာဉ်(၄) လမ်းသွားနှင့် သာကေတဘက်ခြမ်း ချဉ်းကပ်တံတားအရှည် (၅၄၇)မီတာ၊ သန်လျင် ဘက်ခြမ်း ချဉ်းကပ်တံတား အရှည်(၁၈၈)မီတာရှိပြီး တံတား၏ ခံနိုင်ဝန်မှာ (၇၅)တန်ဖြစ်ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published _ 4 June 2022
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် အမှတ် ၁ ရပ်ကွက်၊ မဂ္ဂင်လမ်း၊ အစိုးရရေကန်ဘေးတွင် ပန်းခြံအသစ်တစ်ခု တိုးချဲ့တည်ဆောက်လျက်ရှိကြောင်းသိရသည်။
ယင်းပန်းခြံသစ်ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မြေယာရှုခင်းပြုပြင်ခြင်း၊ မြက်ပင်များစိုက်ခြင်း၊ အရိပ်ရသစ်ပင်၊ ပန်းမာလာများ၊ ပန်းအလှသစ်ပင်များ စိုက်ပျိုးခြင်း၊ ကန်ပေါင်ပေါ်တက်ရန် အုတ်လှေ ကား ပြုလုပ်ခြင်း၊ အပင်များကို ရေပိုက်ဒလက်စနစ်ဖြင့် ရေဖျန်းရန်ပြုလုပ်ခြင်း လျှပ်စစ်၊ မီးတိုင်များစိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်သူများ အပန်းဖြေရန်အနားယူရန် ပန်းခြံလျှောက်လမ်း၊ ခုံတန်း လျားများပြုလုပ်ခြင်း၊ ကန်ဘောင်ပေါ် လမ်းလျှောက်ပြီးနောက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ရန် စက်ကိရိယာများ ပြုလုပ်ထားရှိခြင်းများ ဆက်လက်ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း၊ လက်ရှိတွင် ခြံတံခါးခြံစည်းရိုး သံပန်းကာရံခြင်းပြုလုပ်ရန် အုတ်တိုင်များ ပြုလုပ်ခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် အုတ်ရေမြောင်းပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဘဏ္ဍာနှစ်အလိုက်ခွင့်ပြုရန်ပုံငွေများဖြင့် ပန်းခြံတိုးတက်ဆောင်ရွက်သွားမည်ဟု သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 4 July 2022
ဟိုတယ်နှင့် တည်းခိုခန်းများတွင် နိုင်ငံတကာခရီးသွားများ လာရောက်တည်းခိုနေထိုင်မှု စာရင်းဇယားများကို နည်းပညာစနစ်များနှင့်အညီ ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ်ဖြစ်သည့် (Guest List Management System-GLMS) ကို ဆောင်ရွက်ခဲ့ရာတွင် ဟိုတယ် ၈၆ လုံး မှတ်ပုံတင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် (GLMS) သည် ဟိုတယ်၌ လာရောက်တည်းခိုသည့် ဧည့်သည်များ၏ အချက်အလက်များကို မှတ်တမ်းတင်ခြင်း၊ ဧည့်သည်များ ဆက်လက်သွားရောက်မည့် ခရီးလမ်းကြောင်းများ နောက်ကြောင်းလိုက်ခြင်းများ ပါဝင်ကြောင်း သိရသည်။
ယင်းအပြင် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများကို ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဒေသအဆင့်ဆင့်နှင့် အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှက် (HSP Plaque) များကို သတ်မှတ်စည်းကမ်းချက်နှင့် အညီ ထုတ်ပေးခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၉၈ လုံးရှိရာ၊ ၇၅ လုံး ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
Published 4 July 2022
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပုဂံမြို့မှာ လက်ခံကျင်းပတဲ့ (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့ဇူလိုင် (၄)ရက် မနက်တွင် စတင်ကျင်းပခဲ့ပါတယ်။
အဆိုပါအစည်းအဝေးမှာ မြန်မာ နိင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပါတယ်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေနှင့်အတူ အခြား အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ Prak Sokhonn ၊ လာအို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Saleumxay Kommasithi ၊ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Don Pramudwinai နှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Bui Thanh Son တို့ တက်ရောက်ကြပါတယ်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှာ တရုတ်နိုင်ငံနှင့်အတူ အာဆီယံအဖွဲ့ဝင် တစ်ဆက်တစ်စပ်ကုန်းမြေ(၅)နိုင်ငံဖြစ်တဲ့ မြန်မာ၊ထိုင်း၊လာအို၊ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပါတယ်။
#WorldNews
Published 4 July 2022
မြင်းတစ်ကောင်နဲ့လိင်ဆက်ဆံခဲ့ပြီး အခြားမြင်းများကိုလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ တက္ကဆက်မှ လူတစ်ယောက်ကို ဆယ်စုနှစ်တစ်ခုကြာအောင် ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။
အသက် ၂၄ နှစ်ရှိ'ဂျင်းမာရီဘူဂိုမာ'ဟာ တိရိစ္ဆာန်နဲ့လိင်ဆက်ဆံခဲ့တယ်ဆိုတာကို အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့မှာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း KSAT က သတင်းတင်ပြခဲ့ပါတယ်။
၂၀၂၀ ဇွန်လမှ ၂၀၂၁ ဖေဖော်ဝါရီလအတွင်း ဆန်အန်တိုနီယို မြင်းမွေးမြူရေးလုပ်ငန်းမှာ ထိုလုပ်ရပ်မျိုးအနည်းဆုံး ၃ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
ပထမဆုံးအကြိမ်တုန်းက 'ဘူဂိုမာ'ဟာ အဝတ်အစားမပါဘဲနဲ့ မြင်းစောင်းထဲကိုဖြတ်သွားကြောင်း စောင့်ကြည့်ကင်မရာကနေတွေ့ရှိခဲ့တယ်လို့ ကျမ်းကျိန်ထွက်ဆိုချက်အရ သိရှိရပါတယ်။
မြင်းပိုင်ရှင်က သူ့ရဲ့မြင်း ၂ ကောင်ဒဏ်ရာရနေတာကို သတိပြုမိပြီး တိရိစ္ဆာန်ဆရာဝန်နဲ့ပြသရာမှာ လိင်ပိုင်းအကြမ်းဖက်ခြင်းခံခဲ့ရကြောင်းသိရှိသွားပါတယ်။
နောက်လအနည်းငယ်ကြာတဲ့အခါ 'ဘူဂိုမာ'က မြင်းစောင်းထဲထပ်သွားခဲ့ပြီး မြင်းတစ်ကောင်နဲ့လိင်ဆက်ဆံခဲ့ကြောင်း အာဏာပိုင်များက ဆိုပါတယ်။
အခြားမြင်း ၂ ကောင်ဟာလည်း ခြေထောက်တွေကြိုးတုပ်ခံထားရပါတယ်။
မြင်းတစ်ကောင်ကရရှိတဲ့ DNA ဟာ တရားခံရဲ့ DNA နဲ့ကိုက်ညီကြောင်း အာဏာပိုင်တွေကဖမ်းဝရမ်းရရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလတုန်းက 'ဘူဂိုမာ'ကို မြင်းစောင်းထဲမှာ ဖမ်းမိခဲ့ပါတယ်။
Source: New York Post
#Yangon_Media_Group
#Local_News
Published _ 4 July 2022
အမေရိကန်နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID)မှ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံမှု နှင့်ကုန်သွယ်မှုများ ဖွံ့ဖြိုးတိုးတက်ရန် အထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
USAID အနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ လက်လီရောင်းဝယ်ရေး ကဏ္ဍ၊ ကုန်စည်ဖြန့်ဖြူးရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းကဏ္ဍ၊ အလတ်စား ကုန်ထုတ်လုပ်ငန်းကဏ္ဍနှင့် ပို့ကုန်ကဏ္ဍများတွင် အလားအလာရှိသည့် ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများကို စိစစ်ရွေးချယ်ပြီးအကူအညီများပေးအပ်သွားမည်ဖြစ်ကာ အဆိုပါ အစီအစဉ်မှ သုံးနှစ်အတွင်း တစ်နှစ်ဝင်ငွေ ကျပ်သိန်း ၆၀၀၀ နှင့်အထက်ရှိရမည်ဟု ခန့်မှန်းထားသည်။
အစီအစဉ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးပို့ကုန်များကို ပြည်ပဈေးကွက်ထံ လက်လှမ်းမီစေရန် ထောက်ခံစာထုတ်ပေးခြင်းလုပ်ငန်းများကို ပံ့ပိုပေးခြင်း၊ ချေးငွေရရှိရေး အတွက်လိုအပ်သည့်ဘဏ္ဍာရေးဆိုင်ရာ ပြင်ဆင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရန် လမ်းညွှန်ပြသခြင်း၊ တန်ဖိုးမြင့်လယ်ယာထွက်ကုန်များအတွက် လိုအပ်သည့်စက်ပစ္စည်းများဝယ်ယူနိုင်ရန်ပံ့ပိုးပေးခြင်း၊ ဈေးကွက်ဖြန့်ချိရေးလမ်းကြောင်းများနှင့် လက်လှမ်းမီစေရန် မိတ်ဖက်လုပ်ငန်းများနှင့် ချိတ်ဆက်ပေးခြင်းတို့ ပါဝင်သည်။
သို့ရာတွင် လုပ်ငန်းများသည် စီမံကိန်းတွင် သတ်မှတ်ထားသည့်လုပ်ငန်းဖြစ်ရန် လိုပြီး ယင်းလုပ်ငန်းများသည်ကုမ္ပဏီ မှတ်ပုံတင်ခြင်းဖြစ်စေ၊ အခြား ဌာနတစ်ခုခုတွင်ဖြစ်စေ မှတ်ပုံ တင်ထားရမည်ဖြစ် ကာ လုပ်ငန်း သက်တမ်းအနည်းဆုံးသုံးနှစ် ရှိရန်လိုအပ်မည်ဖြစ်သည်။
ယင်းပြင် ပြီးခဲ့သည့် သုံးနှစ်အတွင်းတစ်နှစ်ဝင်ငွေ ကျပ်သိန်း ၆၀၀၀ နှင့် အထက်ရှိရမည်ဖြစ်ပြီး လာမည့်နှစ်နှစ်အတွင်းကုမ္ပဏီဝင် ငွေတိုးတက်ရေး သို့မဟုတ် လုပ်ငန်းချဲ့ထွင်ရေးအတွက်ရည်မှန်းထားသည့်လုပ်ငန်းများဖြစ်ရန် လိုကြောင်းလည်း ယင်းမှ သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_ 4 July 2022
ကိုရီးယား-မြန်မာ နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသော KMIC စီမံကိန်း လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော်ရေး၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးရွှေလေးသည် ညောင်နှစ်ပင် KMIC စက်မှုဇုန်ရှိ ယာယီ အဆောက်အဦရုံးခန်း၌ ကိုရီးယား KMIC Development Co.,Ltd မှ Managing Director အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးသည် ဇူလိုင် ၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၄)မှ ရန်ကုန်-ပဲခူး (၆)လမ်းသွားလမ်းမကြီးနှင့် ချိတ်ဆက်သည့် ညောင်နှစ်ပင်အဝင်လမ်း ဆောင်ရွက်ထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် ကျေးရွာအနီးရှိ သမိုင်းဝင်အဆောက်အဦဖြစ်တဲ့ ညောင်နှစ်ပင် အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမကြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီးခဲ့ပါတယ်။
ပြည်ထောင်စုခန်းမကြီး ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝါရင့်ကျွမ်းကျင် အင်ဂျင်နီယာပညာရှင်များ၏ အကြံဉာဏ်များ၊ ပြင်ဆင်ထိန်းသိမ်းရေး နည်းပညာများ၊ အထောက်အထား မှတ်တမ်းမှတ်ရာများကို ရယူပြီး မူလလက်ရာမပျက် ပြင်ဆင်ထိန်းသိမ်းထားရန် လိုအပ်ကြောင်းမှာကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#WorldTechnology
Published 4 July 2022
အီလွန်မက်စ်ပိုင်ဆိုင်တဲ့ SpaceX ကုမ္ပဏီရဲ့ Starlink ဂြိုဟ်တုအင်တာနက်ကွန်ရက်ကို ရွေ့လျားနေတဲ့ယာဉ်တွေမှာ အသုံးပြုဖို့အတွက် အမေရိကန်ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်က ကြာသပတေးနေ့မှာ ခွင့်ပြုလိုက်ပါတယ်။
ကုမ္ပဏီကသူတို့ရဲ့အင်တာနက်ကွန်ရက်ကို စီးပွားလုပ်ငန်းပိုင်လေကြောင်းလိုင်းများ၊ ကုန်တင်သင်္ဘောကြီးများ၊ ကုန်တင်ထရပ်ကားများမှာပါ ချဲ့ထွင်ဖို့စီစဉ်ထားကြတာ ဖြစ်ပါတယ်။
အာကာသဂြိုဟ်တုပတ်လမ်းမှာ အင်တာနက်ရရှိနိုင်တဲ့ ဂြိုဟ်တုများ တပ်ဆင်ပြီး အရှိန်မြှင့် လုပ်ဆောင်လာတဲ့ Starlink ဟာ အင်တာနက်မကောင်းတဲ့ ကျေးလက်နေရာများကစလို့ မော်တော်ယာဉ်များ၊ ကုန်တင်ပို့ဆောင်ရေးနဲ့ လေကြောင်းလိုင်းကဏ္ဍတွေက အသုံးပြုသူတွေအတွက်ပါ အသုံးပြုရအဆင်ပြေအောင် လုပ်ငန်းတိုးချဲ့နေခဲ့တာပါ။
"SpaceX ရဲ့ ဂြိုဟ်တုစနစ်အသစ်ကို အသိအမှတ်ပြုလိုက်ခြင်းဖြင့် ခရီးသွားလာနေတုန်းမှာ အင်တာနက်အသုံးပြုချင်သူတွေအတွက် ကျယ်ပြန့်တဲ့ကွန်ရက်ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်" လို့ ဆက်သွယ်ရေးကော်မရှင်က ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
SpaceX က ၂၀၁၉ ခုနှစ်ကတည်းက Starlink ဂြိုဟ်တု ၂,၇၀၀ ခန့်လွှတ်တင်ခဲ့ပြီး သုံးစွဲသူသိန်းဂဏန်းခန့်အထိရှိနေကာ ပစ္စည်းတပ်ဆင်ခြင်းအတွက် ၅၉၉ ဒေါ်လာနဲ့ အင်တာနက်လစဉ်ကြေး ၁၁၀ ဒေါ်လာပေးဆောင်ရပါတယ်။
SpaceX ဟာ ကယ်လီဖိုးနီးယား အခြေစိုက်ကုမ္ပဏီဖြစ်ပြီး လတ်တလောလများအတွင်း ဟာဝိုင်အီလေကြောင်းလိုင်း၊ ပုဂ္ဂလိကဂျက်လေယာဉ် JSX တို့နဲ့ လေယာဉ်ခရီးစဉ်အတွင်း ဝိုင်ဖိုင်ရရှိဖို့ကိစ္စတွေအတွက် သဘောတူညီမှုရရှိထားပါတယ်။
"ခရီးသည်တွေ အဆင်ပြေနိုင်ဖို့ကို ကျွန်တော်တို့တစိုက်မတ်မတ်ကြိုးစားနေပါတယ်၊ မကြာခင်မှာ လေယာဉ်တွေမှာအင်တာနက်သုံးနိုင်တော့မှာဖြစ်ပြီး ခရီးသည်တွေအတွက် အံ့အားသင့်စရာ အတွေ့အကြုံတွေရရှိစေမှာဖြစ်ပါတယ်" လို Starlink အရောင်းဌာနအကြီးအကဲ'ဂျိုနသန်ဟော့ဖယ်လာ'က ပြောကြားသွားပါတယ်။
ဆက်သွယ်ရေးကော်မရှင်ရဲ့ ခွင့်ပြုချက်ဖြင့် SpaceX ဟာ Starlink အင်တာနက်ကို အမေရိကန်စစ်လေယာဉ်တွေနဲ့ ဂျက်လေယာဉ်တွေမှာ စမ်းသပ်နေပါတယ်။
ခွင့်ပြုချက်နဲ့အညီ Starlink ကိုအသုံးပြုနိုင်မယ့်ယာဉ်အမျိုးအစားများမှာ လေယာဉ်၊ သင်္ဘော၊ ကုန်တင်ထရပ်ကားကြီးတွေနဲ့ ဇိမ်ခံကားတွေဖြစ်တယ်လို့ SpaceX တည်ထောင်သူ အီလွန်မက်စ်ကဆိုပါတယ်။
SpaceX၊ OneWeb၊ 'ဂျက်ဖ်ဘီဇော့စ်'ရဲ့ Kuiper စီမံကိန်းတွေဟာ ဂြိုဟ်တုအင်တာနက်စနစ်မှာ ပြိုင်ဆိုင်မှုပြင်းထန်နေကြပါတယ်။
Source: Reuters. Monday
#Yangon_Media_Group
Published 3 July 2022
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း၊ ဓမ္မာစင်္ကြာရိပ်သာ ကျောင်းတိုက်ရှိ အနန္တသုခ(၅)ထပ် ဓမ္မဗိမာန်ကျောင်းတော်ကြီး ကျောင်းလွှတ်ပူဇာဖွင့်ပွဲကို ဇူလိုင်(၃)ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့ရာ နိုင်ငံတော်သံဃမဟာနာရက အဖွဲ့ဥက္ကဋ္ဌ အဘိဓဇ အဂ္ဂမဟာ သဒ္ဒမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြိးမင်းအောင်လှိုင်နှင့်ဇနီး၊မိသားစုဝင်တွေ၊ ခရီးစဉ်မှာလိုက်ပါလာတဲ့ အခြားတာဝန်ရှိသူတွေပါ တက်ရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အခမ်းအနားမှာ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် က အနန္တသုခငါးထပ် ဓမ္မဗိမာန်ကျောင်းတော်ကြီး ကမ္ဗည်းမော်ကွန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ယင်းနောက် ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် ဓမ္မစင်္ကြာရိပ်သာ ဆရာတော်တို့ ဦးဆောင်၍ နစကဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ကျောင်းတော်ကြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း ပူဇော် ခဲ့ကြပါတယ်။
အဆိုပါ ဓမ္မာစင်္ကြာရိပ်သာကျောင်းတိုက်ကြီးကို ၁၉၅၄ ခုနှစ်တွင် ဘဒ္ဒန္တ ဝိဓဇသိရီ မဟာထေရ်မြတ်က စတင်တည်ထောင်တော်မူခဲ့ပြီးနောက်ကျောင်းတိုက်ကြီးကို လက်ဆင့်ကမ်း၍ အစဉ်အဆက် ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြတာဖြစ်ပါတယ်။
ယခုကျောင်းလွှတ် ပူဇာသဘင်ပြုလုပ်သည့် အနန္တသုခ (၅)ထပ်ဓမ္မဗိမာန် ကျောင်းတော်ကြီးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသည့် ကျောင်းဒါယကာ၊ ဒါယိကာမများက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၂ ရက်တွင် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ပြုလုပ်၍ လှူဒါန်းခဲ့ကြောင်းသိရှိရပါတယ်။
Published 3 July 2022
ကမ္ဘာ့စီးပွားရေးဟာ ငွေကြေးဖောင်းပွမှုတွေ..၊ထောက်ပို့ကွင်းဆက်ပြဿနာတွေနှင့် ရင်ဆိုင်နေရချိန်မှာ တရုတ်နှင့် အခြားမဲခေါင်(၅)နိုင်ငံအကြားမှာ ဖွံ့ဖြိုးတိုးတက်မှု အဟုန်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အစဉ်အလာ နယ်ပယ်များတွင်သာမကဘဲ ထွန်းသစ်စနယ်ပယ်အသစ်တွေမှာပါ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်တယ်လို့ ပညာရှင်တစ်ဦးကပြောလိုက်ပါတယ်။
တရုတ်နှင့် အခြားမဲခေါင်(၅)နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၂၁ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလျံ ၄၀၀ အထိ မြင့်တက်လာခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးရှိနေကြပေမယ့် ပြီးခဲ့တဲ့နှစ်ထက် ၂၃ ရာခိုင်နှုန်းတိုးတက်လာတာဖြစ်ပါတယ်။
တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ခုနှစ်ကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သဘာပတိအဖြစ်ဆောင်ရွက်ဖို့ စနေနေ့က မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ပါတယ်။ ဆွေးနွေးကြမယ့် အကြောင်းအရာတွေဟာ စီးပွားရေးဆက်ဆံရေး၊အရင်းအမြစ်မျှဝေသုံးစွဲရေးနှင့် မဲခေါင်မြစ်ဝှမ်းတစ်လျောက် ရေအားလျှပ်စစ်စီမံကိန်းများကို အလေးထားဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
“ လာမယ့်နှစ်တွေမှာ တရုတ်နှင့် အခြားငါးနိုင်ငံဟာ ကျွန်တော်တို့ရဲ့ အစဉ်အလာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေဖြစ်တဲ့ လယ်ယာထွက်ကုန်၊ကုန်သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံမှုတွေသာမကဘဲ ကိုဗစ်-၁၉ကိုတိုက်ဖျက်ဖို့နှင့် ကမ္ဘာ့ငွေကြေးဖောင်းပွမှုတွေကို ကိုင်တွယ်ဖို့ နည်းလမ်းသစ်တွေကိုရှာဖွေတဲ့ နိုင်ငံတကာနှင့် ဒေသဆိုင်ရာပြဿနာတွေအပေါ် ကျွန်တော်တို့ရဲ့ နိုင်ငံရေးညှိနှိုင်းဆောင်ရွက်မှု၊ပြီးတော့ ဆက်သွယ်ရေးမြှင့်တင်ဆောင်ရွက်မှုတွေကို တိုးမြှင့်ဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားပါမယ်” လို့ ခေတ်ပြိုင်နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ချိုင်းနားအင်စတီကျုက ပါမောက္ခ လျို ယွန်ကွန်က ပြောပါတယ်။
ဇန်နဝါရီ(၁)ရက်က စတင်အသက်ဝင်တဲ့ ကမ္ဘာ့အကြီးမားဆုံးကုန်သွယ်ရေးအစီအစဉ်ကြီးဖြစ်တဲ့ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(RCEP)ဟာ သူတို့အကြားမှာ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အစိမ်းရောင်စီးပွားရေးကိုပါ မြှင့်တင်ပေးနိုင် မယ်လို့ သူက ထပ်ပြောပါတယ်။
RCEPဟာ အာဆီယံ ၁၀နိုင်င့နှင့် တရုတ်၊ဂျပန်၊တောင်ကိုးရီးယား၊ဩစတြေလျနှင့် နယူးဇီလန်တို့ဖြစ်တဲ့ လွတ်လပ်သော ကုန်သွယ်ရေး မိတ်ဖက်(၅)နိုင်ငံတို့ ပါဝင်တဲ့ အဖွဲ့ဖြစ်ပါတယ်။
“တရုတ်နှင့်အခြား(၅)နိုင်ငံအတွက် RCEP ကို ယင်းရဲ့မူဘောင်အောက်ကနေ ကောင်းမွန်စွာအသုံးပြုပြီးတရုတ်နှင့် အာဆီယံ နိုင်ငံတွေဟာ လာမယ့်နှစ်တွေမှာ စီးပွားရေးနှင့် သမားရိုးကျပူးပေါင်းဆောင်ရွက်မှုတွေသာမကဘဲ နယ်ပယ်သစ်တွေဖြစ်တဲ့ ဒစ်ဂျစ်တယ်စီးပွားရေး နှင့် အစိမ်းရောင်စီးပွားရေးတွေကိုပါ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ပါမယ်” လို့ သူကပြောပါတယ်။
လန်ချန်း-မဲခေါင်ဆိုတာ တရုတ်နိုင်ငံကနေ လန်ချမ်းမြစ်အဖြစ် မြစ်ဖျားခံစီးဆင်းပြီးနောက် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကို ကျော်လာတာနှင့် အရှေ့တောင်အာရှတစ်လျောက် မဲခေါင်မြစ်ရယ်လို့ ခေါ်တွင်ခဲ့ကြပါတာပါ။
၂၀၁၄ခုနှစ်မှာ ပြုလုပ်တဲ့ ၁၇ကြိမ်မြောက် တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးမှာ ဝန်ကြီးချုပ်လီကာရှင်းက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးမူဘောင်ကို စတင်အဆိုပြုခဲ့ပြီးနောက် ၂၀၁၅ခုနှစ်မှာ တရုတ်၊မြန်မာ၊ထိုင်း၊ ဗီယက်နမ်၊ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံများက အဲဒီအဖွဲ့ကို တရားဝင်တည်ထောင်ခဲ့ကြပါတယ်။
Source CCTV+
Page 1488 of 1742