Published 12 Feb 2023

အအေးဓာတ်တွေထူးကဲစွာကျရောက်လို့ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း အထူးအုပ်ချုပ်ခွင့်ရဒေသ ဆင်းကျန်းဝီဂါမှာရှိတဲ့ ဘော့စ်တန် ရေကန်ကြီးဟာ အေးခဲသွားပါတယ်။

အဲဒီအခါ ရေခဲကန်ကြီးရဲ့ အပေါ်ယံမျက်နှာပြင်မှာ အက်ကြောင်းတွေနှင့် အဖြူရောင်ရေခဲတုံးကလေးတွေတင်နေတဲ့ မြင်ကွင်းဟာ အင်မတန်လှပပြီး ရှုမငြီးစရာဖြစ်နေပါတယ်။

ဒရုန်းနှင့်ရိုက်ကူးထားတဲ့ ရုပ်သံတွေမှာ ကျောက်စိမ်းလိုဖြစ်နေတဲ့ ကန်ကြီးရဲ့မျက်နှာပြင်တစ်လျောက် အက်ကြောင်းတွေ အများကြီးထင်းနေတာတွေ့ကြရပြီး အဲဒါဟာ ခရီးသွားတွေအတွက် ဆွဲဆောင်မှုပေးတဲ့ သဘာဝအလှတစ်ပါးဖြစ်နေပါတယ်။

 

Source CCTV+

#frozen_Bosten_Lake

Published 12 Feb 2023 အအေးဓာတ်တွေထူးကဲစွာကျရောက်လို့ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း အထူးအုပ်ချုပ်ခွင့်ရဒေသ ဆင်းကျန်းဝီဂါမှာရှိတဲ့ ဘော့စ်တန် ရေကန်ကြီးဟာ"/>