အာရှအလယ်ပိုင်းမှာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုက ယနေ့အထိဆိုရင် ဒေါ်လာ ၃၀ ဘီလီယံကျော်သွားပြီလို့ တရုတ်စီးပွားကူးသန်းဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။
#Asia_Economy
Published 19 June 2025
#တရုတ်ရင်းနှီးမြှုပ်နှံမှု #ဒေါ်လာ၃၀ဘီလီယံကျော်ရှိ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 19 June 2025
၁။ Online Sales မှတ်ပုံတင်လက်မှတ်လျောက်ထားသူ နှစ်သောင်းကျော်အထိ ရှိလာ
၂။ တီကျစ်စက်ရုံအဆင့် ၂ ပြီးစီးပါက ဓာတ်အား၁၂၀ မဂ္ဂါဝပ်သို့ တိုးမြှင့်ထုတ်လုပ်သွားမည်
၃။ နှစ်အလိုက် ဦးစားပေးလုပ်ငန်းများအတွက် ကုလသမဂ္ဂအဖွဲ့ရန်ပုံငွေ ၅၀ ရာခိုင်နှုန်းသာကျန်ရှိ
၄။ အာရှအလယ်ပိုင်းဒေသ၌ တရုတ်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးဒေါ်လာ(၃၀)ဘီလီယံကျော်ရှိလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဘန်ကောက် ဇွန် ၁၉၊၂၀၂၅-
သတင်းအကျဉ်း
ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှီနာဝတ်ထရာသည် အဓိက ညွန့်ပေါင်းမဟာမိတ် Bhumjaithai ဘမ်ဂျေထိုင်းပါတီ နှုတ်ထွက်သွားသဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဆင်းပေးရန် ဖိအားနှင့်ရင်ဆိုင်နေရသည်။ ယင်းအခြေအနေက ၁၀လသက်တမ်းသာရှိသေးသည့် သူမ၏ ညွန့်ပေါင်းအစိုးရကို ပြိုလဲလုနီးနီး အနေအထား ဆိုက်ရောက်စေသည်။
ဘာကြောင့်ဒီလိုဖြစ်ရသလဲ
ပေထုံတန်နှင့် ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်းနှင့် လက်ရှိဆီးနိတ်ဥက္ကဋ္ဌ ဟွန်ဆန်တို့အကြား အရေးကြီးသော ဖုန်းဆက်သွယ်ပြောဆိုမှု ပေါက်ကြားသွားပြီးနောက် ညွန့်ပေါင်းပြိုကွဲမှု စတင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါဖုန်းဆက်သွယ်ပြောဆိုသည့် အကြောင်းအရာများက အချုပ်အခြာအာဏာအပေါ် တုန့်ပြန်ဝေဖန်မှုများနှင့် ထိုင်းနိုင်ငံ၏ အရှိန်အဝါကြီးလှသည့် စစ်တပ်နှင့် အစိုးရအကြား တင်းမာမှုများ လူသိရှင်ကြားဖြစ်စေသည်။
နောက်ဆုံးအခြေအနေ
▪️အသက် ၃၈ နှစ်အရွယ် ပေထုံတန်သည် အဆိုပါဖုန်းစကားပြောပေါက်ကြားမှုအပေါ် ကြာသပတေး( ဇွန် ၁၉ရက်)က လူသိရှင်ကြားတောင်းပန်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်ပွတ်တိုက်မှုများကြောင့် စိုးရိမ်မှုများဖြစ်နေသည့် အချိန်တွင် စစ်တပ်ကို ထောက်ခံပါမည့်အကြောင်း သူမက ကတိပြုခဲ့ရသည်။
▪️ဘမ်ဂျေထိုင်းပါတီက ယင်းသည် ထိုင်းနိုင်ငံ ဂုဏ်သိက္ခာနှင့် စစ်တပ်ကို ထိခိုက်နစ်နာခဲ့ရသည့် အတွက် ညွန့်ပေါင်းမှ နှုတ်ထွက်ခဲ့ကြောင်း အကြောင်းပြခဲ့သည်။
▪️ဒီမိုကရက်နှင့် ယူနိုက်တက် ထိုင်းနေရှင်းပါတီများကလည်း အရေးပေါ် အစည်းအဝေးများပြုလုပ်ပြီး သူတို့တွေ ညွန့်ပေါင်းမှ ထပ်ပြီးနှုတ်ထွက်သွားကြပါက ပေထုံတန်အား လူနည်းစုအနေအထားတစ်ရပ် ဆီသို့ တွန်းပို့လိမ့်မည်ဖြစ်သည်။
▪️ဆန္ဒပြမှုများရှိလာနိုင်သဖြင့် အစိုးရရုံးတစ်ဝိုက် လုံခြုံရေးများ မြှင့်ထားသည်။
ဖုန်းစကားပြောဆိုမှုများ
ဇွန်၁၅ ရက်နေ့က ပေထုံတန်နှင့် ဟွန်ဆန်တို့ ဖုန်းဆက်သွယ်ပြောဆိုကြရာတွင် “ ပေထုံတန်က “ ထိုင်းနိုင်ငံထဲက အခြား တစ်ဖက်ကို အလေးမထားရန်နှင့် အထူးသဖြင့် ထိုင်းစစ်တပ်ဗိုလ်ချုပ်ကြီးကို ဟု ဟွန်ဆန်ကိုပြောခဲ့သည်။ နောက်ပိုင်းတွင် ပေထုံတန်က အခြေအနေကို ထိန်းနိုင်ရန်သာ ပြောဆို ခြင်းဖြစ်ပြီး ယင်းသည် စေ့စပ်ညှိနှိုင်းမှု နည်းဗျူဟာတစ်ခုသာဖြစ်ကြောင်း ပြောခဲ့သည်။
သူတို့ဘာပြောခဲ့ကြသလဲ
“ တိုက်ခိုက်နေဖို့ ကျွန်မတို့ အချိန်မရှိဘူး။ ကျွန်မတို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့လိုတယ်” ဟု ပေထုံတန်ကပြောခဲ့ပြီး ပြည်သူ့ပါတီခေါင်းဆေင် နာသာပေါင်းရူရင်ပန်ယွပ်က “ ဖုန်းပြောဆိုမှု ပေါက်ကြားခြင်းသည် နောက်ဆုံးအခြေအနေဖြစ်တယ်” ဟုပြောခဲ့သည်။
နောက်ဘာဖြစ်မလဲ
ပေထုံတန် နှုတ်ထွက်ခဲ့ရလျှင် ထိုင်းပါလီမန်သည် ၂၀၂၃ခုနှစ်က အတည်ပြုခဲ့သည် ကိုယ်စားလှယ် ငါးဦးထဲမှ တစ်ဦးကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ရမည်ဖြစ်သည်။
နောက်လမ်းကြောင်းတစ်ခုမှာ ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ်ပြုလုပ်ခြင်းဖြစ်သည်။ ယင်းသို့ဆိုလျှင် အတိုက်အခံပြည်သူ့ပါတီ (ယခင် ရှေ့သိ့ချီပါတီ) အတွက် အကျိုးရှိသွားစေလိမ့်မည်။
မြင်ကွင်းကျယ်
ယခုအကျပ်အတည်းသည် ရှင်နာဝါထရာ၏ နိုင်ငံရေးမျိုးဆက်များနှင့် ထိုင်းစစ်တပ်အကြား ကာလရှည်ကြာဖြစ်ခဲ့သည့် တင်းမာမှုများကို ထပ်မံမီးမွှေးသလိုဖြစ်ခဲ့သည်။ ထိုင်းစစ်တပ်သည် ၂၀၀၆ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ရှင်နာဝါထရာ အစိုးရများကို ဖြုတ်ချခဲ့သည်။
စစ်တပ်၏ တုန့်ပြန်ချက်
ထိုင်းတော်ဝင်စစ်တပ်က ထိုင်းဘုရင်အပေါ် ဆက်လက်သစ္စာစောင့်သိပြီး အခြေခံဥပဒေ ယန္တယားမှတစ်ဆင့် အချုပ်အခြာအာဏာကို ကာကွယ်မည်ဟု ကတိပြုခဲ့သည်။ ယင်းက သူတို့၏ ချုပ်တီးထားမှုကို ပြသခဲ့သည်။
Source: News Outlets
#World_Science
Published 19 June 2025
▪️ စကြဝဠာကြီးက လူသားတွေကို အံ့အားသင့်စရာတွေ ပေးနေတာ နှစ်ရာနဲ့ချီ ကြာနေပြီဖြစ်ပြီး အဝေးကြည့်မှန်ပြောင်းများ ဆောက်လုပ်ကာ အာကာသထဲကို လေ့လာကြည့်ရှုကြပါတယ်။
▪️ ကျွန်ုပ်တို့ စကြဝဠာစနစ်မှာ အခြားဂြိုဟ် ၇ ခုလည်းရှိပေမယ့် သက်ရှိတွေတော့ မနေထိုင်နိုင်ပါဘူး။
▪️ လွန်ခဲ့တဲ့ နှစ်ဘီလီယံခန့်က မားစ်ဂြိုဟ်မှာ သက်ရှိတွေရှိခဲ့မယ်လို့ သိပ္ပံပညာရှင်များ ထင်ထားပေမယ့် ပြောင်းလဲသွားဟန်ရှိပါတယ်။
▪️ ကမ္ဘာဂြိုဟ်လိုပဲ အပြာရောင်ဂြိုဟ်တစ်ခုဖြစ်တဲ့ ယူရေးနပ်စ်ဂြိုဟ်ဟာ ဟိုက်ဒရိုဂျင်ဆာလ်ဖိုက်၊ ဟီလီယံ၊ မီသိန်းတို့ပြည့်နေကာ မျက်နှာပြင်မရှိဘဲ အနံ့အသက် အလွန်ဆိုးရွားပါတယ်။
▪️ ဒီလိုမျိုး အဆိပ်သင့်ယူရေးနပ်စ်ဂြိုဟ်ဆီကို လူသားတွေ ရောက်ရှိသွားတဲ့ပုံစံမျိုး ကွန်ပျူတာဖြင့်သရုပ်ဖော်ရာမှာ လူသားတွေဟာ အချိန် ၅ စက္ကန့်တောင် ခံနိုင်မှာမဟုတ်ပါဘူး။
▪️ တစ်နာရီကို ၉၀၀ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်နေတဲ့ စိန်မုန်တိုင်းကြား ပါသွားနိုင်ကာ အဆင့် ၅ ဟာရီကိန်းထက် သုံးဆခွဲမျှ ပိုမိုပြင်းထန်နိုင်ပါတယ်။
▪️ မီသန်းကြောင့် ယူရေးနပ်စ်ဟာ စိမ်းပြာရောင်သမ်းနေပြီး အန္တရာယ်ရှိဓာတ်ငွေ့ ဖိအားအလွန်များတဲ့ အနေအထားကနေ စိန်တွေဖြစ်ပေါ်လာပါတယ်။
▪️ ယူရေးနပ်စ်ဂြိုဟ်နဲ့ နီးလာရင် အပူချိန်က -၂၂၄ ဒီဂရီဆဲလ်စီးယပ်စ်မှာ အေးခဲသွားနိုင်သလို ဟိုက်ဒရိုဂျင်ဆာလ်ဖိုက်ပါဝင်တဲ့ တိမ်တိုက်တွေထဲရောက်သွားရင် ရှူမိပြီးတော့ ချက်ချင်းအသက်ဆုံးရှုံးနိုင်ပါတယ်။
▪️ အပေါ်ယံလွှာကရဲ့ ဖိအားက ကမ္ဘာ့ပင်လယ်ရေပြင်ထက် အဆတစ်ရာကျော် ပိုများတာကြောင့် ကာဗွန်ကနေ စိန်တွေအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။
#Source: WION
#World_Health
Published 19 June 2025
▪️ ဆံပင်ဖြီးခြင်းက နေ့စဉ်တစ်ကိုယ်ရည်ထိန်းသိမ်းမှုမှာ မရှိမဖြစ်ဆိုပေမယ့် ဆံပင်စိုစွတ်နေတုန်း ခေါင်းဖြီးတာကတော့ ဆိုးကျိုးဖြစ်စေပါတယ်။
▪️ ဒါဟာ ဆံကေသာကို မော်လီကျူးအဆင့်မှာပင် အားနည်းစေနိုင်တယ်လို့ အစ္စတန်ဘူလ်စမိုင်းဟဲဆေးခန်း ပူးတွဲတည်ထောင်သူ ဒေါက်တာ မာမက်အာဒိုဂန်က ပြောပါတယ်။
▪️ ဒီလိုဖြီးခြင်းက အချိန်ကြာလာတာနဲ့အမျှ ဆံပင်ကျိုးကြေပါးလွှာစေနိုင်တယ်လို့ ဆိုပါတယ်။
▪️ ဆံပင်က စိုနေတဲ့အခါ အပြင်ပိုင်းမှာ ပြောင်းလဲမှုတွေဖြစ်သွားတယ်လို့ ဆိုပါတယ်။
▪️ ရေကြောင့် ဆံခြည်မျှင်အရင်းက ဖောင်းတင်းလာပြီး မွေးညင်းပေါက် ဆွဲဆန့်သလိုဖြစ်ကာ ကျိုးကြေလွယ်လာပါတယ်။
▪️ ဒါကြောင့် အတွင်းပရိုတိန်းတည်ဆောက်ပုံ ပျက်စီးစေကာ ကြာလာရင် ဆံကေသာအားနည်းလာစေတယ်လို့ သတိပေးလိုက်ပါတယ်။
▪️ ခြောက်သွေ့တဲ့အခါကျရင် မူလအခြေအနေ ပြန်မရောက်တော့ဘဲ ပျက်စီးနေခဲ့ပြီ ဖြစ်ပါတယ်။
▪️ ဆံပင်စိုက ကြွပ်ဆတ်တဲ့အပြင် ကြမ်းကြမ်းတမ်းတမ်း ဖြီးလိုက်ရင် ကျိုးပျက်တတ်ပြီး ဖိစီးမှု၊ ဟော်မုန်းပြဿနာ၊ ဆံပင်အလှပြင်ခြင်း၊ ဓာတုပစ္စည်းများကြောင့်လည်း ထိခိုက်ပျက်စီးတတ်ပါတယ်။
▪️ ဆံပင်အရောင်စိုးသူတွေ၊ ကောက်ဖြောင့်သူတွေဟာ ဆံပင်စိုကို ဖြီးမိလို့ ပိုမိုပျက်စီးနိုင်ပါတယ်။
▪️ ဆံကေသာထိခိုက်ခြင်းမှ လျှော့ချနိုင်ဖို့ အသွားကျဲတဲ့ ဘီးများအသုံးပြုသင့်တယ်လို့ အကြံပြုထားကြပါတယ်။
▪️ ဆံပင်အလှပြင်တဲ့အခါ အပူပေးခြင်းကိုလည်း လျှော့ချသင့်သလို အရောင်ချွတ်ဆေးတွေ ထပ်ခါထပ်ခါ သုံးခြင်းကိုလည်း ရှောင်ရှားသင့်ပါတယ်။
▪️ ဆံပင်ကို ပုံမှန်ဖြီးတဲ့အခါ ဖြည်းဖြည်းနဲ့ ညင်သာစွာ ပြုလုပ်ပေးသင့်ပါတယ်။
#Source: New York Post
၂၇ ကြိမ်မြောက် ရှန်ဟိုင်းနိုင်ငံတကာ ရုပ်ရှင်ပွဲတော်(SIFF)ဟာ စနေနေ့က ခမ်းနားလှတဲ့ဖွင့်ပွဲနဲ့အတူ စတင်ကျင်းပလိုက်ပြီး နိုင်ငံပေါင်း ၁၁၉ နိုင်ငံမှ ရုပ်ရှင်ကားပေါင်း ၃,၉၀၀ တင်သွင်းလာကြကာ မှတ်တမ်းသစ်တင်နိုင်ခဲ့ပါတယ်။
#World_Event
Published 18 June 2025
#ရှန်ဟိုင်း #နိုင်ငံတကာရုပ်ရှင်ပွဲတော်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 18 June 2025
၁။ ဒလတံတား စီမံကိန်းလုပ်ငန်းများ ဒီဇင်ဘာလကုန်တွင်ပြီးစီးရန်ဆောင်ရွက်နေ
၂။ RBF ကိုငလျင်ဘေးဒဏ်သင့်ဒေသများနှင့် ရန်ကုန်တိုင်းတွင် ၅၆ယူနစ်အထိ တိုးချဲ့ဆောင်ရွက်ပေးမည်
၃။ ဆင်အမွှာလေးကျော်ပုလဲအား လိုအပ်ပါက အသက်နှစ်နှစ်ခန့်မှသာခါးဆစ်ရိုးခွဲစိတ်မည်
၄။ (၂၇)ကြိမ်မြောက် ရှန်ဟိုင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်စတင်ဖွင့်လှစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 21 of 994