#World_Health
Published 08 March 2026
■ တစ်နေ့ကို ၃ ကြိမ်သွားတိုက်ပြီး ခံတွင်းကျန်းမာရေး စစ်ဆေးမှု ပုံမှန်ပြုလုပ်ပေးပါက ရောဂါပြဿနာပေါင်း ၅၀ ကျော် ဖြစ်နိုင်ခြေ နည်းစေတယ်လို့ မင်နီဆိုတာ သွားဆေးတက္ကသိုလ်မှ ပရော်ဖက်ဆာ အဲ့ဒိုဂန်ကန်တာချီက ပြောပါတယ်။
■ ခံတွင်းကျန်းမာရေးက အလုံးစုံကျန်းမာရေးနဲ့ ဆက်စပ်နေကြောင်း ယခင်တည်းက သိရှိထားကာ အယ်ဇိုင်းမား၊ ကင်ဆာ၊ နှလုံးသွေးကြောရောဂါများ၊ ဆီးချိုစတာတွေနဲ့ ဆက်စပ်နေပါတယ်။
■ သုတေသနအရဆိုရင် ပုံမှန်သွားတိုက်ပြီး သွားဂရုစိုက်တတ်တဲ့ အလယ်အလတ်ရောဂါတွေ ရှိသူတွေဟာ ဦးနှောက်အသိဉာဏ်တုံ့ပြန်မှု များစွာသာလွန်တာ တွေ့ရပါတယ်။
■ ခံတွင်းရောဂါတွေမှ ဘက်တီးရီးယားတွေက သွေးကြောတွေ ဦးနှောက်တွေထဲထိ ဝင်ရောက်ပြီး ရောင်ရမ်းမှုတွေ ဖြစ်စေကာ အဆစ်အမြစ်နာခြင်း၊ အနည်စုပြုံခြင်းတို့ ဖြစ်လာစေပါတယ်။
■ ဥရောပနိုင်ငံအများစုက ခံတွင်းသန့်ရှင်းရေးနဲ့ ပတ်သက်လို့ သိပ်ပြီးဂရုမစိုက်ကြတာ တွေ့ရပါတယ်။
■ ယူကေမှာ အဝလွန်ခြင်း အဖြစ်များနေတာကို ကြည့်ရင် အဆင့်ဆင့်ထုပ်ပိုး စားစရာတွေကို မှီခိုလွန်းတာက ခံတွင်းကျန်းမာရေး ပိုဆိုးစေတာ တွေ့ရပါတယ်။
■ သွားဖုံးရောဂါက ရောင်ရမ်းမှုတွေ ဖြစ်စေပေမယ့် ဒီမန်ရှာ၊ အဆစ်အမြစ်ရောင်ရောဂါတို့ကို တိုက်ရိုက်ဖြစ်စေတယ်လို့တော့ မဟုတ်ပါဘူး။
■ အနောက်တိုင်း စားသောက်ပုံစံတွေ လူမှုစီးပွားရေးကိစ္စတွေကြောင့် ခံတွင်းကျန်းမာရေး ညံ့နေကြပြီး သက်ကြီးရွယ်အိုတွေမှာ ပိုဆိုးစေပါတယ်။
■ အိပ်ရာမဝင်ခင်နဲ့ အချိုစာတွေ စားအပြီးမှာ သွားတိုက်သင့်ပြီး လျှပ်စစ်သွားတိုက်တံအသုံးပြုတိုက်ကာ လျှာကိုလည်း သန့်ရှင်းသင့်တယ်လို့ အကြံပြုထားကြပါတယ်။
Source: EuroNews
တနင်္လာနေ့ညနေက လော့စ်အိန်ဂျလိစ်မြို့တော်ခန်းမရှေ့မှာ စစ်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြပြီး အီရန်အပေါ် အမေရိကန်အစိုးရတိုက်ခိုက်မှုတွေကို ပြင်းထန်စွာရှုတ်ချခဲ့ကြပါတယ်။
#World_News
Published 07 March 2025
#အီရန် #လော့စ်အိန်ဂျလိစ်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 07 March 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေနဲ့ လုံးဝအရှုံးပေးဖို့ အလိုရှိနေပါတယ်။
■ အစ္စရေးလ်တို့က အီရန်နဲ့ လက်ဘနွန်တို့ကို နောက်ဆုံးတိုက်ခိုက်မှုများ ပြုလုပ်ထားပြီး အီရန်ကလည်း အစ္စရေးလ်နဲ့ ပင်လယ်ကွေ့နိုင်ငံများထံ ဒုံးကျည်များ ပစ်ခတ်ခဲ့ထားကာ အချို့သောနိုင်ငံများက ကြားဝင်စေ့စပ်မှုတွေ စတင်ပြုလုပ်လာသဖြင့် ပဋိပက္ခအဆုံးသတ်ရေး ပထမဆုံးလက္ခဏာတွေ ဖြစ်လာတယ်လို့ အီရန်သမ္မတ ကြေညာပြီးနောက် နာရီပိုင်းအကြာမှာပဲ ထရမ့်က ဆိုရှယ်မီဒီယာမှာ ဖော်ပြလာတာ ဖြစ်ပါတယ်။
■ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အီရန်လုံးဝလက်မြှောက်အရှုံးပေးခြင်းကလွဲပြီး တခြားဘာသဘောတူညီချက်မှ မရှိဘူးလို့ ထရမ့်က ရေးထားကာ ရဲရင့်တဲ့ မိတ်ဆွေတွေက အီရန်ပျက်သုဉ်းခြင်း မဖြစ်ရအောင် မပင်မပန်း ကူညီသွားလိမ့်မယ်လို့ ဆိုပါတယ်။
■ ထရမ့်ရွေးချယ်တဲ့ ပဋိပက္ခလမ်းစဉ်ကြောင့် တစ်ကမ္ဘာလုံး စွမ်းအင်အထောက်အပံ့ ထိခိုက်နေကာ စီးပွားရေးဈေးကွက် ယိုယွင်းစေပါတယ်။
■ ဟော်မုဇ်ရေလက်ကြားမှာ လောင်စာတင်လမ်းကြောင်း ပိတ်ဆို့ခံရတာကြောင့် ၂၀၂၃ နောက်ပိုင်း ဥရောပနဲ့ အမေရိကန်စတော့ဈေးတွေ သိသိသာသာ ထိုးကျနေပြီး ရေနံဈေးနှုန်း အမြင့်ဆုံးဖြစ်လာပါတယ်။
■ အစ္စရေးလ်က လက်ဘနွန်မှာ စစ်ရေးလှုပ်ရှားမှုတွေ ချဲ့ထွင်လာပြီး ဟက်ဇ်ဘိုလာနဲ့ အီရန်တော်လှန်ရေးအစောင့်တပ်တွေကို ပစ်မှတ်ထားလာပါတယ်။
■ လူသားချင်းစာနာမှုပြဿနာလည်း ကြီးထွားနေပြီး လူထောင်ပေါင်းများစွာ နေရာရွှေ့ပြောင်းထားရကာ အီရန်၊ လက်ဘနွန်၊ အစ္စရေးလ်တို့မှာ အသေအပျောက်များနေပါတယ်။
■ အမေရိကန်ကတော့ စစ်ဆင်ရေးကြာရှည်လုပ်ဆောင်နိုင်ရန် ကာကွယ်ရေးကန်ထရိုက်တာများက လက်နက်ထုတ်လုပ်မှု အရှိန်မြှင့်တင်နေပါတယ်။
Source: Reuters
တိုကျို၊မတ် ၆၊၂၀၂၆- လိုင်စင်မရှိဘဲ အလှပြင်ခွဲစိတ်မှုတွေ လုပ်ပေးနေတဲ့ မြန်မာဆရာဝန်တစ်ဦးအပါအဝင် မြန်မာ နှစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ မတ်လ ၆ရက်နေ့မှာ အင်န်အိတ်ချ်ကေ သတင်းက ဖော်ပြပါတယ်။ သူတို့က လိုင်စင်မရှိဘဲ အလှပြင် ခွဲစိတ်မှုတွေ လုပ်ပေးနေတယ်လို့ သံသယရှိလို့ဖမ်းဆီးလိုက်တာလို့ဆိုပါတယ်။
တိုကျိုရဲတပ်ဖွဲ့ရဲ့ အဆိုအရတော့ ဒီအမျိုးသားနှစ်ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ မေလကနေ ဒီနှစ် ဖေဖော် ဝါရီလအထိ တိုကျိုမြို့ထဲက အိမ်တစ်လုံးနဲ့ အဆောက်အအုံတစ်ခုမှာ ဆေးကုသခွင့်ဥပဒေကို ချိုးဖောက် ပြီး လုပ်ကိုင်နေခဲ့ကြတာလို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ အသက် ၄၁ နှစ်အရွယ် မျက်နှာခွဲစိတ်အလှုပြုပြင်ဆရာဝန် ဒေါက်တာ ကြည်ချမ်းကို နဲ့ အသက် ၃၀ အရွယ် ကိုစိုးဝင်းနိုင် တို့ဖြစ်ပါတယ်။ သူတို့ဟာ အသက် ၃၀ ဝန်းကျင် မြန်မာ အမျိုးသမီး သုံးယောက်ကို မျက်ရစ် ဖော်ဖို့ဆိုပြီး မျက်ခွံခွဲစိတ်မှုတွေ လုပ်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရ တာပါ။ ဒါ့အပြင် သူတို့နှစ်ယောက်က လူနာတွေကို ဆေးထိုးပေးတာတွေပါ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စ ဘယ်လိုပေါ်ပေါက်လာသလဲ ဆိုတော့ အဲဒီအမျိုးသမီးတွေက ခွဲစိတ်ပြီးကတည်းက မျက်လုံးဖွင့် ရတာ အဆင်မပြေတော့ဘူးဆိုပြီး ပြီးခဲ့တဲ့နှစ် ဇွန်လမှာ တိုကျိုရဲတပ်ဖွဲ့ကို သွားရောက် တိုင်ကြား ခဲ့ရာ ကနေ စသိခဲ့ရတာပါ။

သံသယရှိသူတွေဟာ ဆိုရှယ်မီဒီယာတွေမှာ ကြော်ငြာပြီး ဖောက်သည်ရှာခဲ့ပုံရပါတယ်။ အဲဒီအမျိုးသမီး သုံးယောက်က သူတို့အနေနဲ့ ဒေါ်လာ ၇၆၀ ကနေ ၁,၂၀၀ ကြားလောက် ပေးခဲ့ရတယ်လို့ ရဲတွေကို ပြောပြခဲ့ပါတယ်။ အခုတော့ သူတို့မျက်လုံးအောက်မှာ အနီရင့်ရောင် အမာရွတ်တွေ ကျန်နေခဲ့တဲ့အပြင် တခြားပြဿနာတွေပါ ကြုံနေရတဲ့အတွက် ဒီခွဲစိတ်မှုလုပ်ခဲ့မိတာကို အရမ်းနောင်တရနေကြပါတယ်။
ရဲတွေဘက်ကတော့ ဒီခွဲစိတ်မှုတွေမှာ တခြား ကူညီပေးတဲ့သူတွေလည်း ရှိဦးမယ်လို့ ထင်ထား ကြပါတယ်။ ပြီးတော့ သူတို့အနေနဲ့ တခြားဖောက်သည်တွေကိုလည်း အခုလို တရားမဝင် ခွဲစိတ်မှုတွေ ထပ်လုပ်ပေးခဲ့တာမျိုး ရှိနိုင်တယ်လို့ ယူဆနေပါတယ်။ စုံစမ်းစစ်ဆေးရေးမှူးတွေကို ကိုစိုးဝင်းနိုင်ကတော့ သူဟာ ခွဲစိတ်မှုတွေမှာ ဘေးကနေ ကူညီပေးရုံပဲ ကူညီခဲ့တာပါလို့ ထွက်ဆိုထားပါတယ်။ ဒါပေမဲ့ ခွဲစိတ်မှု တွေကို ကိုယ်တိုင်လုပ်ခဲ့တယ်လို့ သံသယရှိခံထားရတဲ့ ကိုကြည်ချမ်းကိုကတော့ ဒီစွပ်စွဲချက်တွေကို ငြင်း ဆိုထားပါတယ်။ သူကတော့ ဘယ်လို ဆေးဘက်ဆိုင်ရာ ကုသမှုကိုမှ လုပ်ခဲ့တာမရှိပါဘူးလို့ ပြောဆိုထား တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
Source NHK
#World_Science
Published 07 March 2026
■ အိန္ဒိယသိပ္ပံပညာရှင်တွေက လပေါ်မှာ ရတနာတူးလို့ရမယ့် နေရာကောင်းတစ်ခုရှာဖွေနေရာ လတောင်ဝင်ရိုးစွန်းအနီး Mons Mouton နေရာမှ MM-4 လို့ခေါ်တဲ့ နေရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။
■ အိန္ဒိယရဲ့ နောက်ထပ်အာကာသခရီးစဉ်ကြီး Chandrayaan-4 က ၂၀၂၈ ဝန်းကျင်မှာ ပြုလုပ်နိုင်ဖွယ်ရှိပါတယ်။
■ Mons Mouton ဟာ တောင်တန်းလို မြေမြင့်နေရာတစ်ခုဖြစ်ပြီး ရေခဲနဲ့ ဘေးကင်းစိတ်ချရတဲ့ မြေပြင်ရှိနိုင်တာကြောင့် အနာဂတ်မှာ အာကာသလုပ်ငန်းများအတွက် အရေးပါပါတယ်။
■ အခြားခရီးစဉ်တွေနဲ့မတူတာက Chandrayaan-4 ဟာ လမြေဆီနဲ့ ကျောက်တုံးအပိုင်းအစတွေကို အမှန်တကယ် ကောက်ယူပြီး ကမ္ဘာပေါ်သို့ သယ်ဆောင်လာမှာ ဖြစ်ပါတယ်။
■ ဒီနမူနာတွေကို အိန္ဒိယသိပ္ပံပညာရှင်တွေက အဏုကြည့်မှန်ပြောင်းအောက်မှာ တန်ဖိုးကြီး ကျောက်မျက်တွေကို စစ်ဆေးသလိုမျိုး လေ့လာသွားမှာ ဖြစ်ပါတယ်။
■ ထိုနေရာတွေဟာ မှောင်မည်းအေးချမ်းတာကြောင့် ရေခဲတွေကို နှစ်ပေါင်းဘီလီယံကြာအောင် ထိန်းသိမ်းထားဖွယ် ရှိပါတယ်။
■ ဒီရေခဲတွေကနေ လူသားတွေအတွက် သောက်သုံးဖို့ရေ၊ အသက်ရှူဖို့ အောက်ဆီဂျင်၊ ဒုံးပျံလောင်စာတို့ကိုပင် ပြုလုပ်နိုင်ပါတယ်။
■ ထိုနေရာရဲ့ မြေတိမ်းစောင်းပုံ၊ အန္တရာယ်အနည်းဆုံး အခြေအနေနဲ့ ဘေးကင်းစိတ်ချရတဲ့ ဆင်းသက်နေရာတွေကြောင့် MM-4 ကို ရွေးချယ်ရတာ ဖြစ်ပါတယ်။
■ Chandrayaan-4 အောင်မြင်မှုရပါက အိန္ဒိယရဲ့ အာကာသစူးစမ်းလေ့လာရေးနဲ့ အနာဂတ်ရှာဖွေတွေ့ရှိမှုတို့ကို မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။
Source: WION.
#World_Health
Published 07 March 2026
■ နှလုံးသက်ရှည်ကျန်းမာဖို့အတွက် နေ့စဉ် ဖြည်းဖြည်းချင်း ကျင့်ကြံဆောင်ရွက်သွားနိုင်တယ်လို့ နှလုံးအထူးကုတွေ ပြောပါတယ်။
■ တက်ကြွလှုပ်ရှားစွာ နေထိုင်ခြင်း၊ နှလုံးကျန်းမာရေးညီညွတ်စွာ စားသောက်ခြင်း၊ အရက်ဆေးလိပ် ရှောင်ရှားခြင်းတို့က နှလုံးကျန်းမာရေး ကာကွယ်ရာမှာ အရေးအကြီးဆုံး ၃ ချက်ဖြစ်ကြောင်း ကလိဗ်လန်းဆေးရုံမှ နှလုံးအထူးကု ဂရန့်ရိဒ်က ပြောပါတယ်။
■ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းက နှလုံးကြံ့ခိုင်သန်မာစေပြီး သွေးပေါင်ချိန်နဲ့ ကိုလက်စထရောတို့ ထိန်းသိမ်းနိုင်စေမှာပါ။
■ တစ်ပတ်ကို အနည်းဆုံး အလယ်အလတ်လေ့ကျင့်ခန်း မိနစ် ၁၅၀ ပြုလုပ်ဖို့ တိုက်တွန်းနေကြပါတယ်။
■ အသီးအနှံ၊ ဟင်းရွက်၊ ပရိုတိန်း၊ ကောင်းကျိုးပြုအဆီတို့ပါဝင်တဲ့ အစားအသောက်တွေကို ဦးစားပေး စားသုံးသင့်ပါတယ်။
■ ဆေးလိပ်သောက်ခြင်းက သွေးကြောတွေ ထိခိုက်ပျက်စီးစေပြီး အရက်ကတော့ သွေးပေါင်ချိန်တိုးစေနိုင်ပါတယ်။
■ ဒါတွေအပြင် မိသားစုကျန်းမာရေးမျိုးရိုးကလည်း အရေးပါနေပါတယ်။
■ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းအပါအဝင် နှလုံးသွေးကြောကိစ္စတွေမှာ မိသားစုသမိုင်းက ကြီးမားတဲ့သက်ရောက်မှုတစ်ခု ဖြစ်တာကြောင့် အနီးစပ်ဆုံး သားစဉ်ဘိုးဘေးတွေရဲ့ နှလုံးကျန်းမာရေးအကြောင်းကို သိရှိထားဖို့ အရေးကြီးတယ်လို့ ရိဒ်ကပြောပါတယ်။
■ ဒီသမိုင်းကြောင်းတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီး အန္တရာယ်ရှိနိုင်ခြေတွေ လိုအပ်တဲ့ကာကွယ်မှုတွေ သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။
Source: Wave3.
အမေရိကန်နဲ့ အစ္စရေးလ်တို့ အီရန်ကို တိုက်ခိုက်ခြင်းနဲ့ အီရန်ရဲ့ တုံပြန်တိုက်ခိုက်မှုတွေကြောင့် ဒူဘိုင်း၊ အဘူဒါဘီ၊ ဒိုဟာတိုရှိ ကူးပြောင်းသွားလာရေးနေရာများ ပိတ်ထားရကာ ခရီးသွားသူသိန်းနဲ့ချီသောင်တင်နေရပါတယ်။
#World_News
Published 06 March 2025
#အမေရိကန်_အစ္စရေးလ် #အီရန်
#YMG #Yangon_Times #Yangon_Media_Group
Page 20 of 1145