#World_Science
Published 07 March 2026
■ အိန္ဒိယသိပ္ပံပညာရှင်တွေက လပေါ်မှာ ရတနာတူးလို့ရမယ့် နေရာကောင်းတစ်ခုရှာဖွေနေရာ လတောင်ဝင်ရိုးစွန်းအနီး Mons Mouton နေရာမှ MM-4 လို့ခေါ်တဲ့ နေရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။
■ အိန္ဒိယရဲ့ နောက်ထပ်အာကာသခရီးစဉ်ကြီး Chandrayaan-4 က ၂၀၂၈ ဝန်းကျင်မှာ ပြုလုပ်နိုင်ဖွယ်ရှိပါတယ်။
■ Mons Mouton ဟာ တောင်တန်းလို မြေမြင့်နေရာတစ်ခုဖြစ်ပြီး ရေခဲနဲ့ ဘေးကင်းစိတ်ချရတဲ့ မြေပြင်ရှိနိုင်တာကြောင့် အနာဂတ်မှာ အာကာသလုပ်ငန်းများအတွက် အရေးပါပါတယ်။
■ အခြားခရီးစဉ်တွေနဲ့မတူတာက Chandrayaan-4 ဟာ လမြေဆီနဲ့ ကျောက်တုံးအပိုင်းအစတွေကို အမှန်တကယ် ကောက်ယူပြီး ကမ္ဘာပေါ်သို့ သယ်ဆောင်လာမှာ ဖြစ်ပါတယ်။
■ ဒီနမူနာတွေကို အိန္ဒိယသိပ္ပံပညာရှင်တွေက အဏုကြည့်မှန်ပြောင်းအောက်မှာ တန်ဖိုးကြီး ကျောက်မျက်တွေကို စစ်ဆေးသလိုမျိုး လေ့လာသွားမှာ ဖြစ်ပါတယ်။
■ ထိုနေရာတွေဟာ မှောင်မည်းအေးချမ်းတာကြောင့် ရေခဲတွေကို နှစ်ပေါင်းဘီလီယံကြာအောင် ထိန်းသိမ်းထားဖွယ် ရှိပါတယ်။
■ ဒီရေခဲတွေကနေ လူသားတွေအတွက် သောက်သုံးဖို့ရေ၊ အသက်ရှူဖို့ အောက်ဆီဂျင်၊ ဒုံးပျံလောင်စာတို့ကိုပင် ပြုလုပ်နိုင်ပါတယ်။
■ ထိုနေရာရဲ့ မြေတိမ်းစောင်းပုံ၊ အန္တရာယ်အနည်းဆုံး အခြေအနေနဲ့ ဘေးကင်းစိတ်ချရတဲ့ ဆင်းသက်နေရာတွေကြောင့် MM-4 ကို ရွေးချယ်ရတာ ဖြစ်ပါတယ်။
■ Chandrayaan-4 အောင်မြင်မှုရပါက အိန္ဒိယရဲ့ အာကာသစူးစမ်းလေ့လာရေးနဲ့ အနာဂတ်ရှာဖွေတွေ့ရှိမှုတို့ကို မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။
Source: WION.