#Local_News
Published 18 June 2025
▪️ မြန်မာ-ဗီယက်နမ် ဆောက်လုပ်ရေးဆိုင်ရာတွေဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်မည်ဖြစ်ရာ အဆိုပါ ပွဲအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယခုလ၁၇ရက် မွန်းလွဲ (၁)နာရီခွဲက မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ နှစ်နိုင်ငံကြား ဆောက်လုပ်ရေးဆိုင်ရာတွေဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ဗီယက်နမ်သံရုံးအရာရှိ Mr. Nguyen Van Bay နှင့်အဖွဲ့မှ MCEF မှ တာဝန်ရှိသူများနှင့်လာရောက်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို Business Matching ကို ဇွန်လ ၂၃ ရက်တွင် ရန်ကုန်မြို့ရှိမြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ရုံး၌ပြုလုပ်သွားမည်ဖြစ်ပြီးကုမ္ပဏီ (၂၂)ခုမှ လုပ်ငန်းအမျိုးအစားပေါင်း (၂၀)ကျော်ပါဝင်သည့် ဗီယက်နမ်စီးပွါးရေးလုပ်ငန်းရှင်များ အဖွဲ့သည် မြန်မာနိုင်ငံမှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ အင်ဂျင်နီယာများ၊ ကုန်ပစ္စည်းထုတ်လုပ်တင်သွင်းသူများနှင့် တွေ့ဆုံဆွေးနေံးမည်ဖြစ်ကြောင်း၊ထို့ကြောင့်တက်ရောက်လေ့လာဆွေးနွေးလိုသူများအနေဖြင့် MCEFသို့ ကြိုတင်ဆက်သွယ် စာရင်းပေးနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 18 June 2025
▪️ ကိုလက်စ်ထရောလ်ဓာတ်က နှလုံးရောဂါရဲ့ အဓိကတရားခံဖြစ်သလို သေချာစောင့်ကြည့်ထိန်းသိမ်းမှု မပြုလုပ်ရင် အသံတိတ်ဒုက္ခပေးလာနိုင်ပြီး နှလုံးဖောက်ခြင်းကနေ လေဖြတ်ခြင်း၊ မှတ်ဉာဏ်ဆုံးရှုံးခြင်းတို့အထိ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူများ သတိပေးလာပါတယ်။
▪️ ကိုလက်စ်ထရောလ်က သူ့ဘာသာဆိုရင် အန္တရာယ်မရှိဘဲ တကယ်တမ်းမှာ ဟော်မုန်းများ ထုတ်လုပ်မှုအတွက် အရေးပါသလို သူမရှိရင် ခန္ဓာကိုယ်က ပုံမှန်အလုပ်မလုပ်နိုင်ပါဘူး။
▪️ ဆိုးကျိုးကိုလက်စ်ထရောလ်ဖြစ်တဲ့ LDL ပမာဏမြင့်မားလာမှသာ ဘေးအန္တရာယ်ဖြစ်တာပါ။
▪️ LDL ပုံမှန်ပမာဏက တစ်ဒက်ဆီလီတာလျှင် ၁၀၀ မီလီဂရမ်အောက်သာ ရှိသင့်ပြီး သွေးတိုး၊ ဆီးချိုရှိနိုင်ခြေများသူတွေမှာတော့ ၇၀ မီလီဂရမ်အောက်သာ ရှိသင့်ပါတယ်။
▪️ LDL တွေများလာရင် သွေးကြောတွေထဲမှာ အသံတိတ် စုပြုံပိတ်ဆို့လာစေကာ နှလုံးသွေးကြောကျဉ်းစေနိုင်ပါတယ်။
▪️ သတိမထားမိကြတဲ့ထဲမှာ လစ်ပိုပရိုတိန်း Lp(a) ပါဝင်ပြီး Lp(a) များလာရင် နှလုံးသွေးကြောရောဂါများ၊ လေဖြတ်ခြင်း၊ ရောင်ရမ်းခြင်းတို့ ဖြစ်နိုင်ခြေ သိသိသာသာ များစေပါတယ်။
▪️ လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့သူတွေတောင် LDL ကိုလက်စ်ထရောလ် မြင့်မားနိုင်တယ်လို့ အိန္ဒိယ မက်စ်စူပါအထူးကုဆေးရုံ နှလုံးဌာနဥက္ကဌ ဒေါက်တာ နာကူဆင်ညာက ပြောပါတယ်။
▪️ ကိုလက်စ်ထရောလ်ပြဿနာဟာ နှလုံးမှာတင်မကဘဲ ဦးနှောက်သွေးကြောစီးဆင်းမှုကိုလည်း လျော့နည်းစေကာ ဒီမန်ရှာ၊ ဦးနှောက်စွမ်းရည် ကျဆင်းခြင်း၊ အာရုံကြော ရုတ်တရက်ပြဿနာတို့ပါ ဖြစ်စေနိုင်ပါတယ်။
▪️ ဒါ့အပြင် အစာခြေခြင်းကိုလည်း သက်ရောက်စေနိုင်ကာ သည်းခြေကျောက်လည်း ဖြစ်လာနိုင်ပါတယ်။
#Source: India Today
#World_Health
Published 18 June 2025
▪️ လူတွေ နေ့စဉ်ပြုလုပ်နေမိတဲ့ အလေ့အကျင့်တစ်ခုကို ညအိပ်ရာမဝင်မီ အချိန်ခြားပြီး ပြုလုပ်ရင်တောင် အိပ်နေစဉ်မှာ ဦးနှောက်ကို အလုပ်လုပ်စေတယ်လို့ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
▪️ ဒီအလေ့အကျင့်က ညဘက် ဦးနှောက်အနားယူခြင်းဖြစ်စဉ်တွေကို နှောင့်ယှက်စေပြီး ဦးနှောက်ကျန်းမာရေးအပေါ် သက်ရောက်စေနိုင်တယ်လို့ သိပ္ပံပညာရှင်များ သတိပေးလာပါတယ်။
▪️ ကနေဒါသုတေသီများက ကျန်းမာသန်စွမ်းသူ အယောက် ၄၀ ကို အိပ်စက်မှုဓာတ်ခွဲခန်းထဲမှာ နှစ်ညထားခဲ့ပါတယ်။
▪️ တစ်ညကို မအိပ်ခင် နာရီပိုင်းအလိုမှာ ကော်ဖီ ၂ ခွက်စာနဲ့ညီမျှတဲ့ ကဖင်းဓာတ် ၂၀၀ မီလီဂရမ် စားသုံးစေပြီး နောက်တစ်ညမှာတော့ ကဖင်းဓာတ်မပါတာကို စားသုံးစေပါတယ်။
▪️ ကဖင်းဓာတ်ဆိုတာက အိပ်ပျော်ရန် ခက်ခဲစေတယ်လို့ သိထားကြပါတယ်။
▪️ သုတေသီတွေက EEG စကင်များအသုံးပြုကာ စမ်းသပ်ခံသူများ အိပ်ပျော်ပြီးနောက် ဦးနှောက်လှုပ်ရှားမှုတွေကို စောင့်ကြည့်ခဲ့ကြရာ အိပ်နေတဲ့အချိန်မှာ ဦးနှောက်ထဲမှာ နိုးကြားနေတဲ့အခြေအနေ တွေ့ရှိခဲ့ကြပါတယ်။
▪️ နှစ်ခြိုက်စွာ အိပ်ပျော်နေရမယ့်အစား ကဖင်းဓာတ်က ဦးနှောက်ကို ပိုမိုနိုးကြားတုံ့ပြန်တဲ့ အခြေအနေ ရောက်ရှိစေတယ်လို့ တွေ့ရှိကြပါတယ်။
▪️ ကဖင်းက နေ့ပိုင်းမှာ အာရုံစူးစိုက်မှုကောင်းအောင် အထောက်အကူပေးပေမယ့် ညဖက်မှာတော့ ကောင်းစွာ အနားမရနိုင်ဘူးလို့ မွန့်ထရီယယ်တက္ကသိုလ်မှ စိတ်ကျန်းမာရေးပရော်ဖက်ဆာ ဒေါက်တာ ဂျူလီကယ်ရီယာက ပြောပါတယ်။
▪️ ဒါ့အပြင် ဦးနှောက်လှိုင်းတွေ လျင်မြန်စွာ ရွေ့လျားပြီး ဦးနှောက်က ကောင်းစွာအနားမရနိုင်ဘူးလို့ ဒေါက်တာ ကာရင်ဂျာဘီကလည်း ပြောပါတယ်။
▪️ ကဖင်းဓာတ်ဟာ ကမ္ဘာပေါ်မှာ အများဆုံးသောက်သုံးကြတဲ့ စိတ်ကြွဆေးတစ်မျိုးဖြစ်ပြီး ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ဆိုဒါ၊ အားဖြည့်အချိုရည်တို့မှာ တွေ့ရတတ်ပါတယ်။
#Source: New York Post
#World_News
Published 18 June 2025
▪️ အီရန်နဲ့ အစ္စရေးလ်စစ်ပွဲဟာ ၆ ရက်မြောက်နေ့အထိ ရှိလာပြီဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို ခြွင်းချက်မရှိလက်နက်ချရန် ပြောထားပေမယ့် ဗုဒ္ဓဟူးနေ့မှာ နှစ်နိုင်ငံ အပြန်အလှန် ထပ်မံပစ်ခတ်ခဲ့ကြပါတယ်။
▪️ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း ပထမဆုံး ၂ နာရီအတွင်းမှာ အီရန်ဘက်က ဒုံးကျည်များဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်က ပြောထားကာ မြို့တော်တဲလ်အဗစ်မှာ ပေါက်ကွဲသံတွေ ကြားရပါတယ်။
▪️ အစ္စရေးလ်က အီရန်စစ်တပ်နေရာများကို လေကြောင်းတိုက်ခိုက်နိုင်ရန်အတွက် အီရန်အရပ်သားများ တဟီရန်ကနေ ထွက်ပြေးတိမ်းရှောင်ဖို့ ပြောထားပါတယ်။
▪️ အီရန်သတင်းဝက်ဘ်ဆိုက်ဖော်ပြချက်အရ တဟီရန်နဲ့ ကာရက်ဂျ်မြို့တို့မှာ ပေါက်ကွဲသံတွေ ကြားရတယ်လို့ သိရပါတယ်။
▪️ ထရမ့်က အမေရိကန်ဟာ သည်းခံနိုင်စွမ်းမရှိတော့ကြောင်း ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ကာ အီရန်ခေါင်းဆောင်ကို သတ်ရန် အခုအချိန်မှာ ရည်ရွယ်ချက်မရှိပေမယ့် သူ့ရဲ့မှတ်ချက်စကားက အီရန်အပေါ် ပိုပြီးရန်လိုတဲ့သဘော ဖြစ်နေပါတယ်။
▪️ "အီရန်ခေါင်းဆောင် အယာတိုလာအလီခါမီနီ ပုန်းနေတဲ့နေရာကို အတိအကျသိထားပါတယ်။ အခုအချိန်တော့ သူ့ကိုသတ်မှာမဟုတ်ပေမယ့် စိတ်ရှည်သည်းခံနိုင်စွမ်း လျော့နည်းလာပြီ။ ခြွင်းချက်မရှိ လက်နက်ချပါ" လို့ ထရမ့်က Truth Social မှာ ဖော်ပြထားပါတယ်။
▪️ ပဋိပက္ခနဲ့ ပတ်သက်ပြီး ထရမ့်ရဲ့ မှတ်ချက်စကားတွေက တစ်ခါတရံမှာ ထူးခြားဆန့်ကျင်တဲ့သဘော ရှိတာကြောင့် မရေရာမှုပိုဖြစ်လာတတ်ပါတယ်။
▪️ အမေရိကန်က အရှေ့အလယ်ပိုင်းဒေသမှာ တိုက်လေယာဉ်တွေ ထပ်မံနေရာချထားကာ အခုအချိန်ထိတော့ အီရန်ဘက်ကနေ အစ္စရေးလ်ကို ပစ်လိုက်တဲ့ ဒုံးကျည်တွေကို ပစ်ချကာကွယ်ရာမှာပဲ ပါဝင်နေပါသေးတယ်။
▪️ ယခုအချိန်အထိ အစ္စရေးလ်တိုက်ခိုက်မှုကြောင့် အီရန်စစ်တပ်မှ ထိပ်သီးအရာရှိများနဲ့ လုံခြုံရေးအရာရှိများ သေဆုံးထားပါတယ်။
#Source: Reuters
အီရန်နဲ့ အစ္စရေးလ်တို့ကြား လုံခြုံရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တင်းမာမှုမြင့်တက်နေရာ တူရကီနယ်စပ်ရှိ ဗန်မြို့သို့သွားလာကြတဲ့ အီရန်အရပ်သားတွေ များပြားလာပါတယ်။
#World_News
Published 17 June 2025
#အီရန်-အစ္စရေးလ်တင်းမာမှု #အရပ်သားများတူရကီသို့ထွက်ပြေး
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 17 June 2025
၁။ ကိုဗစ်အတည်ပြုလူနာ၅၀ ကျော်အထိရှိလာ၊ ရောဂါပြင်းထန်နိုင်သူများကို ကာကွယ်ဆေးထိုးပေးမည်
၂။ မြန်မာနှင့် ဂျာမနီပူးပေါင်း၍ ကျောင်းအခြေပြုဘေးအန္တရာယ်ဖြစ်နိုင်ခြေလျော့ပါးရေးသင်တန်းဖွင့်လှစ်
၃။ ဒေသအချို့၌ လျှပ်တပျက်ရေကြီးခြင်းနှင့် မြေပြိုခြင်းသဘာဝဘေးများဖြစ်နိုင်ဟု မိုးဇလသတိပေး
၄။ အီရန်-အစ္စရေးလ်တင်းမာမှုမြင့်တက်လာသဖြင့် အီရန်အရပ်သားများတူရကီသို့ထွက်ပြေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
နယ်မှပြောင်းရွေ့နေထိုင်သူတွေများပြားလာတဲ့ ရန်ကုန်မြို့ရဲ့အိမ်ခြံမြေဈေးကွက်မှာ လတ်တလောကာလမှာတော့ အိမ်အပါမြေကွက်နဲ့ လုံးချင်းေတွအရောင်းအဝယ်မြင့်တက်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေထံမှ သိရပါတယ်။
#Local_News
Published 17 June 2025
#အိမ်ခြံမြေဈေးကွက် #မြေကွက်ဝယ်ယူမှုမြင့်တက်
#YMG/SW #Yangon_Times
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနနဲ့ ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်တဲ့ကျောင်းအခြေပြုဘေးအန္တရာယ်ဖြစ်နိုင်ခြေလျော့ပါးရေး(နည်းပြ)သင်တန်းဖွင့်ပွဲကို ဇွန်လ ယမန်နေ့က ရန်ကုန်မြို့ရှိ Rose Garden Hotel မှာကျင်းပခဲ့ပါတယ်။
#Local_News
Published 17 June 2025
#မြန်မာနှင့်ဂျာမနီပူးပေါင်း #မြန်မာနိုင်ငံကြက်ခြေနီအသင်း
#YMG/SW #Yangon_Times
အခုတစ်ပတ်အတွင်း ဒေသအချို့မှာ မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လျှပ်တပျက်ရေကြီးတာ မြေပြိုတာစတဲ့ သဘာဝဘေးတွေဖြစ်နိုင်တာ ကြောင့် ကုန်းမြင့်နေသူတွေ၊ မြစ်ငယ်၊ ချောင်းငယ်အနီးနေထိုင်သူတွေနဲ့ ဆည်မြောင်းတာတမံတွေ အနေနဲ့ လိုအပ်တာတွေ ကြိုတင်ဆောင်ရွက်ထားကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယမန်နေ့က အထူးမိုးလေဝသ သတင်းတစ်ရပ်ထုတ်ပြန်ပြီး သတိပေးထားပါတယ်။
#Local_News
Published 17 June 2025
#လျှပ်တပျက်ရေကြီးခြင်း #မိုးဇလသတိပေး
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်(၅၂)ဦးကိုထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး ကူးစက်နှုန်းမြင့်သူတွေနဲ့နာတာရှည်ရောဂါအခံရှိသူတွေကို ကာကွယ် ဆေးထိုးပေးသွားမယ်လို့ ယမန်နေ့ညပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)က အသိပေးလာပါတယ်။
#Local_News
Published 17 June 2025
#ကိုဗစ်အတည်ပြုလူနာ၅၀ကျော် #ကာကွယ်ဆေးထိုးပေး
#YMG/NN #Yangon_Times
#Local_News
Published 17 June 2025
▪️ ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကစ်ဘောက်ဆင် လူရွေးပွဲ ကိုယခုလအတွင်း ရန်ကုန်မြို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်၏ အသိပေးချက်အရ သိရပါသည်။
▪️ အဆိုပါ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် ကစ်ဘောက်ဆင်ကစားသမားများရွေးချယ်ပွဲကို ယခုလ ဇွန်လ (၂၂)ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့ခန်းမ၌ ပြုလုပ်မည်ဖြစ်သည်။
▪️ ယင်းလူရွေးပွဲကို ဝင်ကြေးအခမဲ့သတ်မှတ်ထားပြီး မည်သူမဆိုလာရောက်ကြည့် ရှုနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 June 2025
▪️ မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများဆုံးရှုံးခဲ့ရသည့် စစ်ကိုင်းတိုင်း ဒေသကြီးရှိမြို့နယ်များမှ တက္ကသိုလ်ဝင်စာမေးပွဲများကို ပြန်လည်ဖြေဆိုလျှက်ရှိရာ ယမန်နေ့က ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ၈၀၄၅ ဦး ပြန်လည်ဖြေဆိုနေကြောင်း သိရသည်။
▪️ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စာစစ်ဌာန ၂၅ ခု၊ စာရင်းရှိ ၈၂၀၅ ဦး၊ ဖြေဆိုသူ ကျောင်းသား ကျောင်းသူ စုစု ပေါင်း ၈၀၄၅ ဦး ဖြေဆိုမှုရာခိုင်နှုန်း ၉၈ ဒသမ ၀၅ ဖြစ်ပြီး မုံရွာမြို့နယ်အနေဖြင့် အမှတ် (၂) အခြေခံပညာနှင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း- အလုံတွင် ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၂၄၄ ဦးနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၄၉၆ ဦး ဖြေဆိုလျက်ရှိသည်။
▪️ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမာန် နေ့မနက်ပိုင်းက မုံရွာမြို့ အမှတ် (၂) အခြေခံပညာနှင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း-အလုံနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့ရှိ သတ်မှတ်ကျောင်းဆောင်များ၌ ကျောင်းသား ကျောင်းသူများ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့အဖြစ် မြန်မာဘာသာရပ် ပြန်လည်ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 242 of 1920