#Local_News
Published 23 December 2025

▪️ ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့တွင် ပြည်သူ့အငှားအိမ်ရာတစ်လုံးတည်ဆောက်လျှက်ရှိကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှသိရသည်။

▪️ အဆိုပါ RC(၄)ခန်းတွဲ(၄)ထပ်‌ဆောင် ပြည်သူ့အငှားအိမ်ရာတည်ဆောက်လျှက်ရှိသည့်တောင်ကြီးမြို့၊ ထီဖောင်ကျေးရွာသို့ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းကသွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့‌ကြောင်းသိရသည်။

▪️ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် RC(၄)ခန်းတွဲ(၄)ထပ်ဆောင်ပြည်သူ့အငှားအိမ်ရာတည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြကာ တင်ပြချက်အပေါ် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့်လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးစနစ်တကျ ဆောင်ရွက်သွားရန်၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး၊ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးရေး၊ တည်ဆောက်ရေးလုပ်ငန်းစဉ် တစ်ခုချင်းစီတိုင်းအား တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times