၁၉ ဇွန် ၂၀၂၅
ရွေးကောက်ပွဲများကျင်းပရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သည့်အနေဖြင့် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေ၄၀/၂၀၂၅ ဖြင့် ယနေ့ ဇွန်၁၉ ရက်နေ့မှာ ထုတ်ပြန်ပြဋ္ဌာန်းလိုက်ပါတယ်။
အဆိုပါဥပဒေအရ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့် ဖွဲ့စည်းရေးဆိုင်ရာ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၄ကို ပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။
ပြင်ဆင်လိုက်သည့် ပုဒ်မ ၁၄သည်
“၁၄။ ကော်မရှင်သည် ပုဒ်မ ၁၀ ပုဒ်မခွဲ(ဂ)အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်း ရာတွင် အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့် ဖြစ်စေ အနည်းဆုံး ၃ ဦး ဖြင့် ဖွဲ့စည်းရမည်။ ယင်းပုဂ္ဂိုလ်များအနက် သင့်လျော်သူတစ်ဦးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရမည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိကို အတွင်းရေးမှူး အဖြစ် တာဝန်ပေးအပ်ရမည်။"ဟူ၍ဖြစ်ပါတယ်။
ယခင်ပုဒ်မ ၁၄မှာ-
“ ၁၄။ ကော်မရှင်သည် ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဂ)အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် အများယုံကြည်လေးစားခြင်းခံရသူ ပုဂ္ဂိုလ်အနည်းဆုံး ၃ ဦးဖြင့် ဖွဲ့စည်းရမည်။ ယင်းအဖွဲ့ဝင် များထဲမှတစ်ဦးကို ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ် ရမည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိကို အတွင်းရေးမှူးအဖြစ် တာဝန် ပေးအပ်ရမည်။ လိုအပ်လျှင် နိုင်ငံ့ဝန်ထမ်းများကို အဖွဲ့ဝင်များအဖြစ် ထည့်သွင်း ဖွဲ့စည်းနိုင်သည်။” ဟူ၍ဖြစ်ပါတယ်။
ယခင် ပုဒ်မ၁၄ အရ လိုအပ်မှသာ နိုင်ငံ့ဝန်ထမ်းများကို ကော်မရှင်အဖွဲ့ဝင်များအဖြစ် ထည့်သွင်း ဖွဲ့စည်း နိုင်သော်လည်း ပြင်ဆင်လိုက်သည့် ပုဒ်မ ၁၄ အရ ကော်မရှင်အဆင့်ဆင့်ကို အများယုံကြည် လေးစား ရသူများနှင့်ဖြစ်စေ နိုင်ငံ့ဝန်ထမ်းများနှင့်ဖြစ်စေ ဖွဲ့စည်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ယင်းအတွက် ကော်မရှင်များကို နိုင်ငံ့ဝန်ထမ်းများနှင့်သာဖွဲ့စည်းသင့်ပါက ဖွဲ့စည်းနိုင်ခွင့်ရှိမယ်လို့ အဓိပ္ပါယ် သက် ရောက်မှာဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ၂၀၁၅ခုနှစ် ဇူလိုင် ၁၄ ရက်နေ့တွင် ပထမဆုံးအကြိမ် ပြင်ဆင်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ယခင် ဒီမိုကရေစီ အစိုးရ ခေတ်များ၌ ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ယခုတတိယအကြိမ်ပြင်ဆင်ခြင်းကို နစက အစိုးရခေတ်တွင် ပြင်ဆင်လိုက်ခြင်းဖြစ်ပါတယ်။
#ymg/knl
အာရှအလယ်ပိုင်းမှာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုက ယနေ့အထိဆိုရင် ဒေါ်လာ ၃၀ ဘီလီယံကျော်သွားပြီလို့ တရုတ်စီးပွားကူးသန်းဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။
#Asia_Economy
Published 19 June 2025
#တရုတ်ရင်းနှီးမြှုပ်နှံမှု #ဒေါ်လာ၃၀ဘီလီယံကျော်ရှိ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 19 June 2025
၁။ Online Sales မှတ်ပုံတင်လက်မှတ်လျောက်ထားသူ နှစ်သောင်းကျော်အထိ ရှိလာ
၂။ တီကျစ်စက်ရုံအဆင့် ၂ ပြီးစီးပါက ဓာတ်အား၁၂၀ မဂ္ဂါဝပ်သို့ တိုးမြှင့်ထုတ်လုပ်သွားမည်
၃။ နှစ်အလိုက် ဦးစားပေးလုပ်ငန်းများအတွက် ကုလသမဂ္ဂအဖွဲ့ရန်ပုံငွေ ၅၀ ရာခိုင်နှုန်းသာကျန်ရှိ
၄။ အာရှအလယ်ပိုင်းဒေသ၌ တရုတ်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးဒေါ်လာ(၃၀)ဘီလီယံကျော်ရှိလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဘန်ကောက် ဇွန် ၁၉၊၂၀၂၅-
သတင်းအကျဉ်း
ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှီနာဝတ်ထရာသည် အဓိက ညွန့်ပေါင်းမဟာမိတ် Bhumjaithai ဘမ်ဂျေထိုင်းပါတီ နှုတ်ထွက်သွားသဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဆင်းပေးရန် ဖိအားနှင့်ရင်ဆိုင်နေရသည်။ ယင်းအခြေအနေက ၁၀လသက်တမ်းသာရှိသေးသည့် သူမ၏ ညွန့်ပေါင်းအစိုးရကို ပြိုလဲလုနီးနီး အနေအထား ဆိုက်ရောက်စေသည်။
ဘာကြောင့်ဒီလိုဖြစ်ရသလဲ
ပေထုံတန်နှင့် ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်းနှင့် လက်ရှိဆီးနိတ်ဥက္ကဋ္ဌ ဟွန်ဆန်တို့အကြား အရေးကြီးသော ဖုန်းဆက်သွယ်ပြောဆိုမှု ပေါက်ကြားသွားပြီးနောက် ညွန့်ပေါင်းပြိုကွဲမှု စတင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါဖုန်းဆက်သွယ်ပြောဆိုသည့် အကြောင်းအရာများက အချုပ်အခြာအာဏာအပေါ် တုန့်ပြန်ဝေဖန်မှုများနှင့် ထိုင်းနိုင်ငံ၏ အရှိန်အဝါကြီးလှသည့် စစ်တပ်နှင့် အစိုးရအကြား တင်းမာမှုများ လူသိရှင်ကြားဖြစ်စေသည်။
နောက်ဆုံးအခြေအနေ
▪️အသက် ၃၈ နှစ်အရွယ် ပေထုံတန်သည် အဆိုပါဖုန်းစကားပြောပေါက်ကြားမှုအပေါ် ကြာသပတေး( ဇွန် ၁၉ရက်)က လူသိရှင်ကြားတောင်းပန်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်ပွတ်တိုက်မှုများကြောင့် စိုးရိမ်မှုများဖြစ်နေသည့် အချိန်တွင် စစ်တပ်ကို ထောက်ခံပါမည့်အကြောင်း သူမက ကတိပြုခဲ့ရသည်။
▪️ဘမ်ဂျေထိုင်းပါတီက ယင်းသည် ထိုင်းနိုင်ငံ ဂုဏ်သိက္ခာနှင့် စစ်တပ်ကို ထိခိုက်နစ်နာခဲ့ရသည့် အတွက် ညွန့်ပေါင်းမှ နှုတ်ထွက်ခဲ့ကြောင်း အကြောင်းပြခဲ့သည်။
▪️ဒီမိုကရက်နှင့် ယူနိုက်တက် ထိုင်းနေရှင်းပါတီများကလည်း အရေးပေါ် အစည်းအဝေးများပြုလုပ်ပြီး သူတို့တွေ ညွန့်ပေါင်းမှ ထပ်ပြီးနှုတ်ထွက်သွားကြပါက ပေထုံတန်အား လူနည်းစုအနေအထားတစ်ရပ် ဆီသို့ တွန်းပို့လိမ့်မည်ဖြစ်သည်။
▪️ဆန္ဒပြမှုများရှိလာနိုင်သဖြင့် အစိုးရရုံးတစ်ဝိုက် လုံခြုံရေးများ မြှင့်ထားသည်။
ဖုန်းစကားပြောဆိုမှုများ
ဇွန်၁၅ ရက်နေ့က ပေထုံတန်နှင့် ဟွန်ဆန်တို့ ဖုန်းဆက်သွယ်ပြောဆိုကြရာတွင် “ ပေထုံတန်က “ ထိုင်းနိုင်ငံထဲက အခြား တစ်ဖက်ကို အလေးမထားရန်နှင့် အထူးသဖြင့် ထိုင်းစစ်တပ်ဗိုလ်ချုပ်ကြီးကို ဟု ဟွန်ဆန်ကိုပြောခဲ့သည်။ နောက်ပိုင်းတွင် ပေထုံတန်က အခြေအနေကို ထိန်းနိုင်ရန်သာ ပြောဆို ခြင်းဖြစ်ပြီး ယင်းသည် စေ့စပ်ညှိနှိုင်းမှု နည်းဗျူဟာတစ်ခုသာဖြစ်ကြောင်း ပြောခဲ့သည်။
သူတို့ဘာပြောခဲ့ကြသလဲ
“ တိုက်ခိုက်နေဖို့ ကျွန်မတို့ အချိန်မရှိဘူး။ ကျွန်မတို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့လိုတယ်” ဟု ပေထုံတန်ကပြောခဲ့ပြီး ပြည်သူ့ပါတီခေါင်းဆေင် နာသာပေါင်းရူရင်ပန်ယွပ်က “ ဖုန်းပြောဆိုမှု ပေါက်ကြားခြင်းသည် နောက်ဆုံးအခြေအနေဖြစ်တယ်” ဟုပြောခဲ့သည်။
နောက်ဘာဖြစ်မလဲ
ပေထုံတန် နှုတ်ထွက်ခဲ့ရလျှင် ထိုင်းပါလီမန်သည် ၂၀၂၃ခုနှစ်က အတည်ပြုခဲ့သည် ကိုယ်စားလှယ် ငါးဦးထဲမှ တစ်ဦးကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ရမည်ဖြစ်သည်။
နောက်လမ်းကြောင်းတစ်ခုမှာ ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ်ပြုလုပ်ခြင်းဖြစ်သည်။ ယင်းသို့ဆိုလျှင် အတိုက်အခံပြည်သူ့ပါတီ (ယခင် ရှေ့သိ့ချီပါတီ) အတွက် အကျိုးရှိသွားစေလိမ့်မည်။
မြင်ကွင်းကျယ်
ယခုအကျပ်အတည်းသည် ရှင်နာဝါထရာ၏ နိုင်ငံရေးမျိုးဆက်များနှင့် ထိုင်းစစ်တပ်အကြား ကာလရှည်ကြာဖြစ်ခဲ့သည့် တင်းမာမှုများကို ထပ်မံမီးမွှေးသလိုဖြစ်ခဲ့သည်။ ထိုင်းစစ်တပ်သည် ၂၀၀၆ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ရှင်နာဝါထရာ အစိုးရများကို ဖြုတ်ချခဲ့သည်။
စစ်တပ်၏ တုန့်ပြန်ချက်
ထိုင်းတော်ဝင်စစ်တပ်က ထိုင်းဘုရင်အပေါ် ဆက်လက်သစ္စာစောင့်သိပြီး အခြေခံဥပဒေ ယန္တယားမှတစ်ဆင့် အချုပ်အခြာအာဏာကို ကာကွယ်မည်ဟု ကတိပြုခဲ့သည်။ ယင်းက သူတို့၏ ချုပ်တီးထားမှုကို ပြသခဲ့သည်။
Source: News Outlets
#World_News
Published 19 June 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က နိုင်ငံခြားကျောင်းသားများ ဗီဇာလျှောက်ထားချက်များကို ပြန်လည်စတင်ရန် ဗုဒ္ဓဟူးနေ့က အမိန့်ပေးလိုက်ပေမယ့် အမေရိကန်အပေါ် ရန်လိုမုန်းတီးမှုတွေ ရှိလာနိုင်တဲ့ ဗီဇာလျှောက်ထားသူများကို ခွဲခြားဖော်ထုတ်ရန်ဖို့အတွက်တော့ ယင်းတို့ရဲ့ ဆိုရှယ်မီဒီယာများ စစ်ဆေးမှုကို အထူးတင်းကြပ်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းရေးကြေးနန်းစာတစ်ခုမှာ ဖော်ပြထားပါတယ်။
▪️ အမေရိကန် ကောင်စစ်ဝန်အရာရှိများအနေဖြင့် တိုင်းပြည်ရဲ့ နိုင်ငံသားများ၊ ယဉ်ကျေးမှု၊ အစိုးရ၊ အဖွဲ့အစည်းများ၊ အခြေခံဥပဒေစည်းမျဉ်းများအပေါ် ရန်လိုမှုတွေရှိလာနိုင်တဲ့ နိုင်ငံခြားကျောင်းသားများနဲ့ ယာယီနေထိုင်ခွင့် လျှောက်ထားသူများရဲ့ ဆိုရှယ်မီဒီယာများကို ဘက်ပေါင်းစုံမှ စေ့စပ်သေချာစွာ စစ်ဆေးသွားရမှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ ဇွန် ၁၈ ရက်နေ့က အမေရိကန်သံရုံးများထံ ပို့လိုက်တဲ့ ကြေးနန်းစာမှာ ပါဝင်ပါတယ်။
▪️ ပြန်လည်သုံးသပ်စစ်ဆေးမှု ပြီးမြောက်ပါက နောက်ထပ်လမ်းညွှန်ချက်များ ကြေညာသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောထားပါတယ်။
▪️ စစ်ဆေးရေးအရာရှိများအနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုရှိသူများ အကြမ်းဖက်လုပ်ရပ်များ ရှုမြင်ပုံများနဲ့ ပတ်သက်နေနိုင်တဲ့ ဗီဇာလျှောက်ထားသူများကို ရှာဖွေဖော်ထုတ်ဖို့ ညွှန်ကြားခံထားရတာ ဖြစ်ပါတယ်။
▪️ ဆိုရှယ်မီဒီယာသာမက ဗီဇာလျှောက်ထားသူများရဲ့ အွန်လိုင်းအသုံးပြုပုံများ၊ အွန်လိုင်းမှရှာဖွေလှုပ်ရှားမှုများကိုပါ စစ်ဆေးသွားမှာဖြစ်ပါတယ်။
▪️ ဥပမာအားဖြင့် ဆိုရှယ်မီဒီယာပေါ်မှာ ဟားမတ်စ်ကို အားပေးအားမြှောက်လုပ်တာတွေ တွေ့ရှိပါက ဗီဇာရရှိမှာမဟုတ်ပါဘူး။
▪️ ဒီလိုလုပ်ရပ်တွေမှာ ပါဝင်နေတဲ့ ကျောင်းသားပေါင်းရာချီဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒများကို ဆန့်ကျင်ရာရောက်တာကြောင့် ဗီဇာတွေရုပ်သိမ်းထားကြောင်းလည်း ရူဘီယိုကပြောပါတယ်။
▪️ ဒီထဲမှာဆိုရင် ပါလက်စ်တိုင်းထောက်ခံခြင်း၊ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးလ်အပေါ် ဝေဖန်ခြင်းများ ပါဝင်ပါတယ်။
▪️ ထရမ့်ကို ဝေဖန်သူတွေကတော့ အစိုးရလုပ်ရပ်တွေဟာ အမေရိကန် အခြေခံဖွဲ့စည်းပုံ ပထမပြင်ဆင်ချက်အရ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို ချိုးဖောက်ရာကျတယ်လို့ ပြောထားပါတယ်။
#Source: Reuters
အခုလအတွင်း ပြန်လည်ဖြေကြားနေတဲ့ တက္ကသိုလ်ဝင်တန်းပြန်ဖြေသူတွေထဲမှာ မန္တလေးတိုင်းက အများဆုံးလာရောက်ဖြေဆိုကြတယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 19 June 2025
#တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်ဖြေသူ #မန္တလေးတိုင်းမှအများဆုံးဖြစ်
#YMG/NN #Yangon_Times
လူသားချင်းစာနာတုံ့ပြန်မှုနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုများ၊ ခိုင်မာတဲ့ စနစ်နဲ့ ခံနိုင်ရည်မြှင့်တင်ရန်စတဲ့ မြန်မာနိုင်ငံရဲ့ နှစ်အလိုက် ဦးစားပေးလုပ်ငန်းများအတွက် ကုလသမဂ္ဂအဖွဲ့မှာ ရန်ပုံငွေ ၅၀ ရာခိုင်နှုန်းသာ ကျန်ရှိတော့တယ်လို့ ကုလသမဂ္ဂအဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
#Local_News
Published 19 June 2025
#ကုလသမဂ္ဂအဖွဲ့ရန်ပုံငွေ #လူသားချင်းစာနာတုံ့ပြန်မှု
#YMG/SW #Yangon_Times
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေး သုံးရေနွေးငွေ့ဓာတ်အားပေးစက်ရုံအဆင့်၂ ပြီးစီးပါက လျှပ်စစ်ဓာတ်အား၁၂၀ မဂ္ဂါဝပ်သို့ တိုးမြှင့်ထုတ်လုပ်သွားနိုင်မှာဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 19 June 2025
#တီကျစ်စက်ရုံအဆင့်၂ #လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
#YMG/SW #Yangon_Times
#Local_News
Published 19 June 2025
▪️ မြောင်းမြမြို့၌ ကျောင်းသူချင်းအုပ်စုဖွဲ့အနိုင်ကျင့်သည့်ကိစ္စနှင့် ပတ်သက်၍ လူမှုကွန်ယက်မှာဝေဖန်မှု မြင့်တက်နေကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် စာသင်နှစ် နှောင်းပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ အ.ထ.က( ၆) ကျောင်းမှ ကျောင်းသူတစ်ဦးအပေါ် တစ်ကျောင်းတည်းအတူတက်နေကြသည့် ကျောင်းသူများမှ ပါးရိုက်ခြင်း၊ လက်အုပ်ချီကန် တော့ ခိုင်းခြင်း စသည် ဖြင့် အုပ်စုဖွဲ့အနိုင်ကျင့်သည့် ဗီဒီယိုဖိုင် တစ်ခု လူမှုကွန်ယက်တွင် ယမန်နေ့က စတင်ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ ကိစ္စရပ်အား အတည်ပြုနိုင်ရန် ယနေ့မနက်ပိုင်းတွင် မြောင်းမြခရိုင်ပညာရေးမှူးရုံးသို့ ရန်ကုန်မီဒီယာ ဂရုအနေဖြင့် ဖုန်းနှင့်ဆက်သွယ်မေးမြန်းရာတစ်ဖက်မှ ပြန်လည်ဖြေကြားခြင်းမပြုခဲ့ပေ။
▪️ ထို့အပြင် ယမန်နေ့ညနေက လူမှုကွန်ယက်၌ ပျံ့နှံ့ခဲ့သည့် ဗီဒီယိုထဲတွင်ပါဝင်သည့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ အ.ထ.က( ၆) ကျောင်းမှ ကျောင်းသူတစ်ဦးအပေါ် တစ်ကျောင်းတည်းအတူတက်နေကြသည့် ကျောင်းသူများမှ အုပ်စုဖွဲ့အနိုင်ကျင့်သည့်ကိစ္စကို သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့မှ ထိရောက်သည့်အရေးယူမှုများ ပြုလုပ်ပေးခြင်းမရှိသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပညာရေးဝန်ကြီးဌာနအပါအဝင် နေပြည်တော်ရှိ သက်ဆိုင်ရာဌာနများ အထိ တိုင်ကြားသွားမည်ဖြစ်ကြောင်း ပြောဆိုလာသူများရှိသကဲ့သို့ ကိုယ်ထိလက်ရောက်လုပ်ဆောင်သူများကိုလည်း လူမှုကွန်ယက်သုံးစွဲသူများက ထိုက်သင့်သည့်အပစ်များပေးရန် ဝေဖန်လျှက်ရှိနေကြောင်း သိရသည်။
#YMG/NN #Yangon_Times
အွန်လိုင်းကနေ ကုန်ပစ္စည်းအမျိုးမျိုးရောင်းချဖို့အတွက် OnlineSales မှတ်ပုံတင်လက်မှတ်လျှောက်ထားတာ နှစ်သောင်းကျော်အထိရှိလာတယ် လို့ ကုန်သွယ်ရေးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 19 June 2025
#Online_Sales #မှတ်ပုံတင်လက်မှတ်လျောက်ထားသူ
#YMG/NN #Yangon_Times
#Local_News
Published 19 June 2025
▪️ အာဆီယံနိုင်ငံများမှ အစပျိုးလုပ်ငန်းရှင်များ တက်ရောက်နိုင်မည့် ASEAN-Korea Startup Innovation Week 2025 ပြပွဲကိုကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် အောက်တိုဘာလ ၂၀ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပြပွဲကိုအာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးမှ အစပျိုးလုပ်ငန်းရှင်များအကြား တီထွင်ဆန်းသစ်မှု အတွေးအခေါ်များ ဝေမျှနိုင်ရန်၊ အလားအလာရှိသော ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံနိုင်ရန်၊ အစပျိုးလုပ်ငန်းရှင်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်နှင့် အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံရှိ အစပျိုးလုပ်ငန်းရှင်များအကြား ကွန်ရက်ခိုင်မာလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊
▪️ ပြပွဲကို ၂၀-၁၀-၂၀၂၅ မှ ၂၂-၁၀-၂၀၂၅ ထိ ၃ ရက်အား ဆိုးလ်မြို့၌ ကျင်းပမည်ဖြစ်ပြီး ၂၃-၁၀-၂၀၂၅ မှ ၂၄-၁၀-၂၀၂၅ ထိ ၂ ရက်အား အခြားမြို့များရှိ အစိုးရရုံးများနှင့် ပုဂ္ဂလိကလုပ်ငန်းများသို့ သွားရောက်လေ့လာရမည်ဖြစ်ကြောင်းသိရသည်။
▪️ ပြပွဲသို့ စင်ကာပူနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံမှလွဲ၍ ကျန်အာဆီယံနိုင်ငံအသီးသီးအနေဖြင့် လုပ်ငန်းရှင် ၂ ဦး ကို ဆိုးလ်မြို့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများမှတစ်ဆင့် အဆိုပြုပေးစေလိုကြောင်း၊ ASEAN Coordinating Committee on Micro, Small and Medium Enterprises (ACCMSME) ထံမှလည်း လုပ်ငန်းရှင်တစ်ဦးစီ ထပ်မံအဆိုပြုပေးရန် တောင်းခံသွားမည်ဖြစ်ကြောင်း၊အဆိုပြုလုပ်ငန်းရှင်များသည် Concept Paper ၏ စာမျက်နှာ ၂ တွင် ဖော်ပြထားသည့် အချက်များနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း၊ရွေးချယ်ခံရသည့် အစပျိုးလုပ်ငန်းရှင်များအတွက် လေယာဉ်စရိတ်နှင့် တည်းခိုနေထိုင်စရိတ်တို့ကို အာဆီယံ-ကိုရီးယားဗဟိုဌာနမှ ကျခံပေးမည်ဖြစ်ပါကြောင်း၊ထို့ေကြာင့်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ရွေးချယ်အတည်ပြုခြင်းခံရသည့် အစပျိုးလုပ်ငန်းရှင်များ၏ ပြည့်စုံစွာဖြည့်စွက်ထားသည့် Registration Form ကို ၄-၇-၂၀၂၅ ရက်နေ့တွင် အာဆီယံ-ကိုရီးယား ဗဟိုဌာနသို့ ပေးပို့ပေးရမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့်ပြပွဲသို့ ပါဝင်ပြသလိုသည့် အစပျိုးလုပ်ငန်းရှင်များ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၃၊ email:
#YMG/SW #Yangon_Times
#Local_News
Published 19 June 2025
▪️ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော သံရည်ကျိုအပ်နှံမည့် ယာဉ်နှင့်ယန္တရား ပေါင်း ၁၀၀၀ ကျော်ကို ဖြတ်တောက် သယ်ယူပို့ဆောင်ပေးရန် စိတ်ပါဝင်စားသည့်ကုမ္ပဏီများအား တင်ဒါခေါ်ယူထားကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
▪️ တင်ဒါအောင်မြင်သည့်ကုမ္ပဏီအနေဖြင့်ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊ ဝန်ကြီးဌာနများနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှစစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ ဘဏ္ဍာသိမ်း သံရည်ကျိုအပ်နှံမည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယန္တရား စုစုပေါင်း ၁,၀၁၅ စီးကို စက်မှုဝန်ကြီးဌာနအောက်ရှိ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ ဖြတ်တောက်၊ သယ်ယူ၊ ပို့ဆောင်အပ်နှံပေးရမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုကြောင့် စိတ်ပါဝင်စားသည့် ကုမ္ပဏီနှင့်အဖွဲ့အစည်းများအနေဖြင့် နေပြည်တော်ရှိ အုပ်ချုပ်ရေးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)၌ ဇွန် ၁၆ ရက်မှစတင်ကာ တင်ဒါပုံစံလျှောက်လွှာများအား ထုတ်ယူနိုင်ပြီး လာမည့် ဇွန် ၃၀ ရက်နောက်ဆုံးထား လျှောက်လွှာတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 240 of 1920