ပြီးခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရတဲ့ စစ်ကိုင်းခရီးသွားဇုန်အတွင်းက ဟိုတယ်၁၀လုံးကိုပြင်ဆင်ခွင့်နဲ့ ဖွင့်လှစ်ခွင့်ရရှိဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံကို တင်ပြထားတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။
#Local_News
Published 24 June 2025
#စစ်ကိုင်းခရီးသွားဇုန် #ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန
#YMG/NN #Yangon_Times
#Local_News
Published 24 June 2025
▪️ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်တွင် ကျပ်သိန်းပေါင်း၄၂၀၀၀ ရင်းနှီးမတည်ကာမျိုးအာလူးအအေးခန်း သိုလှောင်ရုံစီမံကိန်းကို အောင်ပန်းအာလူးအစုအဖွဲ့မှဆောင်ရွက်နေကြောင်း သိရသည်။
▪️ အဆိုပါ အောင်ပန်းအာလူးအစုအဖွဲ့၏ မျိုးအာလူးသိုလှောင်ရုံအအေးခန်းစီမံကိန်းအတွက် အစုရှယ်ယာတစ်စုလျှင် ကျပ်သိန်းသုံးဆယ် (ကျပ် ၃၀၀၀၀၀၀)၊ အစုရှယ်ယာ (၁၄၀၀)စုမှ ရရှိသည့် ငွေကျပ်သိန်းပေါင်း လေးသောင်းနှစ်ထောင်ဖြင့် စတင်ရင်းနှီးမြှုပ်နှံရန် အစုရှယ်ယာဝင်များက သဘောတူဆုံးဖြတ်ပြီး အအေးခန်းဆောက်လုပ်မည့်မြေနေရာကို ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အောင်ပန်း - ပင်းတယ ကားလမ်းမကြီးဘေးရှိ ယာမြေ (၃.၀၁) ဧကကို ဝယ်ယူ၍ အာလူးတန်ချိန် (၃၀၀၀) သိုလှောင်နိုင်မည့် အအေးခန်းသိုလှောင်ရုံတည်ဆောက်နိုင်ရန် အောင်ပန်းအာလူးအစုအဖွဲ့မှ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ မျိုးအာလူးအအေးခန်းသိုလှောင်ရုံတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အောင်ပန်းအာလူးအစုအဖွဲ့ မှ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်း တင်ပြခဲ့ေကြာင်း၊ရှေးဦးစွာ အောင်ပန်းအာလူးအစုအဖွဲ့မှ အာလူးသိုလှောင်အအေးခန်းစက်ရုံ တည်ဆောက်မည့် စီမံကိန်းနှင့်စပ်လျဥ်း၍ နောင်တရားအာလူးအစုအဖွဲ့မှ ဦးခွန်ဆန်းဦးက မြန်မာနိုင်ငံရှိ စားသုံးပြည်သူများ အာဟာရရှိပြီး အရည်အသွေးပြည့် အာလူးစားနပ်ရိက္ခာဖူလုံနိုင်စေရန်နှင့် ဝယ်လိုအား၊ ရောင်းလိုအား ထိန်းညှိနိုင်စေရန်အတွက်လည်းကောင်း၊ စိုက်ပျိုးတောင်သူများ အာလူးစိုက်ပျိုးမှုကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်အတွက် မျိုးအာလူးသိုလှောင်နိုင်ရေးနှင့် စျေးကွက်မျှဝေရန်အတွက်လည်းကောင်း၊ စားသုံးသူ၊ တောင်သူ၊ ကုန်သည်၊ ဖိုခနောက်ဆိုင် စီးပွားအကျိုးဖြစ်ထွန်းစေရန်အတွက် အာလူးတာရှည်သိမ်းဆည်းနိုင်ရန် ခေတ်မီသိုလှောင်ရုံ (Cold Storage)အာလူးအအေးခန်းစက်ရုံများ တည်ဆောက်ရန် လိုအပ်ချက်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 24 June 2025
▪️ ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှတိုက်ခန်းဝယ်ယူခွင့် မဲပေါက်သူများအေနဖြင့် တိုက်ခန်းနေရာ အတွက် ကိုယ်တိုင် မဲနှိုက်ရမည်ဖြစ်ပြီးယခုလ ၂၆ ရက်နှင့် ၂၈ ရက်တို့တွင် မဲနှိုက်ရမည်ဖြစ်ကြောင်း မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
▪️ မဲနှိုက်ခွင့်ရရှိသူများကိုလည်း ယနေ့ (ဇွန်လ ၂၄ ရက် )မှစတင်ပြီး တစ်ဦးချင်းဆက်သွယ် အကြောင်းကြားသွားမည်ကြောင်း၊ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ ရောင်းချပေးမည့် တိုက်ခန်းများမှာ ၆ ခန်းတွဲ ၄ ထပ်တိုက်၊ တိုက်အမှတ် (၅၈၊ ၆၀၊ ၆၁၊ ၆၂၊ ၆၄၊ ၆၅၊ ၆၆၊ ၆၇)တို့ရှိ အခန်းအကျယ် စတုရန်းပေ ၄၆၈ ပေရှိသော တိုက်ခန်းများနှင့် ၁၂ ခန်းတွဲ ၄ ထပ်တိုက်၊ တိုက်အမှတ် (၄၀၊ ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၉၊ ၅၀) တို့ရှိ အခန်းအကျယ် စတုရန်းပေ ၃၂၄ ပေရှိသော အခန်းများဖြစ်ပြီးဈေးနှုန်းများမှာ အခန်းအကျယ်နှင့် အထပ်အနိမ့်အမြင့်အပေါ် မူတည်ကာ တစ်ခန်းလျှင် ကျပ် ၁၂၅ သိန်းမှ ကျပ်သိန်း ၃၂၀ အထိရှိကြောင်း သိရသည်။
▪️ ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများအား ငွေလက်ငင်းအကြေပေးသွင်းခြင်းနှင့် သုံးလအတွင်း အရစ်ကျပေးသွင်းနိုင်သူများအား ရောင်းချပေးရန်အတွက် ရန်ကုန်မြို့ရှိ မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ဖေဖော်ဝါရီလ ၂၁ ရက်အထိ လျှောက်လွှာများ ရောင်းပေးခဲ့ခြင်းဖြစ်ကာလျှောက်လွှာဝယ်ယူသူ ၃၀,၀၀၀ ကျော်မှ ၂၈,၀၀၀ ကျော်ခန့်က အခန်းဝယ်ယူရန် လျှောက်လွှာပြန်လည်တင်ပြခဲ့ကြောင်း သိရသည်။
▪️ တိုက်ခန်းဝယ်ယူခွင့်ရရှိသူများ တိုက်ခန်းနေရာ မဲနှိုက်ရွေးချယ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်ချုပ်လမ်း မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန ဒုတိယထပ် အစည်းအဝေးခန်းမ၌ ဇွန်လ ၂၆ နံနက် ၉ နာရီခွဲတွင် အငြိမ်းစားဝန်ထမ်းများ၊ နေ့လယ် ၁ နာရီတွင် ပြည်သူများနှင့် ဇွန်လ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် ဝန်ထမ်းများအတွက် မဲနှိုက်ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Science
Published 23 June 2025
▪️ မယ်ရီလန်းတက္ကသိုလ်မှ အင်းဆက်ပိုးမွှားပညာရှင် အပါအဝင် သုတေသီအဖွဲ့ဟာ ခြင်တွေမှာ လိင်မှတဆင့်ကူးစက်တဲ့ရောဂါ ဖြစ်စေပြီး ငှက်ဖျားရောဂါတိုက်ဖျက်မယ့် လက်နက်ကြီးတစ်ခုအကြောင်း ဖော်ပြလာပါတယ်။
▪️ ကမ္ဘာပေါ်မှာ ငှက်ဖျားကြောင့် နှစ်စဉ်လူပေါင်း ၆ သိန်းကျော် သေဆုံးနေပြီး ယနေ့ခေတ်ခြင်တွေက ဓာတုကုသနည်းတွေနဲ့ ငှက်ဖျားပျောက်ဆေးတွေကို ခံနိုင်ရည်ရှိလာပါတယ်။
▪️ Metarhizium လို့ခေါ်တဲ့ သဘာဝမှိုပိုးမွှားတစ်မျိုးကို ခြင်မရဲ့ခန္ဓာကိုယ်ထဲ ထည့်သွင်းတဲ့အခါ ခြင်မတွေကို သေစေနိုင်လောက်တဲ့ အာရုံကြောအဆိပ် ထွက်စေပါတယ်။
▪️ ခြင်ထီးတွေကို ထိုမှိုဆေးရည်နဲ့ ဖျန်းလိုက်ပြီးနောက် ခြင်မတွေနဲ့ မိတ်လိုက်စေကာ မှိုပိုးမွှားကူးစက်သွားစေပါတယ်။
▪️ မိတ်လိုက်ပြီးနောက် ၂ ပတ်အတွင်းမှာ ခြင်မ ၉၀ ရာခိုင်နှုန်းနီးပါး သေဆုံးသွားကြောင်း အနောက်အာဖရိက ဘာကီနာဖာဆိုမှာ စမ်းသပ်တွေ့ရှိခဲ့ပါတယ်။
▪️ Metarhizium မှိုဟာ ခြင်မတွေကို သေစေနိုင်ပေမယ့် လူသားတွေမှာတော့ အန္တရာယ်မဖြစ်စေပါဘူး။
▪️ မှိုထည့်သွင်းပေးထားတဲ့ ခြင်ထီးတွေဟာ ခြင်မတွေနဲ့ စစထိတွေ့ပြီးနောက် ၂၄ နာရီအထိ ကူးစက်စေနိုင်တာကို တွေ့ရပါတယ်။
▪️ ဒါ့အပြင် ဒီခြင်တွေဟာ ပိုးမွှားသတ်ဆေးတွေကိုလည်း သိပ်ပြီးအနံ့မခံနိုင်တော့ဘဲ ပိုမိုထိတွေ့စေနိုင်ပါသေးတယ်။
▪️ ပြုပြင်ထုတ်လုပ်ထားတဲ့ Metarhizium တွေဟာ အခြားကဏ္ဍတွေမှာလည်း ပိုးမွှားအင်းဆက်များ ထိန်းသိမ်းရန်အတွက် အသုံးပြုနေပြီး ခြင်တွေကို တိုက်ဖျက်ရာမှာ အားကိုးရာအသစ် ဖြစ်လာနိုင်ပါတယ်။
#Source: Phys
#Local_News
Published 24 June 2025
▪️ ငလျင်လှုပ်ပြီး သုံးလနီးပါးအကြာအထိ ေ-သဆုံးရုပ်အလောင်းများ ရှာဖွေတွေ့ရှိနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရသိရသည်။
▪️ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့၊ Sky Villa အဆောက်အဦအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကိုနေ့စဉ်ဆောင်ရွက်လျှက်ရှိခြင်းဖြစ်သည်။
▪️ ထိုသို့ Sky Villa အဆောက်အဦ(A) အဆောင်နှင့် (B) အဆောင်တို့အား ယာဉ်ယန္တရားများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေး ဆောင်ရွက် B အဆောင် အခန်းအမှတ် L 9 မှ အမျိုးသမီး(၁)ဦး၏ ရုပ်အလောင်းအားယနေ့ မနက် ၃၀နာရီခွဲအချိန်၌ ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 24 June 2025
▪️ မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် ၌ ယနေ့မနက်အစောပိုင်းတွင် ရာဘာမှိုင်းခံရုံမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာနှစ်နာရီကျော်ကြာငြိမ်းသတ်ခဲ့ရ
ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇွန်၂၄ရက်နေ့၊ မနက်၂နာရီ ၂၅ မိနစ်အချိန်ခန့်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်နှင့်စွပ္ပနူးကျေးရွာကြားရှိ ရာဘာမှိုင်းခံရုံမီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကျိုက္ကသာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၄ နာရီ၁၄မိနစ်အချိန်၌ မီးငြိမ်းခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 23 June 2025
▪️ စိတ်ဓာတ်ကျပြဿနာရှိသူတွေဟာ ဘဝနောက်ပိုင်းမှာ ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေများတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
▪️ အထူးသဖြင့် အသက် ၄၀၊ ၅၀ ၊ ၆၀ ဝန်းကျင်တွေမှာ စိတ်ဓာတ်ကျပြဿနာဖြစ်ရင် ဖြစ်နိုင်ခြေများပါတယ်။
▪️ နော့တင်ဂမ်တက္ကသိုလ်၊ အဒီလိတ်တက္ကသိုလ်၊ ဩစတြေးလျ ကာတင်တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်တွေက သုတေသနပြုလုပ်ထားတာ ဖြစ်ပါတယ်။
▪️ စိတ်ကျပြဿနာဟာ စိတ်ကျန်းမာရေးကို သက်ရောက်စေရုံမက ရေရှည်မှာ ဦးနှောက်ကိုပါ ထိခိုက်နိုင်တယ်လို့ သုတေသီ ဂျေကော့ဘရိန်းက ဆိုပါတယ်။
▪️ ဒါကြောင့် ဘယ်လိုအသက်အရွယ်ပဲဖြစ်ဖြစ် စိတ်ကျပြဿနာကို ကုသဖို့က အရေးကြီးတာ ဖြစ်ပါတယ်။
▪️ ဒီမန်ရှာရောဂါဆိုတာက မှတ်ဉာဏ်ပိုင်းနဲ့ စဉ်းစားတွေးတောမှုပိုင်းတို့ ထိခိုက်တဲ့ရောဂါ ဖြစ်ပါတယ်။
▪️ ဦးနှောက်ကျုံ့သွားပြီးတော့ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ပြောဆိုတွေးတောမှု နေ့စဉ်အလုပ်တွေမှာ ခက်ခဲခြင်းတို့ ဖြစ်လာပါတယ်။
▪️ ဒီမန်ရှာရောဂါထဲမှာမှ အဖြစ်အများဆုံး အယ်ဇိုင်းမားရောဂါဆိုရင် ကမ္ဘာတဝှမ်းရှိ လူပေါင်း ၅၇ သန်းမှာ ဖြစ်နေပြီး ကုသနည်းလမ်း မရှိပါဘူး။
▪️ ဒီပြဿနာတွေဟာ ဦးနှောက်၊ သွေးကြောများ၊ ဟော်မုန်းများ၊ မျိုးဗီဇတို့မှာ အပြောင်းအလဲဖြစ်သွားတာနဲ့ ဆက်စပ်နေနိုင်တယ်လို့ သုတေသီများ ပြောပါတယ်။
▪️ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေမှာ စိတ်ကျပြဿနာဖြစ်ခြင်းက နောက်ပိုင်းမှာ ဒီမန်ရှာစတင်ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာတွေဖြစ်နေတယ်လို့ ဖော်ပြခဲ့ကြပါတယ်။
#Source: India Today
အစ္စရေးလ်နဲ့ အီရန်တို့ကြား တင်းမာမှုမြင့်တက်နေရာမှာ တူရကီက အီရန်နဲ့ထိစပ်နေတဲ့ နယ်စပ်မှာ လုံခြုံရေးတင်းကြပ်မှုများ ဆောင်ရွက်နေပါတယ်။
#World_Crisis
Published 23 June 2025
#တူရကီဘက်သို့နယ်စပ်ဖြတ်ကျော်ထွက်ပြေး #စစ်ပွဲပဋိပက္ခ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 23 June 2025
၁။ စားအုန်းဆီ တစ်ပိဿာ ကျပ်၁၀၀ ကျော် အထိထပ်မံကျဆင်း
၂။ Agro-based Textile industrial Complex တည်ဆောက်မည်
၃။ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန်လက်မှတ်ရေးထိုး
၄။ စစ်ပွဲပဋိပက္ခကြောင့် တူရကီဘက်သို့နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာသောအီရန်အရေအတွက်များပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 23 June 2025
▪️ တောင်ကိုရီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာလုပ်သားများအား အာမခံငွေကြေးများ ထုတ်ယူရန် HRD Korea မှ အသိပေးကြေညာထားသည်။
▪️ ကြေညာချက်၌ တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီးနောက် မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အလုပ်သမားများအနက် ပြည်ပြန်စရိတ် အာမခံကြေးနှင့် လုပ်သက်ဆုကြေးအာမခံကြေး ထုတ်ယူရန် ကျန်ရှိနေသော လုပ်သားများအနေဖြင့် မြန်မာ EPSစင်တာရုံးသို့ ဆက်သွယ်ပေး ရန်လိုအပ်ကြောင်း အသိပေးထားပြီး ၀၉၄၂၆၂၁၇၆၄၈ သို့ မနက် ၉နာရီမှ ညနေ ၅နာရီထိ ဆက်သွယ် နိုင်ကြောင်း၊ မိမိ၏ အမည် ပါရှိ/မပါရှိကို https://eps-mm.tistory.com/m/3တွင် စစ်ဆေးနိုင်ကြောင်း သိရသည်။
▪️ အဆိုပါလင့်ခ်တွင် အမည်များအား အင်္ဂလိပ်အက္ခရာ A မှ Z အထိ အစဉ်အတိုင်း နှင့် ပတ်စ်ပို့နံပါတ် / မွေးသက္ကရာဇ် / ရရှိမည့် အာမခံငွေပမာဏ စသဖြင့် ဖော်ပြပေးထားခြင်း ဖြစ်သောကြောင့် ကိုရီးယားနိုင်ငံတွင် EPS စနစ်ဖြင့် အလုပ်လုပ်ကိုင်ခဲ့သူအားလုံး မိမိ၏ အမည် ရှိ/မရှိဝင်ရောက် စစ်ဆေးပေးနိုင်ကြောင်း၊ ကိုရီးယားတွင် တရားမဝင်နေထိုင်ခဲ့ခြင်းနှင့် မသက်ဆိုင်ဘဲ အာမခံငွေရှိပါက ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ပြည်ပကနေ တရားမဝင်တင်သွင်းလာတဲ့ ဝက်အရှင်နဲ့ ဝက်ထွက်ပစ္စည်းများဖြစ်တဲ့ ဝက်သား၊ အေးခဲ ဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနဲ့ အခြားဝက်ထွက်ပစ္စည်းများ တင်သွင်းရောင်းချစားသုံးတာ မပြုကြဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကသတိပေးလာပါတယ်။
#Local_News
Published 23 June 2025
#ဝက်အရှင်နှင့်ဝက်ထွက်ပစ္စည်း #မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
#YMG/NN #Yangon_Times
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့တဲ့ SNEC PV Power EXPO မှာ မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ်ကုမ္မဏီလီမိတက်နဲ့ GCL System Integration Technology Co., Ltd. (GCL SI) တို့အကြားပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ဖို့ နားလည်မှုစာချွန်လွှာ (MOU)လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 23 June 2025
#ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် #MOUလက်မှတ်ရေးထိုး
#YMG/SW #Yangon_Times
Page 236 of 1920