ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေသို့ ခရစ္စမတ်နေ့က ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် (၃၅၀၅)ဦး လာရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 27 December 2025
#ငွေဆောင် #ခရစ္စမတ်
#YMG/SW #Yangon_Times
#Daily_News
Published 27 December 2025
၁။ ခရစ္စမတ်ပိတ်ရက်တွင်ငွေဆောင်ကမ်းခြေသို့ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် (၃၅၀၅)ဦး လာရောက်လည်ပတ်ခဲ့
၂။ ကျိုက်ထီးရိုးဘုရားဖူးများဘေးကင်းရန် အစားအသောက်ဆိုင်တန်းများအား စစ်ဆေးပေးနေ
၃။ စက်သုံးဆီဈေး အားလုံးကျဆင်း
၄။ ဂျပန်နိုင်ငံ၏အကြီးမားဆုံးနျူကလီးယားစက်ရုံမှအမှတ်(၆)ဓာတ်ပေါင်းဖို ပြန်လည်စတင်တော့မည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဆူညံသံဖြစ်ပေါ်စေတဲ့ ကိရိယာတွေတပ်ဆင်အသုံးပြုတဲ့ယာဥ်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ယာဥ်ထိန်းရဲတပ်ဖွဲ့မှ သိရပါတယ်။
#Local_News
Published 27 December 2025
#ယာဥ်ထိန်းရဲတပ်ဖွဲ့ #ယာဥ်
#YMG/SW #Yangon_Times
#World_News
Published 27 Decembed 2025
■ ယူကရိန်းသမ္မတ ဇယ်လန်စကီက စစ်ပွဲအဆုံးသတ်ရေး နယ်မြေကိစ္စများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တနင်္ဂနွေနေ့မှာ ဆွေးနွေးလိုနေပါတယ်။
■ အချက် ၂၀ ပါ ငြိမ်းချမ်းရေးမူဘောင်နဲ့ လုံခြုံရေးအာမခံချက် သဘောတူညီချက်တို့က ပြီးမြောက်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
■ နှစ်သစ်ကူးမတိုင်ခင် အကြောင်းအရာ အများအပြား ဆုံးဖြတ်ချက် ချသွားနိုင်တယ်လို့ ဇယ်လန်စကီ ပြောပါတယ်။
■ အမေရိကန်နဲ့ ယူကရိန်းတို့ကြား လုံခြုံရေးအာမခံချက်က အဆင်သင့်နီးပါး ဖြစ်နေကာ အချက် ၂၀ ပါဝင်တဲ့မူကြမ်းကလည်း ၉၀ ရာခိုင်နှုန်း ပြီးမြောက်နေပြီလို့ ဆိုပါတယ်။
■ ထရမ့်ကတော့ သူအသိအမှတ် မပြုခင်အထိ ဇယ်လန်စကီ ဘာမှမရနိုင်ဘူးလို့ ဆိုပါတယ်။
■ ယခင်က မဟာမိတ်များ လုံခြုံရေးအာမခံချက် ပျက်ယွင်းခဲ့တာကို စဉ်းစားပြီး ယူကရိန်းက တရားဝင်ခိုင်မာတဲ့ သဘောတူညီချက်မျိုး လိုချင်တာ ဖြစ်ပါတယ်။
■ ဇယ်လန်စကီနဲ့ အစည်းအဝေးမှာ မူကြမ်းထဲကကိစ္စမျ အချောသတ်ဖို့ ဆွေးနွေးသွားမယ်လို့ ထရမ့်ပြောပါတယ်။
■ ညှိနှိုင်းမှုများ ပြုလုပ်ရာမှာ နယ်မြေကိစ္စက ခက်ခဲတဲ့အခြေအနေ ရှိနေပြီး ရုရှားတို့က ဒိုနက်စ်အရှေ့ဘက်ကနေ ယူကရိန်းတို့ ဆုတ်ခွာပေးဖို့ အလိုရှိနေပါတယ်။
■ ယူကရိန်းက လက်ရှိမှာ တိုက်ခိုက်မှုတွေကို ရပ်တန့်လိုနေပါပြီ။
■ ယင်းတို့နှစ်ယောက် ဆွေးနွေးပွဲကို ဥရောပခေါင်းဆောင်တွေကလည်း အွန်လိုင်းကနေ ပါဝင်ဖွယ်ရှိနိုင်ပါတယ်။
■ ဇယ်လန်စကီက ထရမ့်နဲ့အတူ ရုရှားကို ဆက်လက်ဖိအားပေးသွားဖို့ စီစဉ်နေပါတယ်။
Source: Reuters
#Local_News
Published 27 December 2025
■ ကမ္ဘာ့နိုင်ငံအချို၌ ကူးစက်မှုမြင့်တက်နေသော တုပ်ကွေးရောဂါပိုး Influenza A H3N2 သည် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌လည်း ကူးစက်ဖြစ်ပွားနေသော ရောဂါပိုးအမျိုးအစားဖြစ်ပြီး Subclade K ကို မတွေ့ရှိရသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးရုံးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက
ပြောသည်။
■ ဒီဇင်ဘာ၂၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်တုံဂပူရိဟိုတယ်၌ ကျင်းပပြုလုပ်သည့်
ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော တုပ်ကွေးရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည် ။
■ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေးရောဂါအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ဖြစ်ပွားမှုကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း၊ လတ်တလောကမ္ဘာ့မီဒီယာများတွင် ဖော်ပြနေသည့် နိုင်ငံအချို့၌ ကူးစက်မှုမြင့်တက်နေသော တုပ်ကွေးရောဂါပိုး Influenza A H3N2 သည် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌လည်း ကူးစက်ဖြစ်ပွားနေသော ရောဂါပိုးအမျိုးအစားဖြစ်ပြီး Subclade K ကိုမတွေ့ရှိရသေးကြောင်း၊ သို့ရာတွင် လူထုအတွင်း ရောဂါပိုးကို ကာကွယ်နိုင်မည့် ကိုယ်ခံစွမ်းအား အသင့်အတင့်ရှိနေမည်ဖြစ်ခြင်း၊ လက်ရှိအသုံးပြုနေသည့် တုပ်ကွေးရောဂါကာကွယ်ဆေးများနှင့် ကုသသည့်ဆေးဝါးများဖြင့်လည်း ကာကွယ်ကုသနိုင်ခြင်း တို့ကြောင့် ပြည်သူလူထုအနေဖြင့် အထူးစိုးရိမ်ရန် မလိုအပ်ပါကြောင်း၊ ပြင်းထန်တုပ်ကွေးရောဂါလက္ခဏာများ ဖြစ်ပွားလာပါက ပြည်သူ့ဆေးရုံများတွင် တုပ်ကွေးရောဂါကုသဆေးများဖြင့် ကုသပေးနိုင်ရေးနှင့် အထူးကြပ်မတ်ကုသပေးနိုင်ရေး အသင့်ပြင်ဆင်ထားရှိပါကြောင်း၊ ပြည်သူလူထုထံ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်အတွက် ပေါင်းစပ်ဆောင်ရွက်သွားရန် ပြောကြားသည်။
■ အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းဆောင်ရွက်နေကြသော ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ နေပြည်တော်နှင့်တိုင်းဒေသကြီး/ပြည်နယ်များမှ ဒုတိယတိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုရေးဆိုင်ရာတာဝန်ခံများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူနှင့် အခြားဖိတ်ကြားထားသော တာဝန်ရှိသူများတက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 December 2025
▪️ အင်းစိန်မြို့နယ်၊ ပုလဲလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီးတစ်ဦးေ-သဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ ဒီဇင်ဘာ ၂၆ ရက်နေ့၊ ည ၁၀နာရီ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ပုလဲလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညှပ်နေကြောင်း သိရသည်။
▪️ အဆိုပါသတင်းရရှိဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း ကျား(၁) ေ-သဆုံးအား ကနောင်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 December 2025
ကရင်ပြည်နယ်၊ဘားအံ၊ကြာအင်းတောင်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျမှုယမန်ေန့ကဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
၂၆.၁၂.၂၀၂၅ ရက်နေ့၊ ညနေ၄နာရီ ၁၅ မိနစ်အချိန်ခန့်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကြာအင်းတောင်ပေါ်မှ ကျား(၁)ဦး ပြုတ်ကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဘားအံခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် မာဃလူမှုကူညီရေးအသင်း၊ မြန်မာနိုင်ငံလူမှုကူညီရေးအသင်းတို့မှ အသင်းသားများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသူ ကျား(၁)ဦးအား မာဃလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 27 December 2025
■ နှလုံးဖောက်ခြင်းဖြစ်စဉ်တွေရဲ့ ပျမ်းမျှအသက်က အမျိုးသားတွေမှာ ၅၆ နှစ်နဲ့ အမျိုးသမီးတွေမှာ ၆၅ နှစ် ဖြစ်ပါတယ်။
■ နှလုံးသွေးကြောကျန်းမာရေးနဲ့ ပတ်သက်လာရင် အစားအသောက်၊ နေထိုင်မှုပုံစံ၊ ဆေးဝါးတို့က အရေးပါနေပါတယ်။
■ နှလုံးကာကွယ်ရေး အာဟာရပညာရှင် မစ်ရှဲလ်ရူသန်စတိုင်က နှလုံးကျန်းမာရေးအတွက် မဂ္ဂနီဆီယံလုံလောက်ဖို့က အရေးကြီးကြောင်း ပြောထားပါတယ်။
■ မဂ္ဂနီဆီယံက အရေးပါတဲ့ သတ္တုဓာတ်ဖြစ်ပြီး နှလုံးကြွက်သားတွေမှာ လျှပ်စီးလှုပ်ရှားမှုတွေကို ထိန်းညှိပေးပြီး နှလုံးခုန်နှုန်း ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးတယ်လို့ ရှင်းပြပါတယ်။
■ သက်ကြီးရွယ်အိုတွေမှာ မဂ္ဂနီဆီယံချို့တဲ့ပါက သွေးတိုး၊ လေဖြတ်၊ နှလုံးခုန်မမှန်ခြင်းစတဲ့ ပြဿနာများ ဖြစ်လာနိုင်ပါတယ်။
■ အမျိုးသားတွေအတွက် တစ်နေ့ကို မဂ္ဂနီဆီယံ ၄၂၀ မီလီဂရမ်နဲ့ အမျိုးသမီးတွေမှာ ၃၂၀ မီလီဂရမ် ရရှိဖို့ အရေးကြီးပါတယ်။
■ မဂ္ဂနီဆီယံက သွေးကြောတွေကျယ်စေပြီး နှလုံးသွေးကြောကို ဝန်ပေါ့စေကာ သွေးပေါင်ချိန်ကိုလည်း ပုံမှန်ထိန်းပေးပါတယ်။
■ အရိုးကျန်းမာရေး၊ ကယ်စီယံဖြစ်စဉ် ထိန်းညှိခြင်း၊ အရိုးသိပ်သည်းဆ ထိန်းသိမ်းခြင်းတို့မှာ မဂ္ဂနီဆီယံက အရေးပါပါတယ်။
■ ဂျုံပြောင်းဆန်များ၊ အခွံမာသီးများ၊ ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ အာလူးတို့မှာ မဂ္ဂနီဆီယံ ကြွယ်ဝစွာ ပါဝင်သလို အာဟာရဓာတ် ချို့တဲ့သူတွေမှာ ဖြည့်စွက်ဆေးများလည်း အသုံးဝင်နိုင်ပါတယ်။
■ အာဟာရဓာတ်မျှတတဲ့ အစားအသောက် စားခြင်းဖြင့် မဂ္ဂနီဆီယံလုံလောက်စွာ ရနိုင်ပြီး နှလုံးသွေးကြော၊ အရိုး၊ ဇီဝကျန်းမာရေးတို့ကို ကူညီထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
Source: Parade
#World_Health
Published 27 December 2025
■ လူအများစုက ညအိပ်ပျော်သွားတဲ့အခါ လက်တွေ အထဲသို့ကွေးသွားပြီး ရင်ဘတ်နား ကပ်သွားကာ ဒါကို ဆိုရှယ်မီဒီယာပေါ်မှာ T. rex အနေအထားလို့ ခေါ်ကြပါတယ်။
■ ညတိုင်းညတိုင်း ဒီလိုမျိုး ဖြစ်လာတယ်ဆိုရင် ထုံကျဉ်ခြင်း၊ စူးရှခြင်းတို့ ခံစားရနိုင်ပြီး အာရုံကြောတွေ ထိခိုက်လာနိုင်တယ်လို့ ဆရာဝန်တွေ သတိပေးလာပါတယ်။
■ လက်တွေ အထဲသို့ကွေးတုပ်သွားတဲ့အခါ တံတောင်ဆစ်၊ လက်ကောက်ဝတ်တို့က အာရုံကြောတွေကို ဖိမိစေကာ သွေးစီးဆင်းမှု နှေးစေပြီး လက်တွေ ထုံကျဉ်စူးရှစေတဲ့အပြင် ရေရှည်မှာ ဒဏ်ဖြစ်လာစေပါတယ်။
■ မနက်အိပ်ရာနိုးလို့ လက်တွေလှုပ်မရတဲ့အခါမျိုး၊ လှုပ်ခါရတဲ့အခါမျိုးဟာ အာရုံကြောစနစ် အခြေအနေမကောင်းတဲ့ လက္ခဏာဖြစ်တယ်လို့ Sleepopolis မှ အိပ်စက်ကျန်းမာရေးအထူးကု ဒေါက်တာ ရာဂျ်ဒက်စ်ဂုတာက ပြောပါတယ်။
■ အကယ်၍ ယာယီသာ ခံစားရပြီး အိပ်စက်ပုံအနေအထား ပြောင်းလိုက်လို့ အဆင်ပြေသွားတယ်ဆိုရင် ကိစ္စမရှိပေမယ့် ရက်တွေလတွေတိုင်အောင် ဖိထားသလိုဖြစ်တယ်ဆိုရင်တော့ အာရုံကြောထိသွားတာ ဖြစ်နိုင်ပါတယ်။
■ ဖိစီးမှု စိုးရိမ်ပူပန်မှုခံစားရခြင်း၊ ကောင်းစွာ မအိပ်စက်ရခြင်းတို့ကြောင့် ခန္ဓာကိုယ်က အလိုအလျောက် T. rex အနေအထားမျိုးအဖြစ် အကာအကွယ်ယူ အိပ်ပျော်သွားတတ်ပါတယ်။
■ လက်ကွေးမသွားအောင် ခေါင်းအုံးခံခြင်း၊ ပဝါအသုံးပြုခြင်းတို့ဖြင့် ပိုမိုသင့်လျော်တဲ့ အိပ်စက်မှုပုံစံရရှိစေနိုင်ပါတယ်။
■ အသက်ရှူလေ့ကျင့်ခန်း၊ အိပ်စက်မှုအားပေးနိုင်မယ့် အလေ့အထတွေက အိပ်စက်မှုပုံစံကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
Source: HuffPost.
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာ အထူးသံတမန် ဒန်ရှီကျွန်က ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံသို့သွားကာ နယ်စပ်ပဋိပက္ခနဲ့ပတ်သက်ပြီး ကြားဝင်ညှိနှိင်းပြောဆိုပေးဖို့ ခရီးစဉ်ထွက်ခွာခဲ့ကြောင်းဖော်ပြထားပါတယ်။
#Local_News
Published 26 December 2025
#ကမ္ဘောဒီးယား #ထိုင်း
#YMG #Yangon_Times #Yangon_Media_Group
စားသောက်ကုန်လုပ်ငန်းတွေနဲ့ စားသောက်ဆိုင်တွေမှာအသုံးပြုဖို့ စက်မှုလုပ်ငန်းသုံးဆီကို တစ်ပိသာကျပ်(၈၀၀၀)နှုန်းနဲ့ ရောင်းချပေးနေတယ်လို့စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 26 December 2025
#စက်မှုလုပ်ငန်းသုံးဆီ
#YMG/SW #Yangon_Times
#Local_News
Published 26 December 2025
#အစ်မတော်မြနန်းနွယ်
#YMG/NN #Yangon_Times
Page 239 of 2096