#Local_News
Published 26 June 2025
▪️ မြန်မာ့ဒူးရင်းသီးများကို ခိုင်မာသည့် ပြည်ပဈေးကွက်အသစ် ဖော်ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ေပးသွားမည်ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် မြန်မာ့ဒူးရင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်သစ်ဖော်ထုတ်ပေးနိုင်ရေး ဖိုရမ်မှ သိရသည်။
▪️ ယခုဖိုရမ်ကိုမြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ဒူးရင်းမျိုးများမှ အနံ့အရသာကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်သော ဒူးရင်းမျိုးကို ရွေးချယ်ဖော်ထုတ်နိုင်ရန်၊ အရည်အသွေးကောင်း ဒေသမျိုးများကို ပြည်တွင်းစားသုံးသူဈေးကွက်နှင့် ပြည်ပဈေးကွက်သို့ မိတ်ဆက်ပေးနိုင်ရန်၊ ဒူးရင်းသီးနှံကို စနစ်တကျ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရန်၊ ပြည်တွင်းစားသုံးမှုသာမက သို့ အရည်အသွေးမြင့် မြန်မာပို့ကုန်တစ်ခုအဖြစ် တိုးတက်တင်ပို့ရောင်းချနိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
▪️ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မြန်မာ့ရေမြေရာသီဥတုတွင် အောင်မြင်စွာစိုက်ပျိုး ဖြစ်ထွန်းပြီး ပြည်ပဈေးကွက်အလားအလာရှိသော ဒူးရင်းသီးကို လုပ်ငန်းရှင်များနှင့် တောင်သူများ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေးဖော်ထုတ်ပြီး ကဏ္ဍအလိုက်သုံးသပ်ဆွေးနွေးနိုင်ရန် ယခုဖိုရမ်ကို ကျင်းပရခြင်းဖြစ်ကြောင်း၊ အလားတူ ပြည်ပဈေးကွက်သို့ လမ်းကြောင်းအမျိုးမျိုးမှ တင်ပို့လျက်ရှိသည့် မြန်မာ့ဒူးရင်းသီးများအတွက် ခိုင်မာသော ပြည်ပဈေးကွက်အသစ် ဖော်ထုတ်ပေးနိုင်ရေးကိုလည်း ဌာနတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ အပြန်အလှန် ဆွေးနွေးဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
▪️ အဆိုပါဖိုရမ်တွင် ဒူးရင်းသီးနှံ၏ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဒေသတွင်းနိုင်ငံများ၏ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ ဒူးရင်းစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ပြည်တွင်းဈေးကွက်အခြေအနေနှင့် ပြည်ပဈေးကွက်၏ အနာဂတ်အလားအလာ၊ ဒေသတွင်းနိုင်ငံများ၏ ဈေးကွက်အခွင့်အလမ်းများ၊ မြန်မာ့ဒူးရင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်သစ်ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ဒူးရင်းသီးနှံအခြေခံထုတ်ကုန်များ ထုတ်လုပ်နေမှု၊ ဒူးရင်းသီးနှံနှင့် သက်ဆိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs လုပ်ငန်းများ၏ လက်ရှိဆောင်ရွက်နေမှုနှင့် အခွင့်အလမ်းကောင်းများကို ကဏ္ဍအလိုက်ဆွေးနွေးခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် စကားဝိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 26 June 2025
▪️ နေပြည်တော်_ရန်ကုန်အမြန်လမ်း၌ ရပ်ထားသည့် ခရီးသည်ယာဉ် ကို နောက်ထပ် ခရီးသည်ယာဉ်တစ်စီးကအနောက်မှ ဝင်တိုက်၍ ၁၀ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇွန်၂၆ ရက်နေ့၊ မနက်၄ နာရီ ၁၅ မိနစ်အချိန်ခန့်က နေပြည်တော်_ရန်ကုန်အမြန်လမ်းမဘက်ခြမ်း၊ မိုင်တိုင်အမှတ်(၇၀/၃-၄)အကြားတွင် SCANIA အမျိုးအစား(အနီရောင်)ခရီးသည်ယာဉ်သည် စက်ချို့ယွင်း၍ ရပ်ထားသော YUTONG အမျိုးအစား(အပြာရောင်)ခရီးသည်ယာဉ်အား အနောက်မှ ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဥသျှစ်ကုန်းအမြန်လမ်းနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ အဆိုပါ ယာဉ်တိုက်မှုကြောင့် SCANIA အမျိုးအစား(အနီရောင်)ခရီးသည်ယာဉ်ပေါ်ပါ ကျား(၅)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ(၄)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကလေး (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ၁၉၂ သူနာတင်ယာဉ်၊ ကြက်ခြေနီသူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 26 June 2025
▪️ တိရိစ္ဆာန်လောကမှာ အနံ့ခံစွမ်းရည်က အသက်ရှင်နေထိုင်တဲ့နေရာမှာ အလွန်အရေးကြီးပါတယ်။
▪️ ဒီထဲမှာမှ ဘယ်သတ္တဝါက အနံ့ခံအာရုံ အကောင်းဆုံးလဲဆိုရင် ပြောဖို့ခက်ခဲပါတယ်။
▪️ အနံ့မော်လီကျူးပေါင်း ၅.၈ သန်းခန့်ရှိပြီး တစ်ခုနဲ့တစ်ခု ပေါင်းစပ်ခြင်းဖြင့် အနံ့အမျိုးအစားပေါင်း မရေမတွက်နိုင်အောင် ရှိလာနိုင်ပါတယ်။
▪️ အနံ့တွေရဲ့ သဘောသဘာဝ ခန့်မှန်းရခက်ခဲခြင်းနဲ့ သတ္တဝါမျိုးစိတ်တွေကြား စမ်းသပ်ရရှိတဲ့ အနံ့မော်လီကျူး သိပ်ပြီးမများတာကြောင့် အနံ့ခံသုတေသနပြုလုပ်ရန် ခက်ခဲပါတယ်။
▪️ အာဖရိကဆင်တွေဟာ နို့တိုက်သတ္တဝါတွေထဲမှာ အနံ့ခံပေါင်းစပ်ပရိုတိန်းမျိုးဗီဇ အများဆုံးရှိပြီး အစာရှာခြင်း၊ မိသားစုဝင်တွေကို မှတ်မိခြင်းတို့ဖြင့် အသက်ရှင်နေထိုင်နိုင်ရန် အကူအညီပေးပါတယ်။
▪️ အနံ့ခံစွမ်းရည် အလွန်ကောင်းတယ်လို့ သိထားကြတဲ့ ခွေးတွေမှာဆိုရင် အနံ့ခံဖုတွေရှိနေပါတယ်။
▪️ လင်းတငှက်တွေဟာ ပုပ်သိုးဆွေးမြည့်အနံ့တွေကို အဝေးကနေ အနံ့ခံနိုင်ပြီး ပိုးဖလံအထီးတွေဟာဆိုရင် သူတို့ရဲ့အနံ့ခံစွမ်းရည်တွေက ထူးကဲပြီး အလွန်စူးရှတယ်လို့ သိရပါတယ်။
▪️ ငါးမန်းတွေဟာ သမုဒ္ဒရာထဲက သွေးတစ်စက်ကိုပင် အနံ့ခံနိုင်တယ်ဆိုတဲ့ ပဟေဌိလည်း ရှိပါတယ်။
▪️ လူသားတွေက တိရိစ္ဆာန်တွေထက် အနံ့ခံပရိုတိန်းနည်းတယ်ဆိုပေမယ့် ဂေဟစနစ်လိုအပ်ချက်များအတိုင်း ထူးခြားတဲ့ အနံ့ခံစွမ်းရည်များရှိပြီး အသီးအနှံနဲ့ဆက်စပ်တဲ့ အနံ့တွေကို အာရုံခံရာမှာ ထူးကဲပါတယ်။
▪️ ဒါကြောင့် ဘယ်လိုသတ္တဝါတွေက အနံ့ခံအာရုံအကောင်းဆုံးလဲ ဆိုတာမျိုးထက် ယင်းတို့ရဲ့ အနံ့ခံအာရုံဟာ ယင်းတို့ရဲ့ ဂေဟပတ်ဝန်းကျင်အပေါ် မူတည်ကာ အလိုက်သင့်ပြောင်းလဲအာရုံခံနိုင်တယ်လို့ ပြောရမှာဖြစ်ပါတယ်။
#Source: LiveScience
#World_Health
Published 26 June 2025
▪️ Metformin ဆေးဟာ ဆီးချိုအမျိုးအစား-၂ ကို ထိရောက်စွာ ထိန်းချုပ်နိုင်ရုံမက သက်ကြီးအမျိုးသမီးတွေမှာ အသက် ၉၀ လောက်အထိ အသက်ရှည်စေနိုင်ဖွယ်ရှိတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
▪️ အရွယ်လွန်အမျိုးသမီး ၄၃၈ ဦးကို အမေရိကန်မှ ရေရှည်လေ့လာခဲ့ပြီး ထိုထဲကတဝက်က metformin အသုံးပြုကာ အခြားတဝက် အခြားဆီးချိုဆေး sulfonylurea အသုံးပြုခဲ့ကြပါတယ်။
▪️ Metformin အသုံးပြုသူတွေက sulfonylurea အသုံးပြုသူတွေထက် အသက် ၉၀ မတိုင်ခင်မှာ အသက်ဆုံးပါးနိုင်ခြေ ၃၀ ရာခိုင်နှုန်း ပိုနည်းကြောင်း လေ့လာတွက်ချက်ရရှိခဲ့ပါတယ်။
▪️ ဒါကြောင့် Metformin အသုံးပြုခြင်းက ဆီးချိုရှိတဲ့ အမျိုးသမီးတွေမှာ sulfonylurea အသုံးပြုခြင်းထက် ပိုပြီးအသက်ရှည်စေတယ်လို့ တွေ့ရှိရပါတယ်။
▪️ ယခင်လေ့လာချက်တွေမှာလည်း Metformin က ဦးနှောက်ထဲမှာ အိုမင်းပျက်စီးလာတာတွေကို လျှော့ချနိုင်ပြီး ကိုဗစ်နောက်ဆက်တွဲလက္ခဏာများကိုလည်း လျှော့ချနိုင်တယ်လို့ တွေ့ရှိခဲ့ပေမယ့် အသက်ရှည်စေတဲ့ အရိပ်အယောင်တော့ သေချာမသိခဲ့ကြပါဘူး။
▪️ ယခုရလဒ်တွေ ပိုပြီးသေချာစေဖို့ ထိန်းချုပ်စမ်းသပ်နည်းများဖြင့် ထပ်ပြီးလေ့လာဖို့လည်း လိုအပ်နေပါသေးတယ်။
▪️ ကိုယ်တွင်းထဲက ဇီဝသက်တမ်းအိုမင်းခြင်းကို နှောင့်နှေးနိုင်ပါက အသက်အရွယ်ကြီးလို့ ဖြစ်လာတဲ့ ရောဂါဘယတွေကို ကာကွယ်နိုင်ဖွယ်ရှိတယ်လို့ သုတေသီများ ယူဆထားပါတယ်။
▪️ အဓိကရည်မှန်းချက်က ဇီဝသက်တမ်းအိုမင်းခြင်းကို နှောင့်နှေးသွားအောင် ကာကွယ်ကုသဖို့ နည်းလမ်းတွေ ရှာဖွေဖို့ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
#Source: ScienceAlert
အီရန်ရဲ့ ဖော်ဒိုနျူကလီးယားစက်ရုံနေရာတွေမှ ပေါက်ကွဲစေနိုင်သော ပစ္စည်းအများအပြားနဲ့ တုန်ခါမှုဒဏ် မခံနိုင်သော ယူရေနီယံထုတ်လုပ်ရေးစက်ဒလက်များကြောင့် မြေအောက်ပိုင်းမှာ ပျက်စီးမှုအလွန်များပြားနိုင်တယ်လို့ ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့က တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။
#World_News
Published 25 June 2025
#အီရန်နျူကလီးယားစက်ရုံနေရာ #စောင့်ကြည့်ရေးအဖွဲ့အကဲဖြတ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 25 June 2025
၁။ ကမ္ဘာ့ရွှေဈေးတစ်ရက်ထဲဒေါ်လာ ၆၀ နီးပါးကျဆင်း၍ ပြည်တွင်းဈေးပါကျလာ
၂။ ရွှေတိဂုံသို့ အာရှနှင့်ဥရောပဘုရားဖူးဧည့်သည် သုံးသောင်းကျော်လာရောက်ဖူးမြော်
၃။ အီးယူမှငွေကြေးထောက်ပံ့ထားသော စိမ်းလန်းမြန်မာစီမံကိန်း စတင်
၄။ အီရန်နျူကလီးယားစက်ရုံနေရာများ၌ ထိခိုက်ပျက်စီးမှုအလွန်များပြားနိုင်သည်ဟု ကုလနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့အကဲဖြတ်ခန့်မှန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 25 June 2025
▪️ ခေါတ်သစ် မြန်မာ့အလှမောင်ပြိုင်ပွဲ Mister Myanmar 2025အတွက် ပဏာမလူရွေးပွဲကို ဇူလိုင်လ၁ရက်တွင် The Eravati Sule Grand Hotel , Yangon၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ပြိုင်ပွဲမှ ဆုရရှိသူသည် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Mister International 2025ပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ထို့ကြောင့်ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ၂၇.၆.၂၀၂၅ နေ့ နောက်ဆုံးထားပြီး Google formမှတဆင့် လျောက်လွှာတင်သွင်းရမည်ဖြစ်ပြီး၂၈.၆.၂၀၂၅ တွင် ပဏာမလူရွေးပွဲ တက်ရောက်ရန် ရွေးချယ်ခံရသူများစာရင်းကို ကြေငြာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ဖိုင်နယ်ပြိုင်ပွဲကြီးကို ဇူလိုင်လ၁၉ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး Winner ဆုအပါအဝင်ဆုအမျိုးအစားပေါင်း ၁၃ဆု နှင့်Sponsor title awards များစွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID)တွင် အိမ်ရာစုဆောင်းငွေစာရင်း (Housing Saving)ကျပ်(၃၀)သိန်းနှင့်အထက်ပြည့်မီအောင် စုဆောင်းထားရှိသူနှစ်ထောင်ကျော်ကို အိမ်ရာအခန်းများဝယ်ယူခွင့်ပြုထားတယ်လို့ သိရပါတယ်။
#Local_News
Published 25 June 2025
#အိမ်ရာအခန်းများဝယ်ယူခွင့်ပြု #CHID
#YMG/SW #Yangon_Times
ဥရောပသမဂ္ဂ (EU) မှ ငွေကြေးထောက်ပံ့ထားတဲ့ “မြန်မာနိုင်ငံရှိ တိရစ္ဆာန်အစာတန်ဖိုးကွင်းဆက်ဆိုင်ရာ စီးပွားရေးစက်ဝန်းကို အားကောင်းလာစေရေး – စိမ်းလန်း မြန်မာ” စီမံကိန်းကို စတင်အကောင်အထည်ဖော်နေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 25 June 2025
#စိမ်းလန်းမြန်မာစီမံကိန်း #EU
#YMG/SW #Yangon_Times
ရွှေတိဂုံစေတီတော်မြတ်ကြီးကို အခုနှစ် (၅)လတာကာလအတွင်းမှာ ပြည်ပနိုင်ငံတွေဖြစ်တဲ့ အာရှနဲ့ဥရောပခရီးသွားဧည့်သည် သုံးသောင်းကျော်လာရောက်ဖူးမြော်ခဲ့တယ်လို့ ရွှေတိဂုံစေတီတော်မြတ်ကြီးဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 25 June 2025
#ရွှေတိဂုံစေတီတော်မြတ်ကြီး #အာရှနဲ့ဥရောပခရီးသွားဧည့်သည်
#YMG/NN #Yangon_Times
နိုင်ငံတကာအရေးတွေကြောင့် ကမ္ဘာ့ရွှေဈေးယမန်နေ့က တစ်ရက်ထဲတစ်အောင်စကိုအမေရိကန် ဒေါ်လာ ၆၀ နီးပါးကျဆင်းလာပြီး ပြည်တွင်း ရွှေဈေးပါ လိုက်ပါကျဆင်းလာတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 25 June 2025
#ကမ္ဘာ့ရွှေဈေး #ပြည်တွင်းဈေးပါကျ
#YMG/NN #Yangon_Times
#Local_News
Published 25 June 2025
▪️ မတ်လ၂၈ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် မန္တလေး မြို့ရှိSky Villa ကွန်ဒို၌အပျက်အစီးဖယ်ရှားခြင်းနှင့် ရုပ်အလောင်း ရှာဖွေထုတ်ယူခြင်းများဆက်လက်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့က အဆိုပါအဆောက်အအုံအောက်မှ ရွှေ ၈၈ ကျပ်သားနှင့် ကျပ်သိန်း ၂၈၀ ကျော် အပါအဝင် တခြားတန်ဖိုးကြီး ပစ္စည်းများစွာထပ်မံတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ အဆိုပါအဆောက်အအုံ၌ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ဇွန်လ ၂၄ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က Sky Villa အဆောက်အဦး၏ B အဆောင်၊ အခန်းအမှတ် L9 ကနေ မြန်မာငွေ ၂၈,၅၀၀,၀၀၀ ကျပ် (နှစ်ရာရှစ်ဆယ့်ငါးသိန်း)၊ ရွှေ ၁၀ ကျပ်သား (၈) တုံး၊ ရွှေ ၁ ကျပ်သား (၆) တုံး၊ ရွှေ ၂ ကျပ်သား (၁) တုံး၊ ရွှေကလစ် (၁) ခု၊ ရွှေနားကပ် (၆) ရံ၊ရွှေလက်စွပ် (၁၇) ကွင်း၊ ရွှေဆွဲသီး (၅) ခု၊ ရွှေဟန်းချိန် (၁) ခု၊ ရွှေလက်ကောက် (၂၁) ကွင်း၊ ရွှေဆွဲကြိုး (၁၀) ကုံး၊ စိန်နားကပ် (၁) ခု၊ စိန်ဆွဲသီး (၁) ခု၊ စိန်လက်စွပ် (၁) ကွင်း၊ ပတ္တမြားကြယ်သီး (၅) ခု၊ တ္တမြားနားကပ် (၁) ရံ၊ ဘဏ်စာအုပ် (၃) အုပ်၊ မှတ်ပုံတင် (၂) ခု၊ အိမ်ထောင်စုဇယားမူရင်း (၁) ခု၊ ဖုန်းအပျ-က် (၁) လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ရှာဖွေတွေ့ရှိခဲ့သည့် ငွေသားနှင့် တန်ဖိုးကြီးပစ္စည်းများကို ပစ္စည်းလက်ခံလွဲပြောင်းရေးအဖွဲ့မှ တဆင့် ပိုင်ရှင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 234 of 1920