#Daily_News
Published 7 November 2024
၁။မြန်မာ့သင်္ကြန်ပွဲတော် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဝင်မဝင်ရှေ့လထဲယူနက်စကိုကဆုံးဖြတ်မည်
၂။နွေကြက်သွန်နီ ရာသီကုန်ပြီး လက်ကျန်နည်းပါးချိန် ဈေးမြင့်လာ
၃။အခုရက်ပိုင်းရန်ကုန်နှင့်ဒေသအချို့မိုးသည်းထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နိုင်
၄။ အစ္စရေးလ်တိုက်ခိုက်မှုများနှင့်လမ်းပိတ်ဆို့မှုများကြောင့်ဂါဇာရှိဆေးရုံဆေးခန်းများ၌ဆေးဝါးနှင့်ဆေးပစ္စည်းများပြတ်လပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
WatchVideo>>>
၇ နိုဝင်ဘာ ၂၀၂၄
တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းသံခင်းတမန်ခင်းမှာ မြန်မာနိုင်ငံကို အရေးကြီးအနေအထားတစ်ခုအဖြစ် တရုတ်နိုင်ငံက အမြဲတမ်းထားရှိတယ်လို့ တရုတ်ဝန်ကြီးချုပ် လီချန်းက ပြောကြားလိုက်ပါတယ်။ တရုတ် နိုင်ငံ ကူမင်းမြို့မှာ ရှစ်ကြိမ်မြောက် မဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးတက်ဖို့ရောက်ရှိနေတဲ့ မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် တရုတ်ဝန်ကြီးချုပ်က အဲသလိုပြောကြားခဲ့ တာဖြစ်ပါတယ်။
ရန်ကုန်မှာ နိုဝင်ဘာလ(၇)ရက် မနက်ပိုင်းမှာမိုးများရွာသွန်းနေပြီး အခုရက်ပိုင်းမှာတော့ ရန်ကုန်တိုင်း အပါအဝင်နေပြည်တော်၊ပဲခူးတိုင်း၊ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ ဒေသအလိုက် မိုးကြီးဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 7 November 2024
#ရန်ကုန်နှင့်ဒေသအချို့ #လေပြင်းတိုက်ခတ်နိုင်
#YMG/tthl #Yangon_Times
ရွှေတိဂုံစေတီတော်သို့ တစ်လခွဲအတွင်း အလှူငွေ ကျပ်သိန်းပေါင်း ၃၂,၀၀၀ ကျော် ရရှိခဲ့တယ်လို့ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 7 November 2024
#ရွှေတိဂုံစေတီတော် #အလှူငွေသိန်းပေါင်း၃၂,၀၀၀ကျော်ရရှိ
#YMG/NN #Yangon_Times
နွေကြက်သွန်နီ ရာသီကုန်ပြီး လက်ကျန်နည်းပါးချိန် ဈေးနှုန်းမြင့်တက်လာတယ်လို မြင်းခြံကုန်စည်ဒိုင်က သိရပါတယ်
#Local_News
Published 7 November 2024
#နွေကြက်သွန်နီ #ရာသီကုန်ဈေးနှုန်းမြင့်တက်
#YMG/NN #Yangon_Times
WatchVideo>>>
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ဟာ ယူနက်စကိုပဏာမစာရင်းဝင်ရောက်သွားပြီဖြစ်ပြီးကမ္ဘာ့ဒြပ်မဲ့အမွေအနှစ်စာရင်းဝင်မဝင်ရှေ့လထဲမှာ ယူနက်စကိုက ဆုံးဖြတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 7 November 2024
#မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် #ယူနက်စကိုစာရင်းဝင်
#YMG/tthl #Yangon_Times
#World_News
Published 07 November 2024
▪️ ဒေါ်နယ်ထရမ့်က ယခုနှစ်ရွေးကောက်ပွဲမှာ အမေရိကန်သမ္မတအဖြစ် ပြန်လည်အနိုင်ရခဲ့ရာမှာ စပိန်လူမျိုးများ၊ ငယ်ရွယ်သူများ၊ ကောလိပ်ဘွဲ့မရတဲ့ အမေရိကန်လူမျိုးများကြား ထောက်ခံမှု အများအပြား ရရှိခဲ့ပြီး တစ်နိုင်ငံလုံးနီးပါးမှာ မဲအသာရခဲ့ပါတယ်။
▪️ ရီပတ်ဘလစ်ကန် နိုင်ငံရေးသမား ထရမ့်က စည်းရုံးရေးဆင်းရာမှာ အလုပ်သမားတွေကို ကမ္ဘာ့စီးပွားရေး ယှဉ်ပြိုင်မှုကနေ ကာကွယ်ပေးလို့ ကတိပေးခဲ့ကာ အခွန်ဖြတ်တောက်ရေး ကမ်းလှမ်းချက် အမျိုးမျိုးကိုလည်း ချပြခဲ့ပြီး အလုပ်သမား လူတန်းစားများနဲ့ လူဖြူမဟုတ်တဲ့ အမေရိကန်လူမျိုးများကြောင့် နေရာအနှံ့မှာ မဲအသာရခဲ့တာ ဖြစ်ပါတယ်။
▪️ စပိန်လူမျိုး မဲပေးသူများကြား ထရမ့်ကိုမဲပေးမှုက ၁၄ ရာခိုင်နှုန်း ကွာခြားခဲ့ပြီး စပိန်လူမျိုးအဖြစ် ဖော်ပြထားတဲ့သူ ၄၆ ရာခိုင်နှုန်းလောက်ဟာ ထရမ့်ကို ရွေးချယ်ခဲ့သဖြင့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက ၃၂ ရာခိုင်နှုန်းရှိရာကနေ မြင့်တက်လာပါတယ်။
▪️ စပိန်လူမျိုးတွေဟာ ဆယ်စုနှစ်တွေကြာအောင် ဒီမိုကရက်ဘက်ကို များစွာထောက်ခံခဲ့ပေမယ့် ယခုနှစ်မှာတော့ ရီပတ်ဘလစ်ကန် သမ္မတလောင်းကို ရွေးချယ်မှုများခဲ့ပါတယ်။
▪️ မဲပေးသူတွေထဲမှာ စပိန်လူမျိုး ၂၀ ရာခိုင်နှုန်းကျော်ရှိတဲ့ ခရိုင်တွေမှာ ၂၀၂၀ ဘိုင်ဒင်နဲ့ ယှဉ်ပြိုင်တုန်းကထက် ထရမ့်က ၁၃ မှတ် ပိုများလာခဲ့ပါတယ်။
▪️ စပိန်လူငယ်များဟာ ဒီမိုကရက်တွေကို နှစ် ၅၀ တိုင်အောင် မဲပေးလာခဲ့တဲ့ ယင်းတို့ရဲ့ ဘိုးဘေးတွေလို မစဉ်းစားတော့ဘူးလို့ ရီပတ်ဘလစ်ကန် မီဒီယာသမား ဂျီယန်ကာလိုဆိုပိုက ပြောသွားပါတယ်။
▪️ ထရမ့်ဟာ သူ့ရဲ့နိုင်ငံရေး သမိုင်းတလျှောက် လူဝင်မှုကြီးကြပ်ရေးကို ဆန့်ကျင်နေကာ အမေရိကန်မှာ တရားမဝင် နေထိုင်နေတဲ့သူအများအပြားကို ထွက်ခွာစေဖို့ ကတိပြုထားပါတယ်။
▪️ စစ်တမ်းဖြေကြားသူ စပိန်လူမျိုးတွေထဲက ၄ ပုံ ၁ ပုံက နိုင်ငံထဲမှာ မှတ်တမ်းမှတ်ရာမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူအများစုကို နေရပ်ပြန်စေချင်ကြတယ်လို့ ပြောကြပါတယ်။
▪️ အမေရိကန်မှ အလုပ်သမားလူတန်းစားထဲမှာ လူဖြူတွေထက် စပိန်အမေရိကန်တွေ ပိုများနေပြီး ထိုထဲကအများစုက ဘွဲ့မရသူတွေ ဖြစ်ပါတယ်။
▪️ နိုင်ငံရေးမှာ အရေးကြီးဆုံးက မိသားစုတန်ဖိုး၊ ဘဝဦးစားပေးရေးနဲ့ ဘာသာရေးတို့ဖြစ်ပြီး ကာမယ်လာဟားရစ်က ဒီတန်ဖိုးတွေ မယူဆောင်နိုင်ဘူး ထင်မြင်ကြောင်း အသက် ၂၈ နှစ်အရွယ် လာဂူနာက ပြောပြပါတယ်။
▪️ ဒါ့အပြင် ယခင်ဒီမိုကရက်တစ်တွေ အနိုင်ရခဲ့စဉ် အရေးပါခဲ့တဲ့ မြို့ကြီးတွေမှာလည်း ထရမ့်အသာရလာပါတယ်။
Source: Reuters
#Local_News
Published 7 November 2024
▪️ မြန်မာအနေဖြင့် နိုင်ငံတကာကတိကဝတ်များကို ဆက်လက်ပူးပေါင်း၍ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးမူဝါဒကို ကျင့်သုံးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် က ယနေ့ နိုဝင်ဘာလ ၇ ရက်တွင်ပြောသည်။
▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ ဟိုင်ဂန်ကွန်ဗင်းရှင်းစင်တာ၌ကျင်းပသောအဋ္ဌမကြိမ် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ယင်းအပြင်မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံး လျက်ရှိပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ ရပ်အပေါ်တွင် အခြေခံကာ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးမူဝါဒကို ကျင့်သုံးနေကြောင်းလည်း ယင်းကပြောသည်။
▪️ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွင် တန်းတူညီမျှမှုနှင့် အားလုံးပါဝင်မှုသည် အဓိကကျသည့် အခြေခံမူပင်ဖြစ်သောကြောင့် ဂျီအမ်အက်စ်ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုကိုထောက်ပံ့ပေးနိုင်မည့် ကဏ္ဍအလိုက် စီမံချက်များကို အကောင် အထည်ဖော်ရာတွင် အဖွဲ့ဝင်နိုင်ငံအချင်းချင်း ပူးပေါင်းမှု၊ ဂျီအမ် အက်စ် အတွင်းရေးမှူးရုံး၏ ပံ့ပိုးကူညီ မှုများသာမက ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ပုဂ္ဂလိကကဏ္ဍနှင့် ဒေသန္တရ အစိုး ရများ အပါအဝင် အခြားသက်ဆိုင် သူများအားလုံး အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြရန်လည်း ယင်းက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
▪️ အလားတူ ယခုထိပ်သီးအစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များ၏အကြံပြုချက်များသည် အနာဂတ်တွင် ပိုမိုကြံ့ခိုင်၍ ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့မှုရှိသည့် ဂျီအမ်အက်စ် အသိုက်အဝန်းတစ်ရပ်ဖြစ်ပေါ်လာရေး အတွက် များစွာအထောက် အကူ ဖြစ်စေမည်ဟု ယုံကြည်ကြောင်းလည်း နစက ဥက္ကဌ က ပြောကြားခဲ့သည်။
#Yangon_Times/PP
#Local_News
Published 7 November 2024
▪️ အမျိုးသမီးငယ်များကိုတရုတ်ယောကျ်ားနှင့် လက်ထပ်ရန် ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင် ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့်အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၃၀ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်နေ ဒေါ်ချိုချိုစန်းက ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နေ မ---၊ ၃၀/၂၀၂၄ နှစ်၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နေ မ---၊ ၁၅/၂၀၂၄ နှစ်နှင့် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နေ မ---၊ ၂၃/၂၀၂၄ နှစ်တို့ သုံးဦးကို တရုတ်ယောက်ျားယူပါက ငွေကျပ် သိန်း ၁၀၀ ရရှိမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ ရောက်ရှိမှသာ မိဘများထံသို့ ငွေများလွှဲပေးမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သဖြင့် ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေရဲစခန်း(ပ)၇၀/၂၀၂၄၊ (ပ) ၇၁/၂၀၂၄၊ (ပ)၇၂/၂၀၂၄ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ တို့ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ ကြောင်းသိရသည်။
▪️ ထို့အပြင် အောင်မြေသာစံခရိုင်တရားရုံးမှ နိုဝင်ဘာ ၅ ရက်တွင် တရားခံ ဒေါ်ချိုချိုစန်းအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ တစ်မှုလျှင် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီဖြင့် စုစုပေါင်းနှစ် ၃၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 7 November 2024
▪️ White Dragon လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ်ကို
တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများ စာတိုက်များ၌ တစ်ပြိုင်နက်
ရောင်းချပေးသွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။
▪️ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၌ တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင်သဘောထားမှတ်ချက်ပြုထားသည့် “White Dragon” လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးဖြစ်သည်။
▪️ အဆိုပါ တံဆိပ်ခေါင်းသစ်အား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၁ ရက် (တနင်္လာနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက် (တနင်္လာနေ့) တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 7 November 2024
▪️ လျှပ်စစ်သုံး မော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ယမာန်နေ့က တင်သွင်းရောက်ရှိလာကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
▪️ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG, MG ZS EV အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ 99 Myanmar Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC AION Y YOUNGER အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် T & Z Finance Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota BZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။
▪️ ထိုသို့ ရောက်ရှိလာသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 7 November 2024
▪️ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ခုနှစ် သုံးနှစ်တာအတွင်း ငွေကြေးခဝါချမှုနှင့်ပတ်သက်သည့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အစီအမံ ရှစ်ခုတို့သည်ကြီးမားစွာလိုက်နာဆောင်ရွက်ခြင်း Largely Addressed အဆင့်သို့ တိုးမြှင့်ရရှိခဲ့ကြောင်း
ယမာန်နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပခဲ့သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးမှ သိရသည်။
▪️ အဆိုပါ အစည်းအဝေးတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်ကျန်ရှိသည့် အစီအမံ (Action Plan) များအား သတ်မှတ်ကာလအတွင်း ပြီးစီးစေရန် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ရာ Action Plan ပါ ဆောင်ရွက်ရန်ကျန်ရှိသည့် အချက်များအနက် ရလဒ်ကောင်းများအနေဖြင့် ၂၀၂၁ ခုနှစ်တွင် လက်ငင်းရလဒ်နှစ်ခု၊ ၂၀၂၂ ခုနှစ်တွင် လက်ငင်းရလဒ်တစ်ခု၊ ၂၀၂၃ ခုနှစ်တွင် လက်ငင်းရလဒ်တစ်ခုနှင့် ၂၀၂၄ ခုနှစ်တွင် လက်ငင်းရလဒ်လေးခုတို့သည် ကြီးမားစွာလိုက်နာဆောင်ရွက်ခြင်း (Largely Addressed) အဆင့်သို့ တိုးမြှင့်ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
▪️ ထို့အပြင် အကောင်အထည်ဖော် ဆောင်ရွက်ရမည့်အစီအမံ (Action Plan) (၁၅) ချက်တွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် (၇) ချက်သာကျန်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်မှုများကြောင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် FATF မျက်နှာစုံညီအစည်းအဝေးအပြီး ထုတ်ပြန်ချက် (Statement)၌ မြန်မာနိုင်ငံသည် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရန် အကြံပြုချက် ယခင် (၈) ချက်ရှိရာမှ (၆)ချက် သာကျန်ရှိခဲ့ပြီး အလေးထားစိစစ်မှုများ တိုးမြှင့်ဆောင်ရွက်ရန် (Enhanced Due Diligence) စာရင်းတွင်သာ ဆက်လက်ထားရှိခဲ့ပါကြောင်း၊ ဆက်လက်အကောင်အထည်ဖော်ရန် ကျန်ရှိသည့် အချက်များကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်းများဖြစ်သည့် ကြီးကြပ်ရေးအာဏာပိုင်များနှင့် သတင်းပို့အဖွဲ့အစည်းများက တာဝန်ခံဌာနများအဖြစ် သတ်မှတ်ကာလအတွင်း ပြီးစီးစေရန် Timeline များ ချမှတ်၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 234 of 1682