#World_Health
Published 1 July 2025
▪️ ကိုယ်အလေးချိန်လျှော့ဖို့ ကြိုးစားနေကြရာမှာ လေ့ကျင့်ခန်းတွေ စားသောက်ပုံစံတွေနဲ့အညီ ကြိုးပမ်းကြပေမယ့် အရေးကြီးတဲ့ နံနက်ခင်းအလေ့အကျင့်တစ်ခုကိုတော့ မေ့လျော့နေတတ်ကြပါတယ်။
▪️ အိပ်ရာနိုးတဲ့အခါ ရေဓာတ်ဖြည့်ပေးဖို့ မေ့နေတာက ကိုယ်အလေးချိန် လျှော့ချရေးမှာ မှားယွင်းတဲ့အနေအထိုင် ဖြစ်ပါတယ်။
▪️ တစ်ညလုံးအိပ်တဲ့အခါမှာ ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးပြီး ချက်ချင်းပြန်မဖြည့်ပါက ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်နိုင်တယ်လို့ ပရော်ဖက်ဆာ ဖရန့်ကလင်ဂျိုဆက်က ပြောပါတယ်။
▪️ ရေဓာတ်ခမ်းခြောက်ခြင်း ပြင်းထန်လာတဲ့အခါ အားအင်ချည့်နဲ့လာပြီး ဇီဝဖြစ်စဉ်တွေ နှေးလာပါတယ်။
▪️ နံနက်ခင်းမှာ ရေကိုပုံမှန်သောက်ပေးရင် ဆာလောင်စိတ်ကို ထိန်းချုပ်နိုင်သလို မလိုလားအပ်တဲ့ မုန့်သရေစာတွေ စားခြင်းမှ ကာကွယ်နိုင်ပါတယ်။
▪️ နံနက်အိပ်ရာထပြီး နာရီဝက်အတွင်းမှာ ရေ ၄၀၀ မှ ၅၀၀ မီလီမီတာ သောက်သုံးသင့်တယ်လို့ အကြံပြုထားပါတယ်။
▪️ ဒါဆိုရင် ခန္ဓာကိုယ်မှာ အီလက်ထရိုလိုက်တွေ ညီမျှစေပြီး တစ်နေကုန် စွမ်းအင်ထိန်းသိမ်းနိုင်ပါတယ်။
▪️ နံနက်ပိုင်းမှာ ပုံမှန်ရေမသောက်ပါက အဆီလောင်ကျွမ်းခြင်းကို တဝက်နီးပါးလောက် လျော့ပါးသွားစေပါတယ်။
▪️ အိပ်ရာထပြီးမကြာခင် အစာမရှိဘဲ ကော်ဖီသောက်ရင်တော့ ဖိစီးမှုဟော်မုန်း ကော်တီဆောလ်တွေ မြင့်တက်လာနိုင်ပါတယ်။
▪️ နံနက်စာစားခြင်းက ကယ်လိုရီပိုမိုလောင်ကျွမ်းစေတယ်လို့ သုတေသနတွေမှာ တွေ့ထားပါတယ်။
▪️ မစားခင်မှာတော့ ခန္ဓာကိုယ်က လိုအပ်တဲ့ ရေဓာတ်ကို အရင်ဖြည့်ပေးသင့်တယ်လို့ ဖော်ပြထားပါတယ်။
#Source: The Jerusalem Post
လူ့အခွင့်အရေးများနဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးအုပ်ချုပ်မှုတွေမှာ တရုတ်ရဲ့ ပံ့ပိုးကူညီမှုတွေအကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ဟောပြောချက်များပါဝင်တဲ့ စာအုပ်ကို စပိန်မက်ဒရစ်မြို့ရှိ စာဖတ်သူနှီးနှောဖလှယ်ပွဲတစ်ခုမှာ ကျွမ်းကျင်သူများက ချီးကျူးခဲ့ကြပါတယ်။
#World_Culture
Published 30 June 2025
#တရုတ်သမ္မတရှီကျင့်ဖျင် #ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးအုပ်ချုပ်မှု
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 30 June 2025
၁။ ဇူလိုင်လအတွင်း နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ်အစင်း၆၀ ဝင်ရောက်ဆိုက်ကပ်မည်
၂။ ငလျင်ကြောင့် ထိခိုက်ခဲ့သည့် မဟာမြတ်မုနိဘုရားကြီးကို ရှေးမူအတိုင်း ပြင်ဆင်မည်
၃။ အလုပ်အကိုင်တစ်ပါတည်း ရရှိမည့် ဆန်စပါး ကြိတ်ခွဲထုတ်လုပ်ရေး နည်းပညာသင်တန်းအခမဲ့ပေးမည်
၄။ တရုတ်သမ္မတရှီကျင့်ဖျင်၏ လူ့အခွင့်အရေးဆိုင်ရာရေးသားချက်စာအုပ်အား ကျွမ်းကျင်သူများ ချီးကျူးပြောဆို ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 30 June 2025
▪️ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ်အတွက် စားအုန်းဆီအခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းထုတ်ပြန်ရာတွင် တစ်ပိဿာ ငွေကျပ် ၆၀၆၀ သတ်မှတ်ထုတ်ပြန်ခဲ့ရာ ယခင်အပတ်ထက် ကျပ်၂၀ထပ်မံကျဆင်းလာကြောင်း သိရသည်။
▪️ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူ စားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး စားအုန်း ဆီကို ပြည်ပမှ ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့် နိုင်ငံများ၏ စျေးနှုန်း အတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ် ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 30 June 2025
▪️ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ(၁၉၇)ခု အား အမည်မည်းစာရင်း သွင်းလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ထုတ်ပြန်လိုက်သည်။
▪️ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ပို့ကုန်လုပ်ငန်းရှင်များ သည် ပို့ကုန် ရငွေများကို သတ်မှတ်ကာလအတွင်း ၄င်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ပြန်လည်ထည့်သွင်းစေရေးအတွက် ကုန်သွယ်မှုနှင့် ကုန်စည်စီး ဆင်းမှုများမှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် AD လိုင်စင်ရဘဏ်များ ပူးပေါင်း၍ ဆက်သွယ်ခေါ်ယူ စာရင်းရှင်းလင်းခဲ့ပြီးနောက် စာရင်းရှင်းလင်းခြင်း မရှိသည့်ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် (၂၃-၆-၂ဝ၂၅) ရက်နေ့စိစစ်ချက်အရ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ (၁၉၇) ခုသည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာတို့ပါ သတ်မှတ်ချက်များအား လိုက်နာခြင်းမရှိသဖြင့် ကုမ္ပဏီနှင့် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
▪️ ဗဟိုဘဏ်အနေဖြင့် နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဠာန်းသတ်မှတ်ထားပြီးဖြစ် သည်။ နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှုဥပဒေ (FEML) အခန်း (၁၁)၊ ပုဒ်မ ၃၈-ခ တွင် “မည်သူမျှ ပို့ကုန်ရငွေ အားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ၄င်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြား သုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရ” ဟု လည်းကောင်း၊ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက FEML ပုဒ်မ ၄၂-က အရ “ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်”ဟုလည်းကောင်း ပြဌာန်းထားပါသဖြင့် ပို့ကုန်တင်ပို့သူများအနေဖြင့် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ပရိတ်ချည်မျှင်ရေဆူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ အာဒိစ္စဝံသရဲ့ ဂုဏဝိသိဌ ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ၊ဝါဆိုသက်န်းကပ်ပွဲ၊ သက်တော်၆၅နှစ်ပြည့် ဝိဇာတမွေးနေ့ပွဲနဲ့ သိက္ခာထပ်မင်္ဂလာပွဲကို ရန်ကုန်မြို့၊တာမွေမြို့နယ်အလိုတော်ပြည့်ကျောင်းတိုက်မှာ ဇွန်လ၂၉ရက် ယမန်နေ့ကကျင်းပခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 30 June 2025
#ပရိတ်ချည်မျှင်ရေဆူဆရာတော် #မွေးနေ့ပွဲနှင့်သိက္ခာထပ်မင်္ဂလာပွဲ
#YMG/NN #Yangon_Times
သင်တန်းပြီးဆုံးပါက အလုပ်အကိုင်တစ်ပါတည်းရရှိမယ့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေး နည်းပညာသင်တန်းကို အခမဲ့ပေးဖို့စီစဉ်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 30 June 2025
#ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေး #နည်းပညာသင်တန်းအခမဲ့ပေး
#YMG/NN #Yangon_Times
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့တဲ့ မဟာမြတ်မုနိဘုရားကြီးနဲ့ ဘုရားကြီးဝန်းအတွင်းက သာသနိက အဆောက်အဦတွေကို ရှေးမူအတိုင်း ပြင်ဆင်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 30 June 2025
#မဟာမြတ်မုနိဘုရားကြီး #ရှေးမူအတိုင်းပြင်ဆင်သွားမယ်
#YMG/SW #Yangon_Times
လာမယ့် ဇူလိုင်လအတွင်းရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ်အစင်း၆၀ ဝင်ရောက်ဆိုက်ကပ်မယ်လို့မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရပါတယ်။
#Local_News
Published 30 June 2025
#ကုန်သေတ္တာတင်ယာဉ် #မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
#YMG/SW #Yangon_Times
#Local_News
Published 30 June 2025
▪️ ယခုဘဏ္ဍာနှစ် နှစ်လတာကာလအတွင်း ပြည်ပသို့ ပုဇွန်မက်ထရစ်တန် (၁,၀၀၀)ကျော်တင်ပို့ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနကသိရသည်။
▪️ ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ နှစ်လတာကာလအတွင်း ပြည်ပသို့ ပုဇွန်မက်ထရစ်တန် ၁၂၇၃ ဒသမ၉၃၃ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၆၆ သန်း ရရှိထားကြောင်း သိရသည်။
▪️ ထိုသို့တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်မှုမှ ပုဇွန်မက်ထရစ်တန် ၁,၁၁၅ ဒသမ ၉၅၃ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၁၂ သန်းရရှိခဲ့ကာ နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၁၅၇ ဒသမ ၉၈ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာသုည ဒသမ ၈၅၄ သန်းရရှိခဲ့ကြောင်း သိရသည်။
▪️ ပြည်တွင်းမှ ပုစွန်အပါအဝင် ငါးစသည့်ရေထွက်ကုန်များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့်နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်မှုမှလည်းတိုက်ရိုက်တင်ပို့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 June 2025
▪️ ဘင်္ဂလားပင်လယ်အော်နှင့်ဆက်စပ် နေရာများတွင် ဖြစ်ပေါ်နေသည့်လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း၌ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ဇွန်လ ၃၀ ရက်နေ့၊ မနက် ၁၀ နာရီခွဲအချိန်ထုတ်ပြန်ချက်အရ သိရသည်။
▪️ ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ယနေ့မြန်မာစံတော်ချိန် ၅ နာရီခွဲ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေတို့၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရ ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေ ကြောင်းသိရသည်။
▪️ ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်များမှာနေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီးအမြင်တာ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်ရှိနိုင်ကြောင်း ၊ ရေပြင်လေမှာ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင် ရှိပြီး လှိုင်းအခြေအနေမှာ လှိုင်းကြီး၍ အမြင့် ၁၁ ပေမှ ၁၃ ပေခန့် အထိရှိနိုင်ကြောင်း သိရသည်။
▪️ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်မှာနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပြီးအမြင်တာ၃မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်ရှိနိုင်ကြောင်း၊ ရေပြင်လေမှာ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်ရှိပြီး လှိုင်းအခြေအနေမှာ လှိုင်းကြီးနိုင်ကာလှိုင်းအမြင့်မှာ ၁၁ ပေမှ ၁၃ ပေခန့်အထိရှိနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 30 June 2025
▪️ အီရန်နျူကလီးယားစက်ရုံများအနေနဲ့ အမေရိကန် ဗုံးကျဲတိုက်ခိုက်ခြင်းခံရပြီးနောက် လပိုင်းအတွင်းမှာပဲ အီရန်ဟာ ယူရေနီယံပါဝင်မှု မြှင့်တင်ထုတ်လုပ်ခြင်းလုပ်ငန်းတွေ ထပ်မံပြုလုပ်လာနိုင်တယ်လို့ ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲက ပြောသွားပါတယ်။
▪️ နိုင်ငံတကာ နျူကလီးယားစွမ်းအင်အေဂျင်စီ (IAEA)လို့ခေါ်တဲ့ ဒီအဖွဲ့ဟာ နိုင်ငံအသီးသီးရဲ့ နျူကလီးယားအစီအစဉ်များ သဘောတူညီချက်အတိုင်း လိုက်နာခြင်းရှိမရှိ စစ်ဆေးရတာဖြစ်ပြီး ညွှန်ကြားရေးမှူးချုပ် ရာဖေးလ်မာရီယာနိုဂရော့စီက သောကြာနေ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တာကို CBS က တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့တာပါ။
▪️ ထိခိုက်မှုပြင်းထန်ခဲ့ပေမယ့် အလုံးစုံပျက်စီးတာမျိုးမဟုတ်ဘဲ အီရန်အနေနဲ့ နျူကလီးယားရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်မယ့်သဘော ရှိတယ်လို့ ဂရော့စီက ယူဆပါတယ်။
▪️ အီရန်မှာ ရည်မှန်းချက် အလွန်ကြီးမားတဲ့အစီအစဉ်ရှိခဲ့ပြီး ယခုထိ ရှိနေနိုင်ကြောင်း၊ သူတို့မှာ ထုတ်လုပ်နိုင်တဲ့ အသိပညာရှိနေနိုင်ကြောင်း ပြောပါတယ်။
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အခြားအရာရှိများကတော့ အမေရိကန်ဟာ အီရန်ရဲ့ နျူကလီးယား အဓိကစက်ရုံကြီး ၃ ခုကို လုံးဝဖြိုခွင်းလိုက်ပြီလို့ ဆိုထားပါတယ်။
▪️ ဒါပေမဲ့ ထောက်လှမ်းရေးအေဂျင်စီရဲ့ ကနဦးတင်ပြချက်ထဲမှာ နျူကလီးယားစက်ရုံတွေဟာ ထိခိုက်မှုအနည်းငယ်သာ ရှိခဲ့ပြီး နျူကလီးယားအစီအစဉ်တွေကို လပိုင်းနဲ့ပင် ပြန်စတင်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
▪️ အီရန်ဟာ တိုက်ခိုက်မခံရခင်မှာ ပါဝင်မှုမြှင့်တင်ထားတဲ့ ယူရေနီယံတွေကို အခြားနေရာသို့ လျှို့ဝှက်ရွှေ့ပြောင်းထားခဲ့နိုင်တယ်လို့လည်း ဂရော့စီက ပြောပါတယ်။
▪️ IAEA နဲ့ အီရန်တို့ ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ရန်နဲ့ နိုင်ငံတကာမှ စစ်ဆေးရေးမှူးတွေလည်း ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် အရေးကြီးနေတယ်လို့ ဂရော့စီက ပြောသွားပါတယ်။
#Source: NPR
Page 229 of 1919