စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်ဈေးကွက်အတွက်ဒီကနေ့ ထုတ်ပြန်ချက်အရ စက်သုံးဆီအမျိုးအစားအားလုံးဈေးနှုန်းတွေကျဆင်းလာပြီး ဓာတ်ဆီဈေးနှုန်းတွေကတော့ နှစ်ပတ်ဆက်တိုက် ကျဆင်းလာတယ်လို့ သိရပါတယ်။
#Local_News
Published 16 November 2024
#စက်သုံးဆီ #ဓာတ်ဆီဈေးကျဆင်း
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့ လပိုင်းကစတင်ပြီး ပြည်တွင်းဒေါ်လာဈေးတွေ ကျဆင်းနေတာကြောင့် အရောင်းအဝယ်သွက်ခဲ့တဲ့ သန်လျင်အိမ်ခြံမြေ ဈေးကွက်ဟာ လက်ရှိတန်ဆော
င်တိုင်ပွဲတော်ကာလမှာ အရောင်းအဝယ်အေးနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။
#Local_News
Published 16 November 2024
#သန်လျင်အိမ်ခြံမြေဈေးကွက် #အရောင်းအဝယ်အေးနေ
#YMG/NN #Yangon_Times
အာဆီယံ အမျိုးသမီးဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးဖူဆယ်အသင်းဟာ နိုဝင်ဘာလ(၁၆)ရက်မှာ ဖိလစ်ပိုင်နဲ့ ယှဉ်ပြိုင်မှာဖြစ်ပြီး ထိုင်း၊အင်ဒိုနီးရှားတို့နဲ့ ထပ်ပြိုင်ဖို့ရှိပါတယ်။
#Local_News
Published 16 November 2024
#အာဆီယံဖူဆယ်ပြိုင်ပွဲ #မြန်မာအမျိုးသမီးဖူဆယ်
#YMG/tthl #Yangon_Times
ကျိုက်ထီးရိုးစေတီတော်သို့ တန်ဆောင်တိုင်ကာလနှစ်ရက်တာအတွင်း ဘုရားဖူး (၃၀၀၀၀) ကျော်ဝင်ရောက်ခဲ့တယ်လို့ ဂေါပကအဖွဲ့ထံမှ သိရပါတယ်။
#Local_News
Published 16 November 2024
#ကျိုက်ထီးရိုးစေတီ #တန်ဆောင်တိုင်ကာလ
#YMG/tthl #Yangon_Times
#Local_News
Published 16 November 2024
▪️ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မန်ကျီးစင်ရွာတွင် ယမာန်နေ့ညက မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ နိုဝင်ဘာ ၁၅ ရက်နေ့၊ ည ၇ ၃၅ မိနစ်အချိန်ခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မန်ကျီးစင်ရွာတွင် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ညောင်ရွှေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၁၀နာရီ ၁၅မိနစ်အချိန် ၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များအား ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 16 November 2024
▪️ ဘီလျံနာသူဌေးကြီး အီလွန်မက်စ်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအဝင် ရုရှားအရာရှိများနဲ့ ဖုန်းပြောဆိုမှုများစွာ ပြုလုပ်ခဲ့တာကို အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်နဲ့ ဥပဒေစိုးမိုးရေး အေဂျင်စီတို့ကနေ စုံစမ်းသင့်ကြောင်း ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်နှစ်ဦးက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
▪️ သမ္မတရွေးချယ်ခံရတဲ့ ရီပတ်ဘလစ်ကန် ဒေါ်နယ်ထရမ့်က အီလွန်မက်စ်ကို အစိုးရထိပ်သီးနေရာတစ်ခုမှာ ခန့်အပ်ထားကာ ပင်တဂွန်မှ ဒေါ်လာဘီလျံချီကို ကြီးကြပ်ရမှာဖြစ်ပြီး SpaceX အာကာသယာဉ်ကုမ္ပဏီ စီအီးအိုအဖြစ်လည်း ထောက်လှမ်းရေးအဖွဲ့အစည်း ကန်ထရိုက်တွေကို ကြီးကြပ်ရမှာ ဖြစ်ပါတယ်။
▪️ နိုင်ငံခြားဆက်ဆံရေး ကော်မတီအကြီးတန်းအဖွဲ့ဝင် ဂျင်းန်ရှာဟင်နဲ့ အထက်လွှတ်တော် လက်နက်ရေးရာ ကော်မတီဥက္ကဌ ဂျက်ရိဒ်တို့က အမေရိကန်ရှေ့နေချုပ် မယ်ရစ်ဂါးလန်းနဲ့ ပင်တဂွန် စစ်ဆေးရေးမှူးချုပ်တို့ကို ပြောပြရာမှာ အောက်တိုဘာလက မက်စ်ဟာ ရုရှားအရာရှိများနဲ့ ပြောဆိုခဲ့ပြီးနောက်SpaceX အစီအစဉ်တွေမှာ မက်စ်ပါဝင် ပတ်သက်မှုတွေကို စုံစမ်းစစ်ဆေးသင့်ပြီး ဖယ်ရှားသင့်ရင် ဖယ်ရှားသင့်တယ်လို့ ပြောလာပါတယ်။
▪️ အချို့သော ကန်ထရိုက်တွေနဲ့ အခွင့်ထူးခံတွေကနေ ဖယ်ရှားဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
▪️ ဒီလိုပတ်သက်မှုတွေကြောင့် အစိုးရကန်ထရိုက်အဖြစ် မစ္စတာမက်စ်ရဲ့ ယုံကြည်ကိုးစားမှုကို မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ လွှတ်တော်အမတ်များက စာရေးသားဖော်ပြခဲ့ကြပါတယ်။
▪️ ဒီမိုကရက်တစ် လွှတ်တော်အမတ်အများအပြားဟာ မက်စ်နဲ့ ရုရှားဆက်သွယ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ လူသိရှင်ကြား တောင်းဆိုထားပါတယ်။
▪️ ထရမ့်ရွေးကောက်ပွဲ စည်းရုံးရေးပွဲတွေမှာ ဒေါ်လာ ၁၁၉ သန်း အကုန်အကျခံထားတဲ့ မက်စ်ကို အစိုးရအကျိုးထိရောက်မှုဌာနမှာ ပူးတွဲအကြီးအကဲအဖြစ် ခန့်အပ်ထားပါတယ်။
▪️ မက်စ်နဲ့ ရုရှားအရာရှိများ ဆက်သွယ်ခဲ့ကြတဲ့ တင်ပြချက်တွေဟာ ၂၀၂၂ ခုနှစ်မှာ ပေါ်ထွက်ခဲ့ပြီး ယမန်လကတော့ မက်စ်ဟာ ပူတင်အပါအဝင် ရုရှားအရာရှိများနဲ့ အကြိမ်ကြိမ် ပြောဆိုခဲ့တယ်လို့ ဝေါလ်စထရိဂျာနယ်က ဖော်ပြလာပါတယ်။
▪️ မက်စ်က အမေရိကန်လုံခြုံရေး အချက်အခြာကို ထိန်းသိမ်းထားရကာ ပင်တဂွန်နဲ့ နာဆာကန်ထရိုက်တို့ကနေ ဒေါ်လာဘီလျံချီ ထိန်းသိမ်းထားရတဲ့ SpaceX ဆီကိုလည်း လျှို့ဝှက်အချက်အလက်များ ရောက်ရှိခွင့် ရထားတာကြောင့် ရုရှားအစိုးရနဲ့ ဆက်သွယ်နေတာဟာ အမေရိကန်လုံခြုံရေး အန္တရာယ်ကျရောက်စေနိုင်တယ်လို့ အမတ်များက ဖော်ပြခဲ့ကြပါတယ်။
#Source: Reuters
#Local_News
Published 16 November 2024
▪️ ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ရန်အတွက် ဂျပန်ကုမ္ပဏီများက စာ၃၄၀ကျော်ဖြင့် မြန်မာလုပ်သား (၁၀၀၀) ကျော် ထပ်မံခေါ်ယူထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ မြန်မာသံရုံးအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိခြင်းဖြစ်သည်။
▪️ ထိုသို့စိစစ်ပေးရာတွင် ၂၀၂၄ ခုနှစ်၊ စက်တင် ဘာလ(၂၄) ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၄၁)ခုနှင့် ပတ်သက်၍ အလုပ်သမား (၁၀၄၈) ခေါ်ယူထားကြောင်း သိရသည်။
▪️ ထို့အပြင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိစာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ် သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 16 November 2024
▪️ သိပ္ပံပညာရှင်တွေဟာ ခြင်တွေပေါက်ဖွားခြင်းနဲ့ သွေးလွန်တုပ်ကွေး၊ ဇီကာတို့လို ရောဂါတွေကို တိုက်ဖျက်ဖို့အတွက် ထူးဆန်းတဲ့ဖြေရှင်းချက်တစ်ခု ချပြလာကာ ခြင်ထီးတွေကို နားကန်းအောင်လုပ်ရင် မျိုးမပွားနိုင်တော့ဘူးလို့ ဆိုလာပါတယ်။
▪️ ခြင်တွေက လေထဲပျံနေစဉ်မှာ အကြားအာရုံကို အသုံးပြုပြီး မိတ်လိုက်ကြပါတယ်။
▪️ ခြင်မတွေရဲ့ တောင်ပံခတ်သံကို နားထောင်ပြီး မိတ်လိုက်ဖော် ရှာဖွေကြပါတယ်။
▪️ ခြင်ထီးတွေ ကြားနိုင်တဲ့ မျိုးဗီဇလမ်းကြောင်းတစ်ခုကို သုတေသီတွေက ပြောင်းလဲနိုင်တဲ့ နည်းလမ်းဖြင့် စမ်းသပ်ခဲ့ကြပါတယ်။
▪️ နားကန်းသွားတဲ့ ခြင်ထီးတွေဟာ လှောင်အိမ်ထဲမှာ ခြင်မတွေနဲ့ ၃ ရက်လောက် အတူတူရှိနေတာတောင် မထိတွေ့ကြဘူးလို့ တွေ့ရှိခဲ့ပါတယ်။
▪️ ခြင်တွေ မျိုးမပွားတော့တဲ့အခါ အရေအတွက်လည်း အလိုအလျောက် ကျဆင်းသွားပါတယ်။
▪️ လူတွေမှာ ရောဂါဖြစ်ပွားတာဟာ ခြင်မတွေကြောင့် ဖြစ်ပါတယ်။
ဒီစမ်းသပ်ချက်ကို ကယ်လီဖိုးနီးယားတက္ကသိုလ်က ပြုလုပ်တာ ဖြစ်ပါတယ်။
▪️ နှစ်စဉ်လူသန်း ၄၀၀ နီးပါးကို ဗိုင်းရပ်စ်ပျံ့ပွားစေတဲ့ အေးဒီးစ်အေဂျစ်တိုင် ခြင်တွေကို လေ့လာခဲ့တာ ဖြစ်ပါတယ်။
▪️ ခြင်တွေက စက္ကန့်အနည်းငယ်ကနေ တစ်မိနစ်နီးပါးလောက်အထိ မိတ်လိုက်ကြပါတယ်။
▪️ ခြင်တွေမှာ အကြားအာရုံရစေတဲ့ အာရုံကြောတွေကို ဖျက်ဆီးလိုက်တဲ့အခါ ခြင်မတွေရဲ့ အသံတွေကို မကြားတော့ပါဘူး။
▪️ ထိုအခါမှာ ထိုခြင်ထီးတွေက မိတ်မလိုက်တော့ဘဲ ခြင်မတွေ ပျက်သုဉ်းစေနိုင်မယ်လို့ သုတေသီများ ယူဆနေကြပါတယ်။
#Source: WION
Published 16 November 2024
▪️ အမ်မိုရီတက္ကသိုလ်မှ သုတေသီတွေဟာ CD4 Tဆဲလ်လို့ခေါ်တဲ့ ခုခံအားဆဲလ်သစ်တစ်မျိုးကို တွေ့ရှိခဲ့ပြီး ထိုဆဲလ်ဟာ အကျိတ်ခုခံတဲ့ စွမ်းရည်အတွက် အရေးကြီးပါတယ်။
▪️ ဒီတွေ့ရှိမှုတွေကနေ အကျိတ်ကင်ဆာများကို ထိရောက်စွာ တိုက်ဖျက်နိုင်မယ့် ဆဲလ်များ လှုံ့ဆော်ကာ သာမန်ကုသနည်းများဖြင့် မရတဲ့ ကင်ဆာလူနာများမှာ ကုသအောင်မြင်နိုင်ရန် မျှော်လင့်လာနိုင်ပါတယ်။
▪️ CD4 Tဆဲလ်တွေဟာ အကျိတ်တွေနားက အဖုလေးတွေမှာ တည်ရှိပြီး အကျိတ်ဆန့်ကျင်ပေးတဲ့ စွမ်းအားရှိကာ များသောအားဖြင့် အလုပ်မလုပ်ဘဲ ရှိနေတတ်ပါတယ်။
▪️ CD4 Tဆဲလ်တွေက သူတို့ဘာသာ အသစ်ပြန်လုပ်နိုင်ပြီး အမျိုးမျိုးသော ခုခံအားဆဲလ်များအဖြစ် ပြောင်းလဲနိုင်ပါတယ်။
▪️ ထိုဆဲလ်တွေကို PD1 နဲ့ TCF1 ပရိုတိန်းနှစ်မျိုးတို့ဖြင့် မှတ်သားနိုင်ပါတယ်။
▪️ ဓာတ်ခွဲခန်းထဲမှာ ထိုဆဲလ်တွေကို လှုံ့ဆော်လိုက်ခြင်းဖြင့် ကင်ဆာကို ထိရောက်စွာ ဟန့်တားပေးတဲ့ ခုခံအားကုသနည်း ရရှိစေပါတယ်။
▪️ စမ်းသပ်ပြီးတဲ့နောက်မှာ လူနာတွေက အသက်ပိုရှည်ခဲ့ပြီး လိုချင်တဲ့ ကိုယ်ခံအားကုသမှုကို ရရှိခဲ့ပေမယ့် အများစုမှာတော့ ထိုဆဲလ်ဟာ အလုပ်မလုပ်ဘဲငြိမ်နေတတ်ပါတယ်။
▪️ ဒါပေမဲ့ ဒါတွေကို အလုပ်လုပ်လာအောင် ပြောင်းလဲနိုင်ကာ အကျိတ်တွေကို ခုခံတုံ့ပြန်နိုင်စေပါတယ်။
▪️ ဒီဆဲလ်တွေ အလုပ်လုပ်အောင် ဘယ်လိုပြောင်းရမလဲဆိုတာ သိသွားရင် ခုခံအားကျဆင်းတဲ့ လူနာအများကြီးကို ကုသနိုင်တဲ့ နည်းလမ်သစ်တွေ ရလာနိုင်တယ်လို့ ကင်ဆာခုခံအား သုတေသနမှ သုတေသီကစ်ဆစ်က ပြောသွားပါတယ်။
▪️ နောက်ထပ်လေ့လာမှုက ဆဲလ်ခုခံအားတုံ့ပြန်မှုကို ဆက်လက်ထိန်းသိမ်းထားဖို့ပဲ ဖြစ်ပါတယ်။
▪️ လိုအပ်တဲ့ အချက်အလက်တွေက ပြန့်ကျဲနေပေမယ့် အားလုံးကို စုစည်းလိုက်နိုင်ဖို့ပဲ လိုအပ်တယ်လို့ ကစ်ဆစ်က ပြောသွားပါတယ်။
#Source: ANI News
Published 15 November 2024
ဗြိတိန်ပြည်ထောင်စုမှာ အောက်တိုဘာလအတွင်း လက်လီရောင်းချရမှု စုစုပေါင်းက နှစ်စဉ်နှုန်း ၀.၆ ရာခိုင်နှုန်း လျော့နည်းသွားကာ စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာခြင်းက လူတွေသုံးစွဲချင်စိတ် နည်းပါး သွားစေတာ ဖြစ်တယ်လို ထောက်ပြလာကြပါတယ်။
Source CCTV+
၁၅ နိုဝင်ဘာ ၂၀၂၄
သမ္မတထရမ့်ရဲ့လာမယ့်သမ္မတသက်တမ်းအောက်မှာ မနေလိုကြတဲ့ အမေရိကန်တွေဟာ နိုင်ငံက ထွက်ခွာသွားကြဖို့ ကြိုးစားနေကြချိန်မှာ အမေရိကန် အခြေစိုက် အပျော်စီးသင်္ဘောကုမ္ပဏီတစ်ခုက လေးနှစ်တာလုံးလုံး သင်္ဘောနှင့်ကမ္ဘာပတ်မယ့် ခရီးစဉ်ကြီးတစ်ခုကို ကမ်းလှမ်းခဲ့ပါတယ်။
အမေရိကန်ရဲ့ အပျော်စီးသင်္ဘောကုမ္ပဏီ Villa Vie Residences က ရှေ့သို့ကျော်လွှား“Skip Forward” လို့ အမည်ပေးထားတဲ့ အဲဒီသင်္ဘောခရီးစဉ်မှာ ခရီးသည်တွေကို Villa Vie Odyssey သင်္ဘောကြီးနှင့် လိုက်ပါပြီး လေးနှစ်တာလုံးလုံး ကမ္ဘာပတ်ကြဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ခရီးစဉ် ဈေးနှုန်းကတော့ အတော့်ကိုကြီးမားပါတယ်။ လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ တစ်သိန်းခြောက်သောင်းနီးပါး အတိ အကျဆိုရင်တော့ ဒေါ်လာ ၁၅၉.၉၉၉ ဖြစ်ပါတယ်။
သင်္ဘောကြီးဟာ ကမ္ဘာ့တိုက်ကြီး (၇)တိုက်က နိုင်ငံပေါင်း၁၄၀ကျော်မှာရှိတဲ့ ဆိပ်ကမ်းပေါင်း ၄၂၅ ခုကျော် မှာ ဆိုက်ကပ်မှာလို့ ဆိုပါတယ်။
သင်္ဘောပေါ်မှာ အစားအသောက်တွေအပြင် ညစာစားတဲ့အခါ ဘီယာနှင့်ဝိုင်ကိုလည်း အခမဲ့ တိုက်မှာ ဖြစ်ပါတယ်။ အဲဒီအပြင် အားကစားလေ့ကျင့်ခန်းနှင့် spa တွေကိုလည်း အသုံးပြုခွင့်ရှိပါတယ်။
အခမဲ့သုံး ဝိုင်ဖိုင်အင်တာနက်၊ ဆေးခန်း၊ တစ်ပတ်တစ်ကြိမ် အခန်းသန့်ရှင်းရေး၊ တစ်ပတ်နှစ်ကြိမ် အဝတ်လျှော်ဖွပ်ခြင်းတွေလည်းရရှိမယ်လို့ ကုမ္ပဏီကပြောပါတယ်။
သူတို့ရဲ့ ဒီခရီးစဉ်ဟာ အကယ်၍ အိစ်ဝိုင်ဇက်သာ ရွေးကောက်ပွဲနိုင်သွားရင် အမေရိကန်ကနေ ထွက်သွား မယ်ဆိုတဲ့သူတို့အတွက် ကွက်တိပါပဲ လို့ ကုမ္ပဏီ စီအီးအို မစ်ကယ်လ်ပက်တာဆန်က ပြောပါတယ်။
သင်္ဘောကြီးဟာ ခရီးသည် ၆၀၀ ဆန့်ပြီး ကမ္ဘာအနှံ့ခုတ်မောင်းခဲ့တာ ၁၅နှစ်ရှိပြီလို့သိရပါတယ်။
Source STT
#World_Health
Published 15 November 2024
▪️ ဆောက်သမ်တန် တက္ကသိုလ်ဆေးရုံနဲ့ ဆောက်သမ်တန်တက္ကသိုလ်တို့မှ ပြုလုပ်တဲ့ လေ့လာချက်မှာ လေဆာများအသုံးပြုပြီး သွေး၊ ကျောရိုးအရည်၊ ချွဲသလိပ်တို့ကို စစ်ဆေးကာ ဒီမန်ရှာရောဂါကို စောစီးစွာ ရှာဖွေနေပါတယ်။
▪️ ဒီမန်ရှာရောဂါကို စစ်ဆေးတွေ့ရှိဖို့ အချိန် ၂ နှစ်ခန့်အထိ ကြာမြင့်တတ်ပေမယ့် လေဆာနည်းပညာသစ်ကတော့ လက်ရှိဟာတွေထက် ဈေးသက်သာပြီး စက္ကန့်အပိုင်း ရလဒ်သိရှိနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ မူလစမ်းသပ်နည်းများက အယ်လ်ဇိုင်းမားရောဂါကို ရှာဖွေရာမှာ ၉၃ ရာခိုင်နှုန်းကျော် တိကျမှုရှိပါတယ်။
▪️ ဒီလိုနည်းလမ်းက ကျန်းမာရေးစောင့်ရှောက်မှုမှာ အဆင့်အတန်း မြင့်တက်လာရုံမက အာရုံကြောချို့ယွင်းရောဂါတွေကို မြန်ဆန်စွာ သိရှိလာစေမှာ ဖြစ်တယ်လို့ ဆောက်သမ်တန် တက္ကသိုလ်ဆေးရုံမှ ပရော်ဖက်ဆာ ခရစ္စကစ်က ပြောပါတယ်။
▪️ ယူကေမှာ ဒီမန်ရှာရောဂါရှိသူ ၈ သိန်းခွဲကျော်ရှိနေပြီး ၂၀၄၀ အရောက်မှာ ၁.၄ သန်းအထိရှိလာမယ်လို့ ခန့်မှန်းရပါတယ်။
▪️ လူနာအများစုဟာ ရောဂါနောက်ပိုင်းအဆင့် ရောက်တဲ့အခါမှသာ သိရှိကြပြီး ကုသရ ခက်ခဲလာကြပါတယ်။
▪️ ဒီလိုနည်းလမ်းဟာ တကယ်လိုအပ်နေတဲ့ အရာတွေကို ဖြည့်ဆည်းပေးရာရောက်တယ်လို့ မော်လီကျူးဘိုင်အိုဖိုတွန်နစ် ပရော်ဖက်ဆာ ဆူမိမဟာဂျန်က ပြောသွားပါတယ်။
▪️ အဆိုပါ လေဆာနည်းပညာက ဒီပြဿနာတွေကို ဖြေရှင်းပေးပြီး လူနာများ ရောဂါစစ်ဆေးမှုမှာ တိုးတက်စေလိမ့်မယ်လို့ ပြောသွားပါတယ်။
#Source: Metro
Page 226 of 1682