#World_Health
Published 17 January 2026
■ အသက် ၁၀၀ ကျော်အထိ နေနိုင်သူတွေ များလာပေမယ့် ဒီလောက်အသက်ရှည်ရတဲ့ အကြောင်းအရင်းကို သေချာမသိကြသေးပါဘူး။
■ ပုံမှန်ဆေးစစ်ဆေးချက်တွေကနေ သွေးစမ်းသပ်ချက်များ ပြုလုပ်ခဲ့ကာ အသက် ၁၀၀ ကျော်နဲ့ ၁၀၀ မကျော်သူတွေကို နှိုင်းယှဉ်ခဲ့ကြပါတယ်။
■ ထိုအခါမှာ ယင်းတို့ကြား သိသာတဲ့ ခြားနားချက်တွေက အသက် ၁၀၀ ရှည်သူတွေက သွေးတွင်းသကြားဓာတ်ပမာဏ နည်းပါးခြင်း၊ ဂလိုင်ကိုဆလိတ်ဟေမိုဂလိုဘင် နည်းပါးကာ သွေးတွင်းသကြားဓာတ် ထိန်းသိမ်းပေးနိုင်ခြင်း၊ ခရီအိတ်တနင်းပမာဏ နည်းခြင်း၊ ယူရစ်အက်ဆစ်နည်းခြင်း၊ သံဓာတ်ထိန်းသိမ်းပေးတဲ့ ဖယ်ရီတင်ပမာဏ အသင့်အတင့်ရှိခြင်းတို့ တွေ့ရပါတယ်။
■ ဇီဝအချက်အလက်တွေထဲက ပြောင်းလဲမှုတွေက သက်တော်ရှည်ခြင်းနဲ့ ဆက်စပ်နေလားဆိုတာကို ယှဉ်ကြည့်တဲ့အခါ အသက် ၁၀၀ ရှည်သူတွေက သွေးတွင်းသကြားဓာတ် ကောင်းစွာထိန်းသိမ်းနိုင်ခြင်း၊ ကိုလက်စ်ထရောပမာဏ တိုးတက်ပြောင်းလဲခြင်း၊ ကျောက်ကပ်လုပ်ဆောင်ချက် တည်ငြိမ်ခြင်း၊ အသည်းလုပ်ဆောင်ချက်လည်း တိုးတက်ခြင်း စတာတွေ တွေ့ရှိရပါတယ်။
■ ဇီဝဖြစ်စဉ်တစ်ခုတည်းက အသက် ၁၀၀ ရှည်ရခြင်းကို ရှင်းမပြနိုင်ဘဲ အခြားသော အကြောင်းအရာတွေထဲမှာ ရောဂါဘယထိတွေ့မှု ကွဲပြားခြင်း၊ သက်ကြီးရောဂါ ဖြစ်ပွားပုံ၊ လူမှုရေးနဲ့ စီးပွားရေးကျယ်ပြန့်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကာကွယ်ရေး ရရှိနိုင်ခြေ၊ နိုင်ငံဒေသအလိုက် လူဦးရေကွဲပြားခြင်းတို့ ပါဝင်ပါတယ်။
■ ပုံမှန်ဆေးစစ်ဆေးချက် မှတ်တမ်းများက အသက်ကြီးလာခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သိရှိစေနိုင်ကာ အသက်ရှည်ခြင်းနဲ့ ဆက်စပ်တဲ့ ပုံစံတွေကို သိရှိလာနိုင်ပါတယ်။
Source: Times of India
#Local_News
Published 17 January 2025
▪️ သန်လျင်မြို့တနယ်တွင်ပြုလုပ်မည့် Ayeyawady United နှင့် Yangon United ပွဲစဉ်အတွက်ကားစီစဉ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
▪️ 2025-26 Myanmar National League (week-13) ပွဲစဉ်ဖြစ်သည့် ဧရာဝတီယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းပွဲစဉ်ကို လာမည့် ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် သီဟဒီပကွင်း၊ သန်လျင်မြို့တွင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
▪️ အဆိုပါပွဲစဉ်အတွက် ရန်ကုန်အသင်းပရိသတ်များသွားလာရေး လွယ်ကူစေရန် အတွက် ရန်ကုန်ယူနိုက်တက်အသင်းမှ ကားစီစဉ်ပေးသွားမည် ဖြစ်ပြီး လိုက်ပါလိုသည့် ရန်ကုန်အသင်းပရိသတ်များအားလုံး ရန်ကုန်ယူနိုက်တက်အသင်းတည်ရှိရာ Yangon United Sports Complex သို့ ယနေ့ နေ့လယ် ၂ နာရီအရောက် လာရောက်ပေးနိုင်ပါရန်ဖိတ်ခေါ်အပ်ထားကာYangon United Sports Complex မှ နေ့လယ် ၂ နာရီ အချိန်တွင် ကားစတင် ထွက်မည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 17 January 2026
▪️ လူသားတွေရဲ့ စားသောက်ပုံ၊ လှုပ်ရှားနေထိုင်ပုံ၊ အသက်ရှူပုံတို့က ရေရှည်မှာ နှလုံးသွေးကြောအန္တရာယ်ကို သက်ရောက်နိုင်ပါတယ်။
▪️ နေထိုင်စားသောက်မှုပုံစံ အနည်းငယ်မျှ ပြောင်းလဲရုံဖြင့် နှလုံးကျန်းမာရေး တိုးတက်စေနိုင်ပြီး နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျနိုင်ပါတယ်။
▪️ ဒေါက်တာ ကူနယ်ဆုဒ်က နှလုံးအတွက် ကောင်းမွန်စေမယ့် ရိုးရှင်းတဲ့ အလေ့အကျင့်တွေကို မျှဝေသွားပါတယ်။
▪️ (၁) အိမ်မှချက်စားခြင်း - အိမ်မှာချက်ပြုတ်တဲ့ စားစရာတွေက ဆိုဒီယံ၊ အချိုဓာတ်၊ ပြည့်ဝဆီတို့ နည်းပါးနိုင်တာကြောင့် ကျန်းမာရေးအတွက် ပိုမိုသင့်လျော်စေပါတယ်။
▪️ (၂) အချိုရည်အစား ရေသောက်ခြင်း - အချိုရည်တွေမှာ သကြားတွေများတာကြောင့် သွေးတွင်းဂလူးကို့စ်တက်စေပြီး နှလုံးရောဂါ၊ လေဖြတ်အန္တရာယ်တို့ ဖြစ်နိုင်ခြေ များနိုင်ပါတယ်။
▪️ (၃) အသီးအရွက်အမျှင်ဓာတ်စားသုံးခြင်း - စားစရာမှရရှိတဲ့ အမျှင်ဓာတ်တွေ စားသုံးပေးပါက နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ နည်းစေပြီး မကောင်းတဲ့အဆီတွေကို လျော့ကျစေပါတယ်။
▪️ (၄) စားသောက်ပြီးနောက် လမ်းလျှောက်ခြင်း - ထမင်းစားပြီးနောက် လမ်းလျှောက်ခြင်းဖြင့် သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကို ထိန်းချုပ်ပေးကာ နှလုံးသွေးကြော ကျန်းမာရေးကို ကာကွယ်ပေးပါတယ်။
▪️ (၅) ပခုံးဖြေလျှော့ကာ အသက်ပြင်းပြင်းရှူခြင်း - ဖြည်းဖြည်းချင်း အသက်ရှူပုံပြောင်းလဲပြီး နက်ရှိုင်းစွာ ရှူရှိုက်ခြင်းဖြင့် သွေးပေါင်ချိန်ထိန်းညှိခြင်းနဲ့ နှလုံးခုန်နှုန်း လှုပ်ရှားပုံတို့ကို တိုးတက်စေပါတယ်။
Source: Hindustan Times.
ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မှ သွားလာလှုပ်ရှားနေကြတဲ့ အလုပ်ဝန်ထမ်းတွေဟာ နှစ်သစ်မှာ ပိုမိုသက်တောင့်သက်သာရှိပြီး အဆင့်မြင့်မြင့်အလုပ်သွားနေကြပြီ ဖြစ်ပါတယ်။
#World_Development
Published 16 January 2025
#ဟန်ဂေရီနိုင်ငံဘူဒါပက်စ် #BYD
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းဈေးကွက်ရှိ ပြင်ပရွှေဈေးပါ တစ်ရက်ထဲ ကျပ်ခုနှစ်သောင်းဝန်းကျင်အထိပြန်လည်ကျဆင်းလာတယ်လို့ ရွှေဈေးကွက်ထဲကသိရပါတယ်။
#Local_News
Published 16 January 2025
#ရွှေ #ကမ္ဘာ့ရွှေဈေး
#YMG/NN #Yangon_Times
မြန်မာနိုင်ငံရဲ့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၆၄)ခုခွင့်ပြုထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ(၁၁၄၇၆)သန်းကျော်ရှိတယ်လို့ တရုတ် - မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲကော်မတီအောက်ရှိ သတင်းအချက်အလက်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲရဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်အထိ အချက်အလက်များအရသိရပါတယ်။
#Local_News
Published 16 January 2025
#အမေရိကန်ဒေါ်လာ #တရုတ်_မြန်မာ
#YMG/SW #Yangon_Times
ပြည်ပနိုင်ငံတွေကို ပြန်လည်ထွက်ခွာမယ့် မြန်မာလုပ်သားတွေအနေနဲ့ပြည်ပထွက်ခွာခွင့်တင်ပြရာမှာ Arrival Counter မှာသတင်းပေးပို့ခဲ့သူများကိုသာ ခွင့်ပြုသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနမှထုတ်ပြန်ထားပါတယ်။
#Local_News
Published 16 January 2025
#Arrival_Counter #မြန်မာလုပ်သား
#YMG/SW #Yangon_Times
စက်သုံးဆီနဲ့စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကိုအမေရိကန်ဒေါ်လာ (၃)သန်းကျော်ရောင်းချပေးခဲ့တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကသိရပါတယ်။
#Local_News
Published 16 January 2025
#စက်သုံးဆီ #စားသုံးဆီ
#YMG/NN #Yangon_Times
#Daily_News
Published 16 January 2025
၁။ ရွှေဈေးတစ်ရက်ထဲ ကျပ်ခုနှစ်သောင်းဝန်းကျင်ကျဆင်း
၂။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၁၄၇၆)သန်းကျော်ရှိ
၃။ ပြည်ပထွက်ခွာခွင့်တင်ပြရာတွင် Arrival Counter တွင်သတင်းပေးပို့ခဲ့သူများကိုသာ ခွင့်ပြုသွားမည်
၄။ ဟန်ဂေရီဘူဒါပက်စ်မှအလုပ်သွားလာသူများအတွက် BYD၏လျှပ်စစ်ဘတ်စ်ကားသစ်များစတင်ပြေးဆွဲ ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 16 January 2026
■ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာကိုရီနာမာခါဒိုက သူမရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ကြာသပတေးနေ့ အစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံ ပေးအပ်ခဲ့ပြီး ဒါဟာ ဗင်နီဇွဲလား အနာဂတ်နိုင်ငံရေးကို ထရမ့်ဘယ်လိုပုံဖော်မလဲဆိုတဲ့အပေါ် သက်ရောက်လာနိုင်ပါတယ်။
■ ထရမ့်အနေနဲ့ ဆုကိုလက်ခံမလားဆိုတာ မသိရသေးပေမယ့် ဗင်နီဇွဲလားပြည်သူတွေရဲ့ လွတ်လပ်ရေးအတွက် ထရမ့်ကြိုးစားပေးတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ပေးတာဖြစ်တယ်လို့ မာခါဒိုက ပြောပါတယ်။
■ သူမရဲ့ လုပ်ရပ်ဟန်ပန်က တိုင်းပြည်ရဲ့ အနာဂတ်လားရာကို လွှမ်းမိုးလာစေဖို့ ကြိုးပမ်းအားထုတ်မှုကို ဖော်ပြနေပါတယ်။
■ ပြီးခဲ့တဲ့လ မာခါဒို နိုဘယ်ဆုမရခင် ထရမ့်က ဒီဆုအတွက် ပွင့်ပွင့်လင်းလင်း ကြိုးပမ်းပါဝင်ခဲ့ပါသေးတယ်။
■ မာခါဒိုက ထရမ့်ကို သူမရဲ့ဆု ပေးတယ်ဆိုရင်တောင် ဂုဏ်သိက္ခာကတော့ မာခါဒိုဆီမှာပဲ ကျန်ရှိနေမှာဖြစ်ကြောင်း၊ ဆုကို ရုပ်သိမ်း မျှဝေ လွှဲပြောင်းလို့ မဖြစ်နိုင်ကြောင်း နော်ဝေးနိုဘယ်ဆုအဖွဲ့အစည်းက ပြောထားပါတယ်။
■ ဒါနဲ့ပတ်သက်ပြီး ထရမ့်ကလည်း ဆုကိုလိုချင်တယ်လို့ မပြောကြောင်း ဖြေကြားခဲ့ပါတယ်။
■ ထရမ့်က ဗင်နီဇွဲလားရဲ့ ဒီမိုကရက်တစ်အရေးမှာ အားထုတ်ခဲ့တာကြောင့် ရေနံတွေကို အမေရိကန်ရရှိရေးကို ဦးစားပေးလိုပါတယ်။
■ မာခါဒိုက ဗင်နီဇွဲလားကနေ ထွက်ပြေးလွတ်မြောက်ခဲ့သူဖြစ်ပြီး နိုင်ငံရေးအနာဂတ်ကို လွှမ်းမိုးနိုင်ရန် ရည်မှန်းနေပါတယ်။
■ မာခါဒိုဟာ ၂၀၂၄ သမ္မတရွေးကောက်ပွဲကနေ ပိတ်ပင်ခံခဲ့ရပြီး အတိုက်အခံပါတီကတော့ မာခါဒိုဟာ ရှုံးနိမ့်ခဲ့ပေမယ့် အာဏာရထားသေးတယ်လို့ ဆိုထားပါတယ်။
Source: Reuters
#Local_News
Published 16 January 2025
■ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင်ပြုလုပ်ခဲ့သည့် လူငယ်ဘောလုံးပွဲတော် SHAN STATE GRASSROOTS FOOTBALL FESTIVAL (TGI) ၌ကျောင်းသား၊ကျောင်းသူ (၅၅၀)ဦးပါဝင်ဆင်နွှဲခဲ့ကြောင်းသိရသည်။
■ အဆိုပါပွဲတော်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်၊ ရှမ်းယူနိုက်တက် အသင်းတို့မှ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၆ ရှမ်းပြည်နယ် လူငယ်ဘောလုံးပွဲတော် SHAN STATE GRASSROOTS FOOTBALL FESTIVAL (TGI)အား ယမာန်နေ့ မနက်၈နာရီက တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
■ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဆွေဝင်း ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးသက် ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်နှင့် ရှမ်းယူနိုက်တက်အသင်း တာဝန်ရှိသူများ၊ ကစားသမားများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီအဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသူများ ၊ နည်းပြဆရာများ ၊ကျောင်းသား / ကျောင်းသူများကတက်ရောက်ခဲ့ကြသည်။
■ အဆိုပါ ဘောလုံးပွဲတော်ကို ကျောင်းသူကျောင်းသား လူငယ် စုစုပေါင်း(၅၅၀)ဦးပါဝင် ဆင်နွဲခဲ့ကြပြီး နည်းပြများ၊ ရှမ်းယူနိုက်တက်အသင်းကစားသမားများမှ အခြေခံဘောလုံးနည်းပညာများ မျှဝေခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 16 January 2026
■ သိပ္ပံပညာရှင်တွေဟာ တိရိစ္ဆာန်လေ့လာချက်ထဲကနေ အယ်ဇိုင်းမားရောဂါကို ကုသနိုင်မယ့်နည်းလမ်း အစဖော်နိုင်ခဲ့ပါတယ်။
■ ကြွက်တွေရဲ့ ဦးနှောက်ထဲက ဗဟိုဆဲလ်စွမ်းအင်မော်လီကျူးကို ပြန်လည်ထုတ်လုပ်ခြင်းဖြင့် ရောဂါရင်းမြစ်တွေကို ပြန်ကောင်းစေခဲ့ကြောင်း ကလိဗ်လန်းတက္ကသိုလ်ဆေးရုံမှ လေ့လာတွေ့ရှိခဲ့ပါတယ်။
■ စွမ်းအင်ထုတ်လုပ်မှုအတွက် အရေးကြီးတဲ့ NAD+ အင်ဇိုင်းဟာ အသက်ကြီးလာတာနဲ့အမျှ ကျဆင်းလာပြီး ဆဲလ်တွေက ပြုပြင်ထိန်းသိမ်းနိုင်စွမ်းတွေ ကျဆင်းလာပါတယ်။
■ ဦးနှောက်က ခန္ဓာကိုယ်စွမ်းအင်ရဲ့ ၂၀ ရာခိုင်နှုန်းခန့်ကို အသုံးပြုကာ NAD+ များစွာလိုအပ်စေတယ်လို့ ဒေါက်တာ ချားလ်စ်ဘရန်နာက ပြောပါတယ်။
■ သုတေသီတွေက P7C3-A20 လို့ခေါ်တဲ့ ဆေးကို အသုံးပြုကာ ကြွက်တွေမှာ NAD+ ကို ပြန်လည်ညီမျှစေခဲ့ပြီး အယ်ဇိုင်းမားသက်ရောက်မှုတွေဖြစ်တဲ့ အမိုင်လွိုက်စုပြုံလာခြင်းကို ပြန်ကောင်းစေကာ ဦးနှောက်အသိဉာဏ်လုပ်ဆောင်ချက်များ ပြန်လည်ရရှိစေခဲ့ပါတယ်။
■ အယ်ဇိုင်းမား၊ ပါကင်ဆန်နဲ့ အခြားအာရုံကြောချို့ယွင်းရောဂါများအတွက် NAD+ ဖြည့်စွက်ဆေးများ သက်ရောက်နိုင်ပုံကို လေ့လာချက်မှာ မြင်တွေ့ရပါတယ်။
■ ဒါပေမဲ့ NAD+ ပမာဏများလွန်းခြင်းက ဘေးအန္တရာယ် ဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။
■ လုံလောက်စွာ အိပ်စက်ခြင်း၊ ကျန်းမာရေးညီညွတ်စွာ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ နှလုံးသွေးကြောအန္တရာယ်များ ထိန်းသိမ်းခြင်းတို့လို နေထိုင်စားသောက်မှုပုံစံများ စနစ်တကျကျင့်သုံးပါက ဦးနှောက်ကြံ့ခိုင်စွမ်းရည်ကို မြှင့်တင်ပေးနိုင်မှာဖြစ်တယ်လို့ အကြံပြုထားပါတယ်။
Source: Fox News.
Page 222 of 2096