နွေစပါးလှိုင်ချိန်ဖြစ်တာကြောင့် ပြည်ပတင်ပို့ဆန်တွေ ရန်ကုန်ကိုဆန်အဝင်များနေပေမယ့် အိပ်စပိုတာအဝယ်ရှိ၍ ဆန်ဈေးတန်းနေပြီးငြိမ်နေတယ်လို့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်က သိရပါတယ်။
#Local_News
Published 09 May 2025
#ဆန်ဈေးတန်းနေ #ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်
#YMG/NN #Yangon_Times
တိုင်းဒေသကြီးနဲ့ ပြည်နယ်ငါးခုမှ ကိုယ်ဝန်ဆောင်မိခင်ေတွနဲ့ ၎င်းတို့ကမွေးဖွားတဲ့အသက်၂နှစ်အောက်ကလေးငယ်ေတွကို ငွေကြေးထောက်ပံ့ပေးသွားမယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 09 May 2025
#၂နှစ်အောက်ကလေးများ #လူမှုဝန်ထမ်းဦးစီးဌာန
#YMG/SW #Yangon_Times
ပြီးခဲ့တဲ့ဧပြီလအတွင်း ဆန်နဲ့ဆန်ကွဲ စုစုပေါင်းတန်ချိန် ၁၄၂,၇၈၈ တန် တင်ပို့ခဲ့ပြီးဆန်နဲ့ဆန်ကွဲနှစ်မျိုးလုံးကိုတရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ထားတယ်လို့မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 09 May 2025
#ဆန်နှင့်ဆန်ကွဲနှစ်မျိုး #တရုတ်နိုင်ငံသို့တင်ပို့
#YMG/SW #Yangon_Times
#Local_News
Published 9 May 2025
▪️ ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ကြက်ကိုအစိမ်းစားပြနေသည့် ဗီဒီဖိုင်မှနတ်ကတော်ကို ကန့်ကွက်ရှုံ့ချပြီး ကော်မတီ၏ လုပ်ထုံးလုပ်နည်းများအရ အရေးယူရန်ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ ဒေဝါပညာရှင်များ စည်းကမ်းထိန်းသိမ်းရေးကော်မတီ(ဗဟို)၏ ထုတ်ပြန်ထားချက်အရ သိရသည်။
▪️ အဆိုပါ ဖြစ်ရပ်မှာ ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သောက်ရေကန်ကြီးပသပူဇော်ပွဲ၌ ဖြစ်ပြီး နတ်ကတော်ဖြစ်သူ အောင်ကိုမင်း ဆိုသူက ကြက်ကိုအစိမ်းစားပြခဲ့ခြင်း ဖြစ်သည်။
▪️ ထိုပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင်းပြုလုပ်လေ့ရှိ ပြီး ကြက်ကိုအစိမ်းစားပြသည့် ဗီဒီယိုဖိုင်ကိုလည်း Kyaw Soe Moe အမည်ရှိသော ဖေ့ဘွတ်အကောင့်ပိုင်ရှင်မှ ဖော်ပြခဲ့ပြီး ယင်းဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်တွင် မျှဝေဖြန့်ချိသူ အများအပြားလည်းရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဒေဝါပညာရှင်များ စည်းကမ်းထိန်းသိမ်းရေးကော်မတီ(ဗဟို)မှဗုဒ္ဓတရားတော်နှင့် မလျော်ညီသော ယစ်ပူဇော်ခြင်း အသွင်ဆောင်သည့် သတ္တဝါအရှင်လတ်လတ်အား သွေးစိမ်းရှင်ရှင် ကိုက်ဖြတ်စားသောက်ပြသည့်ဖြစ်ရပ်မှာ စက်ဆုတ်ရွံရှာဖွယ်ဖြစ်ကြောင်း၊ ကျက်သရေအဖြာဖြာနှင့်ပြည့်စုံသော ဒေဝတာ နတ်မင်း အပေါင်းတို့၏ရှေ့၌ ယခုကဲ့သို့ ပူဇော်ပသခြင်းသည် အင်မတန်မှ စက်ဆုတ်ရွံရှာဖွယ်အတိဖြစ်ပြီး နတ်မင်းအပေါင်းကို ပူဇော်ပသ ရိုသေကြသည့် (၇)ရက်သားသမီးများမှလည်း အထင်အမြင်လွဲမှားစေသည့် စက်ဆုတ်ရွံရှာဖွယ် အသွင်သဏ္ဍာန်ကို ဖော်ဆောင်နေကြောင်း ယင်းဖြစ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်းလည်း ထုတ်ပြန်ထားသည်။
▪️ ထို့အပြင် ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ တိုင်ကြားသူများလည်းရှိနေပြီး ပူဇော်ကပြခဲ့သည့် ဒေဝါပညာရှင်ဖြစ်သူ ဖျာပုံမြို့မှ အောင်ကိုမင်း ဆိုသူကို ကော်မတီ၏လုပ်ထုံးလုပ်နည်းများအရ ဆက်လက် အရေးယူဆောင်ရွက်ရန် ပြင်ဆင်နေကြောင်းလည်း အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 May 2025
▪️ အမေရိကန်အပါအဝင် နိုင်ငံ ၈ နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာ Cultural Connection ပွဲကို ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ဖော်ပြခဲ့ထားသည်။
▪️ အဆိုပါပွဲကို မေလ ၁၆ ရက်မှ ၂၅ ရက်အတွင်း ကျင်းပသွားမည်ဖြစ်ပြီး ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စု၏ သံရုံးများနှင့် ယဉ်ကျေးမှုစင်တာများ၏ သက်ဆိုင်ရာနိုင်ငံအကြောင်းကို လေ့လာနိုင်ရန် မည်သူမဆိုတံခါးများဖွင့်ထားပြီး ကြိုဆိုနေကြမည်ဖြစ်ကြောင်း ဆိုထားသည်။
▪️ ထို့ကြောင့်စိတ်ပါဝင်စားသူများအနေဖြင့် သံရုံး/စင်တာတစ်ခုခုသို့ဖြစ်စေ သို့မဟုတ် အကုန်လုံးကိုဖြစ်စေ သွားရောက်လည်ပတ်ခဲ့မည်ဆိုပါက တမူထူးခြားသည့် တွေ့ကြုံခံစားမှု၊ ထိတွေ့ဆက်ဆံမှုနှင့် စူးစမ်းလေ့လာခွင့်များကို ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ကျင်းပမည့် နေရာအသီးသီးအတွက် နေ့ရက်နှင့် အစီအစဉ် အသေးစိတ်အပါအဝင် နောက်ဆုံးရအချက် အလက်တွေကို သိနိုင်ရန်အတွက် US Embassy Rangoon Page မှာ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Vatican City — May 2025-In a historic first, the College of Cardinals elected Robert Francis Prevost of the United States as Pope Leo XIV, marking the first time an American has ascended to the papacy.
Born on September 14, 1955, in Chicago, Pope Leo XIV has long served the Catholic Church through decades of missionary work, religious leadership, and theological dedication. A member of the Order of Saint Augustine, he was ordained in 1982 and later served extensively in Peru, where he was appointed Bishop of Chiclayo in 2015.
Prior to his election, he held key Vatican roles, including Prefect of the Dicastery for Bishops. His papal name honors Pope Leo XIII, a historical figure known for championing social justice.
In his first public address, Pope Leo XIV stated: “Peace be with all of you,” underlining a vision of unity, dialogue, and global compassion. Fluent in Spanish and Italian, he is seen as a bridge-builder between traditions and modern reforms.
Observers note that Pope Leo XIV’s election could signal a renewed emphasis on missionary outreach, inclusion, and social responsibility within the Catholic Church.
#Local_News
Published 9 May 2025
▪️ မန္တလေး ငလျင်ကြောင့် ရပ်ဆိုင်းလိုက်ရသည့် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများကို ဇွန်လအတွင်းပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ အသိပေးထားသည်။
▪️ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ခေတ္တရွှေ့ဆိုင်းထားရသည့် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများကို ပြန်လည်ကျင်းပသွားမည်ဖြစ်သည်။
▪️ အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲကို ဇွန်လ ၂ ရက်မှ ၆ ရက်အထိကျင်းပမည်ဖြစ်ပြီး ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၄ ရက်မှ ၁၀ ရက်အထိ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 09 May 2025
▪️ ပုပ်ရဟန်းမင်းလီယို(၁၄)အမည်ဖြင့် ရောဘတ်ဖရန်ဆစ်ပရီဗို့စ်ဟာ ပုပ်ရဟန်းမင်းကြီးအသစ်ဖြစ်လာပါတယ်။
▪️ သက်တော် ၆၉ နှစ်ရှိပြီဖြစ်ပြီး ရိုမန်ကက်သလစ်ဘုရားကျောင်းတော်ကြီး သမိုင်းမှာ ပထမဆုံးသော အမေရိကန်ဖွား ခေါင်းဆောင်တစ်ဦးဖြစ်လာပါတယ်။
▪️ ၁၉၉၅ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က ချီကာဂိုမှာ မွေးဖွားခဲ့တဲ့ ပရီဗို့စ်ဟာ ပီရူးနိုင်ငံသားကိုင်ဆောင်ထားကာ ရောမမှာ လေ့လာဆည်းပူးပြီးနောက် ပီရူးသို့ တာဝန်စေလွှတ်ခံခဲ့ရပါတယ်။
▪️ ဗာတီကန်ဟာ ကမ္ဘာ့နိုင်ငံရေးမှာ အင်အားကြီးဖြစ်တဲ့ အမေရိကန်ကနေ ပုပ်ရဟန်းမင်းခန့်အပ်လေ့မရှိတဲ့ အစဉ်အလာကနေ သွေဖည်ပြီး ကာဒီနယ်အဖြစ် အချိန် ၂ နှစ်ကျော်သာ တာဝန်ထမ်းဆောင်ရသေးတဲ့ အမေရိကန်ဘုန်းတော်ကြီးတစ်ပါးကို ရွေးချယ်လိုက်တာလည်း ဖြစ်ပါတယ်။
▪️ ခရစ်တော်၌အိပ်ပျော်ပြီဖြစ်တဲ့ ယခင်ပုပ်ရဟန်းမင်း ဖရန်ဆစ်က ၂၀၂၃ ဇန်နဝါရီလမှာ သူကိုယ်တိုင် ပရီဗို့စ်ကို ကာဒီနယ်ချီးမြှောက်ခဲ့ပါတယ်။
▪️ ပရီဗို့စ်ဟာ အေးဆေးတည်ငြိမ်တဲ့ ခေါင်းဆောင်ဖြစ်ပြီး ဘယ်လိုပြဿနာတွေပဲရှိရှိ ပျော်ရွှင်စွာနေထိုင်သလို နံနက်ခင်းဝတ်ပြုပြီးချိန်မှာ နောက်ပါဘုန်းကြီးတွေနဲ့အတူ မနက်စာအတူစားတယ်လို့ သိရပါတယ်။
▪️ ပရီဗို့စ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပီရူးဘုန်းကြီးများကြား အလုပ်ကြိုးစားကာ ထိုက်သင့်တဲ့လွှမ်းမိုးမှုရှိတယ်ဆိုတဲ့ ဂုဏ်သတင်းထွက်ပေါ်ခဲ့ပါတယ်။
▪️ လက်တင်အမေရိကနဲ့လည်း ဆက်စပ်နေတဲ့အပြင် အမေရိကန်နိုင်ငံသားလည်း ဖြစ်တဲ့အတွက် ကျောင်းတော်အတွင်း ကွဲပြားတဲ့အဖွဲ့တွေကြား ရှုမြင်ပုံပြောင်းလာနိုင်ကာ ညီညွတ်ပေါင်းစည်းစေနိုင်ပါတယ်။
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပထမဆုံး အမေရိကန်ပုပ်ရဟန်းမင်း ဖြစ်လာတဲ့အတွက် အလွန်ဂုဏ်ယူမိကြောင်း ပြောပါတယ်။
▪️ ပုပ်ရဟန်းမင်းလီယို(၁၄)ရဲ့ ပထမဆုံးမိန့်ခွန်းပြောကြားရာမှာ ငြိမ်းချမ်းရေးအကြောင်းနဲ့ သာသနာပြုရေးအကြောင်းတို့ကို အလေးပေးဖော်ပြထားပြီး ယခင်ပုပ်ရဟန်းမင်းရဲ့ လမ်းစဉ်အတိုင်း ကမ္ဘာကြီးနဲ့ ဆက်သွယ်လုပ်ဆောင်သွားဖို့ ပြောထားပါတယ်။
#Source: The Guardian
#Local_News
Published 9 May 2025
▪️ မြေငလျင်ကြောင့် ေခတ္တရပ်နားခဲ့သည့်"Bike Tour"ကို ယခု မေလ (၁၀) ရက်တွင် ပြန်လည် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ "စက်ဘီးစီးချင်တယ်၊ စက်ဘီးဝယ်ချင်တယ် ဒါပေမယ့် ဘယ်လိုစက်ဘီးအမျိုးအစားက ကိုယ်နှင့်ကိုက်ညီမှန်းမသိ၊ ဘယ်လိုအမျိုးအစားဝယ်ရမှန်းမသိဖြစ်နေတယ်ဆိုရင်သန့်မြန်မာနဲ့ Prevent Plastics+ တို့ပူးပေါင်းစီစဥ်တဲ့ စက်ဘီးဝယ်ကြမယ်ဆိုတဲ့ Bike Tour လေးမှာပါဝင်ဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ် " ဟု သန့်မြန်မာအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ Bike Tourကိုအင်းစိန်မြို့နယ်၊ နံ့သာကုန်း စက်ဘီးနှင့် ယာဉ်အပိုပစ္စည်းရောင်းဝယ်ရေးစခန်း၌ပြုလုပ်သွားမည်ဖြစ်ပြီးအဆိုပါ Bike Tourကိုစက်ဘီးအကြောင်းသိချင်သူ၊ စက်ဘီးစျေးစုံစမ်းလိုသူ၊ စက်ဘီးဝယ်ယူလိုသူ၊ စက်ဘီးစစီးမည့်သူကအစ စက်ဘီးစီးဝါသနာအိုးများအထိ အားလုံးပါဝင်နိုင်ကြောင်း သိရသည်။
▪️ Bike Tour မစတင်ခင် စုရပ်အဖြစ် အင်းစိန်မြို့နယ် Melody Cafe and Foodတွင် လိုက်ပါမည့်သူများအားလုံးအဆိုပါနေ့ နံနက် ၁၀နာရီမတိုင်ခင် တွေ့ဆုံမည်ဖြစ်ပြီးစက်ဘီးနှင့်ပတ်သက်ပြီး အတွေ့အကြုံရှိ စက်ဘီးပရော်ဖက်ရှင်နယ် ဆရာကိုကျော်ကျော်ထက်မှ ဦးဆောင်ပြီး လိုက်လံပြသရှင်းပြသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 09 May 2025
▪️ ခွေးတွေရဲ့နှာခေါင်းက အလွန်အာရုံခံနိုင်စွမ်းကောင်းပြီး ရှူမိသမျှကို ဦးနှောက်က အချက်ပေးသိရှိနိုင်စွမ်း မြင့်မားပါတယ်။
▪️ ခွေးတွေရဲ့ နှာခေါင်းပေါက်ထဲမှာ အနံ့အာရုံလက်ခံနေရာပေါင်း သန်း ၁၀၀ ကျော်ရှိကာ လူတွေမှာတော့ ၆ သန်းခန့်သာရှိပြီး ခွေးတွေရဲ့ ဦးနှောက်နေရာက အနံ့တွေကိုဆန်းစစ်ခွဲခြားရာမှာ လူသားဦးနှောက်ထက် အဆ ၄၀ လောက် ပိုမိုသာလွန်ပါတယ်။
▪️ အမဲလိုက်ခွေးတွေနဲ့ အခြားမျိုးစပ်ခွေးတွေဆိုရင် အနံ့အာရုံနေရာတွေက သန်း ၃၀၀ နီးပါးရှိပါတယ်။
▪️ ရဲတပ်ဖွဲ့လုပ်ငန်းများ၊ ဆေးဝါးရှာဖွေမှု၊ ဆေးဘက်ဆိုင်ရာ ရောဂါရှာဖွေမှု၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများမှာ ခွေးတွေရဲ့ အနံ့ခံစနစ် ထူးကဲလုပ်ဆောင်နိုင်ပုံကို ဘာအီလန်တက္ကသိုလ်မှ သုတေသီများ ထုတ်ဖော်ခဲ့ကြပါတယ်။
▪️ olfactory bulb ၊ hippocampus နဲ့ amygdala လို့ခေါ်တဲ့ အဓိကဦးနှောက်နေရာ ၃ ခုမှာ ခွေးတွေရဲ့ ဦးနှောက်လှုပ်ရှားမှုကို လှမ်းပြီးအာရုံခံသိရှိနိုင်အောင် သုတေသီများက ကိရိယာတပ်ဆင်ခဲ့ပါတယ်။
▪️ ဒီဦးနှောက်နေရာတွေဟာ အနံ့အမျိုးမျိုးကို ခွဲခြားသိရှိစေတဲ့နေရာမှာ အရေးပါပါတယ်။
▪️ သိပ္ပံပညာရှင်တွေက လေဆာနည်းပညာနဲ့ ပုံရိပ်နည်းပညာမြင့်ကင်မရာအသုံးပြုကာ တကယ့်အဖြစ်အပျက်တွေမှာ ဦးနှောက်လှုပ်ရှားမှု ဖမ်းယူနိုင်ဖို့ အဆင့်မြင့်စနစ် ထားရှိခဲ့ပါတယ်။
▪️ ဒီနောက် အနံ့ထူးခြားကွဲထွက်တဲ့ ကြက်သွန်ဖြူ၊ အယ်ကိုဟော၊ မင်သောလ်၊ ဆေးခြောက်တို့ကို ရှူခိုင်းခဲ့ပါတယ်။
▪️ ထိုအခါမှာ amygdala နေရာက အနံ့ခွဲခြားမှုမှာ အရေးပါကာ အနံ့ပိုင်းခြားဆုံးဖြတ်ရာမှာ ပါဝင်တာကို တွေ့ရှိခဲ့ကြပါတယ်။
▪️ ဒီတွေ့ရှိချက်ဖြင့် ခွေးတွေအားလုံး အနံ့ခံခွဲခြားပုံကို ကောင်းစွာသိရှိစေနိုင်မယ့် ကိရိယာဖန်တီးနိုင်မယ့် ပထမခြေလှမ်းဖြစ်လာနိုင်ပါတယ်။
▪️ နောက်တဆင့်က ကင်မရာအသေးစားနဲ့ လေဆာစနစ်ပါဝင်တဲ့ ဝိုင်ဖိုင်ထိန်းချုပ်ကိရိယာ ဖန်တီးဖို့ဖြစ်ပြီး ခွေးရဲ့ခေါင်းမှာ တပ်ဆင်ကာ တကယ့်လက်တွေ့မှာ အနံ့ခံရရှိမှုများကို စောင့်ကြည့်ဖို့ဖြစ်တယ်လို့ ဒေါက်တာ ယာဖင်ဘိုင်ဒါမန်းက ပြောပါတယ်။
#Source: The Jerusalem Post
#Local_News
Published 9 May 2025
▪️ ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ဒေသများရှိ ပြည်သူများအတွက် ဂျပန်နိုင်ငံမှစေတနာရှင်များက အလှူငွေယန်း ၁၅,၀၁၃,၀၀၀နှင့်ယန်း သန်း ၂၀တန်ဖိုးရှိ ပစ္စည်းများလှူဒါန်းထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ သိရသည်။။
▪️ မတ်လ ၂၈ ရက် (သောကြာနေ့) က မန္တလေးမြို့၏ အရှေ့မြောက်ဘက် (၂၀) မိုင်ခန့်အကွာကို ဗဟိုပြု၍ ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိသည့် အင်အားပြင်းမြေငလျင် လှုပ်ခတ် ခဲ့သဖြင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့သောများတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့ရာအဆိုပါမြေငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဂျပန် ပို့ဆောင်ရေး ဝန်ကြီးဟောင်း H.E. Mr. Makoto Koga မှ ယန်းငွေ ၅၀၀,၀၀၀ (ယန်းငါးသိန်း) ကို (၂၃-၄-၂၀၂၅) ရက်နေ့ကလည်းကောင်း၊ Sai no Kuni Health and Welfare Cooperative မှ ယန်းငွေ ၃၀၀,၀၀၀ (ယန်းသုံးသိန်း) နှင့် EAINDRA Network Co., Ltd မှ ယန်းငွေ ၁၀၀,၀၀၀ (ယန်း ၁ သိန်း) တို့ကို (၃၀-၄-၂၀၂၅) ရက်နေ့ကလည်းကောင်း၊ Medical Care Planning Co., Ltd မှ ယန်းငွေ ၃၀၀,၀၀၀ (ယန်းသုံးသိန်း) နှင့် Tokyo One Co., Ltd တို့မှ ယန်းငွေ ၂၀၀,၀၀၀ (ယန်းနှစ်သိန်း) တို့ကို (၇-၅-၂၀၂၅) ရက်နေ့ကလည်းကောင်း၊ ရှီနာဂါဝါမြို့နယ်အတွင်းရှိ ဂျပန်နိုင်ငံသားစေတနာရှင်များမှ ယန်းငွေ ၄၀,၀၀၀ (ယန်းလေးသောင်း) ကို (၇-၅-၂၀၂၅) ရက်နေ့ကလည်းကောင်း၊ အသီးသီးလာ ရောက်လှူဒါန်းခဲ့ရာ သံအမတ်ကြီး ဦးစိုးဟန်မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ေကြာင်း သိရသည်။
▪️ တိုကျိုမြို့ရှိ မြန်မာသံရုံးမေလ (၉) ရက်နေ့အထိ စေတနာရှင်များနှင့် အဖွဲ့အစည်းအသီးသီးတို့မှ စုပေါင်းလှူဒါန်းငွေအနေဖြင့် ယန်း ၁၅,၀၁၃,၀၀၀ (ယန်း တစ်ဆယ့်ငါးသန်း တစ်သောင်းသုံးထောင်) အား လက်ခံရရှိခဲ့ပြီး စုစုပေါင်း ယန်း ၂၀,၀၀၀,၀၀၀ (ယန်း သန်း ၂၀ တိတိ) ပမာဏရှိ အစား အသောက်နှင့်ဆေးဝါးများ၊ သောက်ရေသန့်နှင့် ရွက်ဖျင်တဲများအား လက်ခံရရှိခဲ့ေကြာင်း၊AEON 1% Club Foundation မှ ငလျင်ဘေးဒဏ်သင့်ဒေသများရှိ မြန်မာပြည်သူလူထုအတွက် လှူဒါန်းသော ယန်း ၁၀,၀၀၀,၀၀၀ (ယန်း ၁၀ သန်း) တန်ဖိုးရှိ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများကို မြန်မာနိုင်ငံ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လွှဲပြောင်းလက်ခံရယူပြီးဖြစ်ကြောင်း၊
▪️ ထိုလှူဒါန်းငွေများနှင့်ပစ္စည်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုကော်မတီသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
Moscow, May 8 — Senior General Min Aung Hlaing, Chairman of the State Administration Council and Prime Minister of Myanmar, met with President Kassym-Jomart Tokayev of Kazakhstan in Moscow as part of his visit to attend the 80th anniversary commemoration of the Victory in the Great Patriotic War (1941–1945).
The bilateral meeting, held at the Ritz Carlton Hotel, focused on strengthening diplomatic and economic ties between the two nations. According to official statements from both the Office of the President of Kazakhstan and Myanmar government sources, the leaders exchanged views on a range of issues, including humanitarian support, economic partnership, and regional cooperation.
President Tokayev began by offering heartfelt condolences to Myanmar over the recent earthquake in Mandalay, which resulted in significant loss of life. He affirmed Kazakhstan’s solidarity with Myanmar and expressed confidence that the country would recover through unity and effective governance.
Highlighting the long-standing friendship between the two nations, President Tokayev noted that Myanmar and Kazakhstan have consistently maintained relations grounded in mutual respect and trust.

Senior General Min Aung Hlaing expressed deep appreciation for Kazakhstan’s support and sympathy during Myanmar’s time of crisis. He also marked the 25th anniversary of the establishment of diplomatic ties between the two countries in 2025, calling for greater cooperation going forward.
The Myanmar side, as reported through official government channels, reaffirmed its intention to expand collaboration across multiple sectors, particularly trade, investment, and humanitarian affairs.
According to the Kazakhstan President’s press release, both leaders discussed opportunities to boost cooperation in key areas including petrochemicals, agriculture, digitalization, and transport-logistics. President Tokayev proposed reciprocal visits by business delegations to foster deeper economic engagement.
The meeting concluded with a shared commitment to further strengthening Myanmar–Kazakhstan relations through practical and mutually beneficial initiatives.
#ymg/knl
Page 223 of 1859