တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတဗလာဒီမာပူတင်တို့ဟာ ကြာသပတေးနေ့ မွန်းလွဲပိုင်းက ဆွေးနွေးပြောဆိုကြပြီးနောက် မော်စကို ခရမ်မလင်မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
#World_Politics
Published 10 May 2025
#ရှီကျင့်ဖျင်နှင့်ဗလာဒီမာပူတင် #သတင်းစာရှင်းလင်းပွဲပြုလုပ်
#YMG #Yangon_Times #Yangon_Media_Group
၁၀ မေ ၂၀၂၅
လေးရက်မြောက် အပြန်အလှန်တိုက်ခိုက်မှုတွေအပြီးမှာ အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံ အပြည့်အဝနှင့် ချက်ခြင်း အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ကြပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
နှစ်နိုင်ငံ ချက်ခြင်းအပစ်ရပ်ဖို့ သဘောတူခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးကလည်း ပြောပါ တယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အိန္ဒိယစံတော်ချိန်ညနေ (၅)နာရီကစပြီး အပစ်အခတ် ချက်ခြင်းရပ်ကြမယ်လို့ပြောပါတယ်။
“ အမေရိကန်ပြည်ထောင်စုရဲ့ တစ်ညတာ ကြားဝင်စေ့စပ်မှုကြောင့် အိန္ဒိယနှင့် ပါကစ္စတန်တို့ အပြည့်အဝ နှင့်ချက်ခြင်းအပစ်ရပ်ဖို့ သဘောတူလိုက်ကြပါပြီ။ နှစ်နိုင်ငံစလုံးရဲ့ လက်တွေ့ကျတဲ့အသိနှင့် ဉာဏ်ရည်မြင့် မားမှုတို့ကို ကျွန်တော်ဂုဏ်ပြုပါတယ်Ó လို့ ထရမ့်က အိတ်စ်မှာ ပို့စ်ရေးသားပါတယ်။
Source Reuters
#Daily_News
Published 10 May 2025
၁။ ငလျင်ဘေးသင့်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများသို့ ပုံမှန်အတိုင်း သွားရောက်လည်ပတ်နိုင်
၂။ ရေနွေးငွေ့စက်ခေါင်းမီးရထားဖြင့် ကလော-ရွှေညောင် ရထားလမ်းပိုင်းခရီးစဉ်သစ်ပြေးဆွဲမည်
၃။ ရန်ကုန်တိုင်း၌မိုးကြီးနိုင်ပြီး မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်းအနီး၌ လေတိုက်နှုန်းမြင့်နိုင်
၄။ ရှီကျင့်ဖျင်နှင့်ဗလာဒီမာပူတင်တို့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 10 May 2025
▪️ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ၁၃ အသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးပစ္စည်းများ ယမန်နေ့က ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကထုတ်ပြန်ထားသည်။
▪️ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ၁၃ အသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းဖြစ်သော Prefabricated House နှင့် ဆက်စပ်ပရိဘောဂများ စုစုပေါင်း ၁၅၇၆ စုံ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ မေလ ၉ ရက်က ဆိုက်ရောက်ခဲ့ခြင်းဖြစ်ပြီး မေလ ၁၀ ရက်နေ့ နံနက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Mr. Ouyang Daobing က ဆိပ်ကမ်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ထို့ပြင်တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ၁၂ အသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းဖြစ်သော ဓာတ်ဆီ တန်ချိန် ၁၇၀၀၀ မှာလည်း ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ မေလ ၇ ရက်က ဆိုက်ရောက်ခဲ့ပြီး မေလ ၈ ရက်နေ့ နံနက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Mr. Ouyang Daobing က ဆိပ်ကမ်း၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
#
Published 10 May 2025
▪️ မန္တလေးငလျင်ကြီးဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုပ်ရှင်၊ သဘင်၊ဂီတ ရန်ပုံငွေပဒေသာ ကပွဲကို မေလ ၁၀ရက်မှ ၁၂က်အထိ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါပွဲတော်ကာလအတွင်း YBS ယာဉ်လိုင်းများပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း YRTC မှ သိရ သည်။
▪️ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၏ ညွှန်ကြားချက်အရ YRTC က ပွဲတော်သို့ လာ ရောက်ကြည့်ရှုသည့် ပြည်သူများသွားလာမှုအဆင်ပြေစေရန်အတွက် နေ့စဉ် သတ်မှတ် လမ်းကြောင်းများအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ထိုသို့YBS ယာဉ်များပြေးဆွဲပေး ရာတွင်လည်း ပုံမှန်ယာဉ်စီးခ နှုန်းထားအတိုင်းသာ ကောက်ခံပေးသွားမည်ဖြစ် ကာခရီး စဉ်များအလိုက်ယာဉ်အစီးရေ(၇)စီးနှင့်ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
▪️ မန္တလေးငလျင်ကြီးဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ ဂီတ၊ သဘင်ရန်ပုံငွေ ပဒေသာကပွဲကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရုပ်ရှင်၊ သဘင်၊ ဂီတအစည်း အရုံးတို့၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် မေလ ၁၀ ရက်မှ ၁၂ ရက်အထိ နေ့စဉ် ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မြန်မာ့ရုပ်မြင်သံကြားနှင့် ဆက်စပ်ရုပ်သံလိုင်းများမှ လည်းတိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 10 May 2025
▪️ Great Wall Hotelမှ အမျိုးသမီးတစ်ဦး၏ ရုပ် အေ-လာင်းတစ်ခု ထုတ်ယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ မေလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Great Wall Hotel အဆောက်အဦအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ မနက် ၉နာရီ ၄၀ မိနစ်အချိန်တွင် မ(၁)ဦး၏ ရုပ်အလာင်းအား ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
အခုနှစ်သရက်သီးရာသီမှာ တရုတ်ဝယ်လိုအားရှိနေပေမယ့် ခရီးလမ်းကြန့်ကြာတာနဲ့ သယ်ယူပို့ဆောင်စရိတ်မြင့်မားတာတွေကြောင့် ပြည်တွင်းကထွက်ရှိတဲ့ သရက်သီးတင်ပို့မှုနည်းပါးနေတယ်လို့ သရက်ခြံပိုင်ရှင်နဲ့ ပို့ကုန်လုပ်ငန်းရှင်တွေဆီကသိရပါတယ်။
#Local_News
Published 10 May 2025
#သရက်သီးတင်ပို့မှုနည်းပါး #ပို့ကုန်လုပ်ငန်းရှင်
#YMG/NN #Yangon_Times
#Local_News
Published 10 May 2025
▪️ ဒေသတစ်ခုမှ တစ်ခုသို့ ဆန်များ စီးဝင်စီးထွက် ဆောင်ရွက်ရာတွင် သတင်းပို့စနစ် ဆောင်ရွက်ရန်အပါအဝင် ဆန်သိုလှောင်ရောင်းချခြင်းများကို ဆန်ပွဲရုံများ၊ ဆန်လက်လီဆိုင်များ၊ ဆန်အကျိုးဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကျင်းပခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူများနှင့် ဆန်ပွဲရုံများ၊ ဆန်လက်လီဆိုင်များ၊ ဆန်အကျိူးဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို မေလ (၉)ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမီတက် MAPCOရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်၊အထွေထွေအတွင်းရေးမှူး ဦးအောင်ဇော်ဦး၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) ဥက္ကဋ္ဌ ဦးကျော်ကိုဆန်းတို့မှ သတ်မှတ် ရည်ညွှန်းဈေးများအတိုင်း ရောင်းဝယ်ရန်၊ သိုလှောင်ရုံမှတ်ပုံတင် စနစ် MyROတွင် သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ရန်၊ လစဉ်ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းကို သတ်မှတ်ရက်အတိုင်း စာရင်းရေးသွင်းကြရန်၊ သိုလှောင်ရုံ စစ်ဆေးမည့် ကိစ္စများ၊ ရည်ညွှန်းဈေးဖြင့် ဆန်ဝယ်ယူရရှိရန် ဆောင်ရွက်ပေးမည့်ကိစ္စများ၊ ဒေသတစ်ခုမှ တစ်ခုသို့ ဆန်များ စီးဝင်စီးထွက် ဆောင်ရွက်ရာတွင် သတင်းပို့စနစ် ဆောင်ရွက်ရန် ကိစ္စများ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသူများမှ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
လာမယ့်အပတ်အတွင်းမှာရန်ကုန်တိုင်းမှာ မိုးကြီးနိုင်ပြီး မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနဲ့ ရခိုင်ကမ်းရိုးတန်းအနီး ရှိပင်လယ်ပြင်တွေမှာ လေတိုက်နှုန်းနဲ့ လှိုင်းအမြင့်ပေတွေ မြင့်တက်နိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
#Local_News
Published 10 May 2025
#ရခိုင်ကမ်းရိုးတန်းအနီး #လေတိုက်နှုန်းမြင့်နိုင်
#YMG/NN #Yangon_Times
ကလော-ရွှေညောင် ရထားလမ်းပိုင်းမှာ ပြေးဆွဲမယ့်မီးရထားခရီးစဉ်သစ်ကိုကျောက်မီးသွေးသုံး ရှေးဟောင်းရေနွေးငွေ့စက်ခေါင်းအသုံးပြုသွားမယ်လို့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 10 May 2025
#ရေနွေးငွေ့စက်ခေါင်းမီးရထား #ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
#YMG/SW #Yangon_Times
ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်တွေအနေနဲ့ ငလျင်ဘေးသင့်ဒေသတွေနဲ့ ပြည်တွင်း ခရီးစဉ်ဒေသတွေ၊ ခရီးသွားဆွဲဆောင်ရာ နေရာတွေကို ပုံမှန်အတိုင်း သွားလာလည်ပတ်နိုင်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ အသိပေးကြေညာထားပါတယ်။
#Local_News
Published 10 May 2025
#ရီးသွားဆွဲဆောင်ရာနေရာ #ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန
#YMG/SW #Yangon_Times
မြန်မာ-တရုတ် နှစ်နိုင်ငံခေါင်းဆောင်များ၏
မော်စကိုဆွေးနွေးပွဲ
အဓိကရလဒ်များ
တရုတ်သမ္မတရှီကျင့်ဖျင်
◾️မြန်မာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ထောက်ခံ
◾️နိုင်ငံတည်ငြိမ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ရေး
မြန်မာနိုင်ငံဆောင်ရွက်ချက်များကိုထောက်ခံ
◾️မန္တလေးငလျင်အကျိုးဆက်များအပေါ်စာနာမှုနှင့်
ပြန်လည်ထူထောင်ရေးကူညီမည်ဟုကတိပြု
မြန်မာနစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
◾️ဒေသတွင်းနှင့်နိုင်ငံတကာကိစ္စများတွင် တရုတ်၏ထောက်ခံမှုကိုကျေးဇူးတင်
◾️ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေမှုဆွေးနွေး
◾️တရုတ်နိုင်ငံ၏အကူအညီများကို မြန်မာကကျေးဇူးတင်
#ymg/knl
Page 221 of 1859