#Local_News
Published 17 January 2026
▪️ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှ စတင်ကာပြန်လည်မြင့်တက်လာခဲ့သည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးမှာ ယခုတစ်ပတ်တွင်လည်း ထပ်မံမြင့်တက်လာကြောင်း သိရသည်။
▪️ ယခုတစ်ပတ် ဇန်နဝါရီ (၁၆) ရက်မှ (၂၂) ရက်နေ့အထိ ရောင်းချရမည့်ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးကိုကျပ် (၆၁၅၀) အဖြစ်သတ်မှတ်ထုတ်ပြန်လိုက်ခြင်းကြောင့် ယခင်တစ်ပတ်ထက် တစ်ပိဿာလျှင် ကျပ် ၅၀ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
▪️ စားသုံးသူရေးရာဦးစီးဌာန၏ ဝက်ဆိုဒ်တွင် အပတ်စဥ် သောကြာနေ့တိုင်းစားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျှက်ရှိပြီးစားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသည်။
#YMG/SW #Yangon_Times