#Local_News
Published 17 January 2025
▪️ ရန်ကုန်တိုင်းအပါအဝင် ဒေသအများစု၌ ညအပူချိန်များ လျော့ကျနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးသွန်းနိုင်မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မနက်ပိုင်းထုတ်ပြန်ချက်အရသိရသည်။
▪️ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်း နေပြီး
ယနေ့ညနေအထိခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ကာ ရွာရန်ရာနှုန်း ၆၀ ဖြစ်ကြောင်းသိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်ဖြစ်ကြောင်း၊နောက် ၂ ရက်အတွက်ခန့်မှန်းချက်မှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များအနည်းငယ်လျော့နည်းနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times