#World_Health
Published 19 January 2026

■ သစ်သီးဝလံတိုင်း သွေးတွင်းသကြားဓာတ် တက်စေနိုင်တာ မဟုတ်ဘဲ သဘာဝအချိုဓာတ်၊ အမျှင်ဓာတ်၊ ဗိုက်တာမင်များ၊ သတ္တုဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မျှတစွာ ပါဝင်ကြတယ်လို့ မွမ်ဘိုင်း ဝေါ့ခ်ဟဒ်ဆေးရုံမှ ဒေါက်တာ ပရာနက်ဗ်ဂိုဒီက ပြောပါတယ်။

■ စားသုံးတဲ့ပမာဏနဲ့ မှန်ကန်တဲ့အသီးမျိုး စားသုံးခြင်းဖြင့် သွေးတွင်းသကြားဓာတ် ထိန်းချုပ်နိုင်ပြီး အင်ဆူလင်ယဉ်ပါးခြင်းကို ထိန်းချုပ်နိုင်မယ့် အသီးတွေကို ဖော်ပြထားပါတယ်။

■ ပန်းသီး - အထူးသဖြင့် အခွံက အမျှင်ဓာတ်နဲ့ ပိုလီဖီနောကြွယ်ဝကာ သွေးတွင်းသကြားဓာတ် ထိန်းသိမ်းစေပါတယ်။

■ ထောပတ်သီး - ကောင်းကျိုးပြုအဆီနဲ့ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ဂလူးကို့စ်ကို ထိန်းသိမ်းပေးပါတယ်။

■ ဘလူးဘယ်ရီ - ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး ဆဲလ်တွေက အင်ဆူလင်ကို တုံ့ပြန်စေပါတယ်။

■ ဂရိတ်ဖရုသီး - နာရင်ဂျီနင် သဘာဝဒြပ်ပေါင်းက အင်ဆူလင်အလုပ်လုပ်စေပါတယ်။

■ လိမ္မော်သီး - အမျှင်ဓာတ်နဲ့ ဗိုက်တာမင်-စီ ပါဝင်ကာ သွေးတွင်းသကြားဓာတ်ပမာဏ နည်းစေပါတယ်။

■ ပန်းသီးစိမ်း - အချိုနည်းပြီး ဆာလောင်စိတ်ကို လျှော့ချပေးပါတယ်။

■ ဆီးချိုသမားတွေကတော့ အသီးဖျော်ရည်တွေ အသီးခြောက်တွေကို ရှောင်ရှားသင့်ပါတယ်။
အလုံးလိုက်ဆိုရင်တော့ သင့်တင့်တဲ့ပမာဏ စားခြင်းဖြင့် အမျှင်ဓာတ်ရရှိစေပြီး သွေးတွင်းသကြားဓာတ်ပမာဏ ကျဆင်းစေပါတယ်။

■ ဒါကြောင့် အသီးတွေကို ဂရုတစိုက်ရွေးချယ် စားသုံးပါက အာဟာရဓာတ်ကို အထောက်အကူ ဖြစ်စေပါတယ်။

Source: Indian Express