#Local_News
Published 16 January 2025

■ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင်ပြုလုပ်ခဲ့သည့် လူငယ်ဘောလုံးပွဲတော် SHAN STATE GRASSROOTS FOOTBALL FESTIVAL (TGI) ၌ကျောင်းသား၊ကျောင်းသူ (၅၅၀)ဦးပါဝင်ဆင်နွှဲခဲ့ကြောင်းသိရသည်။

■ အဆိုပါပွဲတော်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်၊ ရှမ်းယူနိုက်တက် အသင်းတို့မှ​ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၆ ရှမ်းပြည်နယ် လူငယ်ဘောလုံးပွဲတော် SHAN STATE GRASSROOTS FOOTBALL FESTIVAL (TGI)အား ယမာန်နေ့ မနက်၈နာရီက တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

■ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ​ပြည်နယ်အတွင်းရေးမှူး ဦးသန်းဆွေဝင်း ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးသက် ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်နှင့် ရှမ်းယူနိုက်တက်အသင်း တာဝန်ရှိသူများ၊ ကစားသမားများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီအဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသူများ ၊ နည်းပြဆရာများ ၊ကျောင်းသား / ကျောင်းသူများကတက်ရောက်ခဲ့ကြသည်။

■ အဆိုပါ ဘောလုံးပွဲတော်ကို ကျောင်းသူကျောင်းသား လူငယ် စုစုပေါင်း(၅၅၀)ဦးပါဝင် ဆင်နွဲခဲ့ကြပြီး နည်းပြများ၊ ရှမ်းယူနိုက်တက်အသင်းကစားသမားများမှ အခြေခံဘောလုံးနည်းပညာများ မျှဝေခဲ့ကြောင်းသိရသည်။

#YMG/NN #Yangon_Times