၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း သုံးသောင်းခန့်ကို ဖန်တီးပေးနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 28 December 2024
#ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု #အလုပ်အကိုင်အခွင့်အလမ်း
#YMG/SW #Yangon_Times
လက်ရှိ ၂၀၂၅ ခုနှစ်နှစ်သစ်ကူးရုံးပိတ်ရက်ရှည်အတွက် အဝေးပြေးယာဉ်လိုင်း တွေကိုလုံလောက်စွာပြေးဆွဲပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)က သိရပါတယ်။
#Local_News
Published 28 December 2024
#(YRTC) #နှစ်သစ်ကူးရုံးပိတ်ရက်
#YMG/NN #Yangon_Times
၂၀၂၅ ခုနှစ်နှစ်စက နေစတင်ပြီး ပို့ကုန်၊ သွင်းကုန်တွေအပေါ် ဈေးကွက်ငွေလဲနှုန်းနဲ့ အခွန်ပြောင်းလဲကောက်ခံသွားမယ်လို့ အကောက်ခွန်ဦးစီးဌာနက ယမန်နေ့က အသိပေးလာပါတယ်။
#Local_News
Published 28 December 2024
#ပို့ကုန်သွင်းကုန် #အခွန်ပြောင်းလဲကောက်ခံ
#YMG/NN #Yangon_Times
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ဒေသက ကော်ဖီစိုက်ပျိုးမြေတွေကို လုပ်ကိုင်ခွင့်ရပြီး တဆင့်ပြန်လည်ရောင်းချထားသူတွေအနေနဲ့ ဇန်နဝါရီလ ၁၀ ရက် နောက်ဆုံးထားအခွန်ဆောင်ရမယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက အသိပေးကြေညာထားပါတယ်။
#Local_News
Published 28 December 2024
#ကော်ဖီစိုက်ပျိုးမြေ #နောက်ဆုံးထားအခွန်ဆောင်
#YMG/SW #Yangon_Times
#Local_News
Published_28 Dec 2024
▪️ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ငွေကျပ် ၁၄ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၂၇ ရက်တွင်သတင်းထုတ်ပြန်ထားသည်။
▪️ ဒီဇင်ဘာလ ၂၀ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ ကပဲခူးမြို့၊ ရပ်ကွက်ကြီး(၆)၊ ဗိုလ်အောင်ကျော်လမ်း၌ ကျော်ဆန်းဦး မောင်းနှင်ပြီး မလွမ်းယန်း လိုက်ပါလာသည့် TOYOTA DYNA မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်တွင် သံတိုသံစများဖြင့် ဖုံးအုပ် တင်ဆောင်လာသည့် သံသေတ္တာများအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁၄ ဒသမ ၁၁၅၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၂ ဒသမ ၃ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၇၀ ကီလိုနှင့် Happy Water ၂ ဒသမ ၆၇ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယင်းကြောင့် စစ်ဆေးဖော်ထုတ်ရာ ယင်းနေ့ညနေ ၆ နာရီအချိန် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ခိုင်းသူ များဖြစ်သည့် နိုင်နိုင်ဝင်း(ခ)ရှက်ဖီး နှင့် တင်ထွန်းနိုင် တို့အား ပဲခူးမြို့၊ ရပ်ကွက်ကြီး(၆)၊ ဗိုလ်အောင်ကျော်လမ်း ရှိ ဟိုတယ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါမူးယစ်ဆေးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့မှ ပဲခူးမြို့သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင် ပြည်နယ်တို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရသည်။
▪️ ယခုအခါ ၎င်းတို့အား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကိုဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။
#Yangon_Times/PP
#Local_News
Published 28 December 2024
▪️ မြန်မာ့ကလေးငယ် ၆ သန်းခန့်သည် ပိုမိုဆိုးရွားလာသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို ရင်ဆိုင်နေရပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၃.၅ သန်းခန့်၏ ၃၃ ရာခိုင်နှုန်းကျော်မှာ ကလေးငယ်များဖြစ်ေကြာင်း UNICEF Myanmar မှ သိရသည်။
▪️ ပိုမိုကျယ်ပြန့်လာသည့် ပဋိပက္ခများကြောင့် ၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကလေးငယ်များအတွက် စိန်ခေါ်မှုပေါင်းများစွာရှိခဲ့သည့် နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ပဋိပက္ခများ ကြောင့် ကလေးငယ် ၇၅၀ ကျော် သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း၊၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မြေမြှုပ်မိုင်းများနှင့် စစ်လက်နက်ပစ္စည်းကြွင်းကျန်များ (ERW)ကြောင့် အနည်းဆုံးကလေး ၂၅၀ ဦး သေဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး ထိုကိန်းဂဏန်းသည် ကမ္ဘာပေါ်တွင်အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
▪️ ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပညာရေး အစရှိသည့် အရေးကြီးဝန်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့် လိုအပ်လာခြင်းနှင့် ကျဆင်းလာသည့် စီးပွားရေးအခြေအနေများကြောင့် မြန်မာကလေးများ၏နေ့စဉ်ဘဝသည် ယခင်နှစ်များထက် ပိုမို ဆိုးရွားလာခဲ့ခြင်းကြောင့် UNICEF Myanmar အနေဖြင့် ပြည်တွင်းရှိ ကလေးငယ်များအရေးကို ပိုမို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published_28 Dec 2024
▪️ တရုတ်နိုင်ငံသို့ သွားရောက်ရန်အတွက် ဗီဇာကြေး ကာလတိုလျှော့ချထားခြင်းကို အချိန် ထပ်မံတိုးမြှင့်လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်လိုက်သည်။
▪️ တရုတ်နိုင်ငံနှင့် ပြည်ပနိုင်ငံသားများ အပြန်အလှန်သွားလာမှု အဆင်ပြေစေရန်အတွက် ပြည်ပအခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံး၏ ဗီဇာကြေးလျှော့ချခြင်းအစီအမံကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်ထိ ထပ်မံတိုးမြှင့်ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။
▪️ ဗီဇာကြေးများမှာ မြန်မာနိုင်ငံသားများအတွက် ၁ ကြိမ်ပြည်ဝင်ခွင့် အမေရိကန် ၃၇ ဒေါ်လာ ၊ ၂ ကြိမ်ပြည်ဝင်ခွင့် အတွက် အမေရိကန် ၅၆ ဒေါ်လာ ၊ ၆ လအတွင်းအကြိမ်များစွာပြည်ဝင်ခွင့် အမေရိကန်ဒေါ်လာ ၃၀၀၊ ၁ နှစ်အ ထက် အကြိမ်များစွာပြည်ဝင်ခွင့် အမေရိကန် ၄၅၀ ဒေါ်လာ နှင့် အမြန်ကြေးကို အမေရိကန် ၂၅ ဒေါ်လာဖြစ်ကြောင်း သိရသည်။
▪️ မျှတခြင်းဆိုင်ရာအခြေခံသဘောတရားအရ မြန်မာနိုင်ငံရှိအခြားနိုင်ငံသားများအတွက် ဗီဇာကြေးမတူညီကြောင်းနှင့် ဗီဇာထုတ်ယူရန် သံရုံးမှပေးသောပြေစာပေါ်ရှိ ငွေကြေးပမာဏသည်သာ အမှန်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#Yangon_Times/PP
#World_News
Published 28 December 2024
▪️ အမေရိကန် ရွေးချယ်ခံသမ္မတ ဒေါ်နယ်ထရမ့်က TikTokကို အမေရိကားမှာ ပိတ်ပင်သွားမယ့်ကိစ္စ နိုင်ငံရေးအရ မဖြေရှင်းနိုင်သေးခင်မှာ ခေတ္တရပ်ဆိုင်းထားဖို့ သောကြာနေ့မှာ တရားရုံးချုပ်ထံ တောင်းဆိုခဲ့ပါတယ်။
▪️ TikTok နဲ့ ဘိုင်ဒင်အစိုးရအဖွဲ့တို့က ဆန့်ကျင်ဘက် တင်ပြချက်များကို တရားရုံးထံ တင်သွင်းခဲ့ကြပါတယ်။
▪️ TikTokက ဇန်နဝါရီ ၁၉ရက်နေ့မှာ ယင်းဆိုရှယ်မီဒီယာကို ပိတ်ပင်သွားနိုင်တဲ့ ဥပဒေတစ်ရပ်ကို တရားရုံးအနေနဲ့ ပယ်ချသင့်တယ်လို့ တုံ့ပြန်ပြောဆိုခဲ့ကာ အစိုးရအဖွဲ့ကတော့ တိုင်းပြည်လုံခြုံရေးအန္တရာယ် ရှင်းလင်းဖို့အတွက် ဥပဒေပြဌာန်းရန် လိုအပ်ကြောင်း ယင်းရဲ့ရပ်တည်ချက်ကို အလေးပေးပြောသွားပါတယ်။
▪️ သမ္မတထရမ့်က ဒီအငြင်းပွားမှုအကြောင်းမှာ ဘယ်ဘက်ကမှ မရပ်တည်ဘဲ ဒီအမှုရဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားပါက ဇန်နဝါရီ ၁၉ရက်နေ့ ၂၀၂၅ မှာ နောက်ဆုံးရုပ်သိမ်းသွားဖို့ သတ်မှတ်ထားတဲ့အတိုင်း ဆက်လက်ထားရှိစွာ လေးစားစွာ တောင်းဆိုသွားမှာဖြစ်ကြောင်း ရှေ့နေချုပ်နေရာအတွက် ထရမ့်ရွေးချယ်ထားတဲ့ ဒီဂျွန်ဆာဝါမှ ဖော်ပြထားပါတယ်။
▪️ ယခုလို တရားရုံးမှာတင်ပြလိုက်တာဟာ ထရမ့်အနေနဲ့ သမ္မတတာဝန် မယူခင်မှာပင် တိုင်းပြည်အရေးကိစ္စတွေကို အလေးထားတဲ့ပုံစံတွေ ပြသရာရောက်ပါတယ်။
▪️ ရီပတ်ဘလစ်ကန်သမ္မတက အခွန်စည်းကြပ်ရေး အစီအစဉ်တွေအတွက် အခြားနိုင်ငံတွေနဲ့ စတင်ညှိနှိုင်းနေပြီဖြစ်သလို ဖက်ဒရယ်အစိုးရကို ရန်ပုံငွေပေးမယ့် အစီအစဉ်ကို ဝင်ရောက်စွက်ဖက်ခဲ့ကာ နှစ်ဖက်ပါတီအစီအစဉ် ငြင်းပယ်ရန် တောင်းဆိုထားပြီး ရီပတ်ဘလစ်ကန်တွေကို ညှိနှိုင်းရေးအတွက် ပြန်လည်ခေါ်ယူထားပါတယ်။
▪️ ဖလော်ရီဒါမှ သူ့ရဲ့ မာအာလာဂိုကလပ်မှာ နိုင်ငံခြားခေါင်းဆောင်များ၊ စီးပွားရေးအရာရှိများနဲ့ အစည်းအဝေးများ ပြုလုပ်ခဲ့သလို TikTok စီအီးအိုနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
▪️ ၂၀၂၄ သမ္မတရွေးကောက်ပွဲ စည်းရုံးရေးမှာ TikTokအသုံးပြုခဲ့ပြီး ငယ်ရွယ်သူမဲဆန္ဒရှင်များထံ ပျံ့နှံ့ရောက်ရှိစေပါတယ်။
▪️ TikTokက တိုင်းပြည်လုံခြုံရေးအန္တရာယ် ပေးနိုင်တာကို ယုံကြည်ထားပေမယ့် ပိတ်ပင်ဖို့ကိုတော့ ဆန့်ကျင်ခဲ့ပါတယ်။
▪️ ထိုဥပဒေအရ TikTok အနေနဲ့ တရုတ်မူရင်းကုမ္ပဏီမှ ခွဲထွက်ရမှာဖြစ်ပြီး ဒီလိုမဟုတ်ပါက ပိတ်ပင်ခံရမှာဖြစ်ပါတယ်။
▪️ အမေရိကန် အယူခံတရားရုံးမှ တရားသူကြီး ၃ဦးပါဝင်တဲ့ အဖွဲ့က ထိုဥပဒေကို တညီတညွတ်တည်း ထောက်ခံခဲ့ရာ TikTokအနေနဲ့ တရားရုံးချုပ်သို့ အယူခံဝင်ခဲ့ပါတယ်။
▪️ တရုတ်အာဏာပိုင်တွေက TikTok မူရင်းကုမ္ပဏီ ByteDance ဆီကနေ အမေရိကန်တွေရဲ့ အချက်အလက်တွေကို ရယူနိုင်တယ်လို့ အမေရိကန်အရာရှိများက ဆိုပါတယ်။
#Source: AP News
#Local_News
Published 28 December 2024
▪️ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းကျေးရွာ၌ ယမန်နေ့ညသန်းခေါင်ယံအချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညှပ်နေ၍ ကယ်ထုတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဒီဇင်ဘာ ၂၇ ရက်နေ့၊ ည ၁၁ နာရီ ၂ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်ဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ ရွှေလင်ဗန်းကျေးရွာ၊ တပင်ရွှေထီးလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညှပ်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ Towing vehicle (၁)စီး၊ မြောက်ပိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ တောင်ဥက္ကလာမြို့နယ်မီးသတ်စခန်းမှ Lifiting vehicle (၁)စီးထွက်ခွာကူညီခဲ့ရာ ယင်းယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး ထိခိုက်ဒဏ်ရာမစိုးရိမ်ရတို့အား သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် လှိုင်သာယာမြို့နယ်ပြည်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 28 December 2024
▪️ ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် မြဝတီနှင့် တာချီလိတ်ရှိ နယ်စပ်ကုန်သွယ်ရေးများ၌ MACCS Online Payment System အွန်လိုင်းစနစ်ဖြင့် ဇန်နဝါရီ ၁ ရက်မှစတင်၍ အခွန်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့ကုန်ပစ္စည်း အလိုအလျောက်ရှင်းလင်းရေးစနစ် (MACCS) ဌာနခွဲမှ အသိပေး ကြေညာထားသည်။
▪️ ကုန်ပစ္စည်းရှင်းလင်းထုတ်ယူသည့် လုပ်ငန်းစဉ်များအတွက် အခွန်ငွေပေးဆောင်ရာတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် Deposit Payment Direct Payment ၊ Mobile banking၊ Internet Banking of Online Payment ဖြင့် အခွန်ငွေပေးဆောင်နိုင်ရန်အတွက် AYA Bank၊ KBZ Bank၊ CB Bank တို့နှင့် ပူးပေါင်းပြီး MACCS Online Payment System အား ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်မှစတင်၍ သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် ရန်ကုန်ဧရိယာ၌ အသုံးပြုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
▪️ အကောက်ခွန်ဦးစီးဌာနအနေဖြင့် ယခုအခါ MACCS Online Payment System အား မြဝတီ(H)နှင့် တာချီလိတ်(N2) နယ်စပ်ဒေသများတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်၍ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ MACCS Online Payment System တွင် မိမိတို့၏ Mobile banking ၊ Internet Banking များမှတစ်ဆင့် Payment Statement Information ရရှိပြီးသည့် Import / Export Declaration No. များအား ကျသင့်အခွန်ငွေ တိုက်ရိုက်ပေးဆောင်ခြင်း (Direct Payment) နှင့် MACCS စနစ်ရှိ Deposit Account ထဲသို့ ငွေထပ်မံဖြည့်သွင်းခြင်း (Deposit Addition Only) လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် MACCS Online Payment System အသုံးပြုမှုနှင့် ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက Help Desk Section ဖုန်းနံပါတ်- ၀၁-၃၇၉၄၂၉ (ရုံးချိန်အတွင်း)နှင့် သက်ဆိုင်ရာပုဂ္ဂလိကဘဏ် (AYA Bank ဖုန်းနံပါတ် ၀၁-၂၃၁၇၇၇၇ ၊ KBZ Bank ဖုန်းနံပါတ် ၀၉-၉၅၁၀၁၈၅၅၅ ၊ KBZ Pay Call Center ဖုန်းနံပါတ် ၃၂၁၁ ၊ CB Bank ဖုန်းနံပါတ် ၀၁- ၂၃၁၇၇၇၀) များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 28 December 2024
▪️ ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်လုပ်ဆောင်ချက် ကျဆင်းတဲ့ ဒီမန်ရှာရောဂါ ဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ အဝလွန်ခြင်း၊ သွေးဖိအားများခြင်း၊ ဆီးချို၊ ဆေးလိပ်သောက်ခြင်းတို့ ပါဝင်ပါတယ်။
▪️ ယခုအခါ ဂျွန်စ်ဟော့ပ်ကင်းစ်ဆေးတက္ကသိုလ်မှ သုတေသနထဲမှာ ကြွက်သားဆုံးရှုံးခြင်းက ဒီမန်ရှာဖြစ်နိုင်ခြေ များစေတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့လာရပါတယ်။
▪️ ခန္ဓာကိုယ်ထဲမှာ မေးရိုးကြွက်သားတစ်မျိုးက အရိုးငြမ်းကြွက်သား အခြေအနေကို ညွှန်ပြနေတယ်လို့ ယူဆထားကြပါတယ်။
▪️ အရိုးငြိမ်းကြွက်သား သေးငယ်လာတဲ့ အသက်ကြီးသူတွေမှာ အခြားအရာများပါ ထည့်သွင်းစဉ်းစားပါက ဒီမန်ရှာဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများနေတယ်လို့ သုတေသနပြုစုသူ အာရုံကြောပရော်ဖက်ဆာ မယ်ရီလင်အယ်လ်ဘတ်က ပြောပါတယ်။
▪️ အရိုးငြိမ်းကြွက်သားဟာ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၃ ပုံ ၁ ပုံခန့်ရှိပြီး အိုမင်းလာတာနဲ့အမျှ ကြွက်သားတွေ သဘာဝအရ ဆုံးရှုံးလာကာ အသက် ၃၀ နောက်ပိုင်းကစလို့ ဆယ်စုနှစ်တစ်ခုကြာတိုင်း ကြွက်သားထုထည် ၃-၅ ရာခိုင်နှုန်း စတင်ဆုံးရှုံးလာပါတယ်။
▪️ ကြွက်သားထုထည်နဲ့ ကြံ့ခိုင်မှု ဆုတ်ယုတ်လာတဲ့ ပြဿနာဟာ ကမ္ဘာ့သက်ကြီးလူဦးရေ ၁၀ မှ ၁၆ ရာခိုင်နှုန်းအထိ သက်ရောက်နေမယ်လို့ ခန့်မှန်းရပါတယ်။
အရိုးငြိမ်းကြွက်သားတွေကနေ မိုင်ယိုကိုင်းလို့ခေါ်တဲ့ ပရိုတိန်းနဲ့ ပပ်တိုက်ငယ်များ ထုတ်လုပ်ကာ ဦးနှောက်ကို တိုက်ရိုက်သက်ရောက်စေပါတယ်။
▪️ ကြွက်သားထုထည် လျော့လာတဲ့အခါ မိုင်ယိုကိုင်းတွေ ထုတ်လုတ်မှုနည်းလာပြီး လှုပ်ရှားမှုတွေ လူမှုပေါင်းသင်းမှုတွေမှာ ယုတ်လျော့လာပါတယ်။
▪️ သုတေသနအဖွဲ့က ဦးခေါင်းဘေးဖက်မှ တမ်ပိုရယ်လစ်ကြွက်သားကို ဦးစားပေးလေ့လာခဲ့တာဖြစ်ပြီး အဆိုပါ ယပ်တောင်ပုံသဏ္ဍာန် ကြွက်သားကြီးက ပါးစပ်ဝါးတဲ့အချိန်မှာ ပိတ်ပေးဖို့အတွက် အသုံးပြုရပါတယ်။
▪️ အဆိုပါ ကြွက်သားရဲ့ အထူနဲ့ အရွယ်အစားတို့က ခန္ဓာကိုယ်ထဲက ကြွက်သားထုထည်ကို ခြုံငုံမှန်းဆနိုင်ပါတယ်။
▪️ လေ့လာမှုမှာပါဝင်တဲ့ သက်ကြီးပိုင်း ၆၂၁ ယောက်မှာ အများစုက တမ်ပိုရယ်လစ်ကြွက်သား သေးငယ်သွားပြီး ဒီမန်ရှာဖြစ်နိုင်ခြေ မြင့်မားလာတာ တွေ့ခဲ့ကြပါတယ်။
▪️ ရောဂါစောစီးစွာ တွေ့ရှိပြီး ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ ပရိုတိန်းစားသုံးခြင်းတို့ဖြင့် လက္ခဏာ သက်သာစေနိုင်ပါတယ်။
▪️ ထိုကဲ့သို့ ကျင့်ကြံလှုပ်ရှားခြင်းဖြင့် ကြွက်သားဆုံးရှုံးမှုကို ကာကွယ်နိုင်ကာ ဒီမန်ရှာဖြစ်နိုင်ခြေ လျော့နည်းစေနိုင်မယ်လို့ လေ့လာမှုပြုစုသူ ဒေါက်တာ ရှက်ပူဒမာရီက ပြောသွားပါတယ်။
#Source: New York Post
#World_Health
Published 28 December 2024
▪️ ကိုဗစ်ကပ်ရောဂါ စဖြစ်တဲ့ ပထမဆုံးနှစ်မှာ နိုင်ငံအတော်များများက ကိုဗစ်ကာကွယ်ဆေးများ ရရှိရန် အသည်းအသန်ဖြစ်ခဲ့ကြပြီး နိုင်ငံ့ခေါင်းဆောင်တွေဆိုရင် ပြည်သူများ ကာကွယ်ဆေးရဖို့အတွက် သဘောတူညီချက်များ ပြုလုပ်ရာမှာ ပါဝင်ခဲ့ကြပါတယ်။
▪️ အလျင်အမြန်နဲ့ အများအပြား ထုတ်လုပ်လာကြပြီး SARS-CoV-2 ဗိုင်းရပ်စ်ရောဂါကို တိုက်ဖျက်ရာမှာ ကာကွယ်ဆေးတွေက အဓိကပါဝင်ခဲ့ကြကာ ကာကွယ်ဆေးပေါင်း ၁၃.၅ ဘီလီယံ ရောင်းချထိုးနှံခဲ့ကြပါတယ်။
▪️ ယခုအခါ တဲလ်အေဗစ်တက္ကသိုလ်(TAU)မှ သုတေသီများက အခန်းအပူချိန်မှာ သိမ်းဆည်းနိုင်ပြီး ထိရောက်မှုရှိကာ ဈေးသက်သာတဲ့ နှာခေါင်းဆေးရည်ဖြန်း ကိုဗစ်ကာကွယ်ဆေးကို ထုတ်လုပ်လိုက်ပြီလို့ ဆိုပါတယ်။
▪️ TAU ဆေးပညာနဲ့ ကျန်းမာရေးသိပ္ပံဌာနမှ ပရော်ဖက်ဆာ ရိုနစ်ဆက်ချီဖေနာရို ဓာတ်ခွဲခန်းနဲ့ ပေါ်တူဂီ လစ္စဘွန်းတက္ကသိုလ်မှ ပရော်ဖက်ဆာ ဟယ်လီနာဖလော်ရင်ဒို ဓာတ်ခွဲခန်းတို့ ပူးပေါင်းပြီး နာနိုကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်တာ ဖြစ်ပါတယ်။
▪️ ထိုကာကွယ်ဆေးထဲမှာ နာနိုမီတာအမှုန် ၂၀၀ ဖြင့်ဖွဲ့စည်းထားပြီး ဗိုင်းရပ်စ်မျိုးဗီဇကွဲအားလုံးကို ကာကွယ်နိုင်အောင် ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးပါတယ်။
▪️ အခြားကာကွယ်ဆေးတွေနဲ့ မတူတာက နှာခေါင်းဆေးရည်ဖြန်း ပုံစံအဖြစ် အလွယ်တကူ အသုံးပြုနိုင်ပြီး အေးခဲတဲ့နေရာမှာ သိမ်းဆည်းစရာ မလိုပါဘူး။
▪️ ဒီနည်းလမ်းက နွမ်းပါးနိုင်ငံတွေမှာ ကာကွယ်ဆေးထိုးပေးနိုင်ဖို့ အခွင့်အရေး ဖြစ်လာနိုင်ပြီး အနာဂတ်မှာ ရိုးရှင်းထိရောက်ပြီး အကုန်အကျသက်သာတဲ့ ကာကွယ်ဆေးများ ရရှိလာနိုင်ပါတယ်။
▪️ ဖိုင်ဇာနဲ့ မိုဒါနာကာကွယ်ဆေးတို့က mRNA အမျိုးအစားများဖြစ်ပြီး အားသာချက်အများအပြား ရှိပေမယ့် ကုန်ကျစရိတ် ကြီးမားကာ အေးခဲထိန်းသိမ်းခြင်း လုပ်ငန်းစဉ်တွေ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ရှိနေပါတယ်။
▪️ ယခု နာနိုကာကွယ်ဆေးအသစ်ကတော့ ကိုဗစ်မျိုးဗီဇကွဲအားလုံးကို ထိရောက်စွာ ကာကွယ်နိုင်ကာ ဆေးထိုးဖို့မလိုအပ်ဘဲ နှာခေါင်းကို ဆေးရည်ဖြန်းရတာကြောင့် ကျွမ်းကျင်သူများ မလိုအပ်ပါဘူး။
▪️ ဒါ့အပြင် နာနိုအမှုန်များက ပိုမိုခံနိုင်ရည်ရှိပြီး အခန်းအပူချိန်မှာပင် အမှုန့်အဖြစ် သိမ်းဆည်းထားနိုင်ပါတယ်။
#Source: The Jerusalem Post
Page 228 of 1729