#Local_News
Published 7 November 2024
▪️ အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (8th Greater Mekong Subregion Summit)ကို ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ ဟိုင်ဂန်ကွန်ဗင်းရှင်းစင်တာ၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်ခဲ့ ကြောင်းသိရသည်။
▪️ ယင်းအစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီချန်၊
ကမ္ဘောဒီးယားဘုရင့်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက်မဟာပဝရဓိပတိဟွန်မာနိုက်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆုံဆိုင်း ဆီဖန်ဒုံ၊ ထိုင်းဘုရင့် နိုင်ငံ ဝန်ကြီးချုပ် မဒမ် ဖိထောင်တန် ရှင်နာဝပ်ထရာ၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဖန်မင်ချင်း၊ အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ မစ္စတာ မာဆာဆုဂု အာဆာကာဝါ နှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
▪️ အဆိုပါ အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးကို “နိုင်ငံ့ ခေါင်းဆောင်များ သီးသန့်အစည်းအဝေး” နှင့် “မျက်နှာစုံညီ အစည်းအဝေး” ဟူ၍ အပိုင်း နှစ်ပိုင်းခွဲ၍ ကျင်းပပြုလုပ်ကြောင်းလည်း သိရသည်။
▪️ ပထမအပိုင်းဖြစ်သည့် နိုင်ငံ့ခေါင်းဆောင်များ သီးသန့်အစည်းအဝေး ကို ကျင်းပပြုလုပ်ရာ သဘာပတိဖြစ်သူ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် နိုင်ငံ့ ခေါင်း ဆောင်များက“ဆန်းသစ် တီထွင်မှုဖော်ဆောင်ခြင်းဖြင့်ဖွံ့ဖြိုးတိုးတက်ရေး”ခေါင်းစဉ်ဖြင့် ဒေသတွင်း ပေါင်းစည်း ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ပြင်ဆင်ထားရမည့် ကိစ္စရပ်များ အပေါ် အကြံပြုဆွေးနွေး ကြကြောင်း သိရသည်။
▪️ ယင်းနောက်အစည်းအဝေးဒုတိယအပိုင်း“ဆန်းသစ်တီထွင်မှု ဖော်ဆောင်ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် အသိုက်အဝန်းဆီသို့” ခေါင်းစဉ်ဖြင့် နိုင်ငံ့ ခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးတွင်အဖွဲ့ဝင် နိုင်ငံ ၆ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်ကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌနှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ် များနှင့် အဖွဲ့ဝင်နိုင်ငံများမှ ဒေသန္တရအစိုးရကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀ ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
▪️ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Greater Mekong Subregion - GMS Economic Cooperation Program) စတင်ချိန်မှစ၍ထိပ်သီးအစည်းအဝေးများကို မဟာမဲခေါင်ဒေသခွဲအစီအစဉ်၏ (၁၀)နှစ် ပြည့်မြောက်သည့် ၂၀၀၂ ခုနှစ်မှစတင်၍ (၃)နှစ်လျှင် တစ်ကြိမ် မဟာမဲခေါင်ဒေသခွဲ (၆) နိုင်ငံမှ အက္ခရာစဉ်အလိုက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေနှင့် စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် အိမ်ရှင် နိုင်ငံအဖြစ် နေပြည်တော်၌ လက်ခံကျင်းပခဲ့ကြောင်း၊ ထိပ်သီးအစည်းအဝေးများတွင် အနာဂတ်ကာလဒေသ ခွဲဖွံ့ဖြိုးရေးနှင့် စပ်လျဉ်း သည့် မျှော်မှန်းချက်များ ပြည့်မီအောင်မြင်စေရေးဆိုင်ရာ ကတိကဝတ်များပြုကြပြီး နိုင်ငံ့ခေါင်းဆောင်များ၏ အရေးပါသော ပူးတွဲကြေညာချက်ကို ထုတ်ပြန်လေ့ရှိရာယနေ့ကျင်းပသည့် အဋ္ဌမ အကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးတွင် ဆန်းသစ်တီထွင်မှု မူဘောင်နှင့် ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်စာတမ်း တို့ကို အတည်ပြုချမှတ်ခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#World_Science
Published 07 November 2024
▪️ ဂရိနိုင်ငံ ဗာဂျီနာရှိ တော်ဝင်အုတ်ဂူတွေထဲက တစ်ခုမှာ အဲလက်ဇန်ဒါသည်ဂရိတ်ရဲ့ အင်္ကျီရှည်လို့ ယူဆရတဲ့ အဝတ်တစ်ခုကို ဒီမိုခရစ်တက်စ်တက္ကသိုလ်မှ အန်တိုနစ်ဘာ့တ်ဆီယိုကက်စ် ဦးဆောင်တဲ့ ရှေးဟောင်းလေ့လာရေး ပညာရှင်များအဖွဲ့က တွေ့ရှိခဲ့ပါတယ်။
▪️ ခရမ်းရောင်နဲ့ အဖြူရောင်ပါတဲ့ အင်္ကျီရှည်ကို တွေ့ရှိပြီး ထိုနေရာမှာပဲ အလောင်း ၃ လောင်းကိုလည်း တွေ့ရှိခဲ့တယ်လို့ ဘာ့တ်ဆီယိုကက်စ်က ရှင်းပြထားပါတယ်။
▪️ ဒီမတိုင်ခင်ကလည်း အဲလက်ဇန်ဒါသည်ဂရိတ်ရဲ့ မိသားစုဝင် အများအပြားဟာ အဆိုပါ တော်ဝင်အုတ်ဂူတွေထဲ ရှိနေတာကို တွေ့ခဲ့ကြပါတယ်။
▪️ အုတ်ဂူ ၁၊ ၂၊ ၃ လို့အမည်ပေးပြီးနောက် ထပ်မံစစ်ဆေးကြည့်ခဲ့ကြပါတယ်။
အုတ်ဂူနံပါတ် ၂ မှာ ခရမ်းရောင်နဲ့ အဖြူရောင်ပါ အင်္ကျီရှည်ကို တွေ့ရှိခဲ့ပြီး ရောင်စဉ်တိုင်း စက်ပစ္စည်းများဖြင့် စစ်ဆေးခဲ့ရာမှာ ထိုအင်္ကျီကို ချည်သားဖြင့်ပြုလုပ်ပြီး ခရမ်းရောင် ဆေးဆိုးထားတာ ဖြစ်ပါတယ်။
▪️ အုတ်ဂူမျက်နှာပြင်မှာ ထည့်သွင်းထားတဲ့ အင်္ကျီရှည်ဟာ အဲလက်ဇန်ဒါရဲ့ဟာလို့ မှတ်ယူခဲ့ကြပြီး ရွှေဖြင့်ပြုလုပ်ထားကာ ရှေးဟောင်းပါရှားတွေနဲ့ ဆက်စပ်မယ်လို့ ပြောပါတယ်။
▪️ အုတ်ဂူ ၂ မှာတွေ့ရတဲ့ ပစ္စည်းအများအပြားက အဲလက်ဇန်ဒါရဲ့ဟာ ဖြစ်နိုင်တယ်လို့ သုတေသီများ ဖော်ပြထားပါတယ်။
▪️ ဒါ့အပြင် အုတ်ဂူ ၁ မှာဆိုရင် ပေါင်နဲ့ခြေထောက် ပူးနေတဲ့ အရိုးငြမ်းတွေ့ရှိထားကာ အဲလက်ဇုန်ဒါရဲ့အဖေ ဖြစ်တယ်လို့ ညွှန်ပြနေကြောင်း၊ အုတ်ဂူ ၁ မှာ ဖိလစ်-၂ နဲ့ ကလီယိုပက်ထရာရဲ့ မွေးကင်းစကလေးကိုလည်း တွေ့ရကြောင်း ရှင်းပြထားပါတယ်။
#Source: WION
#Local_News
Published 7 November 2024
▪️ မြန်မာနိုင်ငံ၏ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပဏာမစာရင်းတွင် ပါဝင်လာကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
▪️ ကမ္ဘာ့နိုင်ငံအသီးသီးက တင်ပြထားကြသည့် အဆိုပြုစာတွဲများအနက်
ယူနက်စကို၏ပဏာမအဆုံးအဖြတ်တွင် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်သည့် အဆိုပြုစာတွဲတွေထဲမှာ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် စာတွဲပါဝင်လျက်ရှိသည်ကို ယူနက်စကို၏ Websiteတွင် တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
▪️ မြန်မာနိုင်ငံမှ တင်သွင်းထားသော မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အဆိုပြုစာတွဲနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့ မှာ ကျင်းပပြုလုပ်မယ့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံသို့ တရားဝင်ဆုံးဖြတ်မှာဖြစ်ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
#World_Health
Published 07 November 2024
▪️ သရုပ်ဆောင်မင်းသမီး ဗစ်ယာဘာလန်က ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပြီး အစားအစာ ထိန်းချုပ်စားသောက်ပေမယ့် ကိုယ်အလေးချိန် တက်လာခြင်းကို ရင်ဆိုင်နေရတဲ့အကြောင်း ဖွင့်ဟလာပါတယ်။
▪️ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းလာခြင်းက ကိုယ်အလေးချိန် တက်စေတယ်လို့ ထုတ်ဖော်လိုက်ပြီး ရောင်ရမ်းခြင်းကို သက်သာအောင် စားသုံးပြီး လေ့ကျင့်ခန်း အလွန်အကျွံပြုလုပ်ခြင်းကို လျှော့ချခြင်းဖြင့် ကိုယ်အလေးချိန် မြန်ဆန်စွာချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
▪️ ကိုယ်အလေးချိန်တက်ခြင်းကြောင့် ရောင်ရမ်းခြင်း ဖြစ်နိုင်သလို ခန္ဓာကိုယ်က လေ့ကျင့်ခန်း အပြင်းအထန် လုပ်ပြီးနောက် အနားယူချိန် မလုံလောက်ပါကလည်း ဖြစ်တတ်ပါတယ်။
▪️ ခန္ဓာကိုယ်မှာ ဒဏ်ရာရခြင်း ရောဂါကူးစက်ခြင်းတို့ ဖြစ်လာရင် ရောင်ရမ်းခြင်းဖြင့် တုံ့ပြန်ပြီး တစ်ရှူးတွေကို ပြန်သက်သာစေပေမယ့် ကြာရှည်လာရင်တော့ ဆီးချို၊ နှလုံးရောဂါ၊ အဆစ်ရောင်ခြင်းတို့လို ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
▪️ အဝလွန်ခြင်း၊ ကျန်းမာရေးနဲ့ မညီစွာ စားသောက်ခြင်းတို့က ရောင်ရမ်းခြင်းကို ပိုဆိုးစေပါတယ်။
▪️ ခန္ဓာကိုယ်မှာ ပိုလျှံတဲ့အဆီကြောင့် ရောင်ရမ်းခြင်းက ကျန်းမာရေးပြဿနာ အမျိုးမျိုး ဖြစ်စေနိုင်ပါတယ်။
▪️ အဝလွန်ခြင်းနဲ့ ရောင်ရမ်းခြင်းတို့က သီးခြားဖြစ်စဉ်တွေ ဖြစ်ပေမယ့် အတော်လေး ဆက်စပ်နေတယ်လို့ ဖော်တစ်မမ်မိုရီယယ်သုတေသနတက္ကသိုလ်မှ ဒေါက်တာ နေဗယ်မန်ဒီရက်တာက ပြောပါတယ်။
▪️ အချက်အလက်များအရ အဝလွန်သူတွေဟာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ပိုများပြီး ပုံမှန်ကိုယ်အလေးချိန် ရှိသူတွေနဲ့ ယှဉ်ရင် နှလုံးရောဂါ ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းပိုများပါတယ်။
▪️ လေ့ကျင့်ခန်းကို အလွန်အကျွံ ပြုလုပ်တဲ့အခါ ခန္ဓာကိုယ်က အနားယူချိန် အလုံအလောက်မရဘဲ ရောင်ရမ်းခြင်း ဖြစ်စေနိုင်ကာ ကိုယ်အလေးချိန် ကျဖို့ခက်ခဲသွားပါတယ်။
▪️ ဖိစီးမှုကို တုံ့ပြန်ခြင်း၊ ကြွက်သားထိခိုက်ခြင်း၊ ကိုယ်ခံအားစနစ် ထိခိုက်ခြင်း၊ ဟော်မုန်းမညီမျှခြင်း၊ လုံလောက်စွာ အနားမရခြင်းတို့ကြောင့် ရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။
▪️ ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်ဖို့အတွက်ဆိုရင် လေ့ကျင့်ခန်းနဲ့ အစားအစာကို မျှတစွာ စားပြီး ရောင်ရမ်းခြင်းကို လျှော့ချနိုင်ပါတယ်။
#Source: India Today
ငွေကြေးအရှုပ်တော်ပုံများကြောင့် ဂျပန်အာဏာရဝန်ကြီးအဖွဲ့အား ထောက်ခံမှုနှုန်းသိသိသာသာကျဆင်းလာ
ဂျပန်ဝန်ကြီးချုပ် ရှီဂဲရုအီရှီဘာရဲ့ ဝန်ကြီးအဖွဲ့ကို ထောက်ခံမှုနှုန်း ၃၈.၉ ရာခိုင်နှုန်းအထိ ကျဆင်းလာပြီး ဆန့်ကျင်မှုနှုန်းက ၅၇.၃ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ နောက်ဆုံးရစစ်တမ်းတစ်ခုကို ဂျပန်သတင်းကွန်ရက် (JNN)က ထုတ်ပြန်လိုက်ပါတယ်။
#World_Politics
Published 6 November 2024
#ငွေကြေးအရှုပ်တော်ပုံ #ဂျပန်အာဏာရဝန်ကြီး
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 6 November 2024
၁။ စားအုန်းဆီအိမ်အရောက်ပို့စနစ် (၃)ပိဿာနီးပါးကို ကျပ်(၂၄၀၀၀)ကျော်ဖြင့်မှာယူနိုင်
၂။ ဓာတ်မြေဩဇာ ရည်ညွှန်းဈေးများမြင့်တက်လာ
၃။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပဲခူး၊ ကယား၊ ဧရာဝတီ၌မိုးကြီးနိုင်
၄။ ငွေကြေးအရှုပ်တော်ပုံများကြောင့် ဂျပန်အာဏာရဝန်ကြီးအဖွဲ့အား ထောက်ခံမှုနှုန်းသိသိသာသာကျဆင်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ပြုလုပ်မယ့် တန်ဆောင်တိုင်ပွဲတော်မှာ နေ့လွှတ်၊ ညလွှတ်မီးပုံးပျံအလုံးရေ (၂၅၈)လုံး လွှတ်တင်သွားမယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာ မီးပုံးပျံ ပညာရှင်များအသင်းက သိရပါတယ်။
#Local_News
Published 6 November 2024
#တောင်ကြီးတန်ဆောင်တိုင် #ညလွှတ်မီးပုံးပျံ
#YMG/NN #Yangon_Times
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ လေပွေလှိုင်းနဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရှမ်းပြည်တောင်ပိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်းတို့မှာ မိုးကြီးဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 6 November 2024
#လေပွေလှိုင်း #လေဖိအားနည်းရပ်ဝန်း
#YMG/tthl #Yangon_Times
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက ထုတ်ပြန်လိုက်တဲ့ စာရင်းတွေအရဓာတ်မြေဩဇာ ရည်ညွှန်းဈေးနှုန်းတွေအရင်လကထက် မြင့်တက်လာတယ်လို့ သိရပါတယ်။
#Local_News
Published 6 November 2024
#ဓာတ်မြေဩဇာ #ဝယ်ယူဖြန့်ဖြူးရောင်းချ
#YMG/NN #Yangon_Times
စားအုန်းဆီအိမ်အရောက်ပို့စနစ်နဲ့ မှာယူနိုင်ပြီး စားအုန်းဆီ(၂)ပိဿာ(၇၅)ကျပ်သားကို သယ်ယူပို့ဆောင်ခအပါအဝင် စုစုပေါင်းကျသင့်ငွေ (၂၄၀၀၀)ကျော်ဖြင့်သာအိမ်အရောက်ပို့ဆောင်ပေးနေတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
#Local_News
Published 6 November 2024
#စားအုန်းဆီ #ဆီလုပ်ငန်းရှင်များအသင်း
#YMG/tthl #Yangon_Times
#Local_News
Published 6 November 2024
▪️ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ်သန်း ၂၀ ကို ထပ်မံထုတ်ရောင်း ပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ၅ရက် က အသိပေးထားသည်။
▪️ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ်သန်း ၂၀ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ နိုဝင်ဘာလ ၄ရက်နေ့ကလည်း ငွေလဲနှုန်း ၃,၅၇၅ ကျပ်နှင့် အမေရိကန်ဒေါ်လာ ၁၅ သန်း၊ ငွေလဲနှုန်း ၅၂၉.၉၀ ကျပ်နှုန်းအတိုင်း တရုတ် (ယွမ်) ၁.၅ သန်း နှင့် ငွေလဲနှုန်း ၁၂၅ ကျပ်နှုန်းအတိုင်း ထိုင်း (ဘတ်) သန်း ၁၀၀ ကျော်တို့အား အွန်လိုင်းရောင်းဝယ်ရေးပလက်ဖောင်းဈေးကွက်မှတစ်ဆင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Politics
Published 06 November 2024
▪️ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂဲလန့်ကို ယုံကြည်မှုပြဿနာနဲ့ ပတ်သက်ပြီး အင်္ဂါနေ့မှာ ရာထူးမှ ထုတ်ပယ်လိုက်ကာ ဂါဇာနဲ့ လက်ဘနွန်စစ်ပွဲ ဦးဆောင်ဖို့အတွက် နီးစပ်တဲ့ အစ္စရေးလ်ကက်ဇ်နဲ့ အစားထိုးလိုက်ပါတယ်။
▪️ အစ္စရေးလ်တို့က အီရန်တို့လက်တုံ့ပြန်မှုတွေကို ရင်ဆိုင်နေရချိန်မှာ ဂဲလန့်က တိုင်းပြည်လုံခြုံရေးထက် နိုင်ငံရေးကို ရှေ့တန်းတင်နေတယ်လို့ နေတန်ညာဟူက ဝေဖန်စွပ်စွဲလိုက်ပါတယ်။
▪️ ဂဲလန့်ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် ဆန္ဒပြသူတွေက အဝေးပြေးလမ်းတွေကို ပိတ်ဆို့ပြီး မီးပုံများ ပြုလုပ်ခဲ့ကြတယ်လို့ ရဲတွေက ဆိုပါတယ်။
▪️ ကက်ဇ်ရဲ့နေရာမှာတော့ ဂီဒွန်ဆားကို နိုင်ငံခြားရေးဝန်ကြီးအသစ် ခန့်အပ်ခဲ့ပါတယ်။
▪️ ဂဲလန့်နဲ့ နေတန်ညာဟူတို့ဟာ လက်ယာရောက် လီကွတ်ပါတီကဖြစ်ပြီး ဟားမတ်စ်တို့နဲ့ တိုက်ခိုက်နေတဲ့ ဂါဇာစစ်ပွဲ လုပ်ဆောင်ချက်များနဲ့ ပတ်သက်ပြီး အငြင်းအခုံဖြစ်နေတာ ကြာပါပြီ။
▪️ ဒါပေမဲ့ ဂဲလန့်ကိုထုတ်ပယ်လိုက်ချိန်ဟာ မထင်မှတ်တဲ့ အချိန်ဖြစ်နေပြီး အမေရိကန်သမ္မတ ရွေးကောက်ပွဲပြုလုပ်ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
▪️ ယခုနောက်ပိုင်းလတွေမှာ အစ္စရေးလ်တို့က ဟားမတ်စ်နဲ့ လက်ဘနွန်လက်နက်ကိုင် ဟက်ဇ်ဘိုလာတို့ရဲ့ ထိပ်သီးကွန်မန်ဒါတွေကို ရှင်းလင်းနိုင်ခဲ့ပါတယ်။
▪️ ဂဲလန့်ဟာ အစိုးရအဖွဲ့နဲ့ ဝန်ကြီးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်ကြောင်း နေတန်ညာဟူက ပြောခဲ့ပေမယ့် ဂဲလန့်ကတော့ အစ္စရေးလ်နိုင်ငံ လုံခြုံဖို့ကိုပဲ အမြဲစိတ်ထဲထားတယ်လို့ တုံ့ပြန်သွားပါတယ်။
▪️ ဂါဇာမှ အစ္စရေးလ်ဓားစာခံများ လွတ်မြောက်ရန်နဲ့ ဟားမတ်စ်၊ ဟက်ဇ်ဘိုလာတို့ ပျက်စီးစေရန် ကက်ဇ်က ကြုံးဝါးထားပါတယ်။
▪️ ကက်ဇ်ဟာ နိုင်ငံခြားရေးဝန်ကြီးဖြစ်စဉ်က အီရန်ဒုံးကျည်တိုက်ခိုက်မှုကို ရှုတ်ချရန် ပျက်ကွက်ခဲ့သည့် ကုလအထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်ကို အစ္စရေးလ်နိုင်ငံသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
▪️ စက်တင်ဘာလတုန်းက လက်ဘနွန်မှာ ၂၁ ရက်တာ အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်နဲ့ ပြင်သစ်တို့မှ အဆိုပြုချက်များကိုလည်း ငြင်းပယ်ခဲ့ပါတယ်။
▪️ အမေရိကန် အိမ်ဖြူတော် လုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဂဲလန့်ဟာ အရေးကြီးမိတ်ဖက်ဖြစ်ပြီး ကက်ဇ်နဲ့ ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
▪️ ဂဲလန့်ဟာ စစ်တပ်မှာ ၃၅ နှစ်ကြာ တာဝန်ထမ်းဆောင်စဉ်အတွင်း ဗိုလ်ချုပ်အဆင့်သို့ တက်လှမ်းခဲ့သူ ဖြစ်ပါတယ်။
#Source: Reuters
Page 235 of 1682