#Local_News
Published 01 January 2026

■ လှိုင်သာယာအဝေးပြေးအကျော်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦး‌ေ-သဆုံး ကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

■ ဇန်နဝါရီ၁ရက်နေ့၊ မနက်၄ နာရီ၂၂ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ရန်ကုန်- ပုသိမ်လမ်းမပေါ်၊ အဝေးပြေးအကျော်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်းသိရသည်။

■ အဆိုပါ သတင်းရရှိသဖြင့် လှိုင်သာယာအနောက်ပိုင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။

■ ယင်းယာဉ်တိုက်မှုကြောင့် ယာဉ်အတွင်း ပိတ်မိသူ(၄)ဦး အနက် ကျား(၁)ဦး၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်းရ)နှင့် ကျား(၁)ဦး၊ (မ)(၁)ဦး (‌ေ-သဆုံး)တို့အား ဂရုဏာတွဲလက် လူမှုကူညီရေးအသင်း၊ ပြည်တော်သစ် လူမှုကူညီရေးအသင်းနှင့် မေတ္တာအလင်းရောင် လူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် လှိုင်သာယာပြည်သူဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

#YMG/NN #Yangon_Times