#Local_News
Published 31 December 2025

■ ယနေ့ နံနက်အစောပိုင်းကစဉ့်ကိုင်မြို့အနီးတွင်ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

■ ဖြစ်စဉ်မှာ ယနေ့ ၃၁.၁၂.၂၀၂၅ရက်နေ့၊ နံနက် ၀၆ နာရီ၄၀ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကြေးနီကန်ကျေးရွာတံတားအနီး၊ ပလိပ်- စကားအင်းလမ်းပေါ်တွင် Express ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးအဆိုပါမီးလောင်ရာနေရာသို့ စဉ့်ကိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပလိပ်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၀၇နာရီ ၁၀မိနစ်အချိန် မီးငြိမ်းခဲ့‌ကြောင်းသိရသည်။

■ ထိုမီးလောင်မှုကြောင့် ယာဉ်တစ်စီးလုံးမီးလောင်ဆုံးရှုံးခဲ့‌သော်လည်းလူထိခိုက်ဒဏ်ရရှိမှု မရှိကြောင်း သိရသည်။

#YMG/SW #Yangon_Times